မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရေစီးရေဆန်ပုစ္ဆာ

ရေစီးရေဆန်ပုစ္ဆာ
မောင်ချောနွယ်

ချစ်သောကမ္ဘာကြီးရေ ...
အချစ်ပြီးအချစ် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ငွေပြီးငွေ ဖြစ်နေလို့ကလည်းမဖြစ်ဘူး
အရက်ပြီးအရက်ချည့် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ကိုယ့်ကိုယ်ကိုယ်ပုံချလိုက်လို့ကလည်း မဖြစ်
သံသရာကြောင်းမှာ အထုပ်အပိုးပါလို့ကလည်းမဖြစ်
ခေတ်ကို ပုံချလိုက်လို့ကလည်းမဖြစ်
မဖြစ်တာတွေချည့်ပဲ ရင်ဆိုင်နေရ
ငါ့ကို စစ်ပြုနိုင်လွန်း ...
ငါ့ဘ၀အမော အလွမ်းတွေလည်း
တောတခိုကို မစိုပြည်စေတော့ပါ။

ညဥ့်တွေ သိပ်နက်လွန်းနေတယ်
လူတွေ စီးဆင်းလွန်းနေတယ်
အရာရာဟာ စီးဆင်းလွန်းနေတယ်
ငါချစ်ခဲ့တဲ့အရာတွေအားလုံး
ဆေးရုံခုတင်ပေါ် ရောက်ကုန်ကြပြီ။

ပညာရှိသုခမိန်ရယ်
သူရူးရယ်
ကလေးရယ်
အနုပညာရှင်ရယ်
ခေါ်ပေးကြပါ။

အသက်ရှင်သရွေ့ ငါ့ကို ချစ်ကြပါ
ငါဟာ
ကွေ့ကောက်တဲ့ လမ်းများကို
ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့သူတဦးပါ။ ။

မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၀၃ ခုနှစ်)

အကြောက်တရားနွံထဲက

နေ့ သစ်
အကြောက်တရားကိုပဲ အရသာလို့သုံးနေတဲ့ အလင်္ကာဆရာတို့ရဲ့ ဘယာနကရသ က တိုင်းပြည်ကို တော်တော်ဒုက္ခပေးနေတာပါ လား။ ဒါကြောင့်ကိုပဲ ဒေါ်စုက အကြောက်တရားမှ ကင်းဝေးခြင်းကို စာတစောင်ပေတဖွဲ့လုပ်ရေးရတာလေ။ ဒီအကြောက်တရားကို လက် ကိုင်ပြုပြီး တတိုင်းပြည်လုံး ငြိမ်နေအောင် ဝပ်နေအောင် ပိနေအောင် ပြားနေအောင် အာဏာရှင်ကြီး ဦးနေဝင်းက ထင်တိုင်း ကြဲခဲ့တာ မဟုတ်လား။ ဘယ်လောက်ပဲအကြောက်တရားတွေနဲ့ နှိပ်ကွပ် နှိပ်ကွပ် ဖိရာကကြွရ ဒါလဲ အရသာတခုဆိုတာ သမိုင်းသက်သေ တ ခုရခဲ့ပါပြီ။ ဒါကပဲ အကြောက်တရားနွဲထဲက ပေါက်လာတဲ့ ကြာပန်းလို့ ဆိုလိုက်ချင်တယ်။

ယခု နှစ်ပေါင်း နှစ်ဆယ့်နှစ် ကြာလာပေမယ့်စိတ်ပိတ်ကားထဲက ရုပ်ပုံကားချပ်တွေက တုန်ခြင်းမှုံခြင်းကင်းစွာ ခလုတ်နှိပ်လဲပေါ်။ ခ လုတ်မနှိပ်လဲပေါ်နေဆဲပါ။ နှလုံးသားကျောက်ပြားးထက်မှာ ကိုယ်တိုင်ရေးစာတန်းတွေ ကိုယ်တိုင်လှုပ်ရှားမှု မြင်ကွင်းတွေကတော့ လူ တိုင်းကိုယ်စီ ရှိကြတယ်လေ။ အဲ့ဒီတုန်းက အခုလို ပီပီပြင်ပြင်အတိုက်အခံဆိုတာ ရှိခဲ့တာမှ မဟုတ်ပဲ။ လူတိုင်းကိုယ်စီမှာရှိနေတဲ့ မ ကျေနပ်စိတ်ကပဲ တိုက်ပွဲကြီးတခုလုံးကို ဦးဆောင်သွားကြတာ။ ဒီအဖြစ်အပျက်တွေကို တယောက်စီက တတ်နိုင်သမျှရေးကြ။ မှတ် တမ်းပြုကြမယ်ဆိုရင် နှောင်းလူတွေကိုမရှုပ်ထွေးစေမှာ အမှန်ပါပဲ။ ခုတောင် တင်သန်းဦးတို့လိုလူတွေက သမိုင်းကိုရုပ်ပျက်ဆင်းပျက် လုပ်နေပြီ။ သူလိုရာ သူရေးနေတာကို ဖြတ်သန်းခဲ့ဘူးသူတွေက ဘာမှပြန်မပြောဘဲနေမယ်ဆိုရင် မသိလိုက်ကြတဲ့သူတွေက အ ဟုတ် ထင်နေကြမယ်။ သူတို့မှန်မကန်လုပ်နေတာကို သိသူတွေက ငြိမ်ပြီးခွင့်ပြုပေးရာရောက်နေပါတယ်။ ဦးဇင်းတို့ကတော့ သိပ်ကြီး ကြီးကျယ်ကျယ် ခေါင်းဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဖြတ်သန်းခဲ့တာလေးတွေကိုတော့ နိုင်သမျှပြောပြထားမယ်။

မဆလ ကို မကျေမနပ်ဖြစ်နေတာကတော့ တောရောမြို့ပါမကျန် ဖြစ်နေတဲ့အချိန်လို့ ဆိုရမယ်။ ဦးဇင်းတို့မြို့ကနေ စာဝါပိတ်ချိန်ပြန် ပြီဆို မိဘဆွေမျိုးတွေရဲ့ ညည်းညူသံတွေက ပထမတော့နားမခံနိုင်စရာပါ။ နောက်တော့ ရင်ပါမခံနိုင် ဖြစ်လာရတယ်။ လယ်သမား မိ သားစုတွေရဲ့ဘဝဟာ တော်တော်ရင်နာစရာပါလားဆိုတာ တွေ့လိုက်ရတယ်။

ကိုယ့်လယ်ကိုယ်စိုက်ပြီး ကိုယ့်စပါးကိုယ်ပြန်ခိုးစားနေရတယ်လေ။ တာဝန်မကျေလို့ သွပ်ခွါရောင်းပေးရတယ်။ ဒါတွေကိုမြင်တော့ ဇာတ်ထဲက ချစ်တီးတွေ ကိုပြေးမြင်မိခဲ့တယ်။ အင်္ဂလိပ်တပည့် ချစ်တီးတွေသာ ဒီလိုလုပ်တယ်ထင်ခဲ့ တာခုတော့။ မင်းကို ရန်သူမျိုးငါး ပါးထဲမှာ ဘာလို့ထည့်ထားတာလဲဆိုတာကိုပါ သဘောပေါက်လာတယ်။ ၁၉၈၇ ခုနှစ်မှာလုပ်လိုက်တဲ့ အစိုးရရဲ့လုပ်ရပ်ကတော့ အစိုးရ အပေါ်တိုင်းပြည်ကဘယ်လိုမှ ခွင့်မလွတ်ချင်အောင် ဖြစ်ခဲ့တော့တာပါပဲ။ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေငြာလိုက်တဲ့ ကိစ္စ ဟာ မဆလ ကိုယ့်သေတွင်းကိုယ်တူးလိုက်ပြီဆိုတာ အဲ့ဒီအချိန်က သူတို့ သဘောမပေါက်ခဲ့ကြပါဘူး။ ငါတို့လုပ်သမျှလူအတွေ လူ ကြောက်တွေက ဘာပြန်ပြောရဲတာမှတ်လို့ ဆိုတဲ့အသိက သူတို့ခေါင်းထဲ စွဲနေကြတာလေ။

