မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်

NEJ/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။

ယခုလ (၂၁) ရက်တွင် ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ခံထားရပြီး အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေများက ဇန်န၀ါရီ (၁၈) ရက်တွင် နိုင်ငံတော် ဗဟိုတရားရုံးချုပ်၌ တင်သွင်းထားပြီး အမိန့်ထွက်မည့်ရက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ယမန်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုကြောင့် စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီး သန်းရွှေ၏ အမိန့်စာဖြင့် ထိုချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ထားခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုပါက အကျယ်ချုပ်သက်တမ်းကာလမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးကောင်း လွှတ်ပေးမည့်သဘောလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်စာတွင် ပါရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စာအပေါ် လွှမ်းမိုးရာရောက်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်သန်းရွှေထုတ်တဲ့စာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲစေတယ်တဲ့။ အဲဒီစာပေါ်မှာလည်း လွှမ်းမိုးရာ ရောက်တယ်တဲ့” ဟု ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယင်းသို့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည့် ပြောကြားချက်သည် ဘာမှမထူးခြားကြောင်း ပြောသည်။

“ဒေါ်စုကို နိုဝင်ဘာမှာ လွှတ်ပေးမယ်ဆိုတာ နိုင်ငံရေးပြက်လုံးပဲ။ အစိုးရမှာ တာဝန်ရှိသူ ၀န်ကြီးတယောက်ကနေပြီးတော့ ပြောလိုက်တာဟာ ပြက်လုံးလို ဖြစ်နေတယ်။ သူ့လွတ်ရက် နိုဝင်ဘာမှာ လွှတ်မယ်လို့ပြောတာဟာ ဘာမှ မထူးခြားဘူး။ ဒါ့အပြင် ဒီနိုဝင်ဘာမှ လွတ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်နိုင်မယ် ဆိုတာကလည်း ရွေးကောက်ပွဲက အောက်တိုဘာတောင် ကျင်းပမယ်ဆိုပြီးဖြစ်နေတော့ ဒီစကားမျိုးပြောတာ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်” ဟု ပြောသည်။

ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာတွင် လွှတ်မည်ဆိုခြင်းသည် နိုဝင်ဘာမတိုင်ခင် မလွှတ်ဘူးဆိုသည့် သဘောမျိုးလည်း အဓိပ္ပာယ်ကောက်ယူနိုင်သည့်အတွက် ယင်းစကားသည် ဆိုးဝါးသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒီလို ၀န်ကြီးကိုယ်တိုင်က နိုဝင်ဘာထက် စောမလွှတ်ဘူးဆိုတဲ့ အဓိပ္ပယ်ကောက်လို့ရတဲ့ စကားကိုပြောတယ်ဆိုရင် တရားရုံးမှာ စစ်နေတဲ့ တရားသူကြီးအပေါ်မှာလည်း အလွန်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်နိုင်တယ်။ တရားသူကြီးတွေ ကလည်း အခုလာမယ့်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖို့တို့၊ ဆက်ချုပ်ထားဖို့တို့ပဲ ဆုံးဖြတ်မယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာမတိုင်ခင် စောပြီးလွှတ်သင့်ကြောင်း၊ ယင်းသို့လွှတ်သည့်အပေါ်အကြောင်းပြုပြီး နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်လက်ခံသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီလိုစကားပြောတာကို ၀မ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျေနပ်ပါတယ်။ လွှတ်မယ်ဆိုတဲ့အသံထွက်တာ ကောင်းတယ်လို့ ယူဆပါတယ်။ သို့သော် အဲလိုစကားမျိုးပြောနေမယ့်အစား လွှတ်လိုက်ပါ။ စောစောလွှတ်လိုက်ပါ။ လွှတ်ပြီးရင် ကျနော်တို့တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ကိစ္စမျိုးကို မဖြစ်မနေလုပ်ပါ။ ဘာလို့လည်းဆိုတော့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်က လာပြီးတော့တွေ့တယ်တို့ဆိုတာ ဆက်သားအဆင့်လောက်ပဲ သတင်းစကားပို့နေရတဲ့ အလုပ်လုပ်နေရတော့ ဘာမှလည်း အကျိုးသက်ရောက်မှုမရှိဘူး” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် လွန်ခဲ့သည့် အနှစ် (၂၀) ကျော်ကတည်းက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာခဲ့ပြီး နအဖစစ်အစိုးရအနေဖြင့် ယခုတိုင် လက်ခံခြင်းမရှိသေးသည့်အပြင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်ဆိုပါက အန်အယ်လ်ဒီအနေဖြင့် ဆွေးနွေးရန်အကြောင်းရှိမည် မထင်ဟုလည်း ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ယခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်နိုင်သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်ကျမှ ဒေါ်စုနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှဖြစ်နိုင်ချေမရှိဘူး။ လိုမှမလိုတော့ဘဲ။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ လုပ်ပြီးမှတော့ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ကျနော်တို့ ထင်တယ်။ ဆွေးနွေးရင်လည်း ကျနော်တို့ဘက်က ပြန်ကြည့်တော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အခြေခံဥပဒေ ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ စတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဖို့တောင်းနေတာကို အကြိုကာလမှာ မတွေ့ဆုံဘဲ ရွေးကောက်ပွဲအလွန်ကာလမှ တွေ့ရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု ပြောကြားသည်။

မိုင်းလားအဖွဲ့ မှ ထိပ်ပိုင်းခေါင်းဆောင်တဦး လုပ်ြကံခံရခြင်း

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုကြီးသို့  ပန်ကြားချက်

Appeals on Religious Harmony

UNHCR နှင့် အမေရိကန်တို့ လက်အောက်က နို့ ဘိုး ဒုက္ခသည်များ၏ အခက်အခဲ အခြေအနေများ

UNHCR နှင့် U.S

ဦးအောင်ဆန်းဦး သို့ အကြောင်းကြား(အိတ် ဖွင့် ပေးစာ)

ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့

ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့

E-mail Print
စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွားခဲ့သည်။

ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက “အဓိက ပြောသွားတာက နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေးခဲ့တာ သဘောပေါက်ဖို့လိုကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရအလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့၊ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်သွားမယ်ဆိုတာ ပြောသွားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်သွားကာ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဝန်ထမ်းက ဆက်ပြောသည်။

“အဲဒီအခမ်းအနားမှာ ဝန်ကြီးပြောသွားတာတွေကို မေးမြန်းတာရှိတယ်၊ ဝန်ထမ်းတယောက်က ဈေးကွက်စီးပွားရေးစနစ်လုပ်နေတာ နှစ် ၄၀ ရှိနေပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့အကြောင်းကို မေးတယ်၊ ညပိုင်းရောက်တော့ အဲဒီဝန်ထမ်းကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်” ဟု ပြောသည်။

ဝန်ကြီးလာရောက်သည့် ခရီးစဉ်အတွင်း တက်ရောက်ခဲ့သူများကို ကြံ့ဖွံ့ဝတ်စုံများကို ဝတ်ဆင်ခိုင်းပြီး ဝန်ထမ်းများအနေဖြင့် အထွေအထူး စဉ်းစားရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်သွားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

စစ်အစိုးရအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်အတွင်း တဖက်သက်အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးခင်က ပြောခဲ့သည်။

အသံထက်မြန်သောလေယာဉ် မင်္ဂလာဒုံလေဆိပ်အဆင်းတွင် ပျက်ကျ၊ လေသူရဲ သေဆုံး

အသံထက်မြန်သောလေယာဉ် မင်္ဂလာဒုံလေဆိပ်အဆင်းတွင် ပျက်ကျ၊ လေသူရဲ သေဆုံး
Reuters သတင်းဌာန
ဇန်န၀ါရီ ၂၂၊ ၂၀၁၀ မိုးမခတရုတ်နိုင်ငံလုပ် F 7 လေယာဉ်တစီး (ဓာတ်ပုံ - xanthis.wordpress.com)

မင်္ဂလာဒုံ လေတပ်စခန်းမှ စစ်လေယာဉ်တစီး လေ့ကျင့် ပျံသန်းစဉ် ပျက်ကျသဖြင့် လေယာဉ်မှူး သေဆုံးသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

မြေပြင်သို့ ဆင်းသက်စဉ် စက်ချို့ယွင်းသဖြင့် ပျက်ကျခြင်း ဖြစ်ပြီး လေသူရဲသည် လေယာဉ်တွင်းမှ ခုန်ထွက်နိုင်ခဲ့ခြင်း မရှိကြောင်း လေဆိပ် အရာရှိတဦးက Reuters သတင်းဌာနကို ပြောသည်။

ဤမတော်တဆမှု အပါအ၀င် မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်နောက်ပိုင်း စစ်လေယာဉ် ပျက်ကျပြီး အသက် ဆုံးရှုံးမှု ဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၀ ကြိမ်ရှိပြီ ဖြစ်သည်။

ယခု ပျက်ကျသည့် လေယာဉ်သည် အသံထက်မြန်သည့် F-7 အမျိုးအစား တယောက်စီးလေယာဉ်ဖြစ်ပြီး တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် လေယာဉ်စီးရေ မည်မျှရှိသည်ကို မသိရပေ။ သို့သော်လည်း ရုရှားနိုင်ငံမှ MiG တိုက်လေယာဉ်ပုံစံပေါ် အခြေခံပြီး ထုတ်လုပ်ခဲ့သည့် တရုတ်နိုင်ငံလုပ် စစ်လေယာဉ် အများအပြားရှိသည်ဟု ယူဆကြသည်။ လေယာဉ်များမှာ သက်တမ်းရင့်နေပြီဟု ဆိုသည်။

