မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ်

မြန်မာ့နိုင်ငံရေးမှာ ရေပန်းအလွန်စားခဲ့တဲ့ စကားလုံးလေးတွေ ရှိပါတယ်။ နယ်ချဲ့ခေတ်က ရေပန်းစားခဲ့တဲ့ လုံးဝ လွတ်လပ်ရေး၊ ဖဒရယ်ပြည်ထောင်စုအရေး၊ ဒိုင်ယာလော့ခ်၊ အမျိုးသားရင်ကြားစေ့ရေး (၀ါ) အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) စတဲ့ စကားလုံးလေးတွေပါ။ နယ်ချဲ့ခတ်၊ လွတ်လပ်ရေးရပြီး ခေတ်တွေက စကားလုံးလေးတွေကတော့ အချိန်အခါ၊ အခြေအနေနဲ့ လျော်ညီစွာ ထွက်ပေါ်လာခဲ့တဲ့ စကားလုံးလေးတွေပါ။ စစ်အာဏာရှင်ခေတ်ရောက်တော့ ထွက်ပေါ်လာတဲ့ စကားလုံးတွေက စကားလုံးအနေနဲ့ဆိုရင် အလွန်တန်ဖိုးရှိပေမယ့် အချိန်အခါ၊ အခြေအနေနဲ့ မလျော်ညီပဲ ထွက်ပေါ်လာတဲ့ စကားလုံးတွေ ဖြစ်လာပါတော့တယ်။ အခုဒီဆောင်းပါးမှာ လတ်တလောရေပန်းစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေး စကားလုံးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားနဲ့ စကားလုံးအသုံးပြုရတဲ့ အခြေအနေ၊ အချိန်အခါကို တင်ပြလိုပါတယ်။



အမျိုးသားရင်ကြားစေ့ရေး

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ရေရှည်ခံငြိမ်းချမ်းရေးတည်ဆောက်မှု အတွက် အလွန်အရေးကြီးတဲ့ သဘောတရားတခုဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံက ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်၊ လူမျိုးစုတွေ အချင်းချင်း အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှု၊ တရားမျှတမှုကင်းမဲ့တဲ့ လုပ်ရပ်တွေ ပေါ်ထွက်လာတတ် ပါတယ်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်မှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေပြေလည်လာပြီးတဲ့အခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပြည်သူနဲ့ တပ်မတော်အကြား၊ လူမျိုးစု အချင်းချင်းတွေအကြားမှာ တဦးနဲ့တဦးတည်ရှိမှုနဲ့ ရပ်တည်မှုကို အပြန်အလှန် အသိအမှတ်ပြုခြင်း၊ တဦးနဲ့တဦးရဲ့ ကွဲပြားခြားနားမှုတွေ၊ အကျိုးစီးပွားတွေ၊ တန်ဖိုးထားမှုတွေကို အပြန်အလှန်လေးစားခြင်းစတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာ ပဋိပက္ခပေါ်မှာ မူတည်ပြီး ရေတို၊ ရေရှည် အချိန်အတိုင်းအတာ တခု ကြာတတ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်တဲ့ ဖြစ်စဉ်ကို အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်အဖြစ် ခေါ်ဆိုပါတယ်။

နိုင်ငံရေးအကြမ်းဖက်မှုရဲ့ စိတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာတွေကို လေ့လာခဲ့တဲ့ ပညာရှင် Montville ဆိုသူက နိုင်ငံရေးပဋိပက္ခတွေအကြားမှာ အကြမ်းဖက်မှုခံထားရသူများဟာ နောင်မှာ ဒီလိုအကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာမှာကို ကြောက်ရွံ့စိတ်တွေ ရှိနေတတ်ပြီး၊ ဒီိလိုကြောက်ရွံ့စိတ်တွေဟာ သူတို့အပေါ် အကြမ်းဖက်ခဲ့သူတွေအပေါ် ယုံကြည်မှုကို လျော့နည်းစေတတ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယုံကြည်မှု လျော့နည်းနေတာာနဲ့အမျှ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ ရှိလာမှာ မဟုတ်ပါဘူး။ ဒီအခါမှာ နိုင်ငံတနိုင်ရဲ့ တည်ဆောက်မှုဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါတော့တယ်။

ဖိနှိပ်သူတွေနဲ့ ဖိနှိပ်ခံရသူတွေအကြားမှာ စစ်မှန်တဲ့ နားလည်ခွင့်လွှတ်မှုဖြစ်ပေါ်လာရေးမှာ အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ အသိပေးခြင်းအဆင့် (acknowledgment) ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ခဲ့တဲ့ အာဏာရှင်တွေဟာ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာကိုအများပြည်သူကို အသိပေးမှုတွေ ပြုလုပ်ရပါတယ်။ အမှန်တရားကို ဖော်ထုတ်ပြောကြားပြီး၊ နောင်အချိန်မှာ ဒီလို မဖြစ်စေရဘူးဆိုတဲ့ အသိကို လူအများယုံကြည်လာအောင် အသိပေးရပါတယ်။ နောက်တချက်ကတော့ contrition အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ချုပ်ချယ်သူအာဏာရှင်တွေဟာ အတိတ်ကဖြစ်ရပ်တွေအတွက် တာဝန်ယူတာ၊ နောင်တရမှုကို ထုတ်ဖော်ပြောကြားတာနဲ့ ခွင့်လွှတ်ဖို့ တိုက်ရိုက်တောင်းပန်မှုတွေ ပြုလုပ်ရပါတယ်။ ဒီအဆင့်မှာ ရိုးသားမှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ခွင့်လွတ်ခြင်းအဆင့် (forgiveness) ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖိနှိပ်ခံခဲ့ရသူများက အတိတ်က နာကျည်းချက်များကို သင်ပုန်းချေပြီး နားလည်ခွင့်လွှတ် ပေးတာဖြစ်ပါတယ်။ ဒီအတွက် အချိန်အတိုင်းအတာတခု ကြာမြင့်တတ်ပါတယ်။ ပထမအဆင့်နှစ်ဆင့်မှာ ဖိနှိပ်သူတွေဘက်က ဘယ်လောက်အတိုင်းအတာအထိ ရိုးသားစွာပြင်ဆင်ခဲ့လဲ ဆိုတာပေါ်မှာ အဓိက မူတည်ပါတယ်။

ဒါကြောင့်လဲ မှန်ကန်တဲ့ နားလည်ခွင့်လွှတ်လက်ခံမှုတွေ ဖြစ်လာဖို့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် (national reconciliation process) ဆိုတာ လိုအပ်လာတာ ဖြစ်ပါတယ်။ ဒါမှလဲ အနာဂတ်တိုင်းပြည် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးတက်အောင် လက်တွဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ လူနှစ်ယောက်အိမ်ထောင်ပြုမှုမှာတောင် အိမ်ထောင်ဘက်တဦးဆီမှာ သံသယတွေ၊ မယုံကြည်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ ရှိနေမယ်ဆိုရင် ဒီအိမ်ထောင်ဟာ ပြိုလဲခြင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လဲ သာယာငြိမ်းချမ်းမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ညှိနှိုင်း ဆောင်ရွက်မှုတွေအပေါ်မှာ အခြေတည်မှာ မိသားစုရဲ့ အနာဂတ်ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် လက်တွဲတည်ဆောက်လို့ ရနိုင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အခြေခံယူနစ်လေးတခုဖြစ်တဲ့ မိသားစုလေးတခု တည်ဆောက်တာမှာတောင် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်ခွင့်လွှတ်မှုဟာ ဒီလောက်အရေးကြီးတယ်ဆိုရင် နိုင်ငံတနိုင်ငံတည်ဆောက်မှုမှာဆိုရင် မည်မျှ အတိုင်းအတာအထိ အရေးကြီးမယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ် စတင်လာမလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

အခြေအနေနှင့် အချိန်အခါ

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်း အချိန်အခါတွေအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးအခြေအနေ၊ အချိန်အခါ ကို မသုံးသပ်ပဲ သဘောတရားနဲ့ ဖြစ်စဉ်တွေကို အသုံးပြုလို့ မရပါဘူး။ ဥပမာ- ဒိုင်ယာလော့ခ်ဆိုတဲ့ စကားလုံးကို နမူနာကြည့်နိုင်ပါတယ်။ ဒိုင်ယာလော့ခ်ဆိုတာက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအခြေအနေမှာဆိုရင် ကနဦးဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ် (Initial Democratization) အရ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာပြီးမှ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာမှု (democratic consolidation) ကို အသွင်ကူးပြောင်းမှု ကာလ (transition period) မှာ ခေါ်ဆိုရတာဖြစ်ပါတယ်။ ဒီကြားဖြတ်အစိုးရဆိုတာမှာ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government) ဒီမိုကရေစီအတိုက်အခံများနဲ့ အာဏာရှင်ဘက်မှ ပြုပြင်ပြောင်းလဲလိုသူများ ပူးတွဲတည်ထောင်တဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ (power sharing interim government)၊ အာဏာရှင်ဘက်မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ကြေညာဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) နဲ့ နိုင်ငံတကာ ကြားဖြတ်အစိုးရ (international interim government)ဆိုပြီး သဏ္ဌာန်လေးမျိုး ရှိပါတယ်။ ဒိုင်ယာလော့ခ်ဆိုတာ ဒီလိုကြားဖြတ်အစိုးရ တခုခုရှိပြီးမှ ခေါ်ယူရတာဖြစ်ပါတယ်။ အဲဒီမှာမှ တွေ့ဆုံဆွေးနွေး အဖြေရှာရင် အမျိုးသားရင်ကြားစေ့ရေးကိုပါ တည်ဆောက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့နိုင်ငံတွေမှာကျတော့ ဒီအခြေအနေ၊ အချိန်အခါကို သဘောမပေါက်ပဲ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှာခမ်းနာနဲ့ တည့်ပါ့မလား ဆိုတဲ့ အဖြစ်မျိုးတွေ ပေါ်လာတတ်ပါတယ်။ ကြားဖြတ်အစိုးရဆိုတာ မပေါ်ပေါက်သေးခင်မှာ ဒိုင်ယာလော့ခ်ကို ခေါ်တတ်ကြပါတယ်။ ရလာဘ်ကတော့ အင်မတန်အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး စကားလုံးဟာ ထပ်ခါတလဲလဲ ပြောစရာတွေဖြစ်ပြီး ဆီသည်မလက်သုတ် ဖြစ်သွားတော့တာပါပဲ။ အာဏာရှင်ဘက်ကကြည့်မယ်ဆိုရင်လဲ အလွန်ကို ဟာသမြောက်စေတဲ့ နိုင်ငံရေးထိုးစစ် ဖြစ်လာစေပါတော့တယ်။ ပမာဆိုရရင် ရပ်ကွက်ထဲရောက်လာတဲ့ ဓားကိုင် အမူးသမားရှေ့မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ဒူးထောက်ထိုင်ပီး “ဒို့တတွေ ဆွေးနွေးကြရအောင်” လို့ သွားပြောနေတာနဲ့ အတူတူပါပဲ။ အမူးသမားက လူစိတ်ပျောက်နေချိန် ဖြစ်နေလေတော့ ဒီလိုသွားပြောနေရင် အားရပါးရ ဇက်တွေကို ပိုင်းချလိုက်မှာ အသေအချာပါ။ အမှန်တကယ်လုပ်သင့်တာက လူအားနဲ့ အမူးသမားလက်က ဓားကို အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုပြုတ်ထွက်သွားအောင် လုပ်ရမလဲ ဆိုတာကို စဉ်းစားပြီး ညီညီညာညာ လုပ်သင့်တာမျိုးပါ။ ပြီးမှ အမူးသမားကို ခေတ္တစောင့်ကြည့်ထားပြီး၊ အမူးပြေမှ ဆွေးနွေးမှုလုပ်ရတာမျိုးပါ။ ဆွေးနွေးနိုင်ဖို့ဆိုတာက တဘက်က ခြိမ်းချောက်နိုင်တဲ့ အခြေအနေကို အရင်ထိန်းချုပ်ပြီးမှ လုပ်ရမယ့်အရာသာဖြစ်ပါတယ်။

ဒီလိုမဟုတ်ပဲ အချိန်အခါကို မချင့်ချိန်တတ်ပဲ ကြားဖြတ်အစိုးရကလဲ မပေါ်သေး၊ ယုတ်စွအဆုံး အာဏာရှင်တွေဘက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်မယ့် အိမ်စောင့်အစိုးရဖွဲ့မယ်ဆိုတဲ့ အရိပ်အယောင်လေး တွေတောင် မပေါ်သေးခင်မှာ ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်သူများအဖြစ် ပြည်သူလူထုက ရွေးချယ်ထားခဲ့သူတွေ၊ မိမိဘာသာ ဦးဆောင်သူများအဖြစ် တံဆိပ်ကပ်ထားသူတွေက ဒိုင်ယာလော့ခ်ဆိုတဲ့ စကားလုံးကိုသာ တွင်တွင်ကြီး ခရားရေလွှတ် ပြောလာကြတဲ့အခါကျတော့ အာဏာရှင်တွေအတွက်က ဟားစရာဖြစ်လာပါတယ်။ ဟားလို့ကောင်းတဲ့အပြင် ရန်သူ့လက်နက်၊ ကိုယ့်လက်နက်ပါ လုပ်လို့ရလာပါသေးတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှုအားကောင်းလာရင်၊ လူထုတိုက်ပွဲတွေ အရှိန်ရလာရင် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရပေါ်လာပြီး ကနဦးဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်သွားတတ်ပါတယ်။ ဒါကို အာဏာရှင်တွေက အလွန်ကြောက်ပါ တယ်။ ဒီမိုကရေစီလှုပ်ရှားမှု အချိန်တွေ ကြာမြင့်လာရင်တော့ ဒါကို ကြောက်သူတွေက အာဏာရှင်တွေတင် မဟုတ်တော့ပါဘူး။ မအောင်မြင်တဲ့ ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်ခဲ့သူများထဲက စိတ်ထားမမှန်သူတွေကလဲ သူတို့ရဲ့ status quo ပျောက်သွားမှာ စိုးရိမ်လာကြပါတယ်။

အဲဒီမှာတင် အာဏာရှင်ဘက်ကလဲ လူထုတိုက်ပွဲ အရှိန်ကောင်းလာပြီး ကြားဖြတ်အစိုးရဖွဲ့တဲ့အဆင့်ထိ မတက်လှမ်းခင်မှာ အမြန်အဆန် ဖြိုခွင်း၊ ရန်သူ့လက်နက်၊ ကိုယ့်လက်နက်လုပ်ပြီး ဒိုင်ယာလော့ခ်လုပ်မယ် ကမ်းလှမ်းတော့တာပါပဲ။ ဒါကို status quo ပျောက်မှာ စိုးရိမ်သူတွေကလဲ အလျင်အမြန် လက်ခံတော့တာပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလဲ ဒီလိုအခြေအနေမျိုးတွေကို ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ခေါင်းပေါ်ကျနေတဲ့ ၀န်ထုပ်ဝန်ပိုးတခု ကျသွားလို့ပါပဲ။ နောက်ဆုံးတော့ ကြားဖြတ်အစိုးရ (သို့) အိမ်စောင့်အစိုးရ တခုပေါ်လာပြီးမှ ထွက်ပေါ်လာရမယ့် ဒိုင်ယာလော့ခ်ဆိုတာကလဲ သီးချိန်တန်သီး၊ ပွင့်ချိန်တိုင်ပွင့်ရမှာ မဟုတ်ပဲ အတင်းသီးခိုင်းနေသလိုဖြစ်တဲ့အတွက် အသီးက မသီးပဲ political deadlock ဖြစ်သွားတော့တာပါပဲ။ အဲဒီလို ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်လာတဲ့ အခါကျတော့ ပြည်သူလူထုကလဲ သူတို့ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ နိုင်ငံရေးဦးဆောင်သူတွေ၊ မိမိဘာသာဦးဆောင် တံဆိပ်ကပ်ထားသူတွေကို စိတ်ပျက်လာပါတယ်။ ယုံကြည်မှုမဲ့ လာပါတယ်။ နိုင်ငံရေးလုပ်နေသူတွေအကြားမှာလဲ အမြင်တွေကွဲလာပါတယ်။ ဘေးထွက်ထိုင်နေသူတွေ များလာပါတယ်။ မျိုးဆက်သစ်တွေကလဲ မျိုးဆက်ဟောင်းတွေကို အထင်သေးလာပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာကြပါတယ်။ အဲဒီမှာတင် လူထုနဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ တသားတည်းဖြစ်မှုနဲ့ မျိုးဆက်သစ်မျိုးဆက်ဟောင်းအကြား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြားမှာ ပူးပေါင်းဆောင်ရွက်မှု လျော့ကျသွား ပါတော့တယ်။ အဖြေကတော့ အာဏာရှင် သက်ဆိုးရှည်သွားစေတာပါပဲ။ အာဏာရှင်တွေ စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ ရသွားစေတော့တာပါပဲ။

အခုဆက်လက်ပြီး အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်စတင်တဲ့ အခြေအနေနဲ့ အချိန်အခါကို တင်ပြလိုပါတယ်။ ရင်ကြားစေ့ရေး (၀ါ) ပြန်လည်သင့်မြတ်ရေးလုပ်ရတယ်ဆိုတာက ပဋိပက္ခရှိနေလို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပဋိပက္ခရှိနေရင် တချိန်မှာ ပြန်လည်သင့်မြတ်ရေးလုပ်ရတယ်ဆိုတာကတော့ ထုပ်ဆီးတိုးရင်း၊ ဘောလုံးကန်ရင်း ရန်ဖြစ်ဖူးတဲ့ ကလေးကအစ နားလည်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် မည်၍မည်မျှ အရေးကြီးတယ်ဆိုတာကို ရေကြီးခွင်ကျယ် ငြင်းခုန်ဆွေးနွေးနေကြစရာ၊ အစည်းအဝေးပွဲတွေကျင်းပပြီးရှင်းပြနေစရာ မလိုအပ်လှပါ။ ဘယ်လိုအချိန်မှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် ပေါ်ထွက်အောင်ပြုလုပ်နိုင်သလဲဆိုတာကသာ ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခဖြစ်ပွားမှု အဆင့်ဆင့်ရဲ့ Peace and Reconciliation stage မှာ ပေါ်ထွက်ရတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားမှုအဆင့်ဆင့်ကို ကြည့်ကြရအောင်ပါ။