တကယ်လဲ တလျှောက်လုံးကြောက်ခဲ့ကြတာမဟုတ်လား။ ပြည်သူဆိုတာ နလပိန်းတုန်းတွေဆိုတဲ့အထင်ကလဲ သူတို့ကို ထင်ရာစိုင်း ခွင့်ပေးလိုက်သလို ပါပဲ။ ဒါကတော့ ရှစ်လေးလုံးမတိုင်ခင် တောရွာတွေမှာဖြစ်နေတဲ့ နောက်ခံမြင်ကွင်းပုံကြမ်းလေ ပါပဲ။ တကယ်ကို တောသားတွေမှာ ကျားလဲကြောက်ရ။ ကျားချေးလဲကြောက်ရ ဆိုတဲ့ကိန်းလေ။ ခုနောက်ပိုင်း ကြက်ကြောက်အိတ်လို့ခေါ်တဲ့ အိတ်ဆွဲ လာသူတိုင်းဟာ လယ်သမားတွေရဲ့ ကြောက်ရမည့်သူတွေပါ။ ကျန်တဲ့အကြောင်းအရာတွေကတော့ လူတိုင်းပြောနေကြမို့ မပြော တော့ပါဘူး။ ရှစ်လေးလုံးမတိုင်ခင် လပိုင်းရက်ပိုင်းအတွင်းတွေက ဖြစ်ပျက်နေတဲ့ အခင်းအကျင်းလေးတွေက အစီအရီပေါ်လာတယ် ဖုန်းမော်ကိစ္စဖြစ်လာတာ နောက် တံတားနီအရေးအခင်း ဒါတွေအပြီး ဇွန်လမှာဖြစ်တဲ့ ကျောင်းထဲကကျောင်းသားတွေ မြို့ထဲအထွက် မြေနီကုန်းမှာဖြစ်သွားတဲ့ကိစ္စတွေက တခုပြီးတခု ဆက်တိုက်လိုဖြစ်လာတာပါ။

အဲ့ဒီရက်တွေတုန်းက ဦးအောင်ကြီးရဲ့ လေးဆယ့်နှစ်မျက်နှာအိပ်ဖွင့်ပေးစာက လူတိုင်းတီးတိုးပြောစရာတခု ဖြစ်နေတာပါ။ ဘာပဲပြော ပြော ဦးအောင်ကြီး ဘာဆိုတာသေချာမသိပေမယ့် (ဘယ်သူတွေဘာဆိုတာ မသိအောင် သမိုင်းမျက်ချေဖြတ်ထားမှုရဲ့ အကျိုးဆက် ပေါ့) အစိုးရဘာလုပ်လုပ် ပြန်မပြောရဲ့တဲ့ခေတ်ကြီးမှာ သူကိုလူတွေတော်တော်များများက သတိထားရမည့်သူ ဖြစ်လာပါတယ်။ စာ ရွက်စာတန်းတွေ ဝေနေမှုကလည်း ဟိုနားသည်နား မှာပေါ်လာနေပါပြီ။ ခုအချိန်မှာ ရသမျှ စာရွက်စာတန်းတွေစုဆောင်း ပြီးပြန်လည် လက်ဆင့်ကမ်းတဲ့အလုပ်က ကိုယ့်ဘာသာကိုယ်တာဝန်ကိုယ်ပေးပြီး နေ့စဉ်လုပ်နေတဲ့ အလုပ်ပါ။ နေ့တိုင်း ထူးခြားမှုတွေကိုသိရဖို့ ည ၈ နာရီ ၁၅ ကို စောင့်ဆိုင်းနေသူတွေကတော့ မြန်မာပြည်အနှံ့လို့တောင် ပြောလို့ရမယ်။ ဒါကတော့ သတင်းတွေကို မှောင်ချထားမှုရဲ့ အကျိုးဆက်လို့ထင်ပါတယ်။ လူတိုင်းငတ်နေတဲ့ စားစရာကို ရသမျှဝေငှပေးနေတဲ့ ဘီဘီစီဟာ တနိုင်ငံလုံး သတင်းငတ်နေသူတွေအ တွက် အားကိုးရာသတင်းဌာနကြီးပါပဲ။ ကောလာဟာလမျိုးစုံကိုလဲ လူတွေကပြောနေကြပြီ။ သတင်းတွေကို လူတွေနဲ့အဆက်ဖြတ်တဲ့ အကျိုးကို မဆလ ခံစားနေရတာပါ။ လူတွေက အစိုးရသတင်းဌာနကို လုံးဝကိုမယုံကြည်တော့ပါဘူး။ ပိုစတာတိုက်ပွဲမှာ ခေတ်စားနေ တာကတော့ ဘီဘီစီ ဟီးရိုး ဘီဘီအက်စ် ဇီးရိုးတဲ့။ နောက် ၈ နာရီ မြန်မာအသံက သတင်းကြေငြာတဲ့ ကာတွန်းမှာ…

“မြန်မာစံတော်ချိန် ည ၈ နာရီ ရှိပါပြီ သတင်းများကိုကြေငြာပါတော့မယ်ရှင်” တဆက်တည်း စံတော်ချိန်တီးလုံးကို ကာတွန်းက… “တူနှယ် တူနှယ် ဗြောင်လိမ် ဗြောင်လိမ်”

အခုပြောတဲ့ဟာက အဲ့ဒီအချိန်ကခေတ်စားတောတွေထဲက တခုလောက်ပါ။ မှတ်မိတာတခုက မဆလပါတီကလဲ သူမဟန်တော့တာ ကို သဘောမပေါက်နိုင်တာပါ။ ဒါပေမယ့် သဘောပေါက်သူတဦးကတော့ရှိတယ်။ ဒါကတော့ လူလည်ကြီး ဦးနေဝင်း ပါပဲ။

အရေးပေါ်ပါတီညီလာခံခေါ်။ သူနှုတ်ထွက်။ ဒါကတော့ တိုင်းပြည်ရဲ့ဖြစ်ပျက်နေတဲ့ကိစ္စတွေကိုတာဝန်မဲ့စွာမျက်နှာလွှဲခဲပစ်လုပ်လိုက် တာပါပဲ။ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ဖြစ်အောင် သူကြိုးစားအားထုတ်ခဲ့တဲ့ အကြိုးဆက်ကို လူထုကြီးခံစားပေရော့လို့ ပြောလိုက်သ လိုပါပဲ။

ဒီရက်တွေအတွင်းမှာ ဘီဘီစီကလည်း စစ်ကြောရေးစခန်းတွေမှာ အမျိုးသမီးငယ်တွေကို လုံထိန်းတွေက အဓမ္မပြုကျင့်သည့် အ ကြောင်းကို ထုတ်လွှင့်ပေးလိုက်တယ်။ နောက် ၈ ရက် ၈ လ ၈၈ နေ့မှာ လူထုကြီးတရပ်လုံး မဆလအစိုးရကို ဆန့်ကျင်ကြဖို့ လမ်းပေါ် ထွက်ကြဖို့ နေ့သတ်မှတ်ပေးလိုက်တယ်။ လူအများ မျှော်လင့်နေတဲ့ ၈ ရက်နေ့က မြင်ကွင်းလေးကိုတော့ ဘယ်တော့မှ မမေ့ပျောက် နိုင်တော့ဘူး။ မနက်ခင်းထဲက ဘာဖြစ်မလဲလို့ တယောက်ကို တယောက်တွေ့တာနဲ့ မေးခွန်းထုတ်တဲ့အကြည့်တွေနဲ့ …

