မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်များကြောင့် ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဈာပနအခမ်းအနား
၂၀၀၂ ခုနှစ်က ဗုံးဖောက်ခွဲမှုခေါင်းစဉ်တပ်ပြီး တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ဟာ ထောက်လှမ်းရေး ၂၆ ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ စစ်ကြောရေးကြောင့် ဦးနှောက် အာရုံကြော ရောဂါရရှိခဲ့ပြီး အင်းစိန်ထောင်တွင်း အဆုတ်ထဲရေဝင်တဲ့ရောဂါ၊ အသည်းရောဂါ စတဲ့ ရောဂါမျိုးစုံနဲ့ ဇန်နဝါရီလ ၁၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ၉ ရက်အကြာ ဇန်နဝါရီလ ၂၂ ရက်နေ့က ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။
ကိုသက်နွယ်ရဲ့ ကျန်ရစ်တဲ့ရုပ်ကလာပ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရေဝေးသုဿန်မှာ ပို့ဆောင် မီးသဂြိုလ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တွေက ဈာပန အခမ်းအနားကို လာရောက်ခဲ့ကြပြီး နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ခဲ့ကြပါတယ်။
source by : http://www.youtube.com/user/BurmaVJMedia
(ကဗျာရှင် နေရဲနီ)
ဒုတိယကမ္ဘာ စစ်ပြီးတော့
နူရင်ဘတ်စစ်ခုံရုံးက
နာဇီတွေကို
ထိုသူများသည် စစ်ရှုံးသောကြောင့် မဟုတ်ဘဲ
စစ်ဖြစ်စေရန် ဖန်တီးခဲ့သောကြောင့် ဆိုတဲ့
အကြောင်းပြချက်နဲ့ သေဒဏ်ပေးခဲ့ကြတယ်။
ကြိုးမိန့်ကို အတည်ပြုဘို့ လက်မှတ်ထိုးပေးရတဲ့အတွက်
ဘယ်တော့မှ နောင်တမရဘူးလို့ ၀င်စတန်ချာချီ ကပြောခဲ့တယ်။
နာဇီတွေ ကြိုးစင်ပေါ်တက်တဲ့အခါ
သေရတော့မယ် ဆိုတာသိထားလေတော့
တချို့က ပြော့ခွေယိုင်နဲ့လို့
ကြိုးစင်ပေါ်ကို တွဲတင်ရတယ်
တချို့က ရုန်းကန်တွန်းထိုးလို့
အတင်းချုပ်ပြီး ဆွဲတင်ရတယ်
တချို့က ရူးသွပ်အော်ဟစ်လို့
ခုန်ပေါက်ကန်ကြောက်ပြီး တက်သွားကြတယ်။
ဒါပေမဲ့နာဇီတွေ တန်ခိုးထွားစဉ်အခါက
သူတို့ကြိုးပေးခဲ့တဲ့ တော်လှန်ရေးသမားတွေလိုမျိုး
ကြိုးစဉ်ကိုခေါင်းမော့ ရင်ကော့ပြီး တက်သွားတဲ့ လူတစ်ယောက်မှ မပါဘူး။
တော်လှန်ရေးသမားတွေရဲ့ တောက်ခေါက်သံဟာ
ယနေ့ထက်တိုင် လွင့်ပျံ့နေဆဲ။
ဆက်ဒန်ဟူစိန်ကြီးကိုမိတော့ သူ့လက်ထဲမှာ
ကျည်အပြည့်နဲ့ ပစ္စတိုတစ်လက်
အာဏာအတွက် သားမက်ကိုတောင် အရှင်မထားခဲ့တဲ့လူက
တိုက်ပွဲမှာ သေနတ်ကျည်ဆန်နဲ့
ရဲရဲဝံ့ဝံ့ ဂုဏ်အသရေရှိစွာ မကျဆုံးရဲလေတော့
ကြိုးစင်ထက်မှာ မချိမဆန့် အသက်ထွက်ရရှာတယ်။
အာဇာနည်အဖြစ် ရဲရဲဝံ့ဝံ့ အသေခံသွားမယ်လို့ ပြောခဲ့တဲ့ မိုမာကဒါဖီ
ရေဆိုးထုတ်တဲ့ ပြွန်ခေါင်းထဲကနေ
လေးဘက် ထောက်ထွက်လာပြီး
ရွှေသေနတ်လေးကမ်းပေးလို့ သူ့ကိုမပစ်ဘို့ကပြောသတဲ့
တော်လှန်ရေးသမားတွေ ၀ိုင်းရိုက်လိုက်ကြတာ
သွေးသံရဲရဲနဲ့ ခွေးသေ၀က်သေ သေရတယ်။
၂၀၀၃ခုနှစ်ဇန္နဝါရီလ ၁၅ရက် တရုတ်ပြည် ခရီးစဉ် ညာအစွန်မှ ဗိုလ်ချုပ်ခင်ညွန့်ဇနီး ဒေါ်ခင်ဝင်းရွှေ