ယခင်လက ရုရှသတင်းစာတစောင်၏ အဆိုအရ မြန်မာနိုင်ငံက ရုရှမှ MiG အစီး ၂၀ ၀ယ်ယူရန် သဘောတူခဲ့သည်ဟု ဆိုသည်။ ၂ နိုင်ငံလုံးက ထိုသတင်းနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ခြင်း မရှိပေ။ တိုက်လေယာဉ် အစီး ၂၀ ၏ တန်ဘိုးမှာ ဒေါ်လာသန်း ၈၀၀ ခန့်တန်သည်ဟု ဆိုသည်။

ရန်ကုန်မှ စစ်ဘက် သတင်းရပ်ကွက်တခု၏ အဆိုအရ ၂၀၀၁ ခုနှစ်တွင် ရုရှမှ MiG-29 အမျိုးအစား တိုက်လေယာဉ် ၁၂ စီး မြန်မာသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ခုတလော ငါစဉ်းစားနေတာ ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇရာပေါင်း

ခုတလော ငါစဉ်းစားနေတာ
ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇရာပေါင်း

သစ်ကောင်းအိမ်
(Design-Ko Latt)

ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် …

ထွက်ပြေးခဲ့တယ်
ငါ့ခြေထောက်ကို ထမ်းထားရတဲ့
ငါ့ပြေးလမ်းတွေ တော်တော်မောပမ်းနေမှာပဲ
အားနာတယ် …

ကိုယ်ဖော့ခဲ့တယ်
ငါ့ကျောကို ထမ်းထားရတဲ့ ရေပြင်ကြီး
သူ့ပုခုံး လေးလံနေမှာပဲ
အားနာတယ် …

အာဏာရှင်စနစ်မှာ
ဝရမ်းပြေးဖြစ်ပြီး
အရင်းရှင်စနစ်ထဲမှာ
ငယ်သံပါအောင် အလန်း (alarm) မြည်နေရတဲ့
နာရီတလုံးကို
အားနာတယ် …

အလို …
ခေတ်ကြီးကိုယ်နှိုက်ကိုက
မိန်းမတယောက်ရဲ့ ထမီနား
ခိုစားလို့ပါလား …

ဘ၀ဆိုတာကတော့
အမေရိကားကနေ
သခင်ကိုယ်တော်မှိုင်း ဖြစ်ချင်လို့ မရသလို
ပရိုပိုဆယ် တောအုပ်ထဲမှာလည်း
ချေဂွေဗားရား လုပ်လို့တော့ မရဘူးပေါ့ကွာ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဝိုင်းရံဖို့မပြောနဲ့
အုတ်လမ်းမှတ်တိုင်တောင်
ဘယ်နေရာရှိမှန်းမသိတဲ့ကောင်ပါ ...

ဒီနေ့တော့ …
လူသန်းပေါင်း ခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် ...။ ။

သစ်ကောင်းအိမ်
(၁၂၊ ဇူလိုင်၊ ၀၉)
(မနော်ဟရီရဲ့ ကဗျာပြပွဲမှ ...)

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

ဆောင်းယွန်းလ မှ

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

အိမ်ပြင်ဆင်ရေး ဦးအောင်ဆန်းဦး ကန့်ကွက်

အိမ်ပြင်ဆင်ရေး ဦးအောင်ဆန်းဦး ကန့်ကွက်

E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယမန်နေ့က တရားဝင် ကန့်ကွက် ထားကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည့်ကိစ္စကို အစ်ကိုဖြစ်သူက ပထမဆုံးအကြိမ် တားဝရမ်း ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “သူလျှောက်တဲ့ လျှောက်လွှာကို ကျနော်တို့ကတော့ ကန့်ကွက်မှာပဲ။ ဘယ်လို အချက်အလက်တွေနဲ့ ကန့် ကွက်ရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ညှိနှိုင်းဖို့လိုတယ်၊ လာမယ့် အပတ်ထဲမှာ တွေ့ဖြစ်မယ်” ဟု ပြောသည်။

ယင်း ဥပဒေအရ အငြင်းပွားနေသည့် ပစ္စည်းတခုကို လက်ဝယ်ရှိသူက တန်းဖိုးလျော့စေရန် ပြုလုပ်ခြင်း၊ ပျက်စီးစေခြင်း၊ လွှဲပြောင်းပေးခြင်းများ ပြုလုပ်လျှင် တားဝရမ်း ထုတ်နိုင်သော်လည်း အထက်ပါ အခြေအနေများ မရှိသောကြောင့် ကန့်ကွက်စာတွင် ထည့်သွင်းရေးသားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့သောကြောင့် ထိုအချိန်မှစပြီး အမှုကို ရပ်ထားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့ခြင်း ဖြစ်သည်။

ရွှေခမောက် စာစောင် အမှတ်(၁၀၈)

Shwekhamauk 108

စည်းခြားထားတဲ့ နံရံ တံခါးတွေရဲ့ အကြောင်း

စည်းခြားထားတဲ့ နံရံ တံခါးတွေရဲ့ အကြောင်း
ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၉၊ ၂၀၁၀

အသစ်တွေက
တနှစ်ထပ်တနှစ် ပိုတိုးလာကြသလို

အဖြစ်တွေက
တနှစ်ထပ်တနှစ် ပိုဆိုးလာနေကြတုန်းပါပဲ…

လက်တလော ခေတ်ကြီးထဲမှာ
ရွေးချယ်စရာတွေ ပေါများလာပြီး
ရွေးဝယ်စရာတွေ ရှားပါးလာတာကို
ဘဝတွေနဲ့ ရင်းပြီး မှတ်သားလေ့လာခဲ့ရဖူးပါပြီ…
အလကားရတဲ့ အိပ်မက်တွေကိုတောင်
အရင်လို ပေါပေါလောလော မမက်နိုင်တော့သလို
မကြားသေးမီ အချိန်တွေအထိ တခါတရံ မက်မိခဲ့ဖူးတဲ့
ရှားရှားပါးပါး အိပ်မက်တွေကတောင်
တရေးနိုးညတွေနဲ့ ခပ်ခွာခွာရှောင်နေကြတာ အဆန်းသားကလား…

ပါးလွှာကျစ်လစ်တဲ့ မျှော်လင့်ချက်အသစ် တချို့ကို

ရှားရှားပါးပါး မက်ဖို့ထားတဲ့ အိပ်မက်ထဲမှာ
အမှတ်စဉ်အလိုက် ခွဲထည့်ဖို့ ဇယားဆွဲနေရရင်းက
လက်ရှိဘဝနဲ့ မျှော်လင့်ခြင်းတွေရဲ့ကြား
သစ္စာမဲ့သော နံရံထူကြီးတချပ် ခြားထားသေးတာကို
လူ့ပတ်ဝန်းကျင်က ပေးလာတဲ့ သင်ခန်းစာတချို့နဲ့ မှတ်သားခဲ့ရတယ်…

ငြိမ်းချမ်းရေးကို တံခါးဖွင့်ဖို့

ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးမဲ့ဘဝတွေကြားကို
ခေတ်သစ် အဇာတသတ်ဆိုသူများရဲ့
သေနတ်ကျည်ဆံတွေက သော့ခတ် စည်းခြားထားတာကို
တောနဲ့တောင်တွေကပေးလာတဲ့ သင်ခန်းစာတချို့နဲ့ မှတ်သားခဲ့ရတယ်…

လွတ်လပ်ခြင်းကို အလံထူဖို့

လွတ်လပ်ခြင်းနဲ့ လွတ်လပ်ခြင်းမဲ့ ဘဝတွေကြားကို
ဖိနှိပ်ချုပ်ခြယ်ခြင်းက ထောင်နံရံအထပ်ထပ်နဲ့ ဆီးတားထားသလို
ရင်ခွင်ပျောက်တဲ့ သားနဲ့ အမေ့ အေးရိပ်ကြားမှာ
နိုင်ငံရပ်ခြားဆိုတဲ့ စကားလုံးများက
ဆက်သွယ်မှု မိုင်တိုင်ပေါင်းများစွာနဲ့ ဝေးကွာခြားနားစေခဲ့ပြီး
မိသားစုငတ်မွတ်သူ သားနဲ့ အဖေ့သြဝါဒ အမှာစကားတွေကြားမှာ
အဝေးရောက်သားဆိုတဲ့ နာမတလုံးက စည်းခြားထားတုန်းပဲ…

အခုအချိန်ထိ
အမှန်တရားနဲ့ ကျနော်တို့ရဲ့ကြား

အသပြာတံတိုင်းကြီးတခုက စည်းခြားနေခဲ့သလို
အမှန်တရားနဲ့ ကျနော်တို့ရဲ့ကြား
အာဏာတံခါးကြီးတချပ်က မျက်ခြေဖျက်ထားတုန်းပဲ…

စည်းခြားထားတဲ့ နံရံတွေကို ဖြိုခွဲပစ်ဖို့နဲ့

ပိတ်ဆို့ထားတဲ့ တံခါးတွေကို ရိုက်ချိုးပစ်ဖို့က
ကျနော်တို့ တယောက်နဲ့တယောက်ကြားမှာ ရင်ခွင်မခြားဖို့ပဲ လိုအပ်တယ်…။

ဇန်နဝါရီလ ၁၀ရက် ၂၀၁၀ခုနှစ် မိုးမခ

ဘာသာရေးပဋိပက္ခဖြစ်အောင် တိုက်ခိုက်နေတဲ့ ဘလော့တွေ၊ မေးလ်တွေ ဘယ်ကလာသလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့  ဖန်တီးနေတာတွေကို သတိမူကြပါ