ဦးဇင်းတို့နေတဲ့ ရန်ကင်း ကန်ဘဲ့ဘူတာရုံလမ်းက ပဉ္စနိကာယ သာသနာ့ဗိမာန်မှာ သံဃာတွေအချင်းချင်း တခုခုတော့ဖြစ်ကြတော့ မယ်ဆိုတာ ပြောဆိုနေကြတယ်။ တနေရာရာကပဲ ဒို့အရေးလို့ အော်နေသလို အသံမျိုးဝင်လာတယ်လို့ စိတ်ကိုတပ်လှန့်နေတယ်။ ဒါပေမယ့် မနက်ခင်းမှာတော့ ဘာမှမဖြစ်ပါဘူး။ ရန်ကုန်မြို့ထဲတွေမှာ စာတွေကပ်တယ်။ စာတွေဝေတယ်ဆိုတဲ့သတင်းကတော့ မြို့ ထဲကပြန်လာသူတွေဆီက ကြားနေရတယ်။ ဦးဇင်းတို့လိုချင်တာ ဖြစ်စေချင်တာက စာရွက်ဝေတာ စာရွက်ကပ်တာလောက် မဟုတ် ဘူးလေ။

လမ်းပေါ်လူတွေထွက်စေချင်တာ။ နေ့လည် ၁၂ နာရီထိုးလောက်မှာ တောင်ဥက္ကလာဘက်က လူတွေထွက်လာပြီဆိုတဲ့ ကျောင်း အောက်က အော်သံတစ်ခုကြားလိုက်ရတယ်။ ချက်ချင်းပဲ မိုးကောင်းလမ်းဆုံရောက်အောင် အလျင်အမြန် ပြေးထွက်လိုက်တယ်။ ကိုယ့်လိုပဲ အိမ်တိုင်းအိမ်တိုင်းကလူတွေ လမ်းမကြီးဆီ ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ မိုးကောင်းဘုရားနားရောက်တော့ တောင်ဥက္ကလာဘက်ကို ကြည့်နေတဲ့ လူအုပ်ကြီးက ဟိုဘက်ဒီဘက် မနည်းဘူး။ လမ်းဘေးအပြည့်လို့တောင် ဆိုနိုင်တယ်။ ဦးဇင်း လှမ်းကြည့်တော့ ဘာမှ မတွေ့ရသေးဘူး။ ဘယ်မှာလဲလို့ မေးလိုက်တော့ လာနေပြီလို့ တယောက်ကပြောတယ်။ ဦးဇင်းလည်း လှမ်း ကြည့်နေတယ်။ သံလမ်းဘက်ကနေ အလံတခုကိုင်ပြီးထွက်လာတဲ့ လူတစ်စုကိုတွေ့ရတယ်။ စိတ်ထဲမှာ အလံကိုင်ထားတဲ့ လူတွေနဲ့ ပူးပေါင်းချင်စိတ်က တအားကို ဖြစ်ပေါ်လာတယ်။ ဘယ်စိတ်ကနှိုးဆော်လိုက်တယ်မသိဘူး။ ဦးဇင်းလမ်းမအလယ်ခေါင် ရောက်နေ တယ်။ ဟိုဘက်ဒီဘက် ညွှတ်နေအောင်ရှိတဲ့ လူအုပ်ကြီးကို အသံကုန်ဟစ်ပြီးတော့ အော်လိုက်တယ်။

“ဘာရပ်ကြည့်နေကြတာလဲ ငါတို့ လွတ်မြောက်ဖို့အတွက် ငါတို့ကိုယ်တိုင်လုပ်ရမယ် အခုဟိုကလာနေတဲ့ လူတွေကို ရပ်ကြည့်နေရုံနဲ့ မရဘူး အတူပူးပေါင်းပြီးတော့ ကိုယ့်အရေးကိုယ်လုပ်ရမယ် အားလုံးပါဝင်ကြပါ”

လမ်းလယ်ခေါင်က ရပ်ပြီး ဦးဇင်းအော်လိုက်တော့ လူရော ဘုန်းကြီးပါ အယောက် ၂၀ ခန့်က ဟုတ်တယ် ဟိုလူတွေသွားကြိုကြမယ် ဆိုပြီး ထွက်ချလာတယ်။ အလံကိုင်တဲ့ လူတွေနားရောက်တော့ သူ့နောက်မှာ လူအယောက် ၃၀ ခန့်လောက်ပဲ ရှိတယ်။ ဦးဇင်းတို့ သွားကြိုတဲ့ လူအုပ်နဲ့ပေါင်းပြီး မြို့ထဲဘက်ကို ထွက်လာခဲ့ကြတယ်။ ဦးဇင်းလည်း အလံကိုင်တဲ့ဘေးကနေ လမ်းဘေးကလူတွေကို အော်တယ်။

“ခင်ဗျားတို့ ဘာရပ်နေကြတာလဲ ကိုယ့်အခွင့်အရေးအတွက် ကိုယ့်အရေး ကိုယ်ကိုတိုင်လုပ်ရမယ် ထွက်ခဲ့ကြ”

ပထမတော့ ကိုယ်ကကြိုသူ၊ အခုတော့ အလံကိုင်ဘေးမှာ ဆော်သြသူဖြစ်နေတာကို သတိတောင်မထားမိဘူး။ ဦးဇင်းတို့ လူအုပ်ကြီး ဆရာအတတ်သင် ကျောင်းရှေ့ရောက်တော့ရပ်လိုက်ကြတယ်။ နောက်ကိုပြန်ကြည့်တော့ ဘေးကရပ်ကြည့်နေသူတွေဟာ ဦးဇင်းတို့နဲ့ အတူပါလာတာကို သိလိုက်ရတယ်။ လူလည်း အယောက် ငါးရာကျော်လောက်ရှိနေတယ်။ နောက်ကလည်း …

“ဘုန်းဘုန်း ဘယ်လမ်းကသွားမလဲ စီစဉ်ပါဘုရား” လို့ ၀ိုင်းပြီး ဦးဇင်းကို စီစဉ်ခိုင်းတယ်။ ဦးဇင်းလည်း ချက်ချင်းစဉ်းစားရတယ်။ လမ်း နီလေးဘက်ထွက်ရင် အစိုးရရုံးတွေချည်းပဲ။ နောက်ကနေ လိုက်ထွက်လာမယ့်လူ မရှိဘူး။ ငါတို့ ဆယ့်နှစ်လုံးတန်းဘက်က သွားမယ် လို့ ဦးဇင်းအော်ပြောလိုက်တယ်။ လူအုပ်ကြီးလည်း ဘာကြွေးကြော်သံတိုင်လို့ တိုင်ရမှန်းမသိဘူး။ ပါးစပ်ထဲပေါ်တာတွေ ကောက် အော်နေကြတယ်။ ကြွေးကြော်သံတွေကလည်း အခု ပြန်ကြည့်ရင် ရယ်စရာ …

“ဆန်တပြည် နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ”

“ဆန်တပြည် ဆယ်ပြား အောင်ကြီးလာမှစား”

“အရေးတော်ပုံအောင်ရမယ်”

“ဒီမိုကရေစီ ရရှိရေး ဒို့အရေး” ဆိုတာရဲ့ နောက်ကနေ အော်တဲ့အသံတွေက ခေါင်းခွဲတာတွေရော စုံနေတာပဲ။

ဘာပဲပြောပြော လူအုပ်ကြီးကတော့ များသထက်များလာတယ်။ ဂွတ်တလစ်နားကိုရောက်တော့ အနောက်ကလူအုပ်ကို မတွေ့ရ တော့ဘူး။ ဒါနဲ့ ဆက်ထွက်လာတာ ရွှေဂုံတိုင်အရောက်မှာ လူပင်လယ်ကြီးထဲ ဦးဇင်းတို့ ရန်ကင်းတောင်ဥက္ကလာ အုပ်စုက ရောပါ သွားကြတယ်။ တာမွေကနေ သိမ်ဖြူလမ်းအတိုင်းမြို့ထဲကို လူအုပ်ကြီးက စီးမျောနေတယ်။ ကြွေးကြော်သံပေါင်းစုံကလည်း ဆူညံနေ တယ်။ လမ်းပေါ်မှာကားတွေကလည်း တစ်စီးမှ မရှိတော့ဘူး။ ဒါနဲ့ ဦးဇင်းတို့ ဆူးလေဘုရားရောက်တော့ ညနေစောင်းနေပြီ။ လူလည်း ပင်ပန်းနေပြီ။ ကျောင်းကို ပြန်ချင်နေတယ်။ မြောက်ဥက္ကလာဘက်သွားမယ့် ကြပ်ညပ်နေတဲ့ ကားတစီးပေါ်အတင်းတိုးတက်ပြီး ရန် ကင်းကိုပြန်ခဲ့တယ်။ လမ်းနီလေးကနေ ကုန်းကြောင်းလျှောက်ပြန်ရတာ လမ်းမှာတွေ့တဲ့ စစ်သားတွေက …