နိုင်ငံတခုအတွင်းမှာ ဖြစ်ပေါ်တဲ့ ပဋိပက္ခ (Intrastate conflict) အမျိုးအစားမှာပဲဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းအကြားမှာ ဖြစ်ပေါ်တဲ့ ပဋိပက္ခ (Interstate conflict) မှာပဲဖြစ်ဖြစ် လေ့လာသူပညာရှင်များ၊ မူဝါဒချမှတ်သူများ စတင်ပြုလုပ်ရတာကတော့ ပဋိပက္ခအခြေအနေ၊ အဆင့်ကို ဆန်းစစ်ရတာဖြစ်ပါတယ်။ ဆန်းစစ်မှု နည်းလမ်းအမျိုးမျိုးကွဲပြားမှုရှိပေမယ့် အထက်မှာ ဖော်ပြထားတဲ့ ပုံထဲက ပဋိပက္ခအဆင့်ဆင့်ကို ပညာရှင်အများစုက အသုံးပြုလေ့ရှိပါတယ်။

နိုင်ငံတွေအကြား(သို့မဟုတ်) နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား (သို့မဟုတ်) နိုင်ငံတော်ရဲ့ အစိုးရနဲ့ ပြည်သူလူထုအကြားမှာ ကွဲပြားခြားနားတဲ့ တန်ဖိုးထားမှုတွေ၊ လိုအပ်ချက်တွေနဲ့ အကျိုးစီးပွားတွေ ရှိပါတယ်။ ဒီလိုကွဲပြားခြားနားမှုတွေဟာ ရံဖန်ရံခါမှာ ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ ဒီအဆင့်ကို Latent stage လို့ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီအဆင့်ကနေ ရှေ့ဆက်ပြီးဖြစ်လာတဲ့ triggering event တခုဟာ ပဋိပက္ခကို ဖောက်ခွဲပစ်လိုက်နိုင်ပါတယ်။ ဥပမာဆိုရရင် ၁၉၆၈ ခုနှစ်မှာ အိုင်ယာလန်မြောက်ပိုင်းက ကက်သလစ်ဘာသာဝင်လူနည်းစုဟာ နိုင်ငံသားဆိုင်ရာ အခွင့်အရေးတောင်းဆိုမှုတွေကို အကြမ်းမဖက် ဆန္ဒပြတဲ့နည်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို လူများစု ပရိုတက်စတင့် ဘာသာဝင်တွေက ထိန်းချုပ်တဲ့ အစိုးရက အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ အဲဒီမှာတင် အတိတ်က ရှိခဲ့ဖူးတဲ့ စိတ်ဒဏ်ရာအနာတရတွေ ထွက်ပေါ်လာပါတယ်။ ပြန်ပြောင်းသတိရမှုတွေ ဖြစ်ပွားလာပါတယ်။ နောက်ဆုံးမှာတော့ လွတ်လပ်တဲ့အိုင်ယာလန်နိုင်ငံ တည်ဆောက်ရေး တောင်းဆိုမှု တိုက်ပွဲတွေအထိ ကြီးကျယ်သွားပါတော့တယ်။ ဒီအခြေအနေဟာ conflict emergence အခြေအနေပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ လူအများ ပူးပေါင်းပါဝင်လာကြပါတယ်။ လူအများက ရွေးချယ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ တံဆိပ်ကပ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ခေါင်းဆောင်တွေ ပေါ်ထွက်လာပါတယ်။ အဲဒီကနေတဆင့် ပဋိပက္ခဟာ တစတစနဲ့ ကျယ်ပြန့်သွားပါတော့တယ်။ အများက ပူးပေါင်းပါဝင်မှုတွေ ရှိလာပါတယ်။ ပဋိပက္ခဖြစ်ကြတဲ့ နှစ်ဦးနှစ်ဘက်အကြားက အပေါ့စား နည်းဗျူဟာ (light tactic) တွေဖြစ်တဲ့ အပြုသဘောဝေဖန်ဆွေးနွေးငြင်းခုန်မှု၊ ကတိက၀တ်ပြုမှုတွေကနေ အပြင်းစားနည်းဗျူဟာ (Heavy tactic) တွေဖြစ်တဲ့ ခြိမ်းချောက်မှု၊ ပါဝါကစားမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာပါတယ်။ ပဋိပက္ခအရွယ်အစားကြီးလာပါတယ်။ အဖြစ်အပျက်တခုတည်းကို အာရုံစိုက်မှုကနေ ကိစ္စရပ်တွေပိုများလာတယ်။ ပါဝင်တဲ့ ဘက်နှစ်ဘက်မှာ ညှိနှိုင်းဖို့ အဆင့်မဟုတ်တော့ပဲ တဘက်နဲ့ တဘက် အနိုင်ယူဖို့ အဆင့်ဖြစ်လာပါတယ်။ ဒီအခြေအနေကို conflict escalation ဖြစ်လာတဲ့အဆင့်လို့ သတ်မှတ်ကြပါတယ်။

ဒီလိုနဲ့ conflict escalation အဆင့်မှာ အချိန်ကြာလာတဲ့အခါ နှစ်ဘက်စလုံးက နိုင်လဲမနိုင်၊ ရှုံးလဲ မရှုံးတဲ့ အခြေအနေကို ရောက်လာပါတယ်။ နှစ်ဘက်စလုံး ခြေကုန်လက်ပမ်းကျ လာတဲ့ အခြေအနေမျိုးကို ပြောတာပါ။ ဒါပေမယ့် နှစ်ဘက်စလုံးကလဲ ရှုံးတယ်လို့ လက်မခံနိုင်ကြသလို ဘက်တဘက်က အရှုံးပေးလိုက်တယ်ဆိုတာမျိုးလဲ မရှိပါဘူး။ အဲဒီလိုအခြေအနေမျိုးကို Stalemate အဆင့်လို့ သတ်မှတ်ကြပါတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာ ပဋိပက္ခဆက်ဖြစ်နေရတာဟာ ပေးဆပ်ရတာ သိပ်ကြီးလွန်းတဲ့အခြေအနေ နှစ်ဘက်စလုံးမှာ ဖြစ်လာပါတယ်။ ပဋိပက္ခစတင်ဖြစ်ပွားစဉ်က ရည်မှန်းချက်တွေကလဲ အသွင်ပြောင်းလဲလာပါတယ်။ အများစုကလဲ ထောက်ခံအားပေးမှုလျော့ကျလာပါတယ်။ အဲဒီမှာတင် ဒီင်္ပဋိပက္ခကို ဘယ်လို အဆုံးသတ်သင့်သလဲ၊ ဘယ်လိုအပေးအယူလုပ်သင့်သလဲဆိုတာ နှစ်ဘက်စလုံးက စဉ်းစားလာကြပါတော့တယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေကို conflict de-escalation အဆင့်လို့ သတ်မှတ်ကြပါတယ်။ ဥပမာ- တောင်အာဖရိက သမ္မတ de Klerk ဟာ အမျိုးသားပါတီနဲ့ တောင်အာဖရိက လူဖြူများရဲ့ ရည်မှန်းချက်တွေကို ပြန်လည်ပြုပြင်ပြီး၊ နိုင်ငံသစ်ကို ပြန်လည်တည်ထောင်ဖို့အတွက် ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အနေနဲ့ incumbent-led caretaker government ကို စတင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဒိုင်ယာလော့ခ်နဲ့ ပဋိပက္ခဖြေရှင်းမှု (conflict/ dispute settlement) အဆင့်ကို ထပ်ရောက်သွားပြီး၊ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံက အမျိုသားရင်ကြား စေ့ရေးဖြစ်စဉ်အပြင် တခြားအမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်များဖြစ်တဲ့ အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေး၊ El Salvador၊ Guatemala၊ ချက်ကိုစလိုဗက်ကီးယား၊ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ပိုလန်၊ ဟန်ဂေရီ၊ ဂျာမဏီနဲ့ စပိန်နိုင်ငံများမှာလဲ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ဆိုတာ conflict de-escalation (သို့မဟုတ်) conflict settlement အဆင့်တွေနောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တွဲဖက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအဆင့်ဆင့်တွေဟာ အဆင့်လိုက်ဖြစ်ပေမယ့် တချို့အဆင့်တွေမှာ ရပ်တန့်နေတာမျိုး၊ နောက်ပြန်ဆုတ်သွားပြီးမှ အရှိန်ယူပြီး တဆင့်ပြန်တက်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် conflict de-escalation မဖြစ်ပြီးသရွေ့ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။

အခုဆက်လက်ပြီး မြန်မာ့အရေးမှာ လတ်တလော အလွန်ရေပန်းစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို ဆက်လက်တင်ပြပါမယ်။

မြန်မာ့အရေး

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်တုန်းက စနစ်ကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ရှိပါတယ်။ ဒါတွေဟာ ဗမာလူမျိုးစုနဲ့ မွန်လူမျိုးစုအကြား၊ ဗမာလူမျိုးစုနဲ့ ရှမ်းလူမျိုးစုအကြား၊ ဗမာလူမျိုးစုနဲ့ ရခိုင်လူမျိုးစုအကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမဟုတ်ပါဘူး။ ရှေးခေတ်တပ်မတော်တွေရဲ့ ဖွဲ့စည်းပုံစနစ်၊ တပ်မတော်တွေကို အာဏာတပ်မက်တဲ့ ဘုရင်တွေက ကိုယ်လိုရာဆွဲယူအသုံးချလို့ ရနိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တွေကြောင့် အိမ်ကြက်ချင်းအိုးမဲသုတ် အခွပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နယ်ချဲ့ခေတ် ရောက်တော့လဲ ဒီအတိုင်းပါပဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ နယ်ချဲ့စနစ်ရဲ့ အုပ်ချုပ်ရေး ယန္တရားတည်တံ့ခိုင်မာမှုကို ခြိမ်းချောက်နိုင်တဲ့ အန္တရာယ်ဖြစ်တာကြောင့် နယ်ချဲ့စနစ်က သွေးခွဲအုပ်ချုပ်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ရောက်တဲ့အခါကျတော့လဲ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး လုပ်ရမယ့် အခြေအနေ ရောက်ချိန်မှာမှ အထွေထွေ ပြဿနာမျိုးစုံကြောင့် မြန်မာ့မြေဟာ စစ်တလင်းပြင် ဖြစ်ခဲ့ရပြန်ပါတယ်။ စစ်တလင်းပြင်မြေမှာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍက တစတစ ကြီးထွားလာတတ်တာ ထုံးစံပါပဲ။ လူ့သဘောသဘာဝဆိုတာက နေရာပေးလွန်းတာခံရရင် သူဟာ မရှိမဖြစ် အရေးပါနေတယ်လို့ ခံစားရတတ်ပါတယ်။ အဲဒီအခါမှာ စိတ်သဘောထားမှန်သူက လုပ်စရာရှိတာ ဆက်လုပ်ပြီး၊ စိတ်သဘောထား မပြည့်သူက လုပ်ပိုင်ခွင့်ကို လိုတာထက် တိုးချဲ့လာတတ်ပါတယ်။ မြန်မာ့တပ်မတော်ရေးရာမှာလဲ ဒီအတိုင်းဖြစ်ခဲ့တော့တာပါပဲ။ မြန်မာ့တပ်မတော်ရဲ့ အဲဒီခေတ်က ခေါင်းဆောင်တွေက စိတ်ထားမမှန်ပါဘူး။ ပြည်တွင်းစစ်အရှိန်ကြောင့် တပ်မတော်ရဲ့ အခန်းကဏ္ဍတိုးမြင့်လာမှုကို အခွင့်ကောင်းယူပြီး၊ နိုင်ငံတော်ကာကွယ်ရေး အင်အားစုအဆင့်ကနေ နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို တိုးမြှင့်နေရာယူပါတော့တယ်။

ဒီလိုတိုးမြင့်နေရာယူလာမှုမှာလဲ ပြည်သူလူထုအကျိုးကို ဦးတည်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြုလုပ်ခြင်းမရှိတာကြောင့် အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတခုမှာ အရေးကြီးတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုက ပျက်သွားပါတယ်။ အစိုးရနေရာကို တပ်မတော်က အပြီးအပိုင် ရယူလိုက်ပါတယ်။ ပြည်သူအကျိုးစီးပွားနဲ့ တိုက်ရိုက်ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်လာပါတယ်။ ပြည်သူနဲ့ စစ်အစိုးရအကြားက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တဲ့ လူတန်းစားတရပ် ထွက်ပေါ်လာပါတယ်။ အမြော်အမြင်ရှိတဲ့ တော်လှန်ရေးခေါင်းဆောင်များ ဦးဆောင်တဲ့ လူမျိုးစုတွေအချင်းချင်းအကြား ညီညွတ်မှုကို တည်ဆောက်နိုင် လာတာနဲ့အမျှ ဘုံရန်သူကို ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာပါတယ်။

လွတ်လပ်ရေးရပြီးစဉ်ကာလကနေ ၁၉၈၈ ခုနှစ်အထိ ကာလတလျှောက်မှာ မြန်မာ့တပ်မတော်နဲ့ လူမျိုးစုစစ်တပ်တွေအကြား၊ မြန်မာ့တပ်မတော်နဲ့ ပြည်သူလူထုအကျိုးကို ဦးစားပေးစဉ်းစားတဲ့ မြေပေါ်မြေအောက် အဖွဲ့အစည်းတွေအကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေ အများအပြားပေါ်ထွက်ခဲ့ပါတယ်။ ပဋိပက္ခတွေဟာ conflict emergence အဆင့်ကို ရောက်သွားလိုက်၊ conflict escalation အဆင့်ကို ဆက်မတက်သွားပဲ ရပ်တန့်နေလိုက်၊ ရံဖန်ရံခါမှာလဲ latent conflict အဆင့်ကို ပြန်ကျသွားလိုက်နဲ့ ဖြစ်နေခဲ့ပါတယ်။ အခုကျွန်မ ဆန်းစစ်ချက်က တမျိုးသားလုံအဆင့်၊ တနိုင်ငံလုံးအဆင့်ကို ပြောနေတာဖြစ်ပါတယ်။ လူမျိုးစုတစုချင်းအလိုက် သီးခြားဆန်းစစ်မယ်ဆိုရင်တော့ အသွင်သဏ္ဌာန်က တမျိုးဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ ၁၉၈၈ ခု၊ ဖုန်းမော်အရေးအခင်းဟာ ပြည်သူလူထုနဲ့ အာဏာရှင်အစိုးရအကြားမှာ ရှိနေခဲ့တဲ့ latent conflicts တွေအားလုံးကို ဖောက်ခွဲပစ်လိုက်တဲ့ triggering event ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာတင် conflict emergence အဆင့်ဖြစ်သွားပြီး၊ conflict escalation အဆင့်အထိ ကြီးထွားသွားခဲ့ပါတယ်။ ဒီပဋိပက္ခဟာ တစတစနဲ့ ဆက်ပြီး ကြီးထွားလာလိုက်တာ နှစ်ဘက်စလုံးခြေကုန်လက်ပမ်းကျတဲ့အဆင့် (stalemate) ကို ရောက်လုနီးနီး ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်ဘက်ကနေ အမျိုးသားညီလာခံကို ရပ်တန့်ထားရပြီး၊ အတိုက်အခံတွေဘက်ကလဲ မာနယ်ပလော ကျပြီး နောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးကျဆင်းလာတဲ့ အခြေအနေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက မရှုံးမနိုင်အခြေအနေကနေ conflict de-escalation အဆင့်ကို ဆက်သွားဖို့ အကောင်အထည်ဖော်မှုတွေ မရှိခဲ့ပါဘူး။ ဒီအခြေအနေမှာ နှစ်ပေါင်းများစွာရှိနေပြီးမှ အတိုက်အခံဘက်ကလဲ နိုင်ငံတကာစစ်မျက်နှာနဲ့ ထိုးစစ်ပြန်ဆင်လာခဲ့သလို၊ စစ်အာဏာရှင်ဘက်ကလဲ လမ်းပြမြေပုံ ခုနစ်ဆင့်နဲ့ အောင်ပွဲရယူဖို့ ပြန်ပြီး ကြိုးစားလာကြပါတယ်။ Conflict escalation အဆင့်ကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အတိုက်အခံများရဲ့ နိုင်ငံတကာထိုးစစ်ဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးယူမှု မပေါက်မြောက်လာတဲ့အခါကျတော့ နှစ်ဘက်အကြား ပဋိပက္ခဟာ latent conflict အဆင့်အထိ ပြန်လျော့ကျသွားပါတယ်။

ဒီအခြေအနေမှာပဲ လောင်စာဆီဈေးနှုန်းတက်မှုနဲ့ ပခုက္ကူသံဃာတော်များ ရိုက်နှက်ခံရမှုတွေဟာ conflict emergence အဆင့်ကို ဖြစ်စေခဲ့တဲ့ triggering events တွေပဲဖြစ်ပါတယ်။ အဲဒီကနေ အရှိန်ယူပြီး conflict escalation အဆင့်ဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ထွက်လာခဲ့ပါတယ်။ အတိုက်အခံတွေဘက်ကသာ လူထုတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု၊ နိုင်ငံတကာအပေါ်မှာ အလွန်အကျွံအားကိုးမှုနဲ့ အချိန်အခါမဟုတ်ပဲ ခေါ်ဆိုထားခဲ့တဲ့ ဒိုင်ယာလော့ခ်ဆိုတာ မရှိထားခဲ့ရင် ဒီလိုအခြေအနေမျိုးဆိုတာ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (သို့မဟုတ်) ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း၊ ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ တိုင်းပြည်တည်ဆောက်မှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်တက်သွားလို့ ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်ရမယ့် အလုပ်ကိုကျော်ပြီး နအဖကနေ ဒိုင်ယာလော့ခ်ခေါ်မယောင် အသံထွက်လာခဲ့ပါတယ်။ ဒါကို ဒိုင်ယာလော့ခ်ဖြစ်သွားနိုင်လား၊ မဖြစ်သွားနိုင်ဘူးလားဆိုတဲ့ အခြေအနေနဲ့ အချိန်အခါကို မသုံးသပ်ခဲ့တဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့တွေကလဲ ထောက်ခံကြိုဆိုကြပါတော့တယ်။ အဲဒီမှာတင် ကိုယ့်လက်နက်ဟာ တဘက်က ရန်သူရဲ့ လက်နက်ဖြစ်သွားပါတယ်။ ဒါကိုပဲ အသုံးချပြီး နအဖစစ်အာဏာရှင်ဘက်ကလဲ conflict escalation အဆင့်မှာ သူတို့ဘက်က အနိုင်ရရေးအတွက် လမ်းပြမြေပုံ အဆင့်ဆင့်ကို အမြန်အဆန် အကောင်အထည်ဖော်ပါတော့တယ်။ ဒါကို counter-action လုပ်ဖို့ အတိုက်အခံတွေဘက်မှာ လုပ်ငန်းစဉ် အဆင့်ဆင့် မရှိခဲ့ပါဘူး။ အဲဒီမှာတင် ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ မြင့်တက်လာခဲ့တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်ဟာ ပြန်လျော့ကျသွားပါတယ်။ latent conflict အဆင့်ကို ပြန်ရောက်သွားပါတယ်။