နစ်နေမန်းမှ






























“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဒီနေ့ကမ္ဘာမှာလည်း တက္ကသိုလ်တွေကနေ ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေကို ညှိနိုင်းဆွေးနွေးတဲ့ ပြဌာန်းစာတွေ သင်ကြားပို့ချပြီး၊ လက်မှတ် certificate တွေ၊ ဘွဲ့ ဒီဂရီတွေ ပေးနေပါပြီ။ အောက်ဖေါ်ပြပါ ၀က်ဘ်ဆိုဒ်လင့်ခ်တွေကို ဖွင့်ကြည့်နိုင်ပါတယ်။ ဘာသာတရားတွေ သဟဇာတဖြစ်မှုကို ဒီနေ့ကမ္ဘာက သင်ကြားပေးနေပါပြီ။

http://www.usip.org/education-training/courses/certificate-course-in-interfaith-conflict-resolution


ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ နအဖက သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ နအဖက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို စစ်အစိုးရက ဘုရားဝမ်းဗိုက်ဖောက်ကာ ဌာပနာတွေကိုယူတာ ပြည်သူတွေသိသွားတဲ့အချိန်တုန်းကလည်း ကုလား - ဗမာအဓိကရုဏ်းလုပ်ပြီး လမ်းလွှဲခဲ့တာပါ။

မစိုးရိမ်တိုက်သစ်က ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အဖမ်းခံရတုန်းက အဖြစ်ပျက်တစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ဦးဝီရသူ အဖမ်းခံရတော့ မစိုးရိမ်တိုက်သစ်က သံဃာတွေဟာ ဆန္ဒပြဖို့ ညကြီး ထွက်လာကြပါတယ်၊ မစိုးရိမ်တိုက်ဟောင်းက သံဃာတွေကို ထွက်လာဖို့ ဆန္ဒပြဖို့  အစပြုတဲ့ သံဃာတွေက ခေါ်နေတုန်း၊ ဒီတီ DT ဆိုင်ကယ်နဲ့ ဒကာတစ်ယောက်ကလည်း သံဃာတွေထွက်လာဖို့ ၀ိုင်းစည်းရုံးပါတော့တယ်။ အဲဒီအချိန်မှာ ကျောင်းပတ်ဝန်းကျင်တွေမှာ စစ်တပ်ချထားပြီးပါပြီ။ သက်တော်ကြီး သံဃာတစ်ပါးက ဒီဆိုင်ကယ် ဘယ်လိုလုပ် ကျောင်းဝန်းထဲဝင်လာတာလည်း ဖမ်းစမ်းဆိုပြီး ဖမ်းခိုင်းတော့ အဆိုပါ ဆိုင်ကယ်သမားဟာ ထွက်ပြေးသွားပါတော့တယ်။

ဒီဆိုင်ကယ်သမားကို သိလားဟေ့လို့ မေးတော့ သံဃာတစ်ပါးက မစိုးရိမ်တိုက်သစ်က ဘုန်းကြီး ဦးဝါသေဋ္ဌ ကားမောင်းတဲ့ကောင်လို့ ပြောပါတယ်။ ဘုန်းကြီးတွေကြားထဲမှာ ထောက်လှမ်းရေးထည့်ထားတာပါ။ အဲဒီည ဆန္ဒပြပွဲမှာ စစ်တပ်က ပစ်လို့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်၊ သံဃာတစ်ချို့လည်း ဆေးရုံရောက်ခဲ့ပါတယ်။ အခုတော့ ဒီ ဆိုင်ကယ်သမား (ကားသမား) ဟာ ခင်ညွန့်တပည့်ဆိုတာ သံဃာတွေ အားလုံးက သိသလို၊ သူနေတဲ့ရပ်ကွက်ကလဲ သိနေပါတယ်၊ ခင်ညွန့်ပြုတ်တော့ သူလည်း ငုတ်တုပ်၊ အလုပ်မရှိ အကိုင်မရှိ၊ လူ့အမုန်းခံဘ၀မှာ ရောက်နေရှာတော့တယ်။ မစိုးရိမ်တိုက်သစ်က ဘုန်းကြီးတွေနားမှာ ကပ်နေတဲ့ ထောက်လှမ်းရေးတွေ ပေါ်ကုန်ပါတယ်။

အာဏာရှင်တွေ၊ နယ်ချဲ့တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းတွေဖြစ်တိုင်း လူမျိုးရေး သွေးခွဲတာတွေ၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လုပ်တာတွေဟာ သူတို့ရဲ့ ဗျူဟာတစ်ခုပါ။

အင်္ဂလိပ်လက်ထက်က ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာလည်း နယ်ချဲ့ ကအင်္ဂလိပ်က၊ ကုလား - ဗမာ အဓိကရုဏ်း ဖန်တီးလိုက်လို့ ကျောင်းသားတွေ ငြိမ်အောင် အဲဒီတုန်းက သမ္မတလုပ်နေတဲ့ ဒေါက်တာဘမော်ကို ခေါ်ပြီး မိန့်ခွန်းပြော ထိန်းခိုင်းခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။ ယခုအာဏာရှင်တွေက ဒီလို လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ယခုတစ်လောမှာ အင်တာနက်စာမျက်နှာတွေ အီးမေးလ်တွေမှာ စီဘောက်ထဲမှာ ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

အင်တာနက်စာမျက်နှာထဲ အီးမေးတွေထဲ စီဘောက်တွေထဲမှာ ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင်၊ လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ရေးသားနေတာ တွေ၊ ဘလော့တွေလုပ်နေတာတွေ၊ မေးလ်တွေ တွေ့နေရတာဟာ ဘယ်သူတွေလုပ်နေတာလဲဆိုတာ ဒီဆောင်းပါးက သိစေချင်တာပါ။ သံဃာ့ကိစ္စပေါ်တိုင်း အမြဲလက်ရှောင်နေတဲ့ နိုင်ငံတော်သံဃာမဟာနာယ အဖွဲ့ကို အာဏာရူးနအဖတွေက ဘာရည်ရွယ်ချက်နဲ့ဖွဲခဲ့သလဲဆိုတာ မီးမောင်းထိုးပြချင်တာပါ။

တကယ်တော့ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်တိုင်းမှာ စွမ်းရည်လည်းရှိ၊ ပညာလည်းပြည့်တဲ့ ဆရာတော်ကြီးတွေ အဆက်မပြတ်ပေါ်ခဲ့ပါတယ်၊ ဒီလူသားအရင်းမြစ်တွေကို အုပ်ချုပ်သူအဆက်ဆက်တို့ ညံ့ဖြင်းမှုကြောင့် တတိယ သံဃာယနာတင် ဥက္ကဋ္ဌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်တို့လို ဘုရင့်သားတော် သမီးတော်တွေကို သာသနာ့ဘောင်မှာ တာဝန်ပေးနိုင်သော၊ နိုင်ငံ၏ ပေါ်လစီတွေနဲ့ နိုင်ငံအသီးသီးကို ဗုဒ္ဓသာသနာပြန့်အောင် လုပ်နိုင်သော၊ အုပ်ချုပ်သူတို့ကို ဆုံးမနိုင်သော ဆရာတော်များ အခုချိန်ထိ မပေါ်ပေါက်သေးပါကြောင်းလည်း ရေးသားတင်ပြအပ်ပါတယ်။

ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်အကာကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဟုလာ (မစိုးရိမ်) ။

နေ့တဓူဝ နအဖ စစ်တပ် ဖိနှိပ် သျှမ်းကျေးလက်လူထု နယ်စပ်သို့တိမ်းရှောင်

E-mail Print
ယခုလဆန်းပိုင်းမှစ၍ သျှမ်းပြည် သို့ နအဖ စစ်ယာဉ်တန်းများ ဆက်တိုက်တက်လာခြင်း၊ နေ့စဉ်နှင့်အမျှ ပေါ်တာဆွဲခြင်း၊ စားနပ်ရိက္ခာအတွက် စပါး၊ မြေပဲ အဓမ္မဈေးနှိမ်ဝယ်ခြင်းတို့ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သည့် သျှမ်းပြည် အလယ်ပိုင်းဒေသခံများ ပိုမိုများပြားလာကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“လက်ရှိစစ်တပ်တွေနဲ့တောင် ကျေးလက်လူထု တော်တော်ခံနေရပြီ၊ အခု ဗမာစစ်ကြောင်းသစ် ထပ်ရောက်လာတော့ ပေါ် တာဆွဲတယ်၊ လုပ်အားပေးခေါ်တယ် နေ့တဓူဝဖြစ်နေတော့ မခံနိုင်ကြလို့ ထိုင်းနယ်စပ်ကို ထွက်ပြေးရတာပါ။ နောက်ထပ် ထွက်လာကြမှာ အများကြီးဘဲ” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းနောင်မြို့နယ် ရွာသား တဦးက ပြောပါသည်။

မိုင်းနောင်၊ ကျေးသီးမြို့နယ်အတွင်း တပ်မ ၃၃ စစ်ကြောင်း ဖြတ်သန်းသွားလာလှုပ်ရှားရာ ကျေးရွာများမှ အိမ်ခြေ အနည်း အများအပေါ်မူတည်၍ ပေါ်တာဆင့်ခေါ်ခြင်း၊ အဓမ္မဖမ်းယူခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂-၃ ရက်က ထိုင်းနယ်စပ်သို့ ထွက် ပြေးတိမ်းရှောင်လာသည့် ရွာသားများ ၁၀၀ ကျော်နေပြီဟုလည်း အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

“ထိုင်းနိုင်ငံ ဖှန်မြို့နယ်ဘက် ရောက်လာတာက ၄၀ လောက်ရှိတယ်။ နားကောင်းမူးဘက်မှာ ၇၀ လောက် ကျန်တယ်” - ဟု ထွက်ပြေးလာသူ နောက်တဦး ကပြောပါသည်။