“ဦးဇင်းမြို့ထဲက ပြန်လာတာလား” လို့မေးတယ် …
ဦးဇင်းက ခေါင်းညိတ်ပြတော့ သူတို့လည်း ဦးဇင်းတို့နဲ့ တသဘောတည်းရှိကြောင်း အမူအရာနဲ့ပြတယ်။ ကျောင်းကိုပြန်ရောက်တော့ ကျောင်းမှာကျန်နေခဲ့တဲ့ သံဃာတွေကဝိုင်းပြီး ဦးဇင်းကိုမေးကြတယ်။ သူတို့လည်း အားတွေတက်လာကြတယ်။ ညနေခင်းကြီးကို မြို့ ထဲဆက်ထွက်နေသူတွေ ရှိတုန်းပဲ ထိုသူတွေနဲ့အတူ ကျောင်းတိုက်က ဘုန်းကြီးတွေတော်တော်များများ ထွက်သွားကြတယ်။ ဒါက တော့ ၈ ရက်နေ့မြင်ကွင်း တစိတ်တပိုင်းလေးပါ။ ဒီနောက် အဖြစ်အပျက်တွေဟာ တနေ့အကြောင်းအရာကို စာတပုဒ် ရေးရင်တောင် လောက်ငှမှာမဟုတ်ဘူး။ သိတဲ့သူတွေက ကိုယ်ဖြတ်သန်းခဲ့တာတွေကို ဖော်ထုတ်ကြမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ကိုယ်လိုရာဆွဲ ရေးသူတွေရဲ့ လက်ခုပ်ထဲကရေအဖြစ်မှ သက်သာရာရလိမ့်မယ်။ အကြောက်တရားတွေ ဘယ်လောက်ရှိရှိ ထိုအ ကြောက်တရားတွေကို တွန်းလှန်ရခြင်းဟာ ကိုယ့်လွတ်မြောက်ရေး ကိုယ်လုပ်တယ်ဆိုတာ သက်သေပြခဲ့ပါပြီ။

အကြောက်တရားနွံထဲက ရဲရင့်ခြင်းကြာပန်းများ ဖူးပွင့်နိုင်ကြပါစေ။

အရှင်ဇဝန

မြန်မာနိုင်ငံအကျဉ်းသားများနေ့ ဘာကြောင့် ကျင်းပသင့်သလဲ

မြန်မာနိုင်ငံအကျဉ်းသားများနေ့ ဘာကြောင့် ကျင်းပသင့်သလဲ
ဒီဓား
သြဂုတ် ၂၈၊ ၂၀၁၀ မိုးမခ  ဗိုလ်ကြီးဟောင်း ၀င်းဗိုလ် သေဆုံးခဲ့သည့် မော်လမြိုင်ထောင်။ အာဏာပိုင် ၂၇ က ရိုက်နှက်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည် (ဓာတ်ပုံ - Joinai)
 