နအဖဘက်ကလဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လမ်းပြမြေပုံကို တဆင့်ချင်းဆက်တိုးပါတယ်။ ဒါပေမယ့်လဲ စစ်တပ်တွင်းက ၇၅- ၂၅ % နဲ့ ပတ်သက်ပြီး မကျေလည်မှုအခြေအနေတွေ၊ လမ်းပြမြေပုံနဲ့ ပတ်သက်ပြီး လူထုရဲ့ မကျေနပ်မှုတွေ၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်ရဲ့ ဂယက်ရိုက်မှုတွေ၊ အထွေထွေ ပြဿနာတွေကြောင့် ပဋိပက္ခအဆင့်ဟာ latent conflict ကို ကျော်လွန်ပြီး၊ ပေါက်ကွဲလုလု ဖြစ်လာပြန်ပါတယ်။ ဒီလိုအခြေအနေမှာသာ triggering event ဖြစ်ပြီး conflict emergence ဖြစ်လာတဲ့အခါ conflict escalation အဆင့်ကို ချက်ချင်းကူးပြောင်းသွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ အဲဒီအဆင့်မှာလဲ ပါဝါရှယ်ယာကြားဖြတ်အစိုးရ ပေါ်ထွက်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသဏ္ဍာန်တွေ ထွက်ပေါ်နေပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် Initial democratization စတင်သွားမှာဖြစ်ပါတယ်။ ဒီလိုစတင်ပြီးမှ ဒိုင်ယာလော့ခ်ခေါ်တာ၊ ရွေးကောက်ပွဲပြုလုပ်တာ၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်တာတွေ ဆက်တိုက်ပြုလုပ်လို့ ရလာပါလိမ့်မယ်။ ဒါကြောင့် လက်ရှိနိုင်ငံရေးအခြေအနေဟာ မြန်မာနိုင်ငံအတွက် အလွန်ပဲ အရေးကြီးနေတဲ့ အချိန်အခါ တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့ အချိန်အခါမှာ conflict emergence အဆင့်အတွက်၊ conflict escalation အဆင့်အတွက်၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေး၊ တပ်မတော်သားများအား စည်းရုံးရေး စတဲ့ လုပ်ငန်းစဉ်အများအပြားကို နိုင်ငံရေးအခင်းအကျင်းသစ်တခုအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်မှုတွေ မရှိရင် ရွှေဝါရောင်တော်လှန်ရေးတုန်းကလိုမျိုး ရုတ်တရက်ပေးလာတဲ့ အခွင့်အလမ်းကို လက်ဆုပ်လက်ကိုင် မယူလိုက်နိုင်သလိုမျိုး ဖြစ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ထူးခြားဆန်းကြယ်မှုလို့ပဲ ခေါ်ရလေမလား၊ စစ်အာဏာရှင်ဘက်က ကြည့်ရင်တော့ အလွန်ပင် ဟာသမြောက်စရာကောင်းတဲ့ နိုင်ငံရေးထိုးစစ်ပြက်လုံးတခုလို့ပဲ ခေါ်ရလေမလား မဆိုနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာပါတော့တယ်။ အမျိုးသားရင်ကြားစေ့ရေးဖြစ်ရအောင် conflict settlement အဆင့်ကိုလဲ ရောက်သေးတာ မဟုတ်ပါ။ အဲဒီအဆင့်ဝေးလို့ de-escalation အဆင့်တောင် မရောက်သေးပါ။ နောက်ဆုံး နှစ်ဘက်စလုံးက ရှုံးနေတဲ့ အခြေအနေ (stalemate) အဆင့်မှာပင် မရှိပါ။ အသေအချာသာတွေးကြည့်ရင် conflict emergence အဆင့်နဲ့ conflict escalation အဆင့်ကို နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ အဆုံးမသတ်ခင်မှာ မတက်လှမ်းနိုင်ပါက latent conflict အဆင့်မှာတင် နောက်ထပ်အနှစ်နှစ်ဆယ်လောက် ဆက်နေရပြီး အနိုင်ရအာဏာရှင်ခြယ်လှယ်သမျှ ခံကြရတော့မယ့် အခြေအနေမျိုးပါ။

အသီးဆိုတာ သီးခိုင်းချင်တိုင်းသီးလို့မရသလို အပွင့်ဆိုတာကလဲ ပွင့်ခိုင်းတိုင်း ပွင့်လို့မရပါ။ Initial democratization အဆင့်ရောက်ပြီးမှ သီးခိုင်းရတဲ့ ဒိုင်ယာလော့ခ်ဆိုတဲ့ အသီးကို တိုက်ပွဲကာလမှာကတည်းက အတင်းသွားသီးခိုင်းနေခဲ့လို့ မြန်မာပြည်ကြီး စစ်ကျွန်ဘ၀မှာ သက်ဆိုးရှည်နေရတာလဲ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ အခု အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အပွင့်ကိုလဲ သူပွင့်ရမယ့် အချိန်လဲမဟုတ်၊ အခြေအနေလဲ မဟုတ်ပဲ သွားပွင့်ခိုင်း၍ မရပါ။ ဘယ်လိုမှ ပွင့်မှာဟုတ်ပါ။ ပွင့်မှာမဟုတ်ပဲ စစ်အာဏာရှင်တွေအတွက် လက်နက်တခုသွားရောက် တပ်ဆင်ပေးသလိုပဲ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ အချိန်တခုမှာ triggering event တခု ဖြစ်ပွားလာတဲ့အခါ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအထိ ဦးတည်နိုင်တဲ့ အခြေအနေတခုဖြစ်လာခဲ့ရင် အာဏာရှင်တွေက ဒိုင်ယာလော့ခ်လိုပဲ ဒီစကားလုံးကို ပြန်အသုံးချလာမှာ အသေအချာပါပဲ။ ဒီအခါကျရင် ဒိုင်ယာလော့ခ်ထက် ပိုပြီး အဆမတန်ကြီးမားတဲ့ ထောင်ချောက်ကြီးတခုကို အာဏာရှင်တွေဘက်က ဆင်လို့ရနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရလာမှာဖြစ်ပါတယ်။ စစ်ရေးလေ့လာသူတယောက်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကြီးကို အသုံးပြုပြီး ဘယ်လိုကြီးမားတဲ့ ထောင်ချောက်ကြီးကို ဘယ်နည်းဘယ်ပုံနဲ့ ဆင်လို့ ရနိုင်သလဲ ဆိုတာကို တွေ့မြင်နေရပါတယ်။ ပြည်သူလူထုအကျိုးစီးပွားကိုပဲ ထာဝရရပ်တည်ဖို့ ရည်သန်တာကြောင့် အာဏာရှင်ကို အားပေးကူညီမှုဖြစ်သွားစေနိုင်တဲ့အတွက် ဒီနည်းလမ်းတွေကို အသေးစိတ်ဆက် မရေးလိုပါ။ ဒါပေမယ့် တဘက်ရန်သူကို ဘယ်တော့မှ လျှော့မတွက်ဖို့နဲ့ ရှေ့မှာ ထောင်ချောက်ကြီးတခု ရှိလာနိုင်တယ်ဆိုတာကိုတော့ ကြိုတင် အသိပေး တင်ပြလိုပါတယ်။

အခုလို အခြေအနေ၊ အချိန်အခါနဲ့ မကိုက်ညီတဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာမှုမှာ ပါဝင်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းများအနေနဲ့ ပါဝင်ရတဲ့ အကြောင်းရင်း သုံးမျိုးရှိမယ်လို့ ယူဆရပါတယ်။ ပထမတချက်ကတော့ အခြေအနေ၊ အချိန်အခါနဲ့ သဘောတရားကို နားမလည်မှုဖြစ်ပါတယ်။ နောက်တမျိုးကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ အစိုးရနဲ့ လက်ရှိမှာ အပစ်အခတ်ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေအကြားမှာ ဒိုင်ယာလော့ခ်များ ဖြစ်လာခဲ့ရင် ကိုယ်မပါလိုက်ရမှာစိုးလို့ ကြိုတင်ပြင်ဆင်ပြထားတဲ့ နိုင်ငံရေးအခင်းအကျင်းလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ပြည်သူလူထုကို သစ္စာဖောက်တာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုမှ ဆောင်ကျဉ်းနိုင်မှာ မဟုတ်တဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့ အစိုးရဆိုတာကလဲ အာဏာရှင်ရုပ်သေးအစိုးရပဲ ဖြစ်ပါလိမ့်မယ်။ ရုပ်သေးအစိုးရနဲ့ ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် တိုင်းပြည်နိုင်ငံကို တည်ဆောက်လို့မရပါ။ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကို ဆိုရင် ပိုဆိုးပါတယ်။ ဘယ်လိုမှ စစ်မှန်တဲ့ ရေရှည်ခံငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးကို တည်ဆောက်လို့ ရမှာ မဟုတ်ပါ။

နောက်ဆုံးဖြစ်နိုင်ချေ တခုကတော့ အကယ်၍ နအဖစစ်အုပ်စုဘက်က လမ်းပြမြေပုံကို အဆုံးသတ်ပြီး ပဋိပက္ခကို အနိုင်နဲ့ ပိုင်းဖြတ်ပစ်ခဲ့ရင် နိုင်ငံတကာ မိသားစုများက ဒီပဋိပက္ခပြီးဆုံးသွားပြီလို့ သတ်မှတ်လာမှာကို စိုးရိမ်မှုပါ။ ဒီလိုသတ်မှတ်ချက်မှာကလဲ ဘဏ္ဍာရေးရာ ထောက်ပံ့မှုတွေနဲ့ ပတ်သက်နေတာကြောင့်၊ ဆက်လက်ရပ်တည်မှု အတွက် လိုအပ်ချက်ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ အမျိုးသားရင်ကြားစေ့ရေး လုပ်လိုခြင်းမရှိပါဘူး၊ အတိုက်အခံတွေဘက်က ကမ်းလှမ်းအဆိုပြုချက်ကို လက်မခံပါဘူး ဆိုတဲ့ သဏ္ဍာန်ကို နိုင်ငံတကာမိသားစုများက ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ထောင်ချောက်ဆင်မှု တခုလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဆင်မယ့် ထောင်ချောက်ထဲ ကိုယ်ပြန်မကျသွားအောင် ဘယ်လိုဘယ်ပုံနဲ့ တားဆီးမလဲ၊ ရန်သူက ပြန်ဆင်လိုက်မယ့် ထောင်ချောက်ကြီးထဲ ကျမသွားအောင် ဘယ်လိုပြင်ဆင်ကာကွယ်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ ဆင်နင်းမြင်းကန်ဘ၀ မရောက်သွားအောင် အရံအတားတွေ လုပ်ဖို့ လိုအပ်ပါတယ်။

ဒီလိုဖြစ်နိုင်ချေသုံးရပ်မှာ စစ်မှန်တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးအဖွဲ့အစည်းတွေလို့ ယူဆတာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒကိုပဲ ကိုယ်စားပြုပြီး၊ ပြည်သူလူထုအကျိုးဆိုတဲ့ နှောင်ကြိုးရဲ့ ကြိုးဆွဲမှုကိုပဲ ခံယူလိမ့်မယ်လို့ပဲ မျှော်လင့်မိပါတယ်။ ပြည်သူလူထုကို သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေမှာ အာဏာပါဝါ မရမှာစိုးလို့ ကြိုတင်ခင်းကျင်းထားတဲ့ နိုင်ငံရေးအခင်းအကျင်းလို့တော့ မသတ်မှတ်လိုပါ။ စကားလုံးရဲ့ အခြေခံသဘောတရားနဲ့ စကားလုံးအသုံးပြုသင့်တဲ့ အချိန်အခါကို သဘောပေါက်မှုအားနည်းတာ (သို့မဟုတ်) ကွဲပြားစွာ နားလည်သဘောပေါက်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုကွဲပြားစွာ သဘောပေါက်တာဆိုရင်တော့ ဒီအချိန်အခါ၊ အခြေအနေဟာ ဘာကြောင့် အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကို ကမ်းလှမ်းဖို့ သင့်လျော်ရလဲ ဆိုတဲ့ အချက်နဲ့ ဒီလိုကမ်းလှမ်းချက်ပြုလုပ်ဖို့ သင့်လျော်တဲ့ အချိန်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက နှစ်ဦးနှစ်ဘက်လုံး stalemate ဖြစ်နေတဲ့ ကာလမှာ ဘာကြောင့် မကမ်းလှမ်းခဲ့လဲ ဆိုတဲ့ အချက်ကို ပြည်သူလူထုနဲ့ ရဲဘော်ရဲဘက်တွေကို ရှင်းလင်းတင်ပြဖို့ လိုအပ်လှပါတယ်။
တတိယဖြစ်နိုင်ချေဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ ပတ်သက်နေခဲ့ရင်လဲ လူအများကို ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့ လိုအပ်ပါတယ်။ ဒီလို transparency နဲ့ honesty မရှိပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများအနေနဲ့ လူထုက အသိအမှတ်ပြုပေးလာမှာ မဟုတ်ပါ။ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုရဲ့ အသိအမှတ်ပြုမှု၊ လက်ခံမှု မရှိပဲနဲ့လဲ နိုင်ငံရေးဦးဆောင်အဖွဲ့များအမည်ခံပြီး ထင်ရာစိုင်းလို့ ရမှာမဟုတ်ပါ။ အစိုးရဆိုတာ ပြည်တွင်းရွေးကောက်ပွဲ အနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းမှ အများကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်မှာဖြစ်ပါတယ်။ မဲအနိုင်ရသူ အချို့ကပဲ လွတ်မြောက်နယ်မြေမှာ ဦးဆောင်ဖွဲ့စည်းတာကတော့ စင်ပြိုင်အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် စင်ပြိုင်အစိုးရကို ပြည်သူလူထုအားလုံးကို ကိုယ်စားပြုတဲ့ အစိုးရလို့ မသတ်မှတ်နိုင်သလို မြန်မာ့ နိုင်ငံရေးဦးဆောင် အစိုးရလို့လဲ အများက လက်ခံထားမှာ မဟုတ်ပါ။ နိုင်ငံတကာစစ်မျက်နှာမှာ အဖွဲ့အစည်းဆိုတာထက် ပိုပြီး ပြယုဂ်ကောင်းတဲ့ အစုအဖွဲ့လေးတခုသာ ဖြစ်ပါတယ်။ တခြား သမိုင်းအစဉ်အလာကြီးမားတဲ့ အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကောင်စီတွေ၊ အဖွဲ့ချုပ်တွေ ဆိုတာကလဲ နိုင်ငံရေးအင်အားစုကြီးများသာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကံကြမ္မာကို အလုံးစုံ ဆုံးဖြတ်လုပ်ပိုင်ခွင့်ကို လူထုတရပ်လုံးက လွှဲအပ်ထားတဲ့ အကြွင်းမဲ့နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းများ မဟုတ်ပါ။ မြန်မာ့နိုင်ငံရေးတလျှောက်မှာ ဂျပန်ခေတ်ကာလ တခုတည်းမှာပဲ ဒီလိုဦးဆောင်အဖွဲ့အစည်းမျိုး ပေါ်ပေါက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ပိုမိုသိသာထင်ရှားတဲ့ အချက်ကတော့ အခု အချိန်မှာ အသက် (၃၈) နှစ်အောက် လူအများဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူများ မဟုတ်သလို ၊ အသက် (၃၅) နှစ်အောက် လူအများဟာလဲ ရှစ်လေးလုံးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူများ မဟုတ်ပါ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဖြစ် နေရာယူမှုပြုလုပ်မယ်ဆိုရင် ဒီအသက်အရွယ်အပိုင်းအခြားမှာ ရှိနေတဲ့ လူတွေရဲ့ ယုံကြည်လေးစားမှုနဲ့ ထောက်ခံမှုဟာ မလွဲမသွေလိုအပ်ပါတယ်။ လက်ရှိအမတ်များနဲ့ ခေါင်းဆောင်များဟာ ဒီအသက်အရွယ်အပိုင်းအခြားလူငယ်၊ လူလတ်ပိုင်းက ရွေးချယ်တင်မြှောက်ထားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် မကြာခင်မှာ ကျင်းပတော့မယ့် ဂျကာတာ ကွန်ဖရင့်အပြီးမှ ပြည်သူလူထုကို ပန်ကြားချက်တွေ၊ အခြေအနေရှင်းလင်းတင်ပြမှုတွေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုတဲ့ နိုင်ငံရေးစင်မြင့်သဏ္ဍာန်ကို လွတ်လပ်ရေးရပြီးစ နိုင်ငံတခုရဲ့ ပြည်သူလူထုကတောင် လက်မခံခဲ့ဘူးဆိုရင် အာဏာရှင်လက်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရလို့ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်တွင်း ပြည်သူလူထု၊ နိုင်ငံတကာကို ခြေဦးနဲ့ ကြမ်းပြင်လှည့်ပတ်အလုပ်လုပ်နေကြရတဲ့ ပြည်ပရောက်မြန်မာ အလုပ်သမားထု၊ အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ ပညာတတ်လူလတ်တန်းစားတွေနဲ့ ဖွဲ့စည်းထားတဲ့ ၂၁ရာစု မြန်မာ့လူု့အဖွဲ့အစည်းကဆိုရင် ပိုပြီး လက်ခံနိုင်မှာ မဟုတ်ပါဘူး။