ဦးကြည်မောင် ခင်ဗျားတိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ
ကျုပ်က ခင်ဗျားထက် ပိုချစ်တယ်လို့ပြောခဲ့တဲ့
တချိန်တုန်းက အတွင်းရေးမှူးတစ်
နောက်တော့ ၀န်ကြီးချုပ်
ဦးတဲ့သူဆော် လျင်တဲ့သူစား
ဘက်တူရင် ဗိုလ်မထား
ခွက်စောင်းခုတ်တဲ့ အာဏာလုပွဲမှာ
သူ့ရွာကို မြေလှန်ခံရတော့
တောခွေးတွေ ယုန်သူငယ်ဘ၀ ရောက်သလို
သူ့တပည့်တပန်း အပေါင်းလည်း
တချို့လည်း ထောင်ထဲမှာသေ
တချို့လည်း ဘ၀တွေပျက်
ဟိုအတန်း မီးလောင်သလို
အုံးအုံးကြွက်ကြွက်ညံလို့
သူလည်း နရသိန်ဘုံနန်းမှာ
မဟေသီနဲ့ အတူစံရပေမဲ့
သိပ်မကြာပါဘူး ဇာတိသရုပ် ပေါ်လာတယ်။
ခလေးတွေရဲ့ပညာရေး
မိသားစုရဲ့ စားဝတ်နေရေး
ဟိုအရေး ဒီအရေးတွေ
စတာတွေအတွက် တနိုင်တပိုင်
သစ်ခွပန်းရောင်းလို့ ဖြေရှင်းနေရပါတယ်။
ထို့အတွက် ထောက်ထားညှာတာသင့်ပါသည့် အကြောင်း
မနှစ်ကတော့ သဲ့သဲ့ ကြားလိုက်မိပါရဲ့။
ခုတဖန် လွတ်လာပြန်တော့လည်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်တဲ့။
ဟိုအရင် တန်ခိုးထွားစဉ်က
ပုလင်းတူဘူးဆို့ ဆရာအရှင်နဲ့ပေါင်းပြီး
ဒေါ်စုကြည်ဆိုတဲ့ အသုံးအနှုန်းနဲ့
NLD ကိုချောင်ပိတ်ကြိုးတုပ်ပြီး
နွံအတွင်းဇွတ်အတင်း ဆွဲနှစ်ခဲ့ပေမဲ့
နွံကိုထိုးဖောက် ထွက်လာတဲ့ ပတ္တမြားအရောင်က
ပွတ်လေပြောင်လေဖြစ်ပြီး အရောင်ပိုတောက်ခဲ့တယ်။
ခွပ်ဒေါင်းတွေကို ယှဉ်ပြိုင်ဘို့အတွက်
သူ့ကိုယ်သူ တိုက်ကြက်လို ကြိုးပမ်းခဲ့ပေမဲ့
ဆရာသမားနဲ့မှ ခွပ်လတ်ချမိလေတော့
တိုက်ကြက်မဖြစ်ဘဲ အသားစားကြက် ဖြစ်ရရှာတယ်။
(၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ရက်နေ့က ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်းဝင်းရွှေ)
(ဓာတ်ပုံ Messenger News Journal)
သူပို့ခဲ့တဲ့ တော်လှန်ရေးသမား ခွပ်ဒေါင်းတွေ
တန်ခိုးအနန္တထွားပါတဲ့ ပုဒ်မ ၅(ည) နဲ့အတူ
မဆုံးနိုင်တဲ့ အကာလ ညများစွာကို ယုံကြည်ချက်ပြင်းစွာ ကျော်ဖြတ်ရင်း
စစ်ခွေးတိုက်ကို ပို့မလား
အစာငတ်ခံ ဆန္ဒပြရမှာလား
မတရားမှုကို ဆန့်ကျင် အံတုပြီး
မြန်မာပြည်ဒီမိုကရေစီအတွက်
ခွပ်ဒေါင်းတို့ရဲ့ သွေးဟာ ရဲရဲနီနေတုန်း
အတောင်တွေက တဖျပ်ဖျပ်ခတ်နေဆဲ
နှုတ်သီးဖျားက ချွန်မြထက်နေမြဲ
ကမ္ဘာမကြေဘူးဟေ့ သီချင်းသံ မိုးယံတိုင်နေဆဲ။
ကြွေတလှည့် ကြက်တခုန် နိုင်ငံရေးဇာတ်ခုံပေါ်မှာ
အတုံ့အလှည့် ဝဋ်လည်တယ်ဆိုတာ ဒါပါဘဲ။
ပတ္တမြားမစစ်လို့ နွံနစ်ခဲ့တာ
အချိန်ကာလက စကားပြောခဲ့တယ်
အာဃာတကင်းစွာနဲ့ သူ့စကားကိုကြိုဆိုပါတယ်။
နေရဲနီ
ကဗျာရှင် နေရဲနီအား ကျေးဇူးတင်ပါသည်။
ဆုံဆည်းရာ၊ ဇန်န၀ါရီလ (၁၅)ရက် ၂၀၁၂
RFA အသံလွှင့်ဌာနနှင့် မကဒတ ဥက္ကဌရဲဘော်သံခဲနှင့် ငြိမ်းချမ်းရေး စကားပြောဘို့ ကမ်းလှမ်းသည့်ကိစ္စ အင်တာဗျူး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
မေး။ ဘယ်လို ကမ်းလှမ်းတယ်ဆိုတာကို ရှင်းပြပေးပါခင်ဗျ။