"- - - ကလေးစစ်သား နှစ်ဦး လိင်တူချင်း ဆက်ဆံခံရခြင်းကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ တပ်မတော်သားကောင်း ပီသ၏။ မျိုးချစ်စိတ်ကောင်း ပိုင်ဆိုင်သူလည်း ဖြစ်၏ - - - "
နှစ်စဉ် သြဂုတ်လ ၂၆ ရက်နေ့ကို 'မြန်မာနိုင်ငံအကျဉ်းသားများနေ့' Burma Prisoners’ Day (BPD) အဖြစ် ကျင်းပသင့်၏။ ၂ဝဝ၄ ခုနှစ်မှ စတင်၍ မော်လမြိုင် အကျဉ်းထောင်အတွင်း၌ နှစ်စဉ် ကျင်းပခဲ့၏။ ကျင်းပရခြင်း အကြောင်းအရင်းမှာ ၂၆.၈.၂ဝဝဝ ရက်နေ့ ည ၇း၃ဝ နာရီအချိန်တွင် မော်လမြိုင်ထောင် ကြိုးတိုက်အတွင်း၌ ထောင်အာဏာပိုင် ၂၃ ယောက်သည် နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သည့် ကိုဝင်းဗိုလ်အား နောက်ပြန် လက်ထိပ်ခတ်လျက် လည်ပင်း နင်းပြီး မသေမချင်း ရက်စက်စွာ ရိုက်သတ်ခဲ့ကြသည်။
ကိုဝင်းဗိုလ်သည် တပ်မတော်သား ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ်၏။ မည်သည့် နိုင်ငံရေးပါတီဝင်မှ မဟုတ်၊ ဝါရင့် နိုင်ငံရေးသမားလည်း မဟုတ်၊ မည်သည့် လက်ဝဲ လက်ယယ နိုင်ငံရေး အယူအဆကိုမှ ဆုပ်ကိုင်ထားသူလည်း မဟုတ်။ တိုင်းပြည်နှင့် လူမျိုး အတွက် အကျိုး ဖြစ်ထွန်းစေနိုင်မည့် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စနှင့် ၂ဝဝဝ ပြည့်နှစ်တွင် အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆရာတော် သံဃာတော်ကြီးများ ထံမှ သြဝါဒ မေတ္တာရပ်ခံစာ တစ်စောင်ကို န.အ.ဖ စစ်အစိုးရ အာဏာပိုင်များထံသို့ ဆောင်ယူ ပေးပို့သည့် ပြစ်ဒဏ်ဖြင့် ထောင် ၂၁ နှစ် အပြစ်ပေး ခံရခဲ့သူ ဖြစ်ပါသည်။
န.အ.ဖ ၏ စစ်ဖိနပ်အောက်ဝယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး များစွာကို နင်းချေ ဖျက်ဆီးခံနေရ၏။ လူသားချင်း စာနာစိတ် ကင်းမဲ့စွာ တရားလက်လွတ် ပြုကျင့်မှုများသည် ပြည်သူ သန်းပေါင်း ၆ဝ ကျော် အတွက် အနာဂတ် ဆိုသည်မှာလည်း ရှာမရနိုင်အောင် ဖြစ်နေရ၏။ အကျဉ်း ထောင်အတွင်း၌ အကျဉ်းသားများကို မတရား ရိုက်နှက်ခြင်း၊ အလုပ်ကြမ်း ခိုင်းခြင်း၊ ရဲဘက် ပို့ခြင်း၊ စစ်ပေါ်တာ အဖြစ် အသုံးပြုခြင်း၊ ကျန်းမာရေး အတွက် ဆေးဝါး လုံလောက်စွာ ကုသမှု မခံယူရခြင်း၊ အစားအစာကို မသေရုံ တမယ် ကျွေးခြင်း... အစရှိသည့် မတရားမှုများကို န.အ.ဖ လက်ပါးစေ ဖြစ်သည့် ထောင်အာဏာပိုင်များသည် ရက်စက်စွာ ကျူးလွန်နေကြ၏။
ထိုသို့ အစဉ်မပြတ် ကျူးလွန်နေသည့် မတရား ဖမ်းဆီးမှုများ၊ ဥပဒေမဲ့ ပြုမှုများ၊ ဖိနှိပ်မှုများကို ကမ္ဘာ့ပြည်သူ သန်းပေါင်း များစွာသည် သိရှိ လာပြီး စာနာ ထောက်ထားလာစေရန် အတွက် နိုင်ငံတကာမှ အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုချက် တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်၍ ပြည်တွင်းမှ အထူးသဖြင့် အကျဉ်းထောင်များ အတွင်းမှ နိုင်ငံရေး လှုပ်ရှားမှုများ စတင်နိုင်ရန်နှင့် နောင်လာမည့် အနာဂတ်တွင် စစ်အာဏာရှင် စနစ် ခေါင်းမော့ မလာစေရန် ရည်ရွယ်ချက်ဖြင့် ကိုဝင်းဗိုလ် ကျဆုံးသည့်နေ့အား 'မြန်မာနိုင်ငံ အကျဉ်းသားများနေ့' အဖြစ် ကျင်းပသွားရန် မော်လမြိုင် အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများက တညီ တညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။
'မြန်မာနိုင်ငံ အကျဉ်းသားများနေ့' ကျင်းပရခြင်းသည် ...
မြန်မာနိုင်ငံ အတွင်း လက်ရှိ ဖြစ်ပေါ်နေသည့်
(၁) မတရား ဖမ်းဆီးမှုများ ရှိနေခြင်း
(၂) ဥပဒေနှင့် အညီ တရား စီရင် စစ်ဆေးမှုများ မရှိခြင်း
(၃) အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံး နစ်နာနေခြင်း
လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ ပြုကျင့်မှုများရှိရာ     ၎င်းတို့ကို ကာကွယ် စောင့်ရှောက်သွားနိုင်ရန် အတွက် ဖြစ်သည်။ ကိုဝင်းဗိုလ်သည် အမှန်တရားဘက်မှ ရဲရင့်ပြတ်သား ခိုင်မာစွာဖြင့် အသက်စွန့် ရပ်တည်သွားသည့် သူရဲကောင်း တစ်ဦး ဖြစ်သည်။ စစ်ပြေးမှုဖြင့် ထောင်ကျနေသည့် အရွယ် မရောက်သေးသည့် ကလေးစစ်သား နှစ်ဦး လိင်တူချင်း ဆက်ဆံခံရခြင်းကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ တပ်မတော်သားကောင်း ပီသ၏။ မျိုးချစ်စိတ်ကောင်း ပိုင်ဆိုင်သူလည်း ဖြစ်၏။ န.အ.ဖ စစ်ဗိုလ်ချုပ်တွေလို မျက်ကန်းမျိုးချစ်ဝါဒီ မဟုတ်။ အပြောတစ်မျိုး အလုပ်တစ်ခြားဖြင့် ကိုယ်ကျိုးစီးပွား ရှာသူ မဟုတ်။ န.အ.ဖ၏ မတရား ဖမ်းဆီးခြင်း ခံနေရသည့် နိုင်ငံရေးအကျဉ်းသား ပီသစွာဖြင့် ဘဝတူ အကျဉ်းသားများ၏ အကျိုးကို အသက်စွန့်၍ သယ်ပိုး ထမ်းရွက်သွားသူ အဖြစ် ကမ္ပည်းတင်ထိုက်၏။
လူမဆန်မှုနှင့် မင်းမဲ့စရိုက် ကြီးစိုးနေသည့် န.အ.ဖ စစ်အာဏာရှင်တို့သည် လက်တံများစွာကို ဖြန့်ကျက်ထား၏။ သတင်းပေး၊ စွမ်းအားရှင်၊ ကြံ့ဖွံ့၊ မိ/စောက်၊ အကျဉ်းထောင်ဝန်ထမ်း၊ စစ်ဘက်၊ ရဲဘက် လက်မရွံ့ ပါးကွက်သားများဖြင့် မြန်မာပြည်သူ တစ်ရပ်လုံးအား အကြောက်တရားများ တစ်နေ့ထက် တစ်နေ့ ပိုမို ကျယ်ပြန့်လာစေရန် စနစ်တကျ စီမံကိန်းများ ချ၍ ကျူးလွန်နေကြသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ အံ့ဖွယ်ကျော်၊ ဂျင်မီ ... အစရှိသည့် လူငယ်နိုင်ငံရေးသမားများ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် အခြား ရဲဘော် ရဲဘက်များကိုလည်း မတရား ဖမ်းဆီး၍ ပုဒ်ထီးပုဒ်မ အမျိုးမျိုး တပ်ပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထား၏။
န.အ.ဖ၏ နိုင်ငံရေး လမ်းပြမြေပုံအရ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်၏။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည့် ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှုလည်း လုံးဝ (လုံးဝ) မရှိ။ အားလုံး ပါဝင် ဆောင်ရွက် ယှဉ်ပြိုင် ရွေးချယ်ခွင့် မရှိသည့် ရွေးကောက်ပွဲကြီး ဖြစ်နေ၏။ ၂ဝဝ၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသားများကို အကျဉ်းသားများ သဖွယ် အဓမ္မအမိန့်ပေး ခြိမ်းခြောက် အတည်ပြု ထောက်ခံခိုင်းထားသည့် နာဂစ် အခြေခံ ဥပဒေအရ စစ်သား တစ်မတ်သား အဆင့်ထက် ပိုပြီး စစ်သား တစ်ကျပ်သား လိုချင်သည့် အတွက် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရန် န.အ.ဖ စစ်ဗိုလ်ချုပ်များသည် ဘောင်းဘီ ချွတ်လိုက်ကြ၏။ တောင်ရှည်ပုဆိုး ဝတ်ပြီး ခေါင်းပေါင်းစ တလူလူ လွှင့်နိုင်ရန်အတွက် သူတို့၏ လက်ကိုင်တုတ် ကြံ့ဖွံ့အသင်းကြီးအား နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။
န.အ.ဖ စစ်အာဏာရှင်တို့သည် နိုင်ငံရေးဓားပြမှုကြီးကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လိုက်ခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားများ အစရှိသည့် နိုင်ငံရေး အစဉ်အလာ ရှိသူများအား မြန်မာ့နိုင်ငံရေး လောကမှ အပြီးတိုင် ဖယ်ထုတ်နိုင်ရန် ကလိန်ကကျစ် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြ၏။
ထိုသို့ ပြုကျင့်နေခြင်းတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ နိုင်ငံတကာဥပဒေ စံချိန် စံညွှန်းများနှင့် မကိုက်ညီခြင်း၊ ဒီမိုကရေစီ နည်းလမ်းကျ မဟုတ်ခြင်း၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းများကို ဆက်တိုက် ပြုကျင့်နေကြသဖြင့် ... သြဂုတ်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် 'မြန်မာနိုင်ငံအကျဉ်းသားများနေ့' အခါသမယတွင် ကျဆုံးသွားသည့် ကိုဝင်းဗိုလ်နှင့်တကွ လက်ရှိ အကျဉ်းခံဘဝတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား ပြည်သူသန်းပေါင်း ၆ဝ ကျော် ကိုယ်စား န.အ.ဖ စစ်အာဏာရှင်များကို နိုင်ငံတကာမှ စစ်ရာဇဝတ်ကောင်များ နည်းတူ ၎င်းတို့ ကျူးလွန် ခဲ့သည့် စစ်ရာဇဝတ်မှုများကို တရားစီရင်နိုင်ရန် အတွက် ကုလသမဂ္ဂက ဦးစီးဦးဆောင်ပြုလုပ် ဖွဲ့စည်းသည့် စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို အမြန်ဆုံး လက်တွေ့ အကောင်အထည် ဖော်ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ပေးပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

တပ်ခေါင်းဆောင်တွေ စစ်ရာထူးစွန့်

           