နောက်တချက်က မကြာခင် ကျင်းပမယ့် ဂျကာတာညီလာခံကို မြန်မာ့သမိုင်းရဲ့ အထင်ကရ ပင်လုံညီလာခံနဲ့ ခိုင်းနှိုင်းပြောဆိုနေတာတွေ ရှိလာပြန်ပါတယ်။ အနှစ်သာရချင်း၊ အခြေအနေ၊ အချိန်အခါချင်း ဘယ်လိုမှ ဆက်စပ်နှိုင်းယှဉ်လို့ မရပါ။ ပင်လုံညီလာခံဆိုတာက အောင်ဆန်းအက်တလီစာချုပ်နဲ့ နယ်ချဲ့ဗြိတိသျှနဲ့ မြန်မာတို့အကြားမှာ conflict settlement ရှိပြီးမှ အနာဂတ်လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ ရှေးနှစ်များစွာက ရှိခဲ့တဲ့ ပဋိပက္ခ စိတ်အနာဟောင်းတွေ ထပ်မထွက်လာအောင်၊ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့လို့ ဖြစ်ပေါ်နေတဲ့ လူမျိုးစုအကြား အထင်လွဲမှုတွေ ကြီးထွားမလာအောင် ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် ကနဦးညီလာခံဖြစ်ပါတယ်။ ဒီညီလာခံကို ပြည်သူလူထု ထောင်ပေါင်းများစွာက ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒါတောင် ကနဦးညီလာခံမှာ မပါဝင်ခဲ့တဲ့ လူမျိုးစုတွေ၊ ကနဦးညီလာခံရဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်နိုင်ခြင်း မရှိတာတွေကြောင့် နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက အများကြီး ရှိပါတယ်။

အခုဂျကာတာ ညီလာခံကျတော့ ပင်လုံလို မြန်မာ့မြေပေါ်မှာ ကျင်းပတဲ့ ညီလာခံလဲမဟုတ်၊ အချိန်အခါ၊ အခြေအနေနဲ့အညီ အမျိုးသားရင်ကြားစေ့ရေးအဆင့်ကို ဖော်ဆောင်နိုင်မယ့် ညီလာခံလဲ မဟုတ်။ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကို တဘက်ကို တင်ပြရုံ အဆင့်ပဲ ရှိသေးတဲ့ ညီလာခံသာ ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကလဲ ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့လေးတွေ ကောက်ခါငင်ခါ ညီလာခံ ထကျင်းပပြီး တည်ဆောက်လို့ရနိုင်တဲ့ သဘောတရားကြီးလဲ မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးကို ဘယ်လိုမှ ကိုယ်စားမပြုနိုင်သလို ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အားလုံးပင် စုံစုံလင်လင် တက်ရောက်ခြင်း မရှိသေးပါ။ နိုင်ငံရေးအင်အားစုများက အဆိုပြုချက်တခုကို ညီညီညွတ်ညွတ်ပူးပေါင်းပြုလုပ်တဲ့ ညီလာခံတရပ်သာပဲ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိနိုင်မလားဆိုတာကလဲ တဘက်စစ်အုပ်စုက ဘယ်လိုတုန့်ပြန်လိုက်သလဲ ဆိုတာပေါ်မှာပဲ မူတည်နေပါသေးတယ်။


နိဂုံး

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ဆိုရရင် နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ချင်တဲ့ အဖွဲ့အစည်းများကလဲ ပြည်သူလူထုအပေါ် ရိုးသားသစ္စာရှိဖို့ လိုအပ်ပါကြောင်းပါနဲ့ ပြည်သူလူထုအနေနဲ့ကလဲ ဘယ်လိုနိုင်ငံရေးအဖွဲ့အစည်းကိုမှ အားကိုးအားထား မပြုပဲ၊ မိမိတို့ လုပ်စရာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်ရောက်ရှိရေး၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ခေါင်းဆောင်မမျှော်၊ ကယ်တင်ရှင်မမျှော်ပဲ လုပ်ဆောင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

”လူထုတိုက်ပွဲတွေဟာ လူထု ခေါင်းဆောင်တွေကို မွေးဖွားပါတယ်။
ဒီကနေ့ခေါင်းဆောင်တွေဟာလဲ မနက်ဖြန်ခေါင်းဆောင်တွေ
ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်။
ပြည်သူ့တော်လှန်ရေးကို မည်သည့် လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းကမှ မောင်ပိုင်စီးထား၍ မရပါ။
မောင်ပိုင်စီးရန် ကြိုးစားတာ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပြုလုပ်တာဟာ
တော်လှန်ရေးကျဆုံးစေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ တည်ဆောက်လို့ ရပါတယ်။
တွေ့ဆုံဆွေးနွေးရေးဆိုတာ ကြားဖြတ်အစိုးရတခု
ပေါ်ထွက်မှုပြီးတဲ့အချိန်မှာလုပ်မှ အောင်မြင်နိုင်ပါတယ်။
အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခတွေပြီးဆုံးမှ
ဖော်ဆောင်လို့ ရပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၉)
မှတ်ချက်။ ။

ယခုဆောင်းပါးသည် မည်သူတဦးတယောက်၊ မည်သည့် အဖွဲ့အစည်း တခုတလေကို မှ ထိခိုက် ရေးသားခြင်း မဟုတ်ပါ။ အချိန်အခါ၊ အဖြစ်အပျက်၊ အခြေအနေများကို ဒီမိုကရေစီနည်းလမ်းတကျ အပြုသဘောဖြင့် ဝေဖန်ဆန်းစစ် ထားခြင်းသာ ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးဆိုသည့် သဘောတရားကို မူအရ ထောက်ခံသည်။ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်စတင်လာပါက မည်သို့မည်ပုံပြုလုပ်မည်ဆိုသည်ကိုကား ဟင်းချက်စရာ ပစ္စည်းမရှိသေးပဲ၊ ၀ယ်ယူဖို့ ပိုက်ဆံလဲ မရှိသေးပဲ တရုတ်ဟင်းချက်မယ်၊ ကုလားဟင်းချက်မယ်၊ ပြင်သစ်စတိုင် ပြင်ဆင်မယ် ငြင်းခုန်နေခြင်းနဲ့ တူသည်ဟု ထင်မှတ်သောကြောင့် ငြင်းခုန် ဆွေးနွေးစရာ ကိစ္စများတွင် ၀င်ရောက်ဆွေးနွေးမည်မဟုတ်ပါ။ ကုလားဟင်းချက်ချင်သူက ကုလားဟင်းချက်နည်း စာအုပ်ကိုင်ထား၍ တရုတ်ဟင်းချက်ချင်သူက တရုတ်ဟင်းချက်နည်း ကိုင်ထားပြီး၊ နားလည်အောင် အရင်ဖတ်သည်က ပို၍ အကျိုးရှိပေလိမ့်မည်။

သို့ဖြစ်ရာ အမျိုးသားရင်ကြားစေ့ရေးသဘောတရားကို ထောက်ခံပြီးဖြစ်ခြင်း၊ အဆိုပါသဘောတရားသည် မြန်မာနိုင်ငံအတွက် မည်မျှအရေးကြီးသည်ကို လက်ခံနားလည်ပြီးဖြစ်ခြင်းတို့ကြောင့် အဆိုပါ အချက်အလက်များကို လက်ကိုင်ပြု၍ လာရောက်ငြင်းခုန်ခြင်းများ လာရောက်မပြုလုပ်ရန် မေတ္တာရပ်ခံသည်။ အချိန်အခါ၊ အခြေအနေများနှင့် ပတ်သက်၍ ဤသဘောတရားအား အဆိုပြုချက်သည် ယနေ့အခြေအနေ၊ အချိန်ကာလအတွက် မည်မျှအကျိုးရှိသည်ဟု ကွဲလွဲသည့် အမြင်ရှိပါက khinmamamyo@gmail.com အီးမေးလ်သို့ ဆက်သွယ်၍ အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်သည်။

သူဘာလဲ၊ ငါဘာလဲ ပြောဆိုမှုများကို လက်ခံ တုန့်ပြန်မည် မဟုတ်ပါ။ စာရေးသူသည် ဘာမှ မဟုတ်ပါ။ မြန်မာနိုင်ငံကို တိုးတက်စေချင်သူ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ပြီးဆုံးစေလိုသူ၊ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ဖြစ်ပေါ်စေလိုသူ၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် အပြန်အလှန် လေးစားမှုအပေါ်တွင် အခြေတည်သည့် မြန်မာ့လူ့ဘောင်တရပ် ထွန်းကားလာစေလိုသူ မြန်မာပြည်သူ တယောက်သာဖြစ်ပါတယ်။

အလင်းအိမ်စာစောင်

မြတ်လေးငုံ blogမှကူးယူဖော်ပြပါသည်။

Luminary Magazine 4 of 2

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီခေါင်းဆောင်ဆုချီးမြှင့်

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီခေါင်းဆောင်ဆုချီးမြှင့်

E-mail Print
ယခင်သီပေါစော်ဘွား မဟာဒေ၀ီ ကမကထပြုသော အမေရိက အခြေစိုက် Burma Lifeline က လူမှုအဖွဲ့စည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူ Burma Lifeline အဖွဲ့ဝင် သျှမ်းလူငယ် စိုင်းဆဲန်ဖန်းအား ယခုနှစ် Sao Thusandi Leadership Award သုစန္ဒီ ခေါင်းဆောင်ဆု ဆုရှင်အဖြစ် ရွေးချယ်ဖိတ်ကြားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ချင်းမိုင်မြို့၌ဂုဏ်ပြုအပ် နှင်းပွဲ ကျင်းပခဲ့သည်။

“ဆုပေးရတဲ့ရည်ရွယ်ချက်က အနာဂတ်လူငယ်တွေ ကိုယ်ကျိုးစွန့်တတ်ဖို့၊ စံပြအများအကျိုးဆောင်ရွက်သူတွေကို အတုယူ တတ်ဖို့ဖြစ်တယ်။ အဲဒီလိုလူငယ်တွေ များများတိုးပွားလာရင် သျှမ်းပြည်ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက်အထောက် အကူဖြစ်မယ်” - ဟု သုစန္ဒီဆု အပ်နှင်းရေး ကော်မတီဝင်တဦးဖြစ်သူက ပြောပါသည်။

သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် မဟာဒေ၀ီ သုစန္ဒီ (အင်ဂါ ဆာဂျဲင့်)


၁၉၉၆-၉၇-၉၈ သျှမ်းပြည်တောင်ပိုင်း ကျေးရွာပေါင်း ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီး/အဓမ္မမောင်းထုတ်ခံရပြီး၊ ရွာသား ၆၆၀ ကျော် အသတ်ခံရကာ လူပေါင်း ၃ သိန်းအိုးမဲ့အိမ်မဲ့ဘ၀ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့စဉ်စိုင်းဆဲန်ဖန်းက Dispossessed အစီရင်ခံစာထုတ်ဝေရေး၌ အချက်အလက် ရှာဖွေစုဆောင်းပေးခဲ့သည်။ ထို့အပြင်ဆန်စပါးဒုတိယအများ ဆုံးထွက်သည့် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြ့နယ် စပါးထွက်နှုန်း အနိမ့်ဆုံးကျဆင်းမှုအပေါ် Deserted Fields ဆိုသည့် အစီရင်ခံစာ ရေးသား ထုတ်ဝေနိုင်ရန် အချက်အလက်စုဆောင်းခဲ့သောကြောင့် သုစန္ဒီဆုနှင့်အထူး ထိုက်တန်သည်ဟု ဆိုပါသည်။

“သျှမ်းပြည်မှာနေတုန်းက ဗမာစစ်တပ် အမျိုးမျိုးနှိပ်စက်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သူထိုင်းထဲဝင်လာတယ်။ ရွှေ့ပြောင်း အလုပ်သမားဘ၀နဲ့နေထိုင်ခဲ့ပေမယ့် ဘ၀ကိုအရှုံးမပေးဘူး။ တိုးတက်လမ်းရှာတယ်။ စစ်သလင်းထဲ အကြိမ်ကြိမ် သွားရောက်ပြီး မတရားမှုတွေကို သူဖေါ်ထုတ်ခဲ့တယ်။ စိုင်းဆဲန်ဖန်းဟာ ရဲရင့်ပြတ်သားတယ်။ အမှန်တရား ပြောဖို့ ၀န်မလေး ဘူး၊ မဟုတ်မမှန်ရင် သူ့ကိုထောက်ပံ့တဲ့ ဒိုနာတွေကိုတောင် သူထောက်ပြရဲတယ်။ အဲဒါ့ကြောင့် သူ့ကို ရွေးချယ်ရခြင်းဖြစ် တယ်”- ဟု BRC အကြီးအကဲ ဆရာမ ဖိဖါ့ ကလဲ ဂုဏ်ယူပြောဆို၏။

“ကျနော်တယောက်ထဲ ချီးမြှင့်တယ်လို့ မခံစားမိဘူး၊ SRDC (Shan Relief and Development Committee) နဲ့ လုပ်ဖေါ်ကိုင် ဖက်အားလုံးကို ချီးမြှင့်တယ်လို့ယူဆပါတယ်”
- ဟု စိုင်းဆဲန်ဖန်း က အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြား၏။

စိုင်းဆဲန်ဖန်းသည် သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း SSSNY ကျောင်း ဒုတိယအပတ်စဉ် ကျောင်းသားဖြစ်ခဲ့၏။ နောက်ပိုင်း FAT (Foreign Affair Training) ကျောင်းနှင့် ထိုင်းစာသင်တန်းကျောင်းများတက်ပြီး ဘ၀တိုးတက်လမ်းရှာကာ တဘက်တွင်လည်း SRDC (Shan Relief and Development Committee) မှ ပေးအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်း တာဝန် များ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်သည့် ၂၀၀၈ သုစန္ဒီခေါင်းဆောင်ဆုကို သျှမ်းရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ရှား သူ Migrant Justice Program of the Human Rights Development Foundation (HRDF) မှ သျှမ်းလူငယ် စိုင်းဖူးမိန်းက ပထမ အကြိမ်လက်ခံ ရရှိသည်။

သုစန္ဒီခေါင်းဆောင်ဆု Thusandi Leadership Award ကို သီပေါစော်ဘွားကြီး၏ မဟာဒေ၀ီ သြစတေးလျလူမျိုး အင်ဂါ ဆာဂျဲင့် ခေါ် စ၀်သုစန္ဒီက စီစဉ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ စ၀်သုစန္ဒီသည် ၁၉၆၂ စစ်အစိုးရ အာဏာသိမ်းပြီး သီပေါ စော်ဘွားကြီး စ၀်ကြာဆိုင် ဖမ်းဆီးအစဖျောက်ခံရပြီးနောက်ပိုင်း ဇာတိမြေပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Twilight over Burma ‘မုံရီမှိုင်း တိုင်းမြန်မာ’ စာအုပ်ရေးသားပြီး နောက်တနှစ်အကြာ Burma Lifeline ခေါ် ဗမာပြည် ဒုက္ခသည်များ ကူညီရေးဆိုင်ရာ NGO အဖွဲ့ ဖွဲ့စည်းထူထောင်ခဲ့သည်။

ဒီဇင်ဘာလ (၃၀) ရက်နေ့ တွင် နအဖအာဏာရှင် ဆန့် ကျင်ရေး အထွေထွေသပိတ် ဆင်နွဲမည်။

နစ်နေမန်းမှ


All Burma Monks Alliance Announcement

၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကိုယ်တိုင် ရေးသားခဲ့သော (လားရာ )ဝတ္တုတိုလေးအားသူ၏မွေးနေ့တွင် ပြန်လည်ဖော်ပြပေးလိုက်ခြင်း.။

၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကိုယ်တိုင် ရေးသားခဲ့သော (လားရာ )ဝတ္တုတိုလေးအားသူ၏မွေးနေ့တွင် ပြန်လည်ဖော်ပြပေးလိုက်ခြင်း.။


၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ မိခင်ဈာပနာ တွင် အကျဉ်းထောင်ထဲမှ လိုက်ပို့စဉ်ပုံ..။


လားရာ


“ဂျိုင်း” ကနဲ တံခါးပိတ်သံ၊ မင်းတုံးထိုးသံ၊ သောခတ်သံ မက်တဲလစ်သံတွေ။သံစဉ်မညီ၊ နာရီမရှိ၊
စည်းချက်မကျ၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ
ခါတိုင်း စကားသိပ်များလေ့ရှိတဲ့ အခန်းဖေါ်က
ရုတ်တရက် စူးစမ်းတဲ့အကြည့်
ချက်ခြင်းသဘောပေါက်သွားတဲ့ဟန်၊ သက်ပြင်းချ၊ တိတ်ဆိတ်။
ပြန်လာကတည်းက ဘာမှမပြောဖြစ်၊ ပြောချင်စိတ်လည်းမရှိ။ပရိသတ်အမြင်မှာ တည်ငြိမ်ကြံ့
ခိုင်သယောင်၊ တကယ်က ရုပ်နဲ့နာမ် မကပ်တာ၊
အခန်းထဲပြန်အရောက်၊ အိပ်ယာနေရာပေါ်လှဲချ။

လက်ထဲကယပ်တောင်ကိုတွေတွေကြီးငေးကြည့်နေမိ၊ဝဲလာတဲ့မျက်ရည်တွေကိုပုတ်ခတ်ပစ်လိုက်
ဘို့မကြိုးစားတော့၊
ကျပါစေလေ၊လွတ်လွတ်လပ်လပ်ကြီးစီးပါစေတော့။တိတ်ဆိတ်အခန်းငယ်ထဲ
မြေဆွဲအားကိုဆန့်ကျင်နေတဲ့ အိမ်မြှောင်ငယ်က “စုတ်”တသတ်သတ်၊
ရင်းနှီးနေကြ မျက်နှာကြက်ညစ်ထပ်ထပ်ကို နော့အကြည့်၊တအိအိပြိုကျလာသလို။

………………………………………………………………………………………………………….