ဖြေ။ ဟုတ်ကဲ့-ပြည်တွင်း ငြမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်တို့ကနေပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ရင်းနှီးခင်မင်စွာနဲ့ ဖိတ်ခေါ်အပ်ပါတယ်ဆိုပြီး ကျနော်တို့ဆီကို စာတစ်စောင်ရေက်လာပါတယ်။ အဲဒီစာတစ်စောင်နဲ့ပါတ်သက်ပြီး သူတို့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်အေးချမ်းသာယာရေးကောင်စီ ဥက္ကဌစောခင်စိုး ကနေပြီးတော့မှ အဖွဲ့ကိုယ်စား လက်မှတ်ထိုးပြီးတော့မှ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ အဓိကပြောတဲ့ အကြောင်းအရာကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဘို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တန်းတူရည်တူ ဆွေးနွေးနိုင်ရန် သဘောထားချမှတ်ခြင်းနှင့် တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်ကို ပြန်ကြားပေးဘို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။
မေး။ ABSDF ခေါင်းဆောင်ပိုင်းအနေနဲ့ အခုလို ကမ်းလှမ်းလာတဲ့အပေါ်မှာ ဘယ်လိုတုံ့ပြန်ဘို့ စဉ်းစားထာပါလဲ။
ဖြေ။ ABSDF ဗဟိုကော်မီတီအနေနဲ့ ယခုလို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကမ်းလှမ်းလာမှုကို ကျနော်တို့ အဖွဲ့အနေနဲ့ကြိုဆိုတယ်။ အထူးသဖြင့် ကျနော်တို့ အဖွဲ့အစည်းဟာ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအတွက် တန်းတူရည်တူဆွေးနွေးရေးတွေကို ရှိနိုင်ဘို့အတွက် အစဉ်တစိုက်တောင်းဆို တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒီကြိုးပမ်းဆောင်ရွက်မှုတွေဟာ ကျနော်တို့ တဖွဲ့တည်းနဲ့ လုံလောက်နိုင်မှု မရှိဘူး။ ဒီဆွေးနွေးမှုတွေဟာ နိုင်ငံရေးအရ သက်ဝင်ရမယ်။ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်တဲ့နေရာမှာ သက်ဆိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေပါ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်း လိုအပ်တယ်။ သို့သော်လည်းပဲ ပဏာမအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကျနော်တို့ အနေနဲ့ကြိုဆိုတယ်။ စနစ်တကျ တုံ့ပြန်နိုင်ဘို့အတွက် ဗဟိုကော်မီတီထဲမှာ လိုက်နာရမယ်မူတွေ၊ ကျနော်တို့ဆွဲကိုင်ထားရမယ်မူတွေ၊ အပြုသဘောဆိုင်ရာ ဆွဲကိုင်ထားရမယ့်မူတွေကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။
မေး။ အကျဉ်းထောင်တွေထဲမှာ ABSDF ရဲဘော်တွေ ဖမ်းဆီးခံထားရတာတွေ ရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်း စဉ်းစားတာတွေ ရှိလား။