ဒေါ်အောင်ဆန်းစုကြည်မှ ဦးဉာဏ်ဝင်းသို့ မှာကြားချက်


ဒေါ်အောင်ဆန်းစုကြည်မှ ဦးဉာဏ်ဝင်းသို့ မှာကြားချက်

၁။ NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ဘဲနေပါ။
၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေ နားမလည်တာကို အခွင့်အရေးယူ ပြီး လှည့်စားပြောနေတာတွေကို ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲရက်ကို အချိန်တိုလေးကပ်ပြီး ကြေညာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ဘဲနဲ့ မဲသွားထည့်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။
၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရား စွဲရမယ်၊ ရဲစခန်းကို တိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး သတင်းရယူခွင့်၊ သတင်းထုတ်ပြန်ခွင့် မရှိဘူး။ အဲဒါကို ကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်တယ်။ အဲ့ဒီက ထွက်လာမယ့် သမ္မတကို လွှတ်တော်က မလွှမ်းမိုးနိုင်ဘူး။ သမ္မတကပဲ အားလုံးကို လွှမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ ဥပဒေတွေက တရားမျှတမှုမရှိဘူး။ အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာ မင်းမဲ့စ ရိုက်ပဲ။

ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ

ဇင်လင်း   /   ၂၄ သြဂုတ် ၂၀၁၀NEJ

စစ်တပ်က ၂၀၁၀ နိုဝင်ဘာ (၇) တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု ကြေညာလိုက်ပြီ။ ရွေးကောက်ပွဲဝင်ရန် တန်းစီထားသော နိုင်ငံရေးပါတီ (၄၀) ခန့်မှာ မတရားဥပဒေဖြင့် သတ်မှတ်ထားသော အဖွဲ့ဝင် (၁,၀၀၀) ပြည့်မီရေးနှင့် နပန်းလုံးနေရဆဲ။ ခြိမ်းခြောက်နှောင့်ယှက်မှုများကြားတွင် ပါတီကိုယ်စားပြု အမတ်လောင်းများ ခက်ခက်ခဲခဲ ရှာနေရဆဲ။ အမတ်လောင်း မှတ်ပုံတင်ကြေး (တဦးလျှင် ကျပ် ၅ သိန်းနှုန်း) နှင့် မဲဆွယ်လှုပ်ရှားမှုရန်ပုံငွေ ရရှိရေးအတွက် စိုးရိမ်သောက ရောက်နေရဆဲ။ လွတ်လပ်စွာ စည်းရုံခွင့်၊ ဟောပြောခွင့် စာရွက်စာတမ်း ဖြန့်ဝေခွင့်များလည်း ဆုံးရှုံးနေရဆဲ။ သို့သော် စစ်တပ်က ဖွဲ့ထားသည့် ကြံ့ဖွံ့ပါတီကမူ အရှင်မွေးတော့ ညချင်းကြီး ဆိုသကဲ့သို့ ဥပဒေအထက်မှ အခွင့်ထူးရ၍ မတော်မတရား မဲဆွယ်စည်းရုံးနေသည်။ အခင်းအကျင်းက ရှင်းလင်းလွန်းသည်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအောက်တွင်  ကြံ့ဖွံ့ပါတီက အနည်းဆုံး (၉၀) ရာခိုင်နှုန်း နိုင်ရန် ပြင်ဆင်ထားသည်ကို မြင်နေရသည်။

ထို့ကြောင့် ကျန်ရွေးကောက်ပွဲဝင်မည့် ပါတီများမှာ ပါတီစုံရွေးကောက်ပွဲဟု ဆိုရရုံ အဖြည့်ခံမျှသာ ဖြစ်တော့မည်။ ဖွတ်မရ ဓားမပါ ဆုံးမည့်ကိန်းဆိုက်နေ၏။ ထိုအဖြည့်ခံပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံသင့် မခံသင့် ပြန်လည်စဉ်းစားကြမည်ဆိုလျှင် အချိန်မီသေးသည်။ စင်စစ် ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာဇာစ်မြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စဖြစ်သည်။ ပင်လုံသဘောတူညီချက်နှင့် ၁၉၄၇ အခြေခံဥပဒေတို့မှ စတင်ခဲ့သော သမိုင်းရေးပြဿနာဖြစ်သည်။ ပင်လုံသဘောတူညီချက်ကို အခြေခံလျက် တိုင်းပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် လမ်းညွှန်အဆို (၇) ချက်ကို ပြန်ကြည့်လျှင်…

“အဆို (၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုဟု ခေါ်တွင်စေသော၊ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။ အဆို (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိစေရမည်။ အဆို (၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။” စသည်ဖြင့် တွေ့နိုင်သည်။ ယခု နာဂစ်စစ်ဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နှင့် လုံးလုံးဆန့်ကျင်နေရုံမက တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေးတို့ကို ငြင်းပယ်ထားသဖြင့် လာမည့် ရွေးကောက်ပွဲသည် ပြည်တွင်း နိုင်ငံရေးပဋိပက္ခအသစ်တခုဆီ ဦးတည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ လမ်းညွှန် (၇) ချက်ကို ယုံကြည်လေးစားခြင်း၊ လွတ်လပ်ရေး အမြန်ရလိုခြင်းတို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခြေခံဥပဒေကို အလေးအနက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ရိုးရိုးသားသား လွယ်လွယ်ကူကူ လက်ခံအတည်ပြုခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးအတွက် ရေးဆွဲတင်ပြသော “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း” (ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ပုံနှိပ်နှစ်မပါ) တွင် ဖော်ပြခဲ့သည်။

ထိုစာတမ်းတွင် ၁၉၄၇ အခြေခံဥပဒေ၏ အားနည်းချက်များကို ဝေဖန်ပြရာ၌ “ပြည်နယ်ခေါင်းဆောင်များသည် တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မိမိတို့ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသောကိစ္စများကို စိတ်ဆန္ဒရှိသလောက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဗဟိုအာဏာကို သိမ်းပိုက်ထားသော ပြည်မ၏ ချုပ်ချယ်မှုကြောင့် မဆောင်ရွက်နိုင်ခဲ့ကြပေ။ ပြည်နယ်သူ ပြည်နယ်သားများသည် ပြည်မ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများ၏ ဖိနှိပ်မှုအောက်တွင် အလူးအလှိမ့်ခံနေရလေသည်” ဟု လည်းကောင်း၊ “ထိုသို့တွေ့ကြုံရသော အခက်အခဲများကို ပြန်လည်သုံးသပ်ကြည့်သောအခါ အဓိက ချို့ယွင်းချက်သည် တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါရှိသော ဗမာပြည်မအစိုးရနှင့် ပြည်ထောင်စုဗဟိုအစိုးရတို့အား ခွဲမထားဘဲ အတူပူးပေါင်းထားခြင်းကြောင့် အစိုးရတဖွဲ့တည်း အုပ်ချုပ်သော စနစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်” ဟု လည်းကောင်း၊ “ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုစစ်စစ် တည်ထောင်လိုချက်များ၊ လမ်းညွှန်ချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၀ိညာဉ်ချုပ်သွားသည်မှာ ၀မ်းနည်းကြေကွဲစရာပင် ဖြစ်တော့သည်” ဟုလည်းကောင်း၊ “တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်သည်။ တန်းတူရေးမူကိုလည်း မပေးစွမ်းနိုင်။ ပြည်ထောင်စုအာဏာဟူသရွေ့ကို ပြည်ထောင်စု ဗဟိုအစိုးရအမည်နှင့် ဗမာပြည်မက လက်ဝါးကြီးအုပ် သိမ်းကျုံးယူပြီး ပြည်နယ်များကို မိမိလက်အောက်ခံပြည်နယ်များ (Vassal States) အဖြစ် သွတ်သွင်းခဲ့သည်” ဟု လည်းကောင်း စာတမ်းတွင် သုံးသပ်ဖော်ပြထားသည်။

ယင်း တိုင်းရင်းသားတို့၏ မကျေနပ်ချက်၊ ခံစားချက်များသည် ယခုတိုင် အရိုးစွဲနေသည်ကို စစ်အစိုးရက မသိကျိုးကျွံ လုပ်နေသည်။ နာဂစ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို လုံးဝလျစ်လျူပြုထားသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာခံခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်သွေးစည်းရေးအား ဥပေက္ခာပြုရာကျပေသည်။