“မေမေ အဲဒီမှာရပ်နေသားလာခဲ့မယ်”“မှုတ်ဘူး၊ မှုတ်ဘူး ခုနနေရာကိုပြန် သွား၊ သားလာကြိုမယ်”
“သားရယ် မေမေခေါင်းပေါ်က အထုတ်ကြီးနဲ့ သားရဲ့”“မရဘူး၊ ပြန်သွား၊ ပြန်သွား၊ သားလာကြိုမယ်လို့ ပြေနေတဲ့ဟာကို”“ကဲ ကဲ သားကျေနပ်အောင် ပြန်သွားပြီ ဟုတ်ပလား”“သားကလေ မေမေကို
သိပ်ဆိုးတာဘဲ၊ မောလိုက်တာသားရယ်”
ဆိုတယ်သာပြောတာ မေမေ့မျက်နှာက ပြုံးလို့၊ခေါင်းပေါ်က အထုတ်ကြီးကိုချ၊ သားကိုပွေ ဖက်နမ်း၊ သားလက်ကိုစွဲပြီးအိမ်ပြန်။


လမ်းထဲက..ဒီသားအမိကိုကြည့်ပြီးသဘောကျကြ၊မေမေကပုတက်တက်နဲ့ဘယ်သူကိစ္စဖြစ်ဖြစ်
လက်မနှေးတမ်းကူညီတက်သူ၊လူချစ်လူခင်များတဲသူ။
ကျွန်တော်တို့အိမ်ကတောင်ဥက္ကလာမှာ၊
ကတ္တရာလမ်းမကြီးတစ်ခုကနေ ချိုးဝင်ရတဲ့လမ်းသွယ်လေး၊
မေမေပြန်လာမယ့်အချိန် ညနေစောင်းဆိုအိမ်ရှေ့ကနေ လမ်းချိုးလေးကိုမျှော်နေတာမေမေအဝတ်ထုတ်ကြီးရွက်ဝင်လာ
တာတွေ့တာနဲ့ ထွက်ကြိုနေကြ၊
အဝေးကနေ အော်ပြီးပြေးကြိုတာ၊ ရောက်တဲ့နေရာမှာ ရပ်နေမှ၊ ကိုယ်တိုင်လာကြိုမယ်ပေါ့။

မေမေကလဲ သားလာကြိုတာတွေ့လို့ ဆက်လျှောက်လာရင်..မရဘူး၊ လာကြိုမယ်လို့ အော်ထား
တုံးက နေရာပြန်သွား… အဲဒီနေရာမှာဘဲ လာကြိုမယ်၊


ဒါဆို ဒါမှ ဇွတ်…

အဲဒီတုံးက မေမေနှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာခွဲစိတ်ကုသပြီး ပြန်ကောင်းလာတဲ့အချိန်၊
မေမေ့ပေါင်ပေါ် ခေါင်းတင်းရင်း အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည်ဘူးတယ်။


ရင်သားအေက်မှာတစ်ပေလောက်ကင်းခြေများကြီးတစ်ကောင်ကန့်လန့်ဖြတ်ကပ်နေသလိုကြီး၊
တရုတ်ဗမာအရေးအခင်းဖြစ်နေတဲ့အချိန်၊
ဆေးရုံပေါ်မှာချည်း ခြောက်လလောက်ကြာတယ်၊ညီလေးက အခါလည်မရှိတရှိ၊နို့ဘူးတိုက်ပြီးအဘွားနဲ့ထားခဲ့ရတာ၊နှလုံးခွဲစိတ်မှုကခေတ်ဦး၊အဖိတ်အစင်တွေကလဲရှိ၊
ကံကောင်းထောက်မစွာဘဲ မေမေတစ်ယောက် လူကောင်းလို ပြန်ပြီး လုပ်နိုင်ကိုင်နိုင်လာတယ်၊
ဖေဖေက လက်နှိပ်စက် စာရေး၊ခွဲစိတ်ပြီးကောင်းလာတာနဲ့ မိသားစုဝင်ငွေ အတွက်တဘက်တလမ်းက ရှာရတော့တာ၊
(၃၈)လမ်းဈေးက မေမေအစ်ကြီးဆိုင်မှာ ပါတိတ်အဆင်ဒီဇိုင်းမျိုးစုံလက်ခံ၊တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ ပါတိတ်ခုံတွေမှာ ဒီဇိုင်းစုံမယ်၊ နံပါတ်တွေနဲ့ လိုက်အပ်၊အဲဒီအချိန်ကပေါ်ပလင်၊အနားပြာပိတ်အဖြူ
တွေကို ပါတိတ်ဆေးရိုက်ပြီး လုံချီ၊ အင်္ကျီချုပ်ဝတ်ကြတာ၊
ခုခေတ်လို နိုင်ငံခြားကမဝင်ဘူး။

အဲဒီအပ်ထည်တွေကို အပေါ်အဝရှုံ့ကြိုးတက်ထားတဲ့ အဝတ်အိပ်အစိမ်းကြီးထဲထည့်၊
ပါတိတ်ရုံတွေမှာ
ပိတ်စနဲ့ အပ်ထားတဲ့ဒီဇိုင်းနံပါတ်တွဲပြီးအပ်၊ပြီးတာတွေပြန်ထည့်၊
အဲဒီအဝတ်ရှုံ့အိပ်အစိမ်းကြီးရွက်ပြီး
ညနေစောင်းအိမ်ပြန်လာတဲ့မေမေ့ကို
“မေမေ… အဲဒီမှာရပ်နေသားလာခဲ့မယ်”

…………..x…………..x………………x……………….+…………..

“သား…ရော့.. အောက်ကခေါင်းမု(ခေါင်းခု) လေးခံပြီးရွက်၊သွားနှင့် မေမေလိုက်ခဲ့မယ်”
ပုဆိုးဟောင်းတထည်ကို ကရွတ်ခွေပြီး ခေါင်းခုလေးလုပ်ပေးတယ်၊ ပြီးတော့..
ချဉ်ပတ်ဇလုံခေါင်းပေါ်တင်၊ ဘောက်ဆတ်ဘောက်ဆတ်နဲ့ မနက်စောစော နန္ဒဝန်ဈေးမှာ ဆိုင်ဖွင့်ဘို့၊
မေမေကလဲ ဇလုံတလုံးရွက်လို့ နောက်ကလိုက်လာ၊ နှစ်ခေါက်.. သုံးခေါက်၊ဇလုံတွေ သူ့နေရာနဲ့သူချ၊ ခင်ကျင်းပြီး အိမ်ပြန် ရေမိုးချိုး ပြီးမှ ကျောင်းတက်ရတာ၊မူလတန်းကျောင်းက အိမ်နဲ့ဈေးကြား၊ အိမ်နဲ့
နှစ်လမ်းဘဲ ခြားတယ်၊
အထက်တန်းကျောင်းရောက်တော့လဲ လမ်းထိပ်တင်၊ အော်ခေါ်ရင် ကြားရတဲ့နေရာ၊ချဉ်ပတ်က အရင်က အဘွားရောင်းတာ၊ ခြေထောက် သံဆူးလို့မေမေက ခဏ ဆိုင်ကူထွက်ပေးရင်းနဲ့ ချဉ်ပတ်သည်ဖြစ်ကရော ဆိုပါတော့။

သူငယ်ချင်းတွေက နောက်တယ်… “ချဉ်ပတ်” တဲ့။
ဘာဖြစ်သေးလဲ “ချဉ်ပတ်” ပေါ့။ဖေဖေကလဲ တောင်ဥက္ကလာအိမ်ကနေ အလုံသစ်လုပ်ငန်းဌာနကို တခါတလေ စက်ဘီးနဲ့ ရုံးတက်တယ်၊
အပြန်စက်ဘီးနဲ့ ဟင်းကလာရွက်တွေ ပုဆိုးနဲ့ထုတ်ပြီး တင်လာတာပုဆိုးတထည်ကို အောက်က
စုချည်၊ ပြောင်းပြန်လှန် ဟင်းကလာ အချိန်တစ်ဆယ်ထည့်၊
ထိပ်ကနေချည်၊ စက်ဘီးနောက်ခုံပေါ်
ကြိုးနဲ့ သေချာတုတ်ပြီး နင်းလာရတာ၊
အဲဒီတုံးက အလုံအမှိုက်ပုံပေါ်မှာ ဟင်းကလာစိုက်ရောင်းတဲ့
သူတွေရှိတယ်၊
မြေသြဇာကကောင်းတော့ သန်မှသန်ဟင်းကလာချဉ်ပတ်ကလဲ လူကြိုက်များမှများချဉ်ပတ်ကလဲအစုံ ပဲပင်ပေါက်၊ မုန်လာဥသတ်သတ်၊ အပင်နဲ့ဥတွဲရက်၊
ငှက်ပျောအူ၊ ငှက်ပျောဖူး၊ ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး၊ သရက်ကင်း၊ ကတက်၊
သရက်သီးဆားစိမ်၊ ပိုးတီ..


အို.. စုံတကာကို စေ့လို့။

ပင်ပမ်းတာကတော့ တကယ့်ကို ဒါပေမဲ့ မိသားစု လက်ရေတပြင်တည်းလေ။အဲဒီဘဝလေး ခုပြန
်တွေးတာတောင် ပျော်တုန်း။
နောက်တော့..ချဉ်ပတ်ကနေ မေမေလက်ငုတ် အထည်ဆိုင်ပြန်ဖွင့်တယ်၊ဒါးစက်လိုက်တယ်၊ ဘီတင်ပန်းလိုက်တယ်၊ မိန်းမဝတ်၊ ခလေးဝတ်
လက်ခံတယ်၊ ချုပ်ရောင်းတယ်၊ စက်ချုပ်ဆိုင်တွေက ကိုယ်ပိုင်ဒါးစက်၊ ဘီတင်စက် မထားကြသေးဘူး၊ အငှားလိုက်ရတာ၊
ဖေဖေအလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်၊ တော်ရုံစက်ပျက်ရင် ဖေဖေဘဲ ပြင်တာ၊ညီလေးလဲအရွယ်ရောက်ပြီ။ကြုံတဲ့သူ ဒါးစက်ဝင်လိုက်၊ ဘီတင်ဝင်လိုက်၊ စက်ချုပ်
ပစ္စည်းမျိုးစုံရောင်း၊
မိသားစု စည်းလုံးလုံး၊တခရီးတည်း ဦးတည်ရာတစ်ခုတည်း၊မေမေနဲ့အတူ ဆိုင်ဖွင့်၊မေမေနဲ့အတူ ဆိုင်သိမ်း။

……………x………….x……………x…………..x…………..

“သားရယ်.. အစစအရာရာ ဂရုစိုက်နော်မေမေကတော့ စိတ်ပူတာဘဲ သားအတွက်စိုးရိမ်တာ
ဘဲသိတယ်။
တကယ်လဲမေမေက ဘာမှသိပ်နားလည်တာမဟုတ်၊သူ့သားလုပ်နေတာတွေကို
နားမလည်ရိုးအမှန်၊
အကြောင်းကိစ္စရှိလို့ စာရွက်ပေါ်လက်မှတ် ထိုးဆိုမှ..ဝင်းကြည် လို့ တွန့်တွန့် တွန့်တွန့်လောက်ဘဲ ထိုးတက်တဲ့အမေ၊သူ့သားကို သူယုံတာတစ်ခုဘဲ ရှိတယ်၊သူ့သားဟာ
ငယ်ငယ်ထဲက မဟုတ်တာမလုပ်ဘူး၊
သူ့သားလုပ်တာဆိုရင် ဟုတ်တာဘဲ ဖြစ်ရမယ်၊မေမေသိတာ ဒါဘဲ၊ ဒါဆိုလုံလောက်ပြီလေ။


စိတ်ထဲက မိခင်တစ်ယောက်ရဲ့မေတ္တာ၊ သည်းသည်းကိုလှုပ်လို့၊
တလောကလုံး ကိစ္စထက်၊ သူ့သား
ကိုချစ်တာက သူ့အရေး၊ သူ့ကိစ္စဘဲလေ၊
ဖေဖေကတော့ သိတယ်၊ သူ့သားကို ယုံလဲယုံတယ်၊ ထောက်လဲထောက်ခံတယ်၊အဲဒီတုန်းက ဖေဖေ သစ်ကမ္ပဏီမှာ လုပ်နေတဲ့အချိန်၊ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်၊သားတွေအတွက်မျှော်လင်ချက်တံခါးလေးတစ်ချပ်ပွင့်လာနိုး စိတ်ရှည်သည်းခံမှု
အပြည့်နဲ့ လုပ်နေတာ၊


အဲဒီတံခါးချပ်လေးအပွင့်..၊
ဖေဖေကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ညီလေးက ဟိုး အဝေးမှာ၊ပြန်လာရင် မိသားစုအနာဂါတ်တွေ
တပွေတပိုက်နဲ့
ကျွန်တော့်မှာလဲ မျှော်လင့်ချက်တွေ တလှေကြီး၊မေမေက သူ့သားအလုပ်ကို
ဂဃနဏမသိပေမဲ့ ကြားဘူးနားဝတော့ ရှိတာပေါ့၊
သူလဲသူ့အသက်အရွယ်၊ သူ့ဖြတ်သန်းမှုနည်းမှတ်လို့၊သူ့တစ်သက်မှာ ဒီအလုပ်သဘာဝမျိုးက သူ့အနီးအပါးက၊ တချို့ခပ်လှမ်းလှမ်းကဖြတ်သွားတိုးသွားတာတွေ ရှိမှာ

ခြေမကိုင်မိ၊ လက်မကိုမိ၊

တဘက်ကအတန်းပညာ မရှိပေမဲ့ ဘယ်ဟာက မှားတယ်၊ ဘယ်ဟာက မှန်တယ် ဆိုတာ
လောက်တော့
အရိုးခံနဲ့ကို သိသပေါ့။စိုးရိမ်တာကတော တစ်ဘက်၊ တားရမှာက အခက်၊
တားဘို့ကလဲမလွယ်၊
ရင်ကဖြစ်တဲ့သား၊ ဘယ်အရွယ်ရောက်ရောက် ရင်ခွင်ပိုက်ခလေးလိုဘဲ
မြင်နေတဲ့သား၊
အဲဒီသားကလဲဒါဆို ဒါမှ ဇွတ်..ပျောက်သွားလိုက်တာ..ပြောက်ကျားပြောက်ကျား
အသံတော့ ကြားနေရသား၊
မိုးသံလေသံတွေကလဲ ညံလို့၊တော်ပါသေးရဲ့ သားငယ်ပြန်ရောက်
လာပေလို့ လို့ စိတ်ကိုဖြေ၊
ရှိတာမှ သားနှစ်ယောက်၊ သားအမိသားအဖလေးယောက်၊ညီလေးက
ငယ်ငယ်ထဲက အိမ်နဲ့ကျောင်းဈေး၊ ဒီလောက်ဘဲသွားသွားလာလာရှိတာ၊
ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ဒါ နယ်ကုန်ဘဲ၊အမျိုးတွေအိမ်၊ ဖေဖေရုံး၊ ဒါ သူသွားတက်တဲ့
နေရာတွေပေါ့၊


ရပ်ဝေးဘယ်မှ မသွားဖူးဘူး၊ မိသားစုအနာရတ်အတွက်၊
ပင်လယ်ရပ်ခြားခရီးဆိုတာ တကယ့်
အိမ်မက်ဘဲ စွန့်စားခန်းဘဲ၊
ခုလို ဥဒဟို သွားနေကြတဲ့ခေတ်မှ မဟုတ်တာ၊ဒီကြားထဲ အလုပ်မှာ လက်ကိုမီးဟပ်သွားတယ်ကြားတော့၊မေမေမသိအောင်ဖုံးဖိပြီး သားအဖနှစ်ယောက် တိတ်တိတ်လေး စိတ်ပူခဲ့ကြရတာ၊ညီလေးအနေနဲ့တစိမ်းသက်သက်ပတ်ဝန်းကျင်သစ် အတွေ့အကြုံသစ်မှာ ဘယ်လောက်ရုန်းကန်ခဲ့ရမယ်ဆိုတာတွေးကြည့်ယုံနဲ့သိလောက်ပါတယ်၊ခုလဲ ဆက်နေရင်
အခွင့်အလမ်းတွေ အများကြီးရှိရဲ့နဲ့
မိသားစုအခြေအနေကြားလို့ ပြန်လာတာ၊အဓိက
ကျွန်တော့ကြောင့်ပါဘဲ ဒါတောင်
ညီလေး ရှာလာသလောက်ကလဲမိသားစုကို တစ်ဆစ်ချိုးပြောင်း
စေလောက်တဲ့ ပမာဏပါ၊ တော်တော့ကို ခြိုးခြံစုခဲ့တာကိုး၊
တစ်လှေထဲစီး၊ တစ်ခရီးထဲလှော်ခဲ့၊ ခတ်ခဲရတာတွေ။ကမ်းခြေဖွေးဖွေး၊ လနုအေးလေးတော့ ကြုံရချေသေးရဲလို့ တွေးရင်း၊သားကြီးကို မျှော်နေမှာတော့ အသေအချာပါ၊သားငယ်ရောက်လာလို့ သားကြီးကို အစားထိုးတယ်ဆိုပေမဲ့၊ မတူပါဘူး၊သားငယ်ကိုချစ်တာက ချစ်တာ၊ သားကြီးကိုချစ်တာက ချစ်တာဘဲလေ၊ တူမှ မတူတာ၊
ပိုလို့တောင် သတိရသေး၊ မျှော်သေး၊
တစ်လျှောက်လုံး ပင်ပမ်းကြီးစွာ ရုန်းခဲ့ကြရတာမလား၊မေမေ အမျှော်ကြီးမျှော်နေတုန်း ညီလေးပြန်ရောက်တာကြားလို့“ဗြုန်း” ဆို အိမ်ပြန်ရောက်လာတော့ ။
မေမေလေ
အံ့လဲသြ၊ ဝမ်းလဲသာ၊ တုန်လို့၊ ဆို့နင့်လို့…ခဏတဖြုတ် မေမေနဲ့ အတူနေ၊ စားသောက်
်
မေမေကလဲ မျက်စိအောက်က ပျောက်သွားမှာစိုးနေတဲ့အချိန်၊ဘာတက်နိုင်မှာလဲ မေမေရယ်၊
ခွဲခဲ့ရဦးတော့မယ်၊ ချန်ထားခဲ့ရဦးမယ်။


ခလေးဘဝထဲက ကျောင်းပြီးရင် ကျောင်းတက်၊ မိဘကူ၊ လုပ်လာလိုက်တာ၊မိသားစုစိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ်အချိန်၊ကြီးဒေါ်နွားက ကျောင်းမှဖြစ်မှာမို့ တားမရမယ့်သားကို
“ခွင့်လွှတ်ပါ မေမေရယ်.အေးအေးဆေးဆေး တစ်နေ့ မကြာတော့ပါဘူး”..ရယ်လို့
လေးတွဲ့တွဲ့ခြေလှမ်းတွေနဲ့။ …ဝေး၍…ဝေး၍….. ဝေးရာ….ဝေးရာ……။

“သြော်.. မေမေရယ်
ခုချိန်ထိ သားကို စောင့်နေတုန်းပါလား”… တွေးရင်းအောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်၊
“ကိုကိုလာမှ မေမေကို ထုတ်မယ်ဆိုပြီးစောင့်နေတာရောက်မှလာပါမလားလို့ စိတ်ပူရင်းနဲ့ဘဲ
စောင့်နေတာ” လို့တည်တည်ငြိမ်ငြိမ်ဟန်နဲ့
နှုတ်ဆက်နေတဲ့ညီလေးကို ငေးကြည်နေရင်း…
အိမ်မှာအငယ်ဆုံး၊ ခလေးလိုဘဲ ထင်ပြီးဆူလိုက်၊ ငေါက်လိုက်လုပ်ခဲ့တာတွေဆီ ပြန်ရောက်သွားတယ်
လွန်ခဲ့တဲ့ နှစ်နှစ် ဖေဖေဈာပန၊အခု ဒီညီလေးတစ်ယောက်ထဲမေမေ့ဈာပနကို ဦးစီးနေတာ..တကယ်လူကြီးတစ်ယောက်လို။

………………………………………………………………….


