မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၃) နှစ်မြောက် သဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၃) နှစ်မြောက် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
အခမ်းအနားသို့တက်ရောက်လာသော ရဲဘော်များ၊ မိတ်ဆွေများခင်ဗျား -
အခုလို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ (၂၃)နှစ်မြောက်အခမ်းအနားကို ကျနော်တို့ မကဒတ (ကျောင်းသားတပ်မတော်)က ဝမ်းမြောက်ဂုဏ်ယူစွာ နဲ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဒီနေရာမှာ ၂၃ နှစ်ကာလအတွင်း ကျနော်တို့ရဲ့ ရှုမြင်ချက်ကို အပွင့်လင်းဆုံး တင်ပြသွားချင်ပါတယ်။
ရဲဘော်များ၊ မိတ်ဆွေများခင်ဗျား -
ပထမဆုံးတင်ပြချင်တာကတော့
၁၃ဝဝ ပြည့် အရေးတော်ပုံဆိုတာ ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ လုံးဝလွတ်လပ်ရေး၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ ၁၃၅ဝ ပြည့် အရေးတော်ပုံကြတော့ ဒီမိုကရေစီရေး စစ်အာဏာရှင် ဖျက်သိမ်းရေးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ နောက်ပြီး နှစ်ခုစလုံးမှာ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးလက္ခဏာရှိတယ်။ ဒါပေမဲ့ ကမBာ့ (ခေတ်) ရေစီးကြောင်းနဲ့ တဆက်တစပ်တည်း ဖြစ်တယ်။
အရင်းအနှီးတွေအများကြီးရှိလို့လည်း သမိုင်းတင်လောက်တဲ့ နိုင်ငံရေး အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။
အဲဒီကမှ သင်ခန်းစာ ထုတ်နိုင်တယ်ဆိုတာကို ဒုတိယ တင်ပြချင်ပါတယ်။ အဲဒါကတော့ ဒီအရေးတော်ပုံကြီးဟာ
- ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကိုဖော်ထုတ်ရင်း နိုင်ငံရေးလမ်းကြောင်းတွေ ချပေးနိုင်တယ်။
- အမျိုးသားခေါင်းဆောင် အသစ်တွေ၊ တိုက်ပွဲပုံစံအသစ်တွေ ပေါ်တယ်။
- အထွေထွေသပိတ်တိုက်ပွဲဟာ နိုင်ငံရေးအလှည့်အပြောင်းကြီးတွေကို ဖန်တီးနိုင်ခဲ့ပေမဲ့ နိုင်ငံရေးဆိုင်ရာရည်မှန်းချက်တွေကို လက်တွေ့အချိန်ကိုက် အကောင် ထည်ဖော်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်၊ သတ္တိနဲ့ ညီညွတ်မှုပေါ်မှာလဲ အများကြီး မူတည်တယ်။
- ဒီလိုမှမဟုတ်ရင် အန္တိမ ရည်မှန်းချက်ကိုရောက်ဖို့ နောက်ထပ်အရင်းအနှီးတွေ ထပ်ပေးရလေ့ရှိတယ်။
ရဲဘော်များ၊ မိတ်ဆွေများခင်ဗျား -
ကျနော်တို့အားလုံး ဒီနေ့ လတ်တလော တောင်းဆိုနေကြတဲ့ အချက်အလက်တွေကို ပြန်ကြည့်ရင်လည်း
- ၈၈ ကျောင်းသားခေါင်းဆောင်များလွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊
- တတိုင်းပြည်လုံး အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး၊
- တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေပြည့်စုံဖို့၊ ကျနော်တို့ ရရှိဖို့ဆိုတာကို အလှမ်းဝေး နေဆဲဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။
နောက်ပြီး တိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံး ရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အထွေထွေအကြပ်အတည်းတွေ၊ မြန်မာပြည်တဝှမ်းမှာ ကျယ်ပြန့်လာတဲ့ စစ်ရေးမငြိမ်သက်မှုတွေ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ လူထုစည်းရုံးရေးလုပ်ငန်း တွေအပေါ် ချုပ်ချယ်ထားမှုတွေဟာ တတိုင်းပြည်လုံး အထွေထွေအကြပ်အတည်းဆိုက်နေတာ၊ မတည်ငြိမ်တာကို မီးမောင်းထိုးပြနေပါတယ်။
စစ်အာဏာရှင်စနစ်ကို ပုံစံအသစ်ပြောင်းထားတဲ့ (၂ဝဝ၈)စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်တပ်အခြေပြုလွှတ်တော်နဲ့ ကဖအ (ကြံ့ဖွတ်အမည်ခံ အစိုးရ)ပုံစံနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။
ရဲဘော်များ၊ မိတ်ဆွေများခင်ဗျား -
ဒီနေ့ ကျနော်တို့အားလုံးရင်ဆိုင်နေရတဲ့၊ နိုင်ငံကို မောင်းနှင်နေတဲ့စနစ်ဟာ စစ်အာဏာရှင်စနစ်၊ ချမှတ်ထားတဲ့ ဥပဒေက (၂ဝဝ၈) စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်တပ်လွှတ်တော်၊ စစ်တပ်နောက်ခံ ကြံ့ဖွတ်အမည်ခံအစိုးရ။
ဒီအခြေအနေနောက်မှာ ကျနော်တို့အနေနဲ့ လုပ်ဆောင်ရမဲ့ တာဝန်တွေဟာ များပြားလှပါတယ်။ တဦးချင်း၊ တဖွဲ့ချင်းနဲ့ ဖြေရှင်းလို့မရနိုင်သလို တိုက်ပွဲဝင်တဲ့ နေရာမှာလည်း ပုံစံပေါင်းစုံလိုအပ်ပါတယ်။
ရဲဘော်များ၊ မိတ်ဆွေများခင်ဗျား -
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေ၊ လမ်းညွန်ချက်တွေဟာ ဒီနေ့အထိ မှန်ကန်နေဆဲဖြစ်ပါတယ်။ သမိုင်းဆိုတာ ထပ်တူမကျပေမဲ့ သင်ခန်းစာတော့ ကောင်းစွာထုတ်ယူနိုင်ပါတယ်။
ဒါကြောင့် ကျနော်တို့ မကဒတ (ကျောင်းသားတပ်မတော်)အနေနဲ့ နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲတွေကို အစွမ်းဆောင်နိုင်ဆုံး ပုံဖော်နေပါတယ်။ ကျနော်တို့ရဲ့ တိုက်ပွဲဝင်မှုဟာ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့အဆက် ဆိုတာ အားလုံးကို ထပ်လောင်းအသိပေးလိုက်တယ်။
ဒီနေရာမှာ ရဲဘော်များ၊ မိတ်ဆွေများရဲ့ လက်တွေ့ပူးပေါင်းပါဝင်မှု၊ အလုပ်လုပ်မှုနဲ့ ထောက်ခံပံ့ပိုးမှုတွေဟာ မကဒတ(ကျောင်းသားတပ်မတော်) အတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် မိမိတို့အတွင်း ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စနစ်တကျ ပြန်လည် စုစည်းကျဖို့ကိုလည်း တောင်းဆိုပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အမျိုးသားတန်းတူရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် စွန့်လွတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်အပေါင်းကို ဦးညွတ်အလေးပြုလိုက်တယ်။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ။ ၂ဝ၁၁ ခုနှစ် သြဂုတ်လ (၈) ရက်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List