မျက်မှောက်အခြေအနေအထိ မြန်မာ့နိုင်ငံရေးပဋိက္ခ၏ အဓိကအချက်မှာ တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးကိစ္စဖြစ်သည်။ ထိုအချက်အပေါ် နိုင်ငံရေးသမားများက မျှမျှတတ စဉ်းစားသုံးသပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စု (Federal) မူအရ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ စစ်တပ်ကမူ တမိန့်တအာဏာ တပြည်ထောင်စနစ်ဆီသို့သာ ဇွတ်တိုးသွားမြဲသွားနေသည်။

၁၉၆၀ ခုနှစ်အခြေအနေကို ပြန်ကြည့်လျှင် ဦးနု၏ ပြည်ထောင်စု (ပထစ) အစိုးရလက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရသည်။ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ၁၉၆၀ နိုဝင်ဘာ (၇) ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရက အစည်းအဝေးတရပ် ကျင်းပသည်။ ထိုအစည်းအဝေးသို့ ပါလီမန်အမတ်များ၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်တခုစီမှ ကိုယ်စားလှယ် (၂) ဦးစီ၊ ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီတခုစီမှ ကိုယ်စားလှယ် (၃) ဦးစီ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ တိုင်းပြည်ပြုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီကို အဖွဲ့ဝင် (၃၂) ဦးဖြင့် ဖွဲ့ခဲ့သည်။ ထိုကော်မတီက ၁၉၆၁ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူတရပ်ချမှတ်ခဲ့သည်။

ထိုမူတွင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်နှင့် လူမျိုးစုတိုင်းအတွက် လုံလောက်သည့် တန်းတူညီမျှမှုအခွင့်အရေး ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် တန်းတူညီမျှမှု လုံလောက်စွာရရှိရေးအတွက် အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ်မူဖြင့် ပြုပြင်ရေးဆွဲရန် ဖော်ပြထားသည်။ ထိုမူချပြီးနောက် ဦးထွန်းမြင့် (တောင်ကြီး)၊ မိုင်းပွန်စော်ဘွား စ၀်ဆေးဟုမ်၊ စည်သူဦးတင်၊ ဦးကျော်စိန်၊ ဦးကြာပုနှင့် ဦးလှရှိန်တို့ပါဝင်သည် ဆပ်ကော်မတီကို ဖွဲ့ခဲ့သည်။ ဆပ်ကော်မတီက အခြေခံဥပဒေဆိုင်ရာ အထောက်အထားများ ရှာဖွေစုဆောင်းလေ့လာကာ အစီရင်ခံစာကို (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီသို့ တင်သွင်းသည်။ ယင်းအစီရင်ခံစာကို ကော်မတီက ပြင်ဆင်ဖြည့်စွက်၍ “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးစာတမ်း” ကို ပြုစုသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ်ညီလာခံက ရှမ်းမူဟု လူသိများသော ထိုစာတမ်းကို အတည်ပြုခဲ့သည်။

အထက်ပါစာတမ်းတွင် အာဏာနှင့် အခွင့်အရေးခွဲဝေပုံမှာ မျှတမှုမရှိဘဲ ဗဟိုပြည်ထောင်စုအစိုးရက အာဏာအရပ်ရပ် ချုပ်ကိုင်ထားသဖြင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မကျေနပ်ကြကြောင်း၊ ဗမာများက လက်ဝါးကြီးအုပ်ထားသည်ဟု မယုံသင်္ကာဖြစ်ကြောင်း တင်ပြထားသည်။ ပါလီမန်ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍လည်း လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) တို့ အခွင့်အာဏာမတူကြောင်း၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်မရကြောင်း၊ ပြည်ထောင်စုအစိုးရသည် လူမျိုးစုလွှတ်တော်အား တာဝန်မခံဘဲ ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံသဖြင့် လူမျိုးစုလွှတ်တော်မှာ ဂုဏ်သိက္ခာမရှိသည့်ပြင် ပြည်နယ်များ၏ အခွင့်အရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် (၂) ရပ် တန်းတူအာဏာရှိရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ရရှိရေး တင်ပြထားသည်။

အထက်ပါစာတမ်းကို ဆွေးနွေးရန်နှင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ကို ပြန်လည်အသက်ဝင်စေရန် ရည်ရွယ်လျက် ၁၉၆၁ ဇွန်လ (၈) ရက်တွင် “ပြည်နယ်ပေါင်းစုံညီလာခံ” ကို တောင်ကြီးမြို့တွင် ကျင်းခဲ့သည်။ ထိုညီလာခံတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန် အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ (၁၃) ရက်၌ ဥက္ကဋ္ဌစ၀်ခွန်ချို၊ ဒု-ဥက္ကဋ္ဌ စ၀်ဝဏ္ဏ၊ အတွင်းရေးမှူး စ၀်ထွန်းအေး၊ တွဲဖက်အတွင်းရေးမှူး ဦးလှဖေ (ပအို့ဝ်) တို့ အပါအ၀င် (၂၂) ဦးပါ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ခဲ့သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ “(၁) ပြည်ထောင်စုခိုင်မြဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်ရန်။ (၂) ပြည်ထောင်စုအတွင်း ပါဝင်သော ပြည်နယ်များသည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိသည့်အားလျော်စွာ ထိုအခွင့်အရေးကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်။ (၃) ပြည်ထောင်စုအတွင်း တဦးနှင့်တဦး ခွဲခြားခြင်းမပြုဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်ထောင်စုတိုင်းရင်းသားမှန်သမျှ ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံခြင်းကို အားပေးကူညီရန်။ (၄) ကမ္ဘာ့ဒီမိုကရေစီဝါဒအရ ရသင့်ရထိုက်သော လူ့အခွင့်အရေးမှန်သမျှကို ပြည်ထောင်စုတိုင်းရင်းသားတိုင်း တန်းတူညီမျှမှု မဆုံးရှုံးရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန်။ (၅)  ပြည်နယ်အသီးသီးရှိ လူမျိုးစုတိုင်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်။ (၆) ဤအဖွဲ့တွင် ပါဝင်သော ပြည်နယ်များသည် ပြည်နယ်များနှင့် သက်ဆိုင်လာမည့် ကိစ္စအ၀၀တို့တွင် တညီတညွတ်တည်း စုပေါင်း၍ ပြဿနာရပ်များကို တစည်းတလုံးတည်း ဆောင်ရွက်ရန်” စသဖြင့်ဖြစ်သည်။

ထိုရှမ်းမူစာတမ်းနှင့်ပတ်သက်၍ ဇူလိုင်လ (၁၁) ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနုသည် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးနုက “ရှမ်းမူနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ လေ့လာပြီးတဲ့အတွက် ဒီနေ့ သတင်းစာကွန်ဖရင့်ခေါ်ကာ ပြောပြခြင်းဖြစ်ပါတယ်။ ကျနော် လေ့လာကြည့်တဲ့အခါမှာ သူတို့လုပ်နေတာ မမှားဘူး။ ပြည်ထောင်စုအစိုးရက ယခုအပတ် ပါလီမန်တွင် ဖြစ်နိုင်ရင် အခြေခံဥပဒေထဲမှာ လုပ်ငန်းလုပ်ရာမှာ အခက်အခဲတွေ့နေတဲ့ ပုဒ်မတွေကို ပြင်ဖို့ စိတ်ကူးခဲ့ပြီး ပြင်ဆင်ချက်ရှိတာတွေကို ပြင်ချင်ရင် တင်ပြရန် ခွင့်ပေးချက်အရ လုပ်ကိုင်ကြခြင်းသာဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်အရ ဒါတွေ လိုချင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး တောင်းတာဟာ ဒီမိုကရေစီအခွင့်အရေးကို သူတို့အသုံးပြုခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီအခွင့်အရေး သုံးတာကို အစိုးရအဖွဲ့က စိတ်ဆိုးစရာမရှိဘူး။ … ရှမ်းမူရေးဆွဲခြင်းကို စိတ်မဆိုးဘူး။ … ဒါပေမယ့် တိုင်းပြည်မှာ သို့လောသို့လော အထင်မှားဖြစ်တယ်။ ကျနော့်အနေနဲ့လည်း အထင်မှားချက် တချက်နှစ်ချက် ရှိခဲ့တယ်။ ဒီအထင်မှားချက်တွေကို စ၀်ခွန်ချိုနဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ရှင်းလင်းပြောပြတဲ့အခါမှာ အထင်မှားချက်တွေ ပျောက်ကုန်တယ်။ … … … အခု သူတို့လုပ်နေတဲ့ လမ်းစဉ်ဟာ ပေးရင်ပေး မပေးရင် ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ ကျနော်တို့ကလည်း မင်းတို့ချရင် ဒို့ကလည်း ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်”

“ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေချင်ရင် ငါတကော ကော၍မရဘဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်ကိုင်သွားပြီး အဖြေရှာရပါမယ်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲချင်ရင် မလိမ့်တပတ်မလုပ်နဲ့။ မိသားစုအနေနဲ့ ဖြေရှင်းသွားကြရန်၊ လူနည်းစုတွေရော မြန်မာတွေကိုပါ ဒီနေရာက သတိပေးလိုက်ပါတယ်။ ရှမ်းမူခေါ်တဲ့ ဖက်ဒရယ်မူကို မျက်လုံးမပြူးကြပါနဲ့။ မိသားစုအနေနဲ့ ရှင်းသွားပါမယ်” ဟု ဦးနုက ရှင်းလင်းပြောဆိုခဲ့သည်။

ထိုအခြေအနေများကိုကြည့်လျှင် ရှမ်းမူစာတမ်းမှာ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးကို တောင်းဆိုသော်လည်း ခွဲထွက်ရန်သဘော လုံးဝမတွေ့ရချေ။

ဝန်ကြီးချုပ် ဦးနု ရှမ်းမူသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်နေ့မှာပင် (ဖက်ဒရယ်မူနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ သဘောထားကြေညာချက်) ကို ဖြန့်ဝေခဲ့သည်။ ကြေညာချက်တွင် ဖက်ဒရယ်မူနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပထစ၊ ဖဆပလ၊ ပမညတခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အမှူးပြုသော ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များ၊ သတင်းစာဆရာမျာနှင့် စာရေးဆရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ လူမျိုးပေါင်းစုံချစ်ကြည်ရေး လူမျိုးစုတိုင်း တန်းတူညီမျှရေးနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်မူရေးဆွဲထားကြောင်း၊ ပါတီအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက လက်ခံတွေ့ဆုံကာ ညီရင်းအစ်ကိုသဖွယ် အကြံပေးဆွေးနွေးကြသည်ကို အားရကျေနပ်ကြောင်း၊ ပြည်နယ်ပေါင်းစုံညီလာခံနှင့် ထိုညီလာခံတွင် ဖွဲ့စည်းလိုက်သော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းပြခွင့်ရသဖြင့် ဖက်ဒရယ်မူနှင့်ပတ်သက်၍ သံသယနှင့် အထင်အမြင်လွဲမှားမှုများ ပပျောက်ကာ ပြည်မနှင့် ရှမ်းပြည်နယ်အကြား နားလည်မှုပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

၁၉၄၇ အခြေခံဥပဒေတွင် ချို့ယွင်းချက်များ ဖြစ်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ ဦးထွန်းမြင့် (တောင်ကြီး) က ၁၉၆၂ ဖေဖော်ဝါရီ (၂၄) ရက်နေ့က ရန်ကုန်၊ ပြည်လမ်း၊ အသံလွှင့်ရုံခန်းမ ပြည်ထောင်စုမူဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ …
(တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေရေးဆွဲကြစဉ် ကော်မတီအစည်းအဝေးတခု၌ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဋ္ဌာန်းချက်များ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာသည်ဟုဆိုသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဦးချန်ထွန်း၊ ခင်ဗျား လန်ဘားကျောက်ဒရား* တွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ Broad Principle ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို By Act ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာပဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့ လုပ်နေရင် နှစ်လ၊ သုံးလနဲ့ ဘယ်မှာပြီးနိုင်ပါ့မလဲ” စသဖြင့် ပြောခဲ့သည်ဟု ဦးထွန်းမြင့်က ဆိုသည်။ ထို့ပြင် ဗိုလ်ချုပ်က “ဥပဒေဆိုတာ Gospal Truth ဘုရားဟောတွေ မဟုတ်ပါဘူး။ လူလုပ်ထားတဲ့ ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာရှိ မရှိက အရေးကြီးပါတယ်”  ပြောခဲ့ကြောင်း ဦးထွန်းမြင့်က သူ့အသံလွှင့်ရုံ မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ *လန်ဘားကျောက်ဒရား = ကုလားစကား = ရှည်လျားသောဟု အနက်ဆိုလိုသည်။)  ယခု နာဂစ်ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်မှု မပြုနိုင်ရန် လုပ်ထားပုံအရ စစ်ဗိုလ်များ၏ စေတနာကို မြင်နိုင်သည်။
  
ဤသမိုင်းအဖြစ်အပျက် ပုံကြမ်းကို အကျဉ်းမျှ တင်ပြရသည့် ရည်ရွယ်ချက်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း၏ ကလိန်ကျမှုကို သိသာစေရန် ဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကြောင့် မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက ပြည်သူလူထုအား လိမ်လည်လှည့်ဖြားကာ အာဏာသိမ်းခဲ့သည်။ ဒီမိုကရေစီနည်းအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြင်းကြခုန်ကြဆွေးနွေးကြရသည်မှာ ကမ္ဘာနှင့်အ၀ှမ်းတွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်သည်။ ဤသို့ဆွေးနွေးငြင်းခုန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ် မရှိပေ။

တကယ့်စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့ချိန်မှာ တော်လှန်ရေးကောင်စီက လမ်းစဉ်ပါတီထောင်သည့်အချိန် ဖြစ်သည်။ လမ်းစဉ်ပါတီမထောင်မီ ဗိုလ်နေ၀င်းက ပထစ၊ ဖဆပလနှင့် ပမညတခေါင်းဆောင်များအား မတ်လ (၄) ရက်တွင် တကြိမ်၊ မေလ (၇) ရက်တွင် တကြိမ်နှင့် မေလ (၁၇) ရက်တွင် တကြိမ် (၃) ကြိမ် သီးခြားစီတွေ့ခဲ့သည်။ ပထမအကြိမ်တွင် မလွှဲသာ၍ အာဏာသိမ်းရကြောင်း ရှင်းပြသည်။ ဒုတိယအကြိမ်တွင် တော်လှန်ရေးကောင်စီ၏ ဧပြီ (၃၀) ရက်နေ့ ထုတ်ပြန်သည့် ၀ါဒသဘောထားကြေညာချက်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရှင်းပြသည်။ တတိယအကြိမ်တွင် နိုင်ငံရေးပါတီများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အပေါ် မည်သို့သဘောထားကြောင်း မေးမြန်းသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးပါတီများအတွင်း သဘောထားကွဲမှုများ ဖြစ်ပွားခဲ့သည်။

၁၉၆၂ ခု ဇူလိုင်လ (၄) ရက်တွင် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ထူထောင်လိုက်သောအခါ ဖဆပလ၊ ပထစ၊ ပမညတ ခေါင်းဆောင်များသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့တွေ့ဆုံမှု၊ ၎င်းတို့ပါတီအသီးသီး၏ လမ်းစဉ်ပါတီအပေါ် သဘောထားထုတ်ပြန်ကြေညာချက်များ၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ လုပ်ခဲ့ကြသည်။ လက်အောက်ခံပါတီများ၊ အလုပ်သမား လယ်သမားသမဂ္ဂများအထိ လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေး အကြီးအကျယ် သဘောထားကွဲခဲ့ကြသည်။ ဤသို့ဖြင့် ပါတီပေါင်းစုံမှ နိုင်ငံရေးသမားအများအပြား လမ်းစဉ်ပါတီဝင်ရေး ဆုံးဖြတ်၍ စစ်တပ်