ဖေဖေရယ်၊ မေမေရယ် မရှိတော့တဲ့နောက်နှစ်ကောင်ကြွက်၊တစ်ယောက်တစ်နေရာစီ တစ်ဘဝစီ
တစ်ကောင်ကြွက်စီ၊တစ်ကောင်ကြွက်ညီလေးက အိမ်ရှင်၊ တစ်ကောင်ကြွက်အစ်ကိုက ဧည့်သည်၊
ဧည့်သည်မှ “ဘွား”ကနဲကိုယ်ထင်ပြလာတဲ့ ဧည့်သည်။အတွေးတွေလက်စပ်ရင်း အအေးတိုက်
ထဲကနေ၊
မေမေ့ကို ထုတ်၊ အလောင်းစင်မှာပြင်မေမေ့မျက်နှာကို တစိမ့်စိမ့်ကြည်နေမိတယ်၊ နှလုံးရောဂါသည်မေမေ…
ခွဲစိတ်ပြီးပြန်ကောင်းလာတယ်ဆိုပေမဲ့စိတ်ပူစရာရှိရင် သူများတကာထက်ပူတက်တဲ့မေမေ..
သားအတွက်စိုးရိမ်စိတ်တွေ တထိတ်ထိတ်နဲ့ မျှော်နေရှာမယ့်မေမေ၊မျှော်ဦး ..မျှော်ရိပ်တွေ..
ခုထိထင်းနေတုန်း၊
၊ နောက်ဆုံးအတွေးတွေကိုအေးခဲပြီးသိမ်းထားတာထင်ရဲ့၊ကျွန်တော့်ကို
ဖက်ပြီးရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ဝမ်းကွဲ အစ်မတွေ၊ ညီမတွေ၊
ခပ်လှမ်းလှမ်းကနေ အသံတိတ်စိတ်ထိခိုက်နေကြ၊ ကရုဏာသက်နေကြသူတစ်ချို့၊ကျွန်တော် ငိုရမလား၊ ငိုနေသလား၊တစ်ခုခုစဉ်းစားနေတာလား၊ မျက်ရည်မကျဘူး၊တည်ငြိမ်ရင့်ကျက်နေတာလား၊
တရားသံဝေဂ ယူနေတာလား၊
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး၊ငိုလို့မရတာ၊
ငိုရမယ်ဆိုတာ မေ့နေတာ၊ ဝိဥာဉ်မဲ့နေတာ၊ ..ရုပ်နဲ့နာမ်မကပ်တာ..ဗျ။

စိတ်ထဲမှာ ကြိတ်ပြီးအသံတိတ် ပူဆွေးနေတာ……………သောက

ရှိုက်ကြီးတငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာ………..ပရိဒေဝ၊

ငိုလို့ မရတော့လောက်အောင် လောင်ကြွမ်းပြီး မှင်သက်ကြောင်တက်နေတာ၊ ဥပါယာသ..တဲ့။

လက်မောင်းကိုလာကိုင်ပြီး“ကိုကို..ကန်တော့ကြရအောင်” လို့ ညီလေးကပြောမှာ
ညီအစ်ကိုနှစ်ယောက် လက်အုပ်ချီပြီး မေမေ့ အလောင်းကို ကန်တော့၊
“ခွင်လွှတ်ပါ..မေမေရယ်..သားကို ခွင့်လွှတ်ပါ”
အားပေးနှစ်သိမ့် နှုတ်ဆက်သူတစ်ချို့ကို အသိအမှတ်ပြုရုံပြန်ပြုံးပြရမယ်ဆိုတဲ့ ဗီဇအသိနဲ့
အသိမဲ့ တုံ့ပြန်နေတုန်း
“ပြန်ကြရအောင်” လို့ လက်မောင်းကို ကိုင်ထားရင်း သတိပေးတဲ့
အသံတစ်သံ။
ဟုတ်တယ်၊ ပြန်ရဦးမယ်လေ၊ သူတို့သဘော၊ ကိုယ်ကိုစောင့်နေရတာကိုး၊
တော်ကြာဆို၊ မီးသင်္ဂြိုလ်တဲ့အခန်းထဲ


မေမေ့ကို ထည့်ကြတော့မယ်။

ချစ်သူ၊ ခင်သူတွေနဲ့ ဘဝခြားသွားတော့မယ့်အသံ။

“ဂျိုင်း” ကနဲ ဆိုတဲ့ အသံ။

မကြားရက်တော့၊ မကြားဝံ့တော့၊ မကြားလိုတော့၊ဒီနေရာကို မလာခင်၊ ဒီနေရာကို မရောက်ခင်၊
မေမေဟာ မေမေ့မိသားစု၊ မေမေ့ပတ်ဝန်းကျင်လေးကိုစွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ၊ …
ပိုအရေးကြီးတာက
မေမေဟာ.. ရှင်သန်နေတဲ့အခိုက်၊ဘယ်သူ့ကိုမှ မျက်ရည်ကြီးငယ်မကျစေ
ခဲ့ဘူးလေ၊…ဒါပါဘဲ၊

သားလဲ
စွတ်စိုနေတဲ့မျက်ရည်တွေကိုသုတ်ပေးဘို့၊မျက်ဝန်းတွေကိုလင်းလက်စေဘို့၊ကိုယ့်ကိုယ်ကိုလောင်
ကျွမ်းခံနေကြတာပါ၊
မေမေ.. မေမေရယ်.. ဘဝတစ်လျှောက်လုံးတောက်တက်ဖားလျား ရုန်းကန်
ကျွေးမွေးခဲ့တဲ့ မေမေ…
ခုတော့..တစ်ဘဝ အမောတွေရပ်သွားပြီပေါ့၊ဒီခရီးဟာ အားလုံးသွားရမယ့်ခရီး၊
ဒီနေရာဟာ သားလဲလာရမယ့်နေရာ၊
“မေမေ.ဘဲဒီမှာရပ်နေ၊သားလာခဲ့မယ်” ..လို့အော်ရင်း…
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား၊ပျော်ပျော်ပါးပါး အတူသွားနေကြရာက ခွဲထွက်သွားတဲ့သား။ခု.. မေမေ ရပ်သွားပြီလေ။ မေမေ ရပ်နေပြီ။
“သား..သွားနှင့်မေမေလိုက်ခဲ့မယ်”….ဆိုတဲ့မေမေရေ။

“သွားနှင့်တော့ …သွားနှင့်လေဦးတော့..မေမေရေ….

သား လိုက် လာ ခဲ့ မှာ ပါ။”…………………………။

မြတ်လေးငုံ blog မှကူးယူဖော်ပြပါသည်။







အမျိုးပျောက်မှာ စိုး ကြောက်ပါလှသည်

(၁ - ၁၂ - ၂၀၀၉)
(၁) ကိုလိုနီခေတ်က သီချင်းရဲ့ တပိုင်းတစပါ။ အဲဒီတုန်းက (ကုလား) ကိုပဲ ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်က
ကုလားတပ်ကိုပဲသုံးပြီး နယ်ချဲ့ခဲ့တာ၊ ပြီးတော့ စိတ်ချလက်ချသုံးနိုင်တဲ့ ကုလားအလတ်တန်းစားတွေ၊ ဓနရှင်တွေ၊ ကုလား
လယ်သမားတွေကို လိုသလောက် သွင်းလာတယ်။ အောတိုက်ပြီး ခေါ်သွင်းလာပါတယ်။ ကုလားအလတ်တန်းစားတွေပဲ အပိုင်စီးထားတဲ့
အစိုးရဌာနကြီးတွေ ပေါ်တယ်။

ကုန်သေးရောင်းတယ်။ ဆံပင်ညှပ်တာကအစ ကုလားတွေချည်းပဲ။ ငွေတိုးချေးစားတာလည်း ကုလား။
လက်ဖက်ရည်ဆိုင်ဖွင့်တာ ကုလား။ လယ်ယာလုပ်သားလုပ်တာလည်း ကုလား။ လန်ခြားဆွဲတာ၊ ချယ်ဂါရီတွန်းတာလည်း ကုလား။
အထက်ဗမာပြည်မှာ မြေကွက်ကြီးတွေ ဧကပေါင်းများစွာ 'ဂရန်' ချပေးခံထားရတာလည်း ကုလားစစ်ဗိုလ် (ဟောင်း) တွေပဲ။ ရန်ကုန်မှာ
ကုလားစကား နည်းနည်းမှမတတ်ရင် ဘာမှလုပ်မရဘူး။ ကုလားမြို့ပဲ။
တရုတ် - သူတို့လည်း ရှိတယ်။ ဒါပေမဲ့ မများဘူး။ တရုတ်ပြည်က အင်္ဂလိပ်ကိုလိုနီနိုင်ငံ မဟုတ်သေးလို့ပဲ။ ကိုလိုနီတပိုင်းနိုင်ငံပဲ
ဖြစ်နေသေးတယ်။ ဗမာကလည်း တရုတ်ဆိုရင် လက်တိုမျိုး၊ လက်ရှည်မျိုးလို့ပဲ သိတာ။ ကွမ်တုန်းနယ်သားနဲ့ ဖူးကျင့်နယ်သားကို ဗမာ့နည်း
ဗမာ့ဟန်နဲ့ ခွဲထားတာပါ။ ယူနန်နယ်သား တရုတ်လည်း ရှိတာပါပဲ။ ဒါပေမဲ့ သူတို့က ရှမ်းပြည်နဲ့မြစ်ဖျားပိုင်းမှာပဲ နေကြတာ များတယ်။
အညာမှာလည်း ရှိတယ်။
အဲဒီတုန်းကတော့ စစ်သားလည်း ကုလား။ စစ်ဗိုလ်လည်း ကုလား။ မြေရှင်လယ်ကူလီလည်း ကုလား။ သင်္ဘောဌာနမှာလည်း
ကုလား။ မီးရထားဌာနမှာလည်း ကုလား။ အစိုးရကျောင်းတွေမှာလည်း ဆရာတွေ အများစုက ကုလားပဲဆိုတော့ 'ကုလားကြောက်စိတ်'
ဗမာမှာပေါ်တာ မဆန်းဘူး။
(၂) နောက်ပြောဖို့လိုတာက ကုလားက သူရဲ့ဇာတ်စနစ်ကြောင့် ဗမာနဲ့ မရောဘူး။ သီးသီးသန့်သန့် နေတယ်။ သူတို့ကုလားချင်းတောင်
ဇာတ်စနစ်နဲ့မို့ တသီးတခြားနေတယ်။ တရုတ်ကတော့ ဇာတ်စနစ် မရှိဘူး။ ဘာသာရေးအရကလည်း ကန့်သတ်ထားတာ မရှိဘူး။
ဘုရားတကာတရုတ်၊ ကျောင်းတကာတရုတ်တွေ အညာနဲ့ရှမ်းပြည်မှာ များတယ်။ ဒါကြောင့် တရုတ်ကြောက်စိတ်က (နAိBင်းယှC်ချက်အရ)
နည်းတယ်။ လွတ်လပ်ရေးအရေးတော်ပုံရဲ့ နိုင်ငံရေး၊ စစ်ရေး နယ်ပယ်တွေမှာလည်း တရုတ်ကပြားတွေ များတယ်။ ကုလားကတော့
စစ်ကြီးအတွင်းမှာ အိန္ဒိယ ပြန်ပြေးကြတာ များတယ်။ လွတ်လပ်ရေးအတွက် တော်လှန်တဲ့လမ်းကို လိုက်ခဲ့ကြကတည်းက ဗမာက
အရှေ့မျှော်ခဲ့တာပ။ဲ ကုလားပြည်နိုင်ငံရေးနဲ့က စောစောပိုင်းကတည်းက လမ်းခခွဲ့ဲကြပြီ။ စောစောပိုင်းကတော့  ကုလာပြည်နိုင်ငံရေး ကို
ဆရာတင်ခဲ့တာပဲ။
စစ်ကြီအတွင်းမှာ အပြီးအပိုင် လမ်းခွဲခဲ့ကြတယ်လို့ ဆိုနိုင်တယ်။ ဗမာက အင်္ဂလိပ်ကို အကြမ်းဖက်တော်လှန်ရသလို
ဖက်ဆစ်ဂျပန်ကိုလည်း တော်လှန်ခဲ့ရတယ်။ တမျိုးသားလုံးကို စည်းလုံးပြီး တော်လှန်ခဲ့ရတာပါ။
ကုလားပြည်မှာကတော့ ၁၈၅၇ တပ်တွင်းပုန်ကန်မABကြီး ပြီးကတည်းက အကြမ်းဖက်တော်လှန်ရေး မရှိခဲ့ပါဘူး။ ဆရာစံ
လယ်သမားသူပုန်မျိုးတောင် သိပ်မရှိလှဘူး။ သူက တိုင်းပြည်ကလည်းကြီး၊ ဇာတ်စနစ်ကလည်းရှိတော့ ပြည်လုံးကHွတ်ပုန်ကန်မAB ဖြစ်ဖို့က
မလွယ်လှဘူး။
ဆူဘတ်ချန်ဒရာဘို့စ်ရဲ့ (INA) အိန္ဒိယလွတ်လပ်ရေးတပ်မတော်က အင်ဖားစစ်မြေပြင်ရဲ့ အစွန်အဖျားပဲရောက်တာ။ ဗမာပြည်က
(BIA) က တပြည်လုံးရောက်တယ်။ အုပ်ချုပ်ရေးအာဏာလည်း ခဏတော့ ရတယ်။
အဓိကအကျဆုံးက ဗမာပြည်မှာ အင်္ဂလိပ်ရဲ့ ဗျူရိုကရေစီယန္တရားကြီး ကျေမွပျက်စီးသွားတာပဲ။ အိန္ဒိယမှာက ဗျူရိုကရေစီ
ယန္တရားက စစ်ကြီးအတွင်းမှာ ပိုပြီးတောင် တောင့်တင်းခိုင်မာလာတယ်။ ဗမာပြည်မှာက ကိုလိုနီစစ်တပ် ပြိုပျက်တယ်။ စစ်ကြီးပြီးလို့
ပြန်လာတော့လည်း ကန္ဒီစာချုပ်နဲ့ စေ့စပ်ပြီး တပ်သစ်ဖွဲ့ရတယ်။ အိန္ဒိယနဲ့ လုံးဝမတူဘူး။
(၃) လွတ်လပ်ရေးခေတ်မှာကျတော့ ကုလားပြည်က အနောက်ဘက်က ရန်သူပဲ အလေးထားရပေမယ့် ဗမာပြည်ကတော့ အရှေ့ဘက်က
ရန်ကို အဓိကထားလာရတယ်။ ချန်ကေရှိတ် KMT စစ်ပြေးတပ်ကို စစ်ဆင်ရေးလုပ်ပြီး တိုက်ရတယ်။ ဆီးတိုးဌာနချုပ်က ယိုးဒယားမှာရှိတော့
သူ့ကိုလည်း အလေးဂရုပြုရတယ်။
နောက်တော့ ကြားနေနိုင်ငံအဖြစ် တိတိကျကျလုပ်တော့ တရုတ်နဲ့က ရွှေလမ်းငွေလမ်း ပေါက်တော့တာပဲ။ ဆွေမျိုးပေါက်ဖော်
ဆိုတဲ့စကားကို ဗမာက စတာပါ။ တရုတ်က ဒါကို နင်းလိုက်တာပဲ။
နေဝင်း အတွက်မှားတဲ့ ကာလကတော့ (၁၉၆၇ - ၁၉၇၀) မှာပဲ။ နိုင်ငံရေးတင်းမာခဲ့တာပါ။ နောက်တော့ အဆင်ပြေပါတယ်။
၁၉၈၉ မှာ စစ်အေးခေတ် ကုန်ဆုံးတော့ အဆင်ပြေရာက အဆင်ချောမွေ့ပြေပြစ်ပါတယ်။ အခုအထိပါပဲ။
ဒါပေမ့ဲ စစ်အေးလန်ွခေတ် ပျားရည်ဆမ်းချိန်က တိုတောင်းပါတယ်။ တရုတ်ပြည်အပေါ်ထားတ့ဲ အမေရိကန်န့ဲ မဟာမိတ်များရဲ့
ပေါ်လစီက သိပ်မတည်ငြိမ်ဘူး။ သူ့ပေါ်လစီက မတည်ငြိမ်သလို နအဖ ပေါ်လစီကလည်း မတည်ငြိမ်လှဘူး။ အကျိုးဆက်ကတော့
အခုဆိုရင် လူထုထဲမှာ 'တရုတ်ကြောက်စိတ်' က လွှမ်းလာပါတယ်။ 'လူမျိုမှ လူမျိုးပျောက်တယ်' ဆိုတဲ့ 'ဆောင်ပုဒ်' ကို စတာက နေဝင်း
စစ်အုပ်စု၊ နောက်တော့ အဆင်ပြေအဆင်ချောလာတော့ နဝတ/နအဖ ခေတ်မှာ အဲဒီ'ဆောင်ပုဒ်' ကို မှိန်ထားလိုက်တယ်။ လူထုထဲမှာတော့
'နအဖ ဆန့်ကျင်ရေးစိတ်ဓာတ်' နဲ့ 'တရုတ်ကြောက်စိတ်' ပေါင်းစည်းမိသွားတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။
(၄) ကမ္ဘာလွှမ်းခြုံတဲ့ 'ဂလိုဘယ်လ်လိုက်ဇေးရှင်း' ခေတ်မှာတော့  ပြဿနာတေကွ ပိုပြီးရABပ်ထွေးတော့မှာပါ။ 'အရင်းရှင်စီးပွားပျက်ကပ'်
ကလည်း အင်အားကြီးနိုင်ငံတွေကို 'ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ' လုပ်ကြဖို့ တွန်းဆော်ပေးနေပါတယ်။ ရှေ့မှာ ပိုပြီး ရABပ်ရABပ်ထွေးထွေး
ဖြစ်လာမှာပါ။
• ဗမာပြည်ဟာ နိုင်ငံတခုအဖြစ် စတင်ဖြစ်ပေါ်လာကတည်းက တရုတ်ပြည်ဘက်က ကျူးကျော်လာမှာကိုပဲ
စိုးရိမ်ခဲ့ရတာပါ။ ကုလားပြည်ဘက်ကို လွှတ်ထားခဲ့ရတာပဲ။
• ဒါပေမဲ့ တရုတ်နဲ့ကုလားကြားမှာပဲ ဗမာပြည်ကရှိတာ မဟုတ်ဘူး။ ပင်လယ်ကမ်းရိုးတန်း အရှည်ကြီးလည်း ရှိတယ်။
ဒါဟာ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိတဲ့ ဗမာပြည်ရဲ့ ထူးခြားချက်ပဲ။ ကမ္ဘာ့လူCီးရေ အများဆုံးနိုင်ငံကြီး ၂ နိုင်ငံကြားမှာ
ရှိတယ်။ အိန္ဒိယသမုဒ္ဒယာပင်လယ်ပြင်ကို စိုးမိုးတဲ့ အင်အားစုရဲ့ ခြိမ်းခြောက်မABခံရတဲ့ တိုင်းပြည်ဖြစ်တယ်။
ဒီအနေအထားဟာ ဗမာပြည်ရဲ့ ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားချက်ပဲ။
ဒီထူးခြားတဲ့ အနေအထားကြောင့်ပဲ တရုတ်ရော၊ ကုလားရဲ့လက်အောက်ကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးတဲ့
ဗမာပြည်ဟာ အင်္ဂလိပ်ရဲ့ကိုလိုနီ ဖြစ်ရတာပဲ။ ဖြစ်တာကလည်း ခဏတဖြုတ်မဟုတ်ဘူး။ ရာစုနှစ် တခုကျော်
ဖြစ်ခဲ့တာပဲ။
ဒါကြောင့် တရုတ်ကြောက်စိတ်၊ ကုလားကြောက်စိတ်သာမက နယ်ချဲ့ကျူးကျော်လာနိုင်မABတိုင်းကို ကြောက်တဲ့စိတ်ပါ
ရှိနေရတာပဲ။
မိမိတို့တည်ဆောက်ရမယ့်စိတ်က 'ပြည်ချစ်ဝါဒစိတ်ဓာတ်' ပဲ။ ဘယ်သူအထိပါးမှ မခံဘူး။ ဗမာပြည် 'နယ်မြေပြည့်စုံတည်တံ့မAB' ကို
ကာကွယ်မယ်ဆိုတဲ့သန္နိဌာန် ပြင်းထန်ရမှာပါ။
ဗမာပြည်ဟာ ကိုယ့်ဘာသာ မဖြိုရင် မပြိုပါဘူး။ ကိုယ့်ဘာသာ မဖျက်ရင် မပျက်ပါဘူး။ ဒီလိုနဲ့ တရုတ်နဲ့ကုလားကြားမှာ
အဓွန့်ရှည်ရှည် ရပ်တည်လာနိုင်ခဲ့တယ်။
ပြောရရင် အမျိုးပျောက်မှာ ကြောက်စရာ မရှိဘူး။ မွဲပြာကျသွားမှာကိုပဲ ကြောက်ရမှာပါ။
www.cpburma.org