ဖြေ။ ကျနော်တို့ သေသေချာချာကို ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပါ။ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ်မှာ ဆွေးနွေးတဲ့အပေါ်မှာ တတိုင်းပြည်လုံးဆိုင်ကိစ္စတွေ ဆွေးနွေးကြမှာဖြစ်သလို တဆက်တည်းမှာလည်း ကျနော်တို့ အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေလည်း စဉ်းစားရမယ်လို့ ကျနော်တို့မြင်ပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ အဖွဲ့အစည်းအပေါ်မှာ မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကိစ္စတွေ ရှိတယ်။ နောက်တခုကတော့ ကျနော်တို့ ရဲဘော်တွေဟာ နှစ်ရှည်ထောင်ဒါဏ်နဲ့ ဗမာပြည်ထောင်တွေထဲမှာ အကြောင်းအမျိုးမျိုး ကျပြီးတော့ မတရား ဖမ်းဆီခံထားရတဲ့သူတွေ၊ ABSDF တပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ ဒီလူတွေဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့်ပဲ အကျဉ်းကျထားတာဖြစ်တယ်။ သူတို့လွတ်မြောက်ရေးအတွက် တပြိုင်တည်း အဖြေရှာ၇လိမ့်မည်လို့ ထင်တယ်။
မေး။ ဘယ်လို အခြေအနေမျိုးမှာ ABSDF အနေနဲ့ အပစ်အခတ်ရပ်ဆဲဘို့ ရှိပါသလဲ။
ဖြေ။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး အခင်းအကျဉ်းကိုရောက်ဘို့ဆိုတာ အများကြီး လိုအပ်သေးတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဒါဟာ- အာဏာရယူထားတဲ့ အစိုးရဘက်က ဖြစ်ပေါ်လာမယ် နိုင်ငံရေးပြသာနာတွေကို ဖြေရှင်းပြီးတော့ အားလုံးတွေ့ဆုံနိုင်တဲ့ အခင်းအကျင်းကို ယုံကြည်အောင် ဖန်းတီးပေးမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။
RFA အသံလွှင့်ဌာနနှင့် မကဒတ ဥက္ကဌရဲဘော်သံခဲနှင့် ငြိမ်းချမ်းရေး စကားပြောဘို့ ကမ်းလှမ်းသည့်ကိစ္စ အင်တာဗျူး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။မေး။ ဘယ်လို ကမ်းလှမ်းတယ်ဆိုတာကို ရှင်းပြပေးပါခင်ဗျ။

ဒီနေ့ ဟာ အစဖြစ်တယ်
ဒီနေ့ ဟာ အစဖြစ်တယ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။
သစ်ပင်တွေဟာ
ရေစိုလို့ ၊ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
က နေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တပြိုင်နက်တည်းတီးလိုက်ကြပေါ့။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညင်းဟာ
အရပ်မျက်နှာအသီးသီးက
တလှည့်ပြီးတလှည့် တိုက်နေမယ်။
ငါတို့ ဟာ
လေညင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင်ဓာတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။
မြို့အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့မျိုး )
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။
ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။
ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။
ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တနေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ ဖြစ်ရဲ့။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတယောက်နဲ့ 
ဘာထူးဦးတော့မလဲ။
အာဏာရှိစဉ်က ဒေါ်စုကြည် ဆိုပြီးခေါ်ဝေါ် ဒုက္ခမျိုးစုံပေး ၊အာဏာပြောက်တော့ဒေါ်အောင်ဆန်းစုကြည်ခေါ်ဝေါ်ပြီး ထောက်ခံအားပေး တဲ့ဦးခင်ညွှန်