ကျေးသီးမြို့နယ် မိုင်းကောဝ် ကျေးရွာအုပ်စု နောင်ဆွမ်းတ၀ိုက် အိမ်ခြေ ၃၀ ကျော်ရှိသည့် ရွာတရွာဆိုလျှင် တရက် အယောက် ၂၀ ပေါ်တာဆင့်ခေါ်ကြောင်း၊ အိမ်ခြေများသည့်ရွာ ပို၍ဆင့်ခေါ်ကြောင်း၊ မသွားနိုင်ပါက ၃ ရက် ၂ ည ခရီး ပေါ်တာငှားခ ကျပ် တသောင်းခွဲပေးရကြောင်း၊ နွားလှည်း၊ ထော်လာဂျီ တို့ပါ နေ့ညမနား အလှည့်ကျသွားရကြောင်း၊ လက်ရှိစစ်တပ်က ယခင် ကတည်းက ဖိနှိပ်မှုရှိနေသည့်အပြင် အသစ်ထပ်ရောက်လာသည့် စစ်ကြောင်းကြောင့်ပိုခံနေရ ကြောင်း အဆိုပါပုဂ္ဂိုလ်က ဤကဲ့သို့ ဆက်ပြောပြပါသည်။

“ဟုတ်တယ်။ အဲဒီဘက်မှာ ပြင်ပပေါက်ဈေး မြေပဲ ၁၀ တင်း ကျပ် ၈ သောင်း ကို အခြေချစခန်းထိုင်တဲ့ စခန်းထိုင် ဗမာ စစ်တပ်က ကျပ် ၂ သောင်း နဲ့ ဈေးနှိမ်ဝယ်တယ်။ စပါး တတင်း ပေါက်ဈေး ကျပ် ၆၀၀၀ ကို သူတို့က ကျပ် ၁၅၀၀ ဘဲ ပေးတယ်”
- ဟု ဆို၏။

အပစ်ရပ် သျှမ်းပြည်တပ်မတော်က စစ်အစိုးရတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည်ဆိုသည့်သတင်း နအဖစစ်တပ် ၀ါဒ ဖြန့်ပြီးနောက်ပိုင်း၊ ယခုလ ၈-၁၁ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းသို့ နအဖ စစ်ယာဉ်တန်း တရက် ၁၅ စီးမှ အစီး ၂၀ အထိလည်းကောင်း၊ ယခုလ ၁၃ ရက်နေ့ကလည်း တပ်မ ၅၅ / ၃၃ စစ်ယာဉ်တန်း အစီး ၁၀၀ ခန့် တပ်အင် အား ၄၀၀ ကျော် နှင့် အတူ စားနပ်ရိက္ခာ လက်နက် ခဲယမ်း စစ်ပစ္စည်းအပြည့်တင်ဆောင်ပြီး သျှမ်းပြည် အလယ်ပိုင်းမှ အပစ်ရပ်ဒေသ ဘက်သို့လည်းကောင်း ဦးတည်စေလွတ်လိုက်ခြင်းဖြစ်သည် ဟု စစ်ရေးလေ့လာသူ မြောက်ပိုင်းသားတစ်ဦးက သုံးသပ်ပြပါ သည်။

ပြည်တင်းလျှင် မင်းမခံနိုင် မကြောက်တရားဖြင့် ၂၀၀၈ ကို ဖျက်သိမ်းပစ်ကြမယ်


ပြည်တင်းလျှင် မင်းမခံနိုင် မကြောက်တရားဖြင့် ၂၀၀၈ ကို ဖျက်သိမ်းပစ်ကြမယ်
တနင်္လာနေ့၊ 23 နိုဝင်ဘာလ 2009 မင်းဆွေ(ပေါက်)
သျှမ်းသံတော်ဆင့်

နိုင်ငံရေးဆိုတာဟာ အလွန်ကျယ်ပြန့် နက်ရှိုင်းလွန်းလှပါတယ်။ အရိုးရှင်းဆုံးပြောနိုင်တာကတော့ မိမိမွေးဖွားကြီးပြင်း နေထိုင်ရတဲ့ တိုင်းပြည်နိုင်ငံ တခုရဲ့ အရေးကိစ္စအားလုံးပါပဲ။ နိုင်ငံတည်ဆောက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက် ရင်ဘောင် တန်းနိုင်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ တည်တံ့ခိုင်မြဲရေး အစရှိသဖြင့် တိုင်းပြည်နိုင်ငံတခုရဲ့ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူမှုအရေးအရာကိစ္စ အားလုံးပါပဲ။ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အစရှိတဲ့ လူနဲ့လူ့ပတ်ဝန်းကျင် ဆက်ဆံရေး၊ ကုန်လုပ်ဆက်ဆံရေး စတာတွေအားလုံးဟာ တိုင်းပြည် နိုင်ငံတခုရဲ့ နိုင်ငံရေးတွေပါပဲ။ အင်မတန်မှကို ကျယ်ပြန့်လွန်း အားကြီးလှပါတယ်။ ဒါကြောင့်ပဲကျနော်တို့ အားလုံးဟာ ဘ၀အရကို နိုင်ငံရေး သတ္တ၀ါတွေ ဖြစ်မှန်းမသိ ဖြစ်နေတာပါ။

ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးဆိုတာ နေ့တဓူဝ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လူမှုရေးရာ ကိစ္စအ၀၀ ဖြစ်တယ်လို့ မိန့်ဆိုခဲ့ဘူးတာကို သတိရ မိပါတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်လို့ အဆိုစကားလည်း ရှိပါတယ်။ ဘယ်ကလောက် နက်ရှိုင်း ရှုပ်ထွေး ကျယ်ပြောလဲ ဆိုတာကို ခိုင်းနှိုင်းတင်စားပြောဆိုကြတာပါ။ ဘယ် လောက် ပဲ နက်ရှိုင်း ရှုပ်ထွေး ကျယ်ပြောပါစေ၊ ကိုယ့်နိုင်ငံ ကိုယ့်အရေးဆိုတော့ လူတိုင်း အားလုံးမှာခေတ်ကြီးက ပေးလာတဲ့ သမိုင်းတာဝန်ကို လုပ်ဆောင်ကြဖို့ဟာ ဖွားဘက်တော်အနေနဲ့ ပါလာပြီးသားပါ။

အမှန်တရားအတွက၊် တရားမျှတမှုအတွက်၊ ကိုယ်ကျင့်သိက္ခာပိုင်းအတွက် လူတိုင်းအားလုံးမှာ တာဝန်ရှိကြပါတယ်။ မမှန်တာ မတရားတာတွေ အတွက် ရင်ဆိုင်အံတုရဲတာဟာ မွေးရာပါ တာဝန်ဝတ္တရားတခုကို လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ သတ္တိကို ပျိုးထောင်မွေးမြူခြင်းလည်းပဲ မည်ပါ တယ်။ ဒီကနေမှ အလေ့အကျင့်အဖြစ် ရောက်ရှိသွားပြီး သတ္တိစိတ် ဖြစ်ပေါ်လာတာပါ။ ထပ်ခါထပ်ခါ အပြန်ပြန် လေ့ကျင့်တည်ဆောက်ခြင်းကနေ သတ္တိစိတ်ကိုမွေးမြူကြ ရမှာပါ။ အဲဒီကမှ ဆက်ကာဆက်ကာ အဆင့်ဆင့်ကနေ မကြောက်တရား ဖြစ်ပေါ်လာမှာပါ။

အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မကြောက်တရားရှိခြင်း ဖြစ်ပေါ်လာခြင်းဟာ မိမိတို့ရောက်ချင်တဲ့၊ သွားချင်တဲ့ပန်းတိုင်ကို ဆွဲခေါ် တွန်းတင်ပေးသွားမဲ့ စွမ်းအင်တမျိုး ရရှိလာတာပါပဲ။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှကိုဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မိမိကိုယ်တိုင်ကကို မကြောက်တရားကို လေ့ကျင့်ပျိုးထောင်တည်ဆောက် သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒ၊ အာသီသရှိဖို့က အဓိက အခရာကျပါတယ်။ ကိုယ့်ဟာကို လုပ်ယူရမှာသာ ဖြစ်ပါတယ်။ ကိုယ့်ဟာကို သံဓိဌာန်ချ ပိုင်းဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။ အကြိမ်ကြိမ်လေ့ကျင့်တည်ဆောက်ယူခြင်းကသာ အကြောက် တရားစိတ်ကို အောင်မြင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ခိုင်ခံ့တည်ကြည်မှုကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ အစဉ်အမြဲ ဓါးလို သွေးနေဖို့ ဖြစ်ပါတယ်။ ဒါမှသာ လိုအပ်လာရင် အဆင်သင့် ထက်ရှချွန်မြနေမှာ ဖြစ်ပါတယ်။