ဖက်ဒရယ် အကြောင်းလေ့လာခြင်း

ဖက်ဒရယ် အကြောင်းလေ့လာခြင်း

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေသားတဲ့ နောက်ကြည့်မှန် ဝတ္ထု..


နောက်ကြည့်မှန်

မင်းကိုနိုင်

စီစဉ်သူ့ စကား


စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန်၊ သို့မဟုတ် ကန့်ကွက်ရန်သည် စာပေအနုပညာ၏ ရည်ရွယ်ချက်မဟုတ်ပေ။ စာပေသည် အနုပညာပစ္စည်းဖြစ်ကာ ယဉ်ကျေးမှုကိစ္ခဖြစ်
သည်။ သို့သော် စာပေသည် ထိုစာပေကို ဖန်တီးသူ နေထိုင်ဖြတ်သန်း ရသောခေတ်၏ အလင်းအမှောင်၊ အဆိုးအကောင်း တို့ကိုမူ ထင်ဟပ် ဖော်ပြလေသည်။

အနုပညာဖန်တီးသူ၊စာရေးသူတို့သည်လောကထဲမှအလှတရားကိုကြိုးစားဖော်ထုတ်ကြသည်။မှန်ကန်စွာ ယုံကြည်မှုနှင့် လူသား၏ကောင်းကျိုးချမ်းသာကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကမ္ဘာလောကကို လှပစေသောတရား၊ သစ္စာမည်ပါသည်။

သို့ကြောင့်ပင် စာပေအနုပညာဟူသည် လောကအလှတရားနှင့်ယှဉ်ကာဖူးပွင့်သောပန်းဟုဆိုထိုက်သည်။ သို့သော် ထိုပန်းကို စိုက်ပျိုးသူတို့ ဘဝကား ဖြောင့်ဖြူးလှပခြင်း မရှိတတ်။

ယုံကြည်မှုအတွက် သူ့ဘဝ၏အကောင်းဆုံးအချိန်များကို နံရံလေးဘက်ကြား ရင်းနှီးမြှုပ်နှံခဲ့၊ ယခုတဖန် ရင်းနှီးမြှုပ်နှံဆဲဖြစ်သော်လည်း သူသည် နိုင်ငံရေးသတ္တဝါမျှသာမဟုတ်ပေ။စကားလုံးများ၊အတွေးစိတ်ကူး
များဖြင့် ဖန်တီးခဲ့သော်လည်း သူသည်အိပ်မက်နှင့် တောကစားနေသော အနုပညာသည်မျှသာ မဟုတ်။

သူ့နှလုံးသားသည်သန့်စင်သန်မာစွာလှုပ်ခုန်နေလေသည်။ချစ်ခြင်းအားဖြင့်ယုံကြည်မှုသည်ပိုလို့လင်း
လက်တောက်ပလာသည်။သူသည်သူဖြတ်သန်းသောသမိုင်းခေတ်ကိုရိုးရှင်းလှပစွာဖွဲ့နွဲ့တတ်သူဖြစ်
ကြောင်း တွေ့မြင်ရသည်။ ထိုအဖွဲ့အနွဲ့သည် သမိုင်း၏ မှန်ကူကွက်တခုအဖြစ် ပြိုးပြက် ကျန်ခဲ့လိမ့်မည်
ဟု ကျနော်တို့ ယုံကြည်သည်။

သူသည်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကိုချက်ကြိုးနှင့်အတူအဖြတ်ခံခဲ့ရသောမျိုးဆက်ကိုကိုယ်စားပြု
သည်။၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် သူ့ အသက် ၄၇ နှစ်ပြည့်ပြီ။ သံတိုင်နောက်က မွေးနေ့ ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင် ထွန်းခွင့်မရသော်လည်း သူ့နှလုံးသား၏အလင်းရောင်ကို
အားလုံးထံ ပျံ့နှံ့ရန် သည်စာအုပ် ငယ်ထုတ်ဝေခြင်းသည်ပင် ကျနော်တို့ သူ့ အပေါ်ထားသော အချစ်နှင့် ဂါရဝဖြစ်သည်။

အမှန်နှင့်အမှား၊အကောင်းနှင့်အဆိုး၊အသစ်နှင့်အဟောင်းတို့မည်သည်အားပြိုင်မြဲ၊ယှဉ်ပြိုင်တိုက်ခိုက်မြဲ
ဖြစ်သည်။ အဆုံးတွင်မူ အကောင်ကနိုင်မြဲ၊ အမှန်ကအောင်ပွဲခံမြဲ၊အသစ်ကအစားတိုးနေရာယူမြဲသာဖြစ်
ကြောင်း သမိုင်း ဇာတ်ကြောင်းများက သက်သေခံနေသည်ကို သတိမူအပ်သည်။ အမှန်တကယ်တွင် ထိုဇာတ်ကွက်များကို သူရဲကောင်း များဖြင့်သာ ကပြခဲ့သည်မဟုတ်။

လူ့ အဖွဲ့အစည်းတခု၏ အခြေခံအကျဆုံး လူထုကြီးသည်သာ သမိုင်း၏ ဇာတ်လိုက် ကျော်များဖြစ်ကြောင်း သူက လှပရိုးရှင်းစွာ ဖွင့်ဟဖော်ကျူးပြခဲ့သည်။လိုရာခရီးကို မောင်နှင်ရာတွင် ရှေ့ကိုသွားရန် နောက်ကိုကြည့်ကြရသည်သာ။ သူချစ်ခင်သော ပြည်သူလူထုကြီးထံ သူကိုယ်တိုင် ပေးပို့လိုက်သော မွေးနေ့ လက်ဆောင်မှာ နောက်ကြည့်မှန်တချပ်ဖြစ်ကြောင်း အံအားသင့်ဖွယ်ရာ တွေ့ကြရပေသည်။
မြတ်လေးငုံblog မှကူးယူဖော်ပြပါသည်။
Ko Min Ko Naing Book(နောက်ကြည့်မှန်)

၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်

၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်

E-mail Print

ယခုလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထူထောင်ကြောင်းထုတ်ပြန်ကြေငြာချက်ဖြင့်၂၀၁၀ စိန်ခေါ်မှုအား ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အခု ပအိုဝ်းအမျိုးသားညီလာခံ ကနေ ဖွဲ့စည်းထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ဟာ လက်ရုံးရည် နှလုံးရည်နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် နအဖ ၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ် မြောက် ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ” - ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်ဟု ကြေငြာချက်၌ဖေါ်ပြထား ပါသည်။

ရွေးချယ်တင်မြောက်ခံရသည့် ပအိုဝ်းခေါင်းဆောင်များ (ဓါတ်ပုံ ခွန်အောင်ခမ်း)


၁၁/၁၂/၀၉ ၌ကျရောက်သည့် နှစ်ခြောက်ဆယ်ပြည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးနေ့မတိုင်မှီ ပအိုဝ်း အဖွဲ့အစည်း အားလုံး စုစည်းပြီး ၃ ရက်ကြာ ညီလာခံ ကျင်းပကာ PNLO ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထူထောင်ကြောင်း လည်း ကြေငြာခဲ့သည်။

“အခြားအဖွဲ့အစည်းနာမည် မသုံးတော့ဘူး၊ ဆိုင်ရာလုပ်ငန်းတွေတော့ ဆက်လုပ်မယ်။ အမှုဆောင်သစ် ဥက္ကဌသစ်ရွေးချယ် တယ်။ အနာဂတ်အမျိုးသားရေးအတွက် စည်းရုံးမှုရခဲ့တယ်ဆိုတော့ဝမ်းသာတယ်ဗျာ”-
ညီလာခံတက်ရောက် သူပအိုဝ်း လူငယ် ခွန်အောင်ခမ်းက ပြောပါသည်။

အသစ်ဖွဲ့စည်းလိုက်သည့် PNLO သည် ခွန်တိဆောင် ဦးဆောင်သည့် PNLO နှင့် အမည်တူသော်လည်း အခြားအဖွဲ့အ စည်းများစွာ၏ အမည်တို့ပူးပေါင်း၍ မှည့်ထားခြင်းဖြစ်သည့်အလျောက် ခေါင်းဆောင်သစ် ကော်မတီအသစ် ဖြင့်ပြန် လည်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အမျိုးသားတန်းတူရေးရပ်တည်ချက် ရည်မှန်းချက်ပန်းတိုင်နှင့် အဖွဲ့အစည်းမူကိုတော့ ပြောင်းလဲခြင်းမရှိဟု ဆို၏။

“ကျနော်တို့ ပအိုဝ်းအမျိုးသား တစုတစည်းဖြစ်အောင်လုပ်နိုင်ခဲ့သလို အမိသျှမ်းပြည်ကြီးလွတ်မြောက်ဖို့ မိမိမွေးရာပါ အခွင့် အရေးတိုက်ယူဖို့ ဦးတည်ချက်ချနိုင်ခဲ့တယ်။ တခြားတိုင်းရင်းသားတွေလဲ အဲလိုဖြစ်စေချင်တယ်။ ဒါမှ သျှမ်းပြည်သား အချင်း ချင်းကြား သတင်းပြန်ကြားရေးမှာရော ပူးပေါင်းဆောင်ရာမှာရော အလွယ်တကူလက်တွဲနိုင်မှာ”
- ဟု ပအိုဝ်းလူငယ် ခွန်အောင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

ဒီဇင်ဘာ ၇ - ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံ (ဓါတ်ပုံ ခွန်အောင်ခမ်း)


ထိုင်း - မြန်မာနယ်စပ်တနေရာ၌ ကျင်းပသည့် သုံးရက်ကြာညီလာခံမှ ဖွဲ့စည်းနိုင်ခဲ့သော PNLO ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်တွင် SPNLO ခွဲထွက် ခွန်တိဆောင် ခေါင်းဆောင်သည့် PNLO အဖွဲ့ ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင် သည့် PPLO အဖွဲ့အပြင် အခြားအဖွဲ့အစည်းအများအပြားပါဝင်ကြောင်း၊ ညီလာခံတက်ရောက်သူ ကိုယ်စားလှယ် ၁၀၀ ကျော်ရှိကြောင်း သိရပါသည်။

ပအိုဝ်းတိုင်းရင်းသားများသည် ကရင်ပြည်၊ မွန်ပြည်၊ ပခူးတိုင်း၊ မန္တလေးတိုင်း၊ ကယား ခေါ် ကရင်နီပြည်နှင့် သျှမ်းပြည် တောင်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်ပြီး ၁၉၄၉ ဒီဇင်ဘာ ၁၁ ရက်နေ့၌ ‘ပအိုဝ်း လုံးဘူး’ PaO Solidarity ဖွဲ့စည်းကာ ပဒေသရာဇ်သျှမ်းစော်ဘွားများ ကို စတင်တော်လှန်ခဲ့သည်။ ထိုနေ့ကိုအစွဲပြု၍ ပအိုဝ်းတော်လှန်ရေးနေ့ဖြစ်လာခဲ့သည်။

သျှမ်းပြည်စော်ဘွားများ အာဏာစွန့်ရန် ဆုံးဖြတ်ပြီးနောက် ၁၉၅၈ တွင် လက်နက်ချသည်။ သို့သော် ၈ နှစ်အကြာတွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အမည်ဖြင့် စစ်အစိုးရကို ပြန်လည်ဆန့်ကျင်တော်လှန်ခဲ့သည်။

နောက်ပိုင်း တာခဲလယ်ခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ထောက်ခံသည့် SNPLO (၁၉၉၄ အပစ်ရပ် ) ခေါ် ပအိုဝ်းနီ တပ်ဖွဲ့ နှင့် ပအိုဝ်းဖြူခေါ် ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO (၁၉၉၁ အပစ်ရပ် ) အဖွဲ့ဟူ၍နှစ်ဖွဲ့ကွဲသွား ခဲ့သည်။ အခု ဖွဲ့စည်းလိုက်သည့် PNLO မှာ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO အပစ်ရပ်အဖွဲ့ မပါဝင်သေးသော်လည်း ရန်ဆောင်တိုက်ပွဲများ ဆင်နွဲမည်မဟုတ်ကြောင်း ညီလာခံအတွင်းပြောဆိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။

အဆိုပါဖွဲ့စည်းလိုက်သည့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ဒီမိုကရေစီစနစ်ဖြင့် ပထမဆုံးရွေးချယ် တင်မြောက်ခံရသည့် ပုဂ္ဂိုလ်များမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဥက္ကဌ၊ ဗိုလ်မှူးချုပ် ခွန်တိဆောင် ဒု ဥက္ကဌ၊ ခွန်မြင့်ထွန်း အထွေထွေ အတွင်းရေးမှူး၊ ဗိုလ်မှူးခွန်သူရိန် တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ၊ ခွန်မျိုး တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ၊ ခွန်အိုဝ်း နှင့် ခွန်အောင်ကျော် ဗဟိုကော်မတီဝင် အပါအ၀င်ကော်မတီဝင် ၁၅ ဦးရှိသည်ဟုသိရသည်။