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ လှုပ်ဆောင်မှုများကိုထောက်ခံကြောင်း ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ လက်ရှိကြိုးပန်းဆောင်ရွက်မှုများသည် တိုင်ပြည်အနာဂတ်အတွက် ကောင်းမွန်လာလိမ့်မည်ဟု ရှုမြင်ပါကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်၊ ပြီးရင် လွတ်တော်ထဲရောက်မယ်၊ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်သူကို နောင်အနာဂတ်မှာ တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် ပုဂ္ဂိုလ်ပါတော့ တိုင်းပြည်အတွက်သိပ်ကောင်းပါတယ်။ ထောက်ခံ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကို ထောက်ခံပါတယ်” ဟု ဦးခင်ညွှန့်က ဆိုသည်။
ဦးခင်ညွှန့်သည် ယခုကဲ့သို့ လွတ်မြောက်လာသော်လည်း သူ၏တပည့်များမှ တချို့သော လုပ်ဖော်ကိုင်ဖက်များသည် အကျဉ်းထောင်များထဲတွင် ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်ညွှန့်က “လက်ရှိအစိုးရက တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေတဲ့အခါကျတော့ လွတ်လာလိမ့်မယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။
ဦးခင်ညွှန့်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်တချို့ လွတ်မြောက်လာခဲ့သော်လည်း ဦးခင်ညွှန့်ထောင်ချခဲ့သော နိုင်ငံရေးအကျဉ်းသားများ ပြန်လည် မလွတ် မြောက်လာသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ပြောကြားသည်။
“၂၀၀၄ကတည်းက ဦးခင်ညွှန့်အဖွဲ့ကပျက်သွားပြီပဲ သူဖမ်းခဲ့တဲ့လူအားလုံးကိုတော့ ပြန်လွှတ်ပေးသင့်တာပေါ့” ဟု ကိုမြအေးက ပြောကြားသည်။
ယင်းကဲ့သို့ ကျန်ရှိနေခဲ့ရသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ရန်အတွက် ပြန်လည်စိစစ်လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုက ပြောကြားသည်။
အမေရိကန်သမ္မတ အိုဘားမားကလည်း သမ္မတဦးသိန်းစိန်၏ ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကြိုဆိုကြောင်းနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ လျှောက်နေသော မြန်မာနိုင်ငံ၏ ကြီးမားသောဖြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်သည်။
မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်ဝရန်အတွက် ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှုများကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် လွတ် မြောက်လာပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှကောက်ယူထားသော စစ်တမ်းများအရ သိရသည်။
သတင်း..... yangon chronicle http://myatlayngon.blogspot.com

ကို မင်းကိုနိုင်ဟာ ဇန်န၀ါရီလ ၁၄ ရက် ည၈နာရီခွဲမှာ ရန်ကုန်မြို့ ကိုရောက်ရောက်ချင်းပဲ မြောက်ဥက္ကလာမြို့ နယ်ကနေ ကြိုဆိုနေတဲ့ လူထုကြီးကို မိန့် ခွန်း
Subscribe to:
Posts (Atom)