ဘာလို့ဒါကို ဆွေးနွေးတင်ပြနေရတာလဲဆိုရင်တော့ ကျနော်အပါအ၀င် အားလုံးသော သက်ရှိသတ္တ၀ါမှန်သမျှဟာ မွေးလာကတည်းက အကြောက် တရားဆိုတဲ့စိတ်ကို သဘာဝတရားကြီးက လက်ဆောင်အဖြစ် ထည့်ပေးလိုက်လို့ပါ။ ကြောက်စရာရှိရင် ကြောက်ဖို့ကို မိခင်သဘာဝတရားကြီးက သင်ပေးလိုက်တာပါ။ ဒါပေမဲ့ အဲဒီလက်ဆောင်ကို တလွဲဆံပင်ကောင်း အသုံးချဖို့ ထည့်ပေးလိုက်တာ မဟုတ်ပါဘူး။ လူတဦးကဖြစ်ဖြစ်၊ လူအုပ်စု တစုကဖြစ်ဖြစ် လူအများစုကြီးကို မတော်မတရား အနိုင်ကျင့်ဗိုလ်ကျ ရမ်းကားနေတယ်ဆိုရင်တော့ ဘယ်သူကမှ လက်ခံလိမ့်မယ် မဟုတ်ပါဘူး။ မိမိမှာ ခွန်အားစွမ်းအားရှိသမျှနဲ့ ဒီိလို မတော်မတရားလုပ်နေတာကို ပြန်လည်ကာကွယ် တွန်းလှန်ဖို့ လိုပါလိမ့်မယ်။ ခေါင်းငုံ့မခံဖို့ လိုပါလိမ့်မယ်။ ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓါတ်မျိုး၊ သတ္တိမျိုးကိုလည်း မွေးမြူရပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို “ ကိုယ့်ကို မထိသေးလို့ရှိရင် ဘာသိဘာသာနေမယ်၊ ကိုယ် ၀ိုင်းပြီးကူညီလိုက်လို့ ကိုယ့်ဘက် လှည့်လာမယ်ဆိုတဲ့ စိတ်ထားမျိုးမထားပါနဲ့။ လူများရဲ့ အခွင့်အရေးတွေကိုကိုယ်က ကြည့်နေရင် တနေ့ကျရင် ကိုယ်ဘက် လှည့်လာမှာပဲ။ ကိုယ့် အလှည့်ကျရင် ကိုယ့်လိုပဲ ဘယ်သူမှဝိုင်းပြီး ကူပေးမှာ မဟုတ်ပါဘူး။ ကူမဲ့သူ ရှိမှာမဟုတ်ပါဘူး ”

“ သတ္တိရှိရှိနဲ့ လုပ်သင့်တာကို လုပ်ကြပါ။ ကြောက်နေမယ်ဆိုရင် တသက်လုံး ကြောက်နေကြရမှာပါ။အကြောက်တရား အောက်မှာ မပိနေပါစေနဲ့။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက် ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ် ” ဆိုတာမျိုးပေါ့။ အခြေအနေအရကြောက်ပေး နေရသေးတယ်ဆိုရင်လည်းပဲ ကျနော်တို့တွေဟာ မျက်စိပိတ်ပြီးမကြောက်ဘဲ မျက်စိဖွင့်ပြီး ကြောက်ကြဖို့ ဖြစ်ပါတယ်။ သဘာဝတရားက ပေးလာတဲ့ အကြောက်တရားကို မှန်ကန်စွာ ကိုင်တွယ်အသုံးချတတ်/နိုင်ဖို့ ဖြစ်ပါတယ်။

မိမိတို့ အယောက်စီတိုင်းမှာ မူပိုင်ပါဝါ စွမ်းအားတွေရှိကြပါတယ်။ ပါဝါရှိပုံချင်းသာ ကွဲပြားကြတာပါ။ ဥပမာပေးပြောရရင် လူတယောက်ဟာ အမျိုး သားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပန်းချီဆွဲတတ်တယ် ဆိုကြပါစို့။ ဒါဆိုရင် အဲဒီပန်းချီဆွဲတတ် တာကိုက သူ့ရဲ့ပါဝါစွမ်းအားပါပဲ။ ဘာဖြစ်ဆို ကိုယ်မှ ပန်းချီမဆွဲတတ်ပဲကိုး။ ဒီလိုပဲ တခြားသူတွေက ကိုယ်မတတ်တာကို လုပ်တတ်တယ်၊ ကိုယ်က သူတို့မလုပ်တတ်တာ မလုပ်နိုင်တာကို လုပ်တတ် တယ်။ ပါဝါစွမ်းအားချင်းသာမတူညီကြ တာပါ။ လူတဦးချင်းစီတိုင်းမှာ ကိုယ်ပိုင်စွမ်းအင်တွေ ရှိပါတယ်။ အဲဒီဟာကိုလည်း ဘယ်သူကမှ အတင်း အကျပ် ယူဆောင်သွားလို့ မရပါဘူး။ ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ မိမိဆီမှာသာ မူပိုင်အဖြစ် ကျန်ရှိနေတာပါ။

အဲဒီ ကိုယ်ပိုင်စွမ်းအားတွေကို အပြန်အလှန် သင်ယူလေ့လာသွားကြရင် ကျနော်တို့ တဦးချင်းစီတိုင်းမှာ ပါဝါတွေ တိုးများလာမှာပေါ့။ အပြန်အလှန် လည်း သင်ယူလေ့လာ ဖလှယ်သင့်ပါတယ်။ ဒါဆိုရင် ကျနော်အပေါ်မှာ ပြောခဲ့သလို တရားလက်လွတ် ထင်ရာစိုင်း ရုပ်ဝတ္ထုအင်အားအရ အနိုင်ကျင့် ရမ်းကား ဗိုလ်ကျနေတဲ့သူတွေကို ပြန်လည်ရင်ဆိုင် အံတုနိုင်တဲ့ ကိုယ်ပိုင်စွမ်းအားတွေ မိမိတို့ဆီမှာ အရင်ကထက် ပိုရှိနေမှာသေချာတာပေါ့။ နှလုံးရည်နဲ့မိမိဦးနှောက် ကိုသုံးပြီး လိမ်မာပါးနပ်စွာ ခေါင်းငုံ့မခံခြင်းဟာ နိုင်ငံရေးအံတုဖီဆန်လိုက်တာပါပဲ။ အဲဒါ မကြောက်တရားပါပဲ။

အမှန်တရား၊ တရားမျှတမှု၊ တန်းတူညီမျှမှု အစရှိတဲ့ လူသားအားလုံးရဲ့ အရေးအရာကိစ္စတွေကိုမျက်ကွယ်ပြု လစ်လျူရူပြီး မိမိတို့ လက်တဆုပ်စာ တအုပ်စုအတွက် ရုပ်ဝတ္ထုအင်အား အရင်းအမြစ်တွေကို တရားလက်လွတ် အသုံးပြုပြီး စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းလုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ အားလုံးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ စကြာဝဋာ ကမ္ဘာလောကကြီးရဲ့ ငြိမ်းအေးချမ်းမြေ့မှု၊ နက်ရှိုင်းတည်ငြိမ်မှု၊ တောတောင်ရေမြေ ဖြစ်တည်နေမှု၊ မြစ်ချောင်း အင်းအိုင် စိမ့်စမ်းတွေရဲ့ အေးမြသာယာစွာနဲ့ ဆွတ်ပျံ့ဖွယ်ရာ စီးဆင်းနေမှုတွေ အစရှိတဲ့ သဘာဝ အလှတရားတွေဟာ ပျက်စီးဆိတ် သုဉ်း ပျောက်ကွယ်သွားမှာဖြစ်လို့ လောကနီတိ သဘာဝတရားအရကို မိမိတို့ တတ်နိုင်သလောက် ဖြစ်နိုင်တဲ့အနေအထားကနေ တားဆီးကာကွယ် သွားရမှာပါ။

သက်ဆိုင်ရာ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေကလည်း သဘာဝတရားကြီးကို ကာကွယ်စောင့်ရှောက်ကြဖို့ ဆုံးမသင်ကြားပေးခဲ့ပါတယ်။ တရားတော်တွေကို ပြဌာန်းပေးထားခဲ့တဲ့ တရားရှင်သူတော်စင်တွေရဲ့ဆုံးမသြ၀ါဒတွေနဲ့ လည်း အင်မတန်မှ ကိုက်ညီဆီလျော်လှပါတယ်။ အဲဒါ ကြောင့်မို့ ကျနော်တို့ လူမျိုးစုံပြည်သူတရပ်လုံးကကြောက်ရွံ့ မှုကို ကင်းဝေးလျော့ပါးစေတဲ့ ဓမ္မတရားတော်နဲ့အညီ အဓမ္မ၀ါဒီ လူဆိုးလူညစ် လူမိုက် တွေကို မကြောက်ခြင်းတရား ဓမ္မခွန်အားစွမ်းပကားနဲ့ မောင်းထုတ်သုတ်သင်ပစ်ကြဖို့ဟာ မွန်မြတ်သန့်စင်တဲ့ အထူးတာဝန်တရပ်အဖြစ် ရောက်ရှိ လာပါတယ်။

ကျနော်တို့တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း မကြောက်တရားနဲ့ ပတ်သက်လို့ ပြောဘူးပါတယ်။ အဲဒါကတော့ “ မမှန်တာလုပ်ဖို့ကို ကြောက်ရမယ်၊ မတရားတာလုပ်ဖို့ကို ကြောက်ရမယ်” ဒီ(၂ခုက လွဲရင် လောကမှာ ကြောက်စရာ ဘာမှမရှိဘူး ”လို့ သွန်သင် မှာကြားဘူးပါတယ်။ ပြောချင်တာက့ မှန်တဲ့ကိစ္စ၊ တရားတဲ့ကိစ္စ မှန်သမျှအားလုံးကို ကြောက်စရာကို မလိုဘူး၊ ရဲရဲသာလုပ်ကြ လို့ဆိုတာပဲ မဟုတ် ဘူးလား။

ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်ရင် မကြောက်တရားဟာ ပရဟိတလုပ်ငန်းဖြစ်ပြီး ကြောက်ရွံ့ခြင်းကတော့အတ္တဟိတ လုပ်ငန်းလို့ ပြောနိုင်မယ်ထင်ပါ တယ်။ ပရဟိတလုပ်ငန်းဟာ မိမိအတွက်မဟုတ်ဘဲ အများသောလူအစုအဝေးကြီး အတွက် အကျိုးတရား ဖြစ်ထွန်းပေါ်ပေါက် ခံစားစေဖို့ ရင်းနှီး ပေးဆပ်ခြင်းဖြစ်ပြီး အတ္တဟိတလုပ်ငန်းကတော့ ပရဟိတလုပ်ငန်းနဲ့ ဆန့်ကျင်ဘက်သဘောမှာ ရှိပါတယ်။ တနည်း မိမိကိုယ်ကို၊ မိမိနဲ့ပတ်သက် ဆက်နွယ်တဲ့ အသိုက်အ၀န်းကိုသာ ဦးစားပေး အရာထားခြင်းဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ကျနော်တို့နိုင်ငံဟာ လက်တဆုပ်စာ စစ်ဝါဒီတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ပေးခဲ့တဲ့ မျိုးချစ် ပြည်ချစ် တပ်မတော်ကြီးကို ခုတုံးလုပ်အသုံးချပြီး စစ်အာဏာရှင်စနစ်ကိုဆက်လက် အသက်သွင်းဖို့ လုံးပမ်းအားထုတ်နေပါတယ်။ အဲလို စစ် ပဒေသရာဇ်စနစ်ကိုအသက်ဝင်စေတဲ့ နည်းလမ်းအနေနဲ့ ၂၀၁၀ရွေးကောက်ပွဲ ဆိုတာဟာကြီးကို မကြာခင် ကျင်းပပြုလုပ်မယ်လို့ ကြေညာထုတ်လွှင့် ထားပါတယ်။နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေလို့ သိကြတဲ့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေ အတည်ပြုရေးကိုဒီတရား မ၀င်တဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ အသက်သွင်းဖို့ပါ။ ဒါဆိုရင် သူတို့ဟာ ဥပဒေကြောင်းအရ တရားဝင်မှု (legitimacy) ဖြစ်သွားပြီဆိုပြီး ဗိုလ်ချုပ်မှူးကြီးက ရာသက်ပန် ဘုရင်မင်းမြတ်ကြီး လုပ်သွားနိုင်တော့မယ်လို့ သူတို့စစ်ရေပေါ်ဆီ တအုပ်စုရဲ့ စိတ်ကူးယဉ် အထင်ရောက်နေတာ ဖြစ်ပါလိမ့်မယ်။ တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှားသလိုမျိုး ဖြစ်မှာကို မသိရင်တော့ ကိုယ့်ရှုးကိုယ်ပတ် ဖြစ်ဖို့သာ ရှိပါတယ်။

၁၉၉၀ရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ် တိုင်းရင်းသားလူမျိုးစုတွေရဲ့ အသိ အမှတ်ပြု ထောက်ခံမှုကိုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ အခြားသော လူမျိုးစုခေါင်းဆောင်တွေ မပါဘဲနဲ့ ဒီ၂၀၁၀ရွေးကောက်ပွဲကို ဘယ်သူမှ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ တိုက်တွန်းတောင်းဆိုချက်နဲ့လည်း မကိုက်ညီတဲ့အတွက် လက်ခံအသိအမှတ်ပြုလိမ့်မယ် မထင်ပါဘူး။

အဲဒီမှာ ကျနော်တို့က ဘာလုပ်ရမှာလဲလို့ပြောရင် မကြောက်တရားကို မွေးမြူကြဖို့၊ ကိုင်စွဲကြဖို့ ဖြစ်ပါတယ်။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အသက် (၆၄)နှစ်ပြည့်တဲ့ မွေးနေ့အခါသမယမှာ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာကြီးဦးဝင်းတင်က စာလေးတစောင် ဂုဏ်ပြုရေးဖွဲ့ထား ပါတယ်။ ဘာလဲဆိုတော့ ဆရာကြီး ဦးဝင်းတင် ပြောတာက....
“ ဒေါ်စုရဲ့စိတ်ဓါတ် အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံးကနေ ရှိတဲ့ တရားပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလိုဒီလို မဟုတ်ဘူး။ ရင်ထဲအသဲထဲမှာ စွဲပြီးတော့ ဦးနှောက်ထဲမှာ စွဲသွား အောင်ရှိစေတဲ့၊ ရသ သဘောဆောင်တဲ့၊ အလင်္ကာ သဘောဆောင်တဲ့ တေးကဗျာတပုဒ်ပဲ။ ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျနော်တို့ လူတိုင်းရဲ့ရင်ထဲ အသဲထဲမှာ စွဲသွားစေတဲ့ တရားမျိုးကို သူကပြောတာ။ နိုင်ငံရေးဆောင်ပုဒ်ကို ပြောတာမဟုတ်ဘူး။ မကြောက်တရားဟာ။ မကြောက်တရား ဟာ ဒေါ်စုရဲ့ တကယ့် အရေးအကြီးဆုံးဘ၀ လောကအမြင်ပါပဲ။ သို့မဟုတ်ရင်လည်း ဘ၀ဒသနပါပဲလို့ ကျနော်ပြောချင်တယ်။

မကြောက်တရားကို ဖော်ထုတ်ကြပါ။ ကျနော်တို့ နိုင်ငံရေးအတွက်တင် ပြောတာမဟုတ်ပါဘူး။ လူ့ဘ၀တခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျနော်တို့တွေဟာ အားနာတယ်ဆိုတဲ့စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့သွားတယ်။ အဲဒီတော့ ကျနော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန်လုံးကို။

ကျနော်တို့ ပြောပြောနေတဲ့စကားရှိပါတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊စိတ်ရှည်ရ မယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျနော်တို့ရဲ့ သည်းခံခြင်းတရားတွေပဲ။ ဒါ ဒီမိုကရေစီပါရမီ ဖြည့်တာပဲ။ သို့သော် ခေါင်းငုံတော့ မခံဘူး။ အဲဒါက ဘာလည်းဆိုတော့ “ မကြောက်တရား ” ပါပဲ။ ဒီတော့ ကျနော်တို့ ဒီမိုကရေစီကျင့်သုံးတဲ့နေရာမှာပဲ တဖက်ကနေပြီးတော့ ကျနော်တို့ လိုအပ်တဲ့ စွမ်းရည်တခု လက်နက်တခုက ဘာလဲ ဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။ အဲဒီနှစ်ခုစလုံးကို ပေါင်းစည်းလိုက်ရင် ခုနကလို ဒီမိုကရေစီခန္တီတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာတွေပဲ ဖြစ်လာပါလိမ့်မယ် ” လို့ မွေးနေ့ဂုဏ်ပြုမှာ ရေးဖွဲ့ထားတာပါ။ အဲဒါကြောင့်မို့ ကျနော်တို့တွေဟာ မကြောက်တရားကို လေ့ကျင့် တည်ဆောက် မွေးမြူကြပါ။ ကိုင်စွဲကြရ မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မကြောက်တရား ဖြစ်ပေါ်လာစေဖို့် လှုံ့ဆော်စည်းရုံးရေးလုပ်ငန်းတွေအတွက် နိုင်ငံရေးပါတီတွေမှာ အဓိက တာဝန်ရှိတယ်လို့ ထင်ပါ တယ်။ နိုင်ငံရေးပါတီတရပ်ရဲ့ မရှိမဖြစ်လို့ ပြောရမဲ့ လုပ်ငန်းစဉ်တွေထဲမှာလူထုစည်းရုံးရေး လုပ်ငန်းဟာ အခရာအကျဆုံးလို့ ယူဆပါတယ်။ လူထုဆီ သွား၊ လူထုနဲ့ထိတွေ့၊ လူထုနဲ့စကားပြော။ ဒါမှသာ လူထုရဲ့အသံ၊ လူထုရဲ့မျှော်လင့်ချက် ဆန္ဒတွေဟာ ဘာလဲဆိုတာကို အမှန်တကယ် သိနိုင်မှာပါ။ တနည်း လူထုကြားထဲ တသားတည်းကျ ဖြစ်နိုင်အောင် လူထုဘက်ကို ဗဟိုပြုကြဖို့ ဖြစ်ပါတယ်။ လူထုဘက်ကို မျက်နှာမူကြဖို့ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့မှာ မေးခွန်း ရှိလာပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေ ဘာတွေ လုပ်ကိုင်ဆောင်ရွက်လှုပ်ရှား နေကြပါသလဲ။ လူထုရဲ့အသံ နဲ့ကော ဘယ်လောက်နီးစပ်နေပါပြီလဲ။ လူထုနဲ့များ ပိုအလှမ်းကွာဝေး သွားသလား။ လူထုရဲ့တောင်းဆိုမှုတွေအပေါ်မှာကော ဘယ်လောက်ဖြည့် ဆည်း ပေးနေနိုင်ပါပြီလဲ စတဲ့ စတဲ့ vision တွေကို နိဂုံးချုပ် ပြန်လည်သုံးသပ်ဆန်းစစ်ဖို့နဲ့ မိမိဟာ လူထုနဲ့ပိုလို့ အလှမ်းကွာဝေးသွားတယ် ဆိုရင် တော့ သေချာတယ်၊ မိမိတို့ရဲ့ ပေါ်လစီမူဝါဒတွေကို အမှားအမှန် ရဲဝံ့စွာ စိစစ်ရမဲ့အချိန်၊ ကေဒါပိုင်းရွေးချယ်ရေးဘက်ကို ဦးလှည့်ရမဲ့အချိန်ပဲလို့ ယူဆပါတယ်။