တိုက်တွန်း နိုးဆော်လွှာ




တိုက်တွန်းနိုးဆော်လွှာ


ပြည်သူ လူထုကြီးခင်ဗျား-

ကျွန်ုပ်တို့ အားလုံးသည် စစ်အစိုးရ အုပ်ချုပ် နေသည့် ကာလ တလျှောက်လုံး ဒုက္ခအဖုံဖုံ ၊ ဆင်းရဲမှု ပေါင်းများစွာမှ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး စစ်တပ်က ပေးလာနိုးနှင့် စောင့်မျှော်နေလို့ မရနိုင်တော့ပါ။

ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာ လုပ်နေသော ကြံ့ဖွံ့ စွမ်းအားရှင် အပါအဝင် မျိုးမစစ်တဲ့ စစ်သားများ၊ ပြည်သူကို ပြန်မကြည့်သော လုံထိန်းများ၊ ရဲများ နှင့် အရိုးအရင်း ကိုက်စားပြီး စစ်တပ် လုပ်သမျှ နောက်က လိုက်လုပ်နေသော နိုင်ငံရေးသမား များ ရှိနေသမျှ စစ်မှန်သည့် ပြောင်းလဲမှု့ ကျွန်ုပ်တို့ အားလုံး ရရှိခံစား နိုင်မည် မဟုတ်ပါ။

ထို့သို့ စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်ပေါ်လာဖို့ အတွက် ကျွန်ုပ်တို့ ပြည်သူ လူထု တရပ်လုံးနှင့် ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားများဟာ အဓိက အရေးပါသည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။

ကျွန်ုပ်တို့ နိုင်ငံ ပြောင်းလဲဖို့နှင့် ရပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိ ခံစားနိုင်ကြဖို့ ကျွန်ုပ်တို့ ပြည်သူလူထု တရပ်လုံးမှ တောင်းယူလို့ မရနိုင်တော့ပါ။ စောင့်ယူလို့ မရနိုင်တော့ပါ။

တိုက်ယူမှ ရပေလိမ့်မည်။ ရကို ရရ မည်။

ထို့ကြောင့် ကျွန်ုပ်တို့ ပြည်သူ လူထု တရပ်လုံး ပါဝင်သော လူထုလှုပ်ရှားမှုများအား တိကျခိုင်မာပြတ်သားပြီး ဝါရင့်၊ သမ္ဘာရင့် နိုင်ငံရေး သမားကြီးများ ပါဝင်သည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင် ဆင်နွဲသွားကြရန်အတွက် ကျွန်ုပ်တို့ အဖွဲ့မှ အထူးအလေးထား တိုက်တွန်း နိုးဆော် လိုက်ရပါသည်။

“မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ”

ဆက်သွယ်ရန်။ ။ www.thebestmanure.org
tbmmanure@gmail.com
tbmwaipl@gmail.com

ရွှေခမောက် စာစောင် (အမှတ် ၁၀၅)

Shwekhamauk 105

ဒီသီချင်းကို ဘ၀နဲ့ ရေးတယ်

ဒီသီချင်းကို ဘ၀နဲ့ ရေးတယ်

ဒီသီချင်းကို ဘ၀နဲ့ ရေးတယ်
ကမာပုလဲ

ငယ်ငယ်က
ချစ်တယ်ဆိုတာ
ကြောက်ရ လန့်ရတဲ့
အဖေ၊ အမေနဲ့ အစ်ကို၊ အစ်မတွေ …။

နည်းနည်းကလေး အရွယ်ရောက်လာတော့
အချစ်ဆိုတာ
စာသင်ခန်းထဲက
မျက်စောင်းလှည့်လှည့်ထိုးတတ်တဲ့ ကောင်မလေး
ရင်တုန်လက်တုန်နဲ့
ထင်ပါတယ်
မျက်နှာကလည်း ရှက်သွေးနဲ့
နီမြန်းနေမှာ …။

အရေးတော်ပုံကြီးကို
ဖြတ်သန်းမိတော့
ကျနော် …
မေမေနဲ့ အဝေးဆုံးကို
ထွက်ခွာခဲ့တယ် မေမေ ...။

နောင်တမရပေမယ့်
ဒီနေ့အထိ ငိုလို့မဆုံးဘူး ...။

လူရှေ့သူရှေ့မှာ
ဒီအရွယ်ကြီးနဲ့ မျက်ရည်ကျနေရမှာလား
အဲဒီအရှက်က
ကျနော့်နှလုံးသားကို
ဖိဖိခြေနေတယ် မေမေ ...။

ကျနော်
ဖေဖေ့မေတ္တာကို မစော်ကားခဲ့ဘူး
မေမေ့ကိုတော့ အချစ်ဆုံးပေါ့
ပြီးတော့ …
ရဲဘော်တွေရဲ့
မကျင်းပရသေးတဲ့ ဈာပနပေါ်မှာ
ကျနော် စင်္ကြံမလျှောက်ခဲ့ပါဘူး မေမေ
ဒါဆိုရင် …
ကျနော်ဟာ လူဖြစ်မရှုံးဘူးလို့ ထင်တာပဲ ...။ ။

ကမာပုလဲ

ဖြူးဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း

နိုဝင်ဘာလ (၂၄)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ
သည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။ အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။

ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့

မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏
ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန်
့ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

ဇာတိမာန်စာဆို လယ်တီပဏ္ဍိတ ဦးမောင်ကြီး

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၇)
ဇာတိမာန်စာဆို လယ်တီပဏ္ဍိတ ဦးမောင်ကြီး
ထိန်လင်း
မိုးမခ

ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ မြန်မာတွေ ဇာတိမာန် ထက်သန်ဖို့ စာပေနဲ့ နှိုးဆော်တဲ့ ဇာတိမာန်စာဆိုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ဆရာကြီးက မြန်မာ့ရာဇဝင် သမိုင်းအချက်အလက်တွေနဲ့ တိမ်မြုပ်နေတဲ့ မြန်မာစာပေ အရေးအသားတွေကို ဖော်ထုတ်ရင်း ဇာတိမာန်နဲ့ မျိုးချစ်စိတ်ကို ရှင်သန်နိုးကြားအောင် ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ ဇာတိမာန် ရှင်သန်ဖို့ ကြိုးပမ်းခဲ့သူတစ်ဦးကတော့ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဖြစ်ပါတယ်။

လယ်တီပဏ္ဍိတ ဦးမောင်ကြီးဟာ အနု အယဉ် အခန့် အဖွဲ့အနွဲ့ ကောင်းမွန်လှတဲ့ လေးချိုး၊ တေးထပ်၊ ရတု စတဲ့ ကဗျာလင်္ကာများကို ရေးသားခဲ့သူဖြစ်တဲ့အပြင် နီတိစာပေတွေနဲ့ နိုင်ငံရေးမှာ အကျုံးဝင်တဲ့ မြန်မာ့ဒဿနိက အတွေးအခေါ်တို့ကို ပြန်လည်ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး ၂ ဦးစလုံးနဲ့ သူတို့ရဲ့ သြဇာမကင်းတဲ့ စာရေးဆရာတို့ ပူးပေါင်းမိခဲ့တဲ့အတွက် ၁၉၂ဝ ပြည့်နှစ်မှာ ပေါ်ထွက်ခဲ့တဲ့ ဒဂုန်မဂ္ဂဇင်းဟာ မြန်မာစာပေ နဲ့ အနုပညာ ယဉ်ကျေးမှုတို့ ပြန်လည်ရှင်သန်ဖို့ အဓိက တွန်းအားဖြစ်စေခဲ့တဲ့ မဂ္ဂဇင်းကြီး ဖြစ်ပါတယ်။ ဒဂုန် စာရေးဆရာ ပရိသတ်ထဲမှာ လူငယ် လူကြီး ရောပြွမ်းနေပြီး ဆရာကြီး ၂ ဦး ညီညွတ်ကြသလို သူတို့ ၂ ဦးရဲ့ ပရိသတ်တွေကလည်း ညီညွတ်ကြတယ်လို့ သိရပါတယ်။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး ကို ၁၈၇၈ ခုနှစ်က မုံရွာမြို့နဲ့ ၇ မိုင်အကွာ ညောင်ဖြူပင်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ငယ်မည် မောင်သန့်စင် ဖြစ်ပြီး လယ်တီဆရာတော်ကြီးရဲ့ တပည့်ဖြစ်တာနဲ့ ရှင်အမည် ပဏ္ဍိတ ပေါင်းပြီး လယ်တီပဏ္ဍိတ လို့ အမည်တွင်ခဲ့ပါတယ်။ ဆရာကြီးဟာ သာမဏေဝတ်လိုက် လူဝတ်လဲလိုက် ရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် စတုတ္ထအကြိမ် သာမဏေဝတ်တဲ့အခါမှာတော့ ရဟန်းအဖြစ်ပါ အသက် ၃ဝ အထိ သာသနာ့ဘောင်မှာ နေထိုင်ခဲ့ပါတယ်။ သာသနာ့ဘောင်က ထွက်တဲ့အခါမှာတော့ ငယ်မည် မောင်သန့်စင် မဟုတ်တော့ဘဲ မောင်ကြီး လို့ပဲ အမည်တွင်ခဲ့ပါတယ်။ ဒါဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး လို့ အမည်တွင်ခဲ့ပုံ ဖြစ်ပါတယ်။

ဆရာဦးမောင်ကြီးဟာ ၁၉၁၂ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး မဂ္ဂဇင်းဖြစ်တဲ့ မြန်မာ့အလင်းမဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဦးမောင်ကြီးဟာ မြန်မာမဂ္ဂဇင်းလောကရဲ့ ပထမဆုံး အယ်ဒီတာဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီမဂ္ဂဇင်းဟာ ဆရာ ဦးမောင်ကြီးနဲ့ ဦးရွှေကြူးတို့ရဲ့ ကြိုးပမ်းမှု၊ ပထမ ကမ္ဘာစစ်အတွင်း စစ်ကြေးနန်း စစ်သတင်းတွေ ဖော်ပြနိုင်မှုတွေကြောင့် လူကြိုက်များခဲ့ပါတယ်။ ဒါကြောင့် မူရင်း ၁ လ တစ်ကြိမ် ထုတ်ဝေနေရာက ၁၅ ရက် တစ်ကြိမ်၊ အဲဒီနောက် နေ့စဉ်ထုတ် ‘မြန်မာ့အလင်း သတင်းစာ’ အဖြစ် ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလိပ်အစိုးရရဲ့ ငြိုငြင်မှုကြောင့် နောက်ဆုံး ရပ်လိုက်ရပါတယ်။

ဆရာကြီးက ‘မန္တလေး ခင်မောင်’၊ ‘ယုဝတီ ခင်တုတ်’ စတဲ့ ကလောင်အမည်တွေနဲ့လည်း ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ မြန်မာ့စာပေသမိုင်းရဲ့ ပထမဆုံး ရာဇဝင်ဝတ္ထုဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ ‘နတ်ရှင်နောင် ရာဇဝင်ဝတ္ထု’ဖြစ်ပါတယ်။ ဆရာကြီးက မြန်မာရာဇဝင်ကို အထင်သေးသူတွေကို အထင်ကြီးအောင် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ရာဇဝင်ဝတ္ထုနဲ့ ရှစ်လုံးဖွဲ့ ကဗျာတွေကို စတင်ရေးသားသူဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဖြစ်တယ်လို့ အများက အသိအမှတ်ပြုထားပါတယ်။ ဆရာကြီးဟာ ပါဠိဘာသာပြန်၊ ဗုဒ္ဓွဘာသာကျမ်း၊ ရာဇဝင်ဝတ္ထု၊ ကဗျာ စတဲ့ စာပေကျမ်းပေါင်း ၅ဝဝ ကျော် ရေးသားခဲ့တဲ့အတွက် စာပေအများအပြား ရေးသားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီလို ပါဠိ မြန်မာ ၂ ဘာသာ ကျွမ်းကျင်သလို စာပေအရာမှာ နှံ့စပ်ကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်အစိုးရ လက်ထက်မှာ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ဆရာ ဦးမောင်ကြီးဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ မိတ်ဆွေဖြစ်ပြီးနောက်မှာ နိုင်ငံရေးထဲ တဖြည်းဖြည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆရာကြီး ၂ ဦးစလုံးက လူငယ်တွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ စိတ်တူသဘောတူ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကူးရှိကြပါတယ်။ တို့ဗမာအစည်းအရုံး ပေါ်ပေါက်လာတဲ့အခါ ဆရာဦးမောင်ကြီးက တို့ဗမာအစည်းအရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး နာမကျန်းဖြစ်လို့ အိပ်ရာထဲ လဲနေတဲ့အချိန်မှာတောင် သဝဏ်လွှာပို့ပြီး သခင်ဦးမောင်ကြီးအဖြစ် ခံယူခဲ့ပါတယ်။

ဆရာကြီးရဲ့ မျိုးချစ်စိတ် အခြေခံမှုနဲ့ ပတ်သက်ပြီး စာရေးဆရာ မောင်ထင်က

“ဆရာကြီး စီရင်ရေးသားသော ခင်မြင့်ကြီးကဲ့သို့သော ကာလပေါ်ဝတ္ထုကို ဖတ်လျှင်ဖြစ်စေ၊ နတ်ရှင်နောင်ကဲ့သို့သော ရာဇဝင်ဝတ္ထုကို ဖတ်သည်ဖြစ်စေ၊ နီတိမဉ္ဇရီကဲ့သို့သော ဒဿနကျမ်းကို ဖတ်သည်ဖြစ်စေ ဆရာကြီး၏ မျိုးရိုးဇာတိကို ခင်မင်လေးစားတတ်သောစိတ်ဓာတ်၊ ကာလသား ကာလသမီးတို့၏ တိုးတက်ရေးကို ရှေးရှုသော အာသီသ၊ မြန်မာတည်းဟူသော တိုင်းရင်းသားတို့၏ လွတ်မြောက်ရေးကို မျှော်လိုသောဆန္ဒ စသည်တို့ကို ကျွန်ုပ်တို့ တွေ့ကြရသည်။ မူလ ဓာတ်ခံကား မျိုးချစ်စိတ် နိုင်ငံချစ်စိတ် ဓာတ်ခံဖြစ်လေရာ ပရိသတ်တို့၏ အကြိုက်ကိုလိုက်၍ တီတီတာတာ ဖွဲ့နွဲ့နေသည် ဖြစ်သော်ငြားလည်း နိုင်ငံရေးစိတ်ဓာတ်သည် သူ၏ အဇ္ဈတ္တသန္တာာန်တွင် အမြဲကိန်းအောင်းလျက်ရှိသည်။”လို့ ၁၉၈၇ ခုနှစ် အောက်တိုဘာလထုတ် ချယ်ရီမဂ္ဂဇင်းမှာ ‘နုယဉ်ခန့်သန့်’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားခဲ့ဖူးပါတယ်။

ဆရာ ဦးမောင်ကြီးအနေနဲ့ ရှေးဟောင်းစာပေ အရေးအသားတွေကို ဖော်ထုတ်ပေမယ့် ခေတ်မီတဲ့ အယူအဆ ရှိသူဖြစ်ပါတယ်။ အထူးသဖြင့် ဆရာကြီးက သူသတင်းစာလောကထဲ ဝင်ရောက်တဲ့အခါ ဦးရွှေကြူး၊ ဦးရွှေဇံအောင် စတဲ့ တိုးတက်တဲ့အမြင်ရှိသူတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး သူတို့ဆီက ရတဲ့ အနောက်တိုင်း စာပေ ဗဟုသုတတွေကို မြန်မာ့ပစ္စည်းဖြစ်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ခေတ်ဆန်တယ် ဆိုတဲ့ သူ့စာပေအရေးအသားတွေဟာ ‘ဘိုဆန်တယ်’ ဆိုတဲ့ သဘောမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ခေတ်မီပညာ ဗဟုသုတတွေ ဆည်းပူးဖို့ တိုက်တွန်းတဲ့ သဘောတွေဖြစ်ပါတယ်။

ဆရာဦးမောင်ကြီးဟာ လောကီ လောကုတ္တရာ စာပေအမြောက်အမြား ရေးသားပြုစုခဲ့တာကြောင့် အသက် ၅၅ နှစ်ခန့်မှာ မူးဝေတဲ့ ရောဂါ စွဲကပ်ပြီး ရန်ကုန်ကနေ မုံရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံး လွတ်လပ်ရေး မရခင် ၉ နှစ်လောက်အလို ၁၉၃၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အနိစ္စရောက်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့ကာလမှာ ဆရာကြီး ကွယ်လွန်ခဲ့ရတဲ့သဘော ဖြစ်နေပါတယ်။ တကယ်လို့ အဲဒီကာလမှာ ဆရာကြီး ရှိနေသေးရင်တော့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှာ သူ့ရဲ့ ကလောင်စွမ်းနဲ့ ပါဝင်ဆင်နွှဲမယ်လို့ ယူဆရပါတယ်။

စာရေးဆရာ မောင်ထင်ကတော့ အချိန်စောပြီး ကွယ်လွန်ခဲ့လို့ ဆရာ ဦးမောင်ကြီးရဲ့ မူလဓာတ်ခံနဲ့ နိုင်ငံရေး အာသီသတို့ မပေါ်မလွင် ဖြစ်ရတယ်လို့ ဆိုပါတယ်။ အကယ်၍များ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ အတူ အသက်ထက်ဆုံး လူ့ပြည်မှာ နေသွားရမယ်ဆိုရင် မျိုးချစ် စာဆိုကြီးအဖြစ် လယ်တီပဏ္ဍိတ သခင်ဦးမောင်ကြီး လို့ အမည်တွင်ကောင်း တွင်လိမ့်မယ်လို့ တွေးတောမိပုံကို ရေးသားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စာပေအနုပညာရှင်တွေ ခေတ်အဆက်ဆက် ရှင်သန်ပေါ်ပေါက်နိုင်မှသာ တိုင်းပြည်ရဲ့ စာပေယဉ်ကျေးမှုနဲ့အတူ တိုင်းပြည်ချစ်စိတ်၊ ခေတ်ဟောင်း ခေတ်ဆိုးတွေကနေ ခေတ်သစ်အသိုက်အမြုံတွေဆီ ချီတက်နိုင်ကြမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။

ထိန်လင်း (၂၁၊ ၇၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၂၄ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List