စစ်အာဏာရှင်စနစ်အောက်က လူမျိုးစုံပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ၂၀၁၀မတိုင်မီ လူထုတိုက်ပွဲစဉ်တွေ ဖော်ဆောင်နိုင် ရေးအတွက် စနစ်တကျ စီမံချက်ရှိရှိ မဟာဗျူဟာမြောက် ရေးဆွဲထားတဲ့ တိုက်ပွဲစီမံချက်တွေနဲ့ ရဲရင့်ပြတ်သားစွာ ပိုင်းဖြတ်ချက်ရှိရှိ ညီညွတ် စည်းလုံးမှုအစွမ်းဖြင့် ၂၀၀၈အခြေခံဥပဒေ တိုက်ဖျက်ပစ်ရေးကို အလျင်အမြန် ဖော်ဆောင်သွားဖို့ဟာ ယနေ့ကာလ လက်ငင်းလိုအပ်ချက် ဖြစ်ပါတယ်။

သမိုင်းခေတ်အဆက်ဆက်တိုင်းမှာ လူထုမပါဘဲ ခေတ်စနစ်ကို ပြောင်းလဲနိုင်ခဲ့တဲ့ သာဓက မရှိပါဘူး။ ရှိခဲ့တယ်ဆိုရင်လည်း တာရှည်ခံမဲ့ အောင်ပွဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး၊ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုကသာ အရာရာကို အဆုံးအဖြတ်ပေးခဲ့တာပါ။ ပြည်သူ့စွမ်းပကားနဲ့သာလျှင် အရာရာကို ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

သံတိုင်ကြားမှ (NLD) လူငယ်များ၏ ထောင်တွင်း အတွေ့ အကြုံများ

ko htin kyaw

ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုထံသို့  သတိပေးထုတ်ပြန်ခြင်း


KNU Policy on Drug _Burmese Language_ -

ဟင့်အင်း ကို ကျော်ဖြတ် ခြင်း

မြတ်လေးငုံ blog မှ

Cover



Getting Past no

တပ်မတော်သားများ ပြည်သူဘက်ရပ်တည်ရန် (မဒတ) ပန်ကြား

တပ်မတော်သားများ ပြည်သူဘက်ရပ်တည်ရန် (မဒတ) ပန်ကြား

E-mail Print
တိုင်းပြည်၏ ပြဿနာအရပ်ရပ်ကို အတူတကွ ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် တိုင်းချစ်ပြည်ချစ် တပ်မတော်သားများအနေဖြင့် ပြည်သူလူထုဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ရန် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) မှ ပန်ကြားလိုက်သည်။

၁၉၆၂ မှ ယနေ့အထိ စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အစစအရာရာတွင် နိမ့်ပါးကျဆင်းပြီး စစ်အာဏာရှင်များ ဖန်တီးသော ဆိုးဝါးသည့် ဘေးဒုက္ခဒဏ်ကို တပ်မတော်သားအားလုံး ပြည်သူများနည်းတူ ခါးစည်းခံနေရသည်ဟု ယခုလ (၁၆) ရက်နေ့ထုတ် (မဒတ)ပန်ကြားချက်တွင် ဖော်ပြထားသည်။

NDF (Burma)
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့၏ အားကိုးယုံကြည်မှုကို အပြည့်အဝ ရရှိခဲ့ပြီး သမိုင်းအစဉ်အလာ တင့်တယ်စွာဖြင့် ဂုဏ်သိဏ္ခာကြီးမားသော တပ်မတော်တရပ်ဖြစ်ခဲ့သည်။

ယနေ့တပ်မတော်သည် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် ရဟန်းသံဃာများကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ စစ်အာဏာရှင်တို့သည် တိုင်းရင်းသားပြည်သူတို့၏ မြေယာအိုးအိမ် စည်းစိမ်တို့ကို သိမ်းယူပြီး နိုင်ငံ၏ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချကာ အဆင်းရဲဆုံး တိုင်းပြည်အဖြစ် တွန်းပို့ခဲ့သဖြင့် တပ်မတော်၏ ဂုဏ်သိဏ္ခာလည်း အဆုံးစွန်ဆုံးထိ ကျဆင်းကင်းမဲ့ခဲ့သည်ဟု ပန်ကြားချက်က ဆက်လက်ဖော်ပြခဲ့သည်။

တပ်မ (၇၇) နှင့် တပ်မ (၆၆) တို့၏ ၂၀၀၉ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၀ နှစ်ဦးပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သည့် အာဏာဖီဆန်မှုနှင့် သဘောထားကွဲလွဲမှုများသည် တပ်တွင်းတွင် အမှန်တကယ် ကြုံတွေ့နေရသော စားဝတ်နေရေးဒုက္ခ အခက်အခဲပြဿနာများဖြစ်ကာ နအဖလက်အောက်ခံ တပ်ရင်းများ၏ အခြေအနေမှန်များဖြစ်ပြီး ပြည်သူလူထု အခက်အခဲကို တပ်မတော်ကိုယ်စားပြု၍ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ထောက်ပြခဲ့သည်။

နအဖစစ်အုပ်စုတွင် အောက်ခြေတပ်များ၏ အခက်အခဲကို နည်းမှန်လမ်းမှန် ဖြေရှင်းရန် အစီအမံ အတိအကျမရှိဘဲ အမိန့်အာဏာဖြင့် ထိန်းချုပ်ဖိနှိပ်ထားသည်ကိုသာ တွေ့မြင်နေရပြီး တိုင်းပြည်၏ အကျပ်အတည်း ရိုက်ခတ်မှုများကြောင့် ယနေ့ကာလတွင် တပ်တွင်း သဘောထားကွဲလွဲမှုများ၊ အမိန့်အာဏာဖီဆန်မှုများ ဆက်တိုက်ဖြစ်ပေါ်လာနေသည်ဟု (မဒတ) က ရှုမြင်သည်။

စစ်အုပ်စုသည် (၂၀၁၀) ရွေးကောက်ပွဲကျင်းပပြီး ရုပ်သေးအစိုးရထံ အာဏာလွှဲပြောင်းရန် စီစဉ်ခြင်း၊ စစ်ခေါင်းဆောင်အချို့ ရာထူးတိုးမြှင့်ပြောင်းရွှေ့ခြင်း၊ ဝန်ထမ်းလစာတိုးမြှင့်ပေးနေသည့် ဆေးမြီးတိုနည်းလမ်းမှာ ပြည်သူနှင့် တပ်မတော်သားများ လက်ငင်းရင်ဆိုင်နေရသော စားဝတ်နေရေးအကြပ်အတည်းကို မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပန်ကြားချက်က ဆိုသည်။

ထို့ကြောင့် ပြည်သူတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ ပြည်သူလူုထုဘက် ပြတ်ပြတ်သားသား ရပ်တည်ကာ ပြည်သူလူထုနှင့်အတူ ပြဿနာရပ်များ ဝိုင်းဝန်းဖြေရှင်းရန် (မဒတ) က တိုက်တွန်းထားသည်။

(မဒတ) ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ဖြင့် ၁၉၇၆ ခုနှစ်၊ မေလ (၁၁) ရက်နေ့၌ မာနယ်ပလောဒေသတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အချို့မှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအို့ဝ်၊ ဝ၊ ပလောင် အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။

မုန်တိုင်းသီချင်း(၂)

“မုန်တိုင်းသီချင်း(၂)”

စိုးနေလင်း
နေ့ သစ်


ကဲ..ဒီတပွဲတော့တွေ့ကြပြီ
နီရဲစွေးစွေး နှလုံးသွေးကိုပြ
(စစ်အာဏာရှင်တို့ရဲ့)
ရွေးကောက်ပွဲကိုဆန့်ကျင်ကြ။

တောင်ပို့မှန်းလည်းသိ
ဓားပြမှန်းလည်းသိ
သိသိကြီးနဲ့အညံ့ခံရင်
စစ်အာဏာရှင်ကျွန်ဘ၀နဲ့
လူလုံးမလှဖြစ်ကြရပေလိမ့်မယ်။

ကစ္စပနဒီ ဧရာဝတီ
စစ်တောင်း သံလွင်
ရာဇ၀င်မညှိုးး
နယ်ချဲ့စံနစ်ဆိုး
ဖက်ဆစ်စနစ်ဆိုး
ပိုင်းပိုင်းရိုက်ချိုးချေဖျက်
(ပြည်သူတွေ)
လက်နဲ့ရေးခဲ့ လွတ်လပ်ရေး
(စစ်အာဏာရှင်တို့)
ခြေနဲ့ဆေးဖျက်မခံနိုင်။

သံဓိဌာန် ရဲခိုင်ပြတ်သား
ဘီလူးစည်း လူ့စည်းခြား
၂၀၁၀ ရွေးကောက်ပွဲအားတိုက်ဖျက်
ထောင်းထောင်းညက်ချေ ကြေပေစေ။ ။

စိုးနေလင်း

နိုင်ငံရေး အကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ

နိုင်ငံရေး အကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ၉ နှစ် ကျခံနေရသည့် လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း အဖွဲ့ဝင် ဦးတင်ယုအား ထောင်ဝင်စာတွေ့ခွင့် တလပိတ်ကြောင်း သမီးဖြစ်သူက ပြောသည်။

ယခုလ ၁၆ ရက်နေ့တွင် ဖခင်ဖြစ်သူထံ ထောင်ဝင်စာသွားတွေ့သူ သမီးဖြစ်သူ မသင်းသင်းယုကို ထောင်ရဲက ထောင်ဝင်စာတွေ့ခွင့် တလ ပိတ်ပင်ထားကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမတို့ က ၁၆ ရက်နေ့က အဖေ့ကို ထောင်ဝင်စာ သွားတွေ့တာ။ နာမည်စာရင်း ပေးထားပြီး ဝင်ခါနီးကျမှ တပွင့်နဲ့ရဲက ထောင်ဝင်စာ ပိတ်ထားတယ်၊ တွေ့လို့မရဘူးလို့ ပြောတယ်။ ၁၂ ရက်နေ့ကတည်းက ထောင်ဆေးရုံမှာ ဆရာဝန်နဲ့ စကားများလို့ တိုက်ပို့ထားတယ်လို့ ပြောတယ်။ လူကိုမတွေ့ရဘဲ ပါသွားတဲ့ အစားအသောက်တွေကို သူတို့ကို အပ်ပြီး ပြန်လာခဲ့ရတယ်” ဟု မသင်းသင်းယုက မဇ္ဈိမကို ပြောသည်။

၅၃ နှစ်အရွယ် ဦးတင်ယုသည် အစာအိမ်၊ သွေးတိုးနှင့် ကျီးပေါင်းရောဂါများ ခံစားနေရသည့်အတွက် ထောင်ကျပြီး နောက်ပိုင်း အင်းစိန်ထောင်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသူ ဖြစ်သည်။

“ကျမအဖေက နဂိုကတည်းက ကျန်းမာရေး မကောင်းဘူး။ သူတို့က ရိုးရိုးတိုက်ကို ပို့တယ်လို့ ပြောပေမယ့် စစ်ခွေးတိုက်ကို ပို့ခဲ့ရင် အရမ်းစိုးရိမ်ပါတယ်။ အာဏာပိုင်တွေကတော့ ကျမအဖေကို တလတခါ အပြင်မှာ ဆေးခန်းပြပေးတယ်” ဟု မသင်းသင်းယုက ပြောသည်။

ဦးတင်ယုသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ရန်ကုန်တွင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားရာ ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြော ထိန်းသိမ်းခံ ရပြီးနောက် ပြန်လွတ်လာခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင်မူ လူတစုက ဝိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိပါ ထိခိုက်ခဲ့ရပြီး၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ထပ်မံဖမ်းဆီးခံရကာ အင်းစိန်ထောင်၌ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင်မူ နောက်တိုးထောင်ဒဏ် ၂ နှစ် ထပ်မံ ချထားခံပြန်သည်။

ထို့ပြင် မကွေးတိုင်း သရက်ထောင်တွင် ထောင်ဒဏ် ၈ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဉ်းသူ မနီမိုလှိုင်သည်လည်း ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - AAPP (B) က ပြောသည်။

“မနီမိုလှိုင်က လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကျန်းမာရေး မကောင်းဘူးလို့ ကျနော်တို့ ကြားရပါတယ်။ ဒီနေ့လည်း ထပ်သိရတဲ့ သတင်းအရတော့ သူ့ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်။ အရင်ဖြစ်တဲ့ တိုက်ဖွိုက်ရောဂါက မပျောက်သေးဘူး။ ဒီလိုရောဂါမျိုးက ကျန်းမာရေးစောင့်ရှောက်မှု တအား လိုအပ်ပါတယ်'' ဟု AAPP (B) မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။

''အစိုးရအနေနဲ့ ဖမ်းပြီးရင်လည်း အကျဉ်းသားတွေကို လုံလောက်တဲ့ အစာအာဟာရ၊ ဆေးဝါး ပေးရမှာပါ။ အဲလို မပေးနိုင်ရင် လွှတ်ပေးလိုက်ပါ။ အခုဟာက သေစေချင်တဲ့ ဆန္ဒနဲ့ တမင်ကို ဖမ်းချုပ်ထားပြီး ညှဉ်းဆဲထားတဲ့ သဘောပါ။ ဒါက လူ့ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီပါဘူး။ စစ်အစိုးရအနေနဲ့ သတင်းစာထဲမှာတမျိုး အပြင်မှာတမျိုး၊ အပြောတမျိုး အလုပ်တမျိုး လုပ်ရပ်တွေကို ရပ်တန်းက ရပ်သင့်ပါပြီ” ဟု သူက ဆက်ပြောသည်။

မနီမိုလှိုင်သည် ၂၀၀၈ ခုနှစ် ဇွန်လက အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ အအေးဆိုင် တဆိုင်မှ ဖမ်းဆီးသွားပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ တရားမဝင် အဖွဲ့အစည်းကို ဆက်သွယ်မှုတို့ဖြင့် ၂၀၀၉ ခုနှစ် မတ်လတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု နှစ်ဘက် အပြီးသတ် လျှောက်လဲ


18 January 2010 VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ရှေ့နေတွေက ပြင်ဆင်မှု လျှောက်လဲချက် တင်ပြချက်အပေါ် ဒီနေ့ ရန်ကုန် ဗဟိုတရားရုံးချုပ်မှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။ အစိုးရဘက်က ရှေ့နေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက်တွေ တင်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒီနေ့ ရန်ကုန်မြို့ တရားရုံးချုပ်က ကြားနာပွဲမှာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရပေမဲ့လည်း သူ့ရဲ့ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြား သံတမန်တချို့ တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှုအပြင် ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ရဲ့ အမှုတွေကိုပါ ကြားနာစစ်ဆေးခဲ့တယ်လို့ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“အန်ကယ်နဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရွက်တယ်။ နောက် ကိုလှမျိုးနဲ့ ဒေါ်ဌေးကြွယ်တို့က ခင်ခင်ဝင်းနဲ့ ၀င်းမမတို့အတွက် ဆောင်ရွက်တယ်။ အစိုးရဘက်က တက်တာတော့ ဥပဒေရုံးက ဒါရိုက်တာ ဒေါ်ခင်ချိုအုံးဆိုတာ သူက ဆောင်ရွက်ပေးတယ်။ အန်ကယ်တို့က စပြောတာပေါ့။

“စပြောတော့ အန်ကယ်တို့အားလုံး တရားရုံးကို တင်ပြ လျှောက်ထားတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားပြီ။ ဒါကြောင့် အဲဒီ ရပ်ဆိုင်းသွားတဲ့ ဥပဒေထဲက ပုဒ်မ ၅ ခုကို ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူတာဟာ ဥပဒေနဲ့ မညီဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာဟာ ဥပဒေအတိုင်းဆိုရင် မမှန်ဘူးဆိုပြီး လျှောက်ထားတယ်။”

အစိုးရဘက်ကလည်း ဒီနေ့ ပြန်ပြောတယ်ဆိုတော့ သူတို့ဘက်က ဘာများ ပြောပါသလဲ။

“သူတို့ဘက်ကတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားပြီဆိုတဲ့ အချက်ကိုတော့ သူတို့က လက်ခံတယ်။ သို့သော်၊ အဲဒီမှာ သူတို့က သို့သော်လေး ခံတယ်၊ ရာနှုန်းပြည့် ရပ်ဆိုင်းသွားတယ်ဆိုတာ လက်မခံဘဲနဲ့ ခြွင်းချက်ကလေး ထားပြီးတော့ တည်ဆဲဥပဒေတွေမှာ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သက်ဆိုင်သော အပိုင်းတွေက တည်ရှိသေးတယ်ဆိုပြီး တင်ပြတယ်။”

ဆိုတော့ စစ်အစိုးရဘက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာရော ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်မယ်ဆိုရင် တင်လို့ရတဲ့ ဥပဒေ အကြောင်းအရာတွေ ပါလားဆိုတာ သိချင်ပါတယ်။

“မပါဘူး။ မပါဘူးဆိုတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့ နေ့ကျမှသာလျှင် အသက်ဝင် လှုပ်ရှားလာမယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘက်ပိုင်းမှာ အရေးယူဖို့တို့ ဘာတို့ဆိုတာ မရှိဘူး။”

ဒီနေ့ အန်ကယ်ဦးကြည်ဝင်းတို့ သွားပြီး လျှောက်လဲတဲ့အခါမှာ တင်ပြချင်တဲ့ အချက်တွေ အားလုံး တင်ပြခွင့်ရတယ်လို့ ယူဆပါသလား။ ကြားနာပွဲ အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ၊ အားရကျေနပ်ပါသလား။

“တရားခွင်ကတော့ နည်းနည်းထူးခြားတာက ပြင်ဆင်မှုမှာ ခါတိုင်း တွေ့တာက တရားသူကြီးတယောက်ပဲ ကြားနာတယ်။ ဒီနေ့ကျတော့ ၂ ပါး လာထိုင်တယ်။ တော်တော်လေး အရေးပေးထားတဲ့ သဘော ရှိတယ်။ တရားသူကြီးက ဦးခင်မြင့်နဲ့ ဦးတင်အေး။ လူတော်တွေပါ။ တရားသူကြီးတွေထဲမှာ တော်တော်လေး မှန်မှန်ကန်ကန်လုပ်တဲ့ ပုဂ္ဂိုလ်တွေပါ။ အန်ကယ်တို့ကလည်း ဥပဒေက အန်ကယ်တို့ဘက်ကရှိတော့ မျှော်လင့်ချက် အများကြီးထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က အခုတပတ် မကုန်ခင် စီရင်ချက် ချနိုင်ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပေမဲ့လည်း တရားရုံးမှာ သက်ဆိုင်ရာက ဒီလို အတိအကျ မပြောခဲ့ဘူးလို့ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။

လွတ်မြောက်ရေး ဂျာနယ်

Freedom Journal (January, 2010)

အစည်းအဝေး ဖိတ်ကြားလွှာ

FBE Einladung Bur16 17 Jan

ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူမှ တပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့် သဘောထား

Ow Ay He In

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကြေညာချက်

Statement No. 1-2010 of ABMA

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နိုင်ငံခြားရေးကော်မတီက ၂၀၁၀ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားမယ်ဟုပြောဆိုခြင်း

၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

မြတ်လေးငုံ blogမှကူးယူဖော်ပြပါသည်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။



၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။


၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။


၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။


၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။


၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။


၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။
ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။

(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။ ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝဖေါ်ပြပေးခြင်း မရှိပါ။ အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့  မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရားလုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

တပ်နဲ့ပြည်သူ



Discover Simple, Private Sharing at Drop.io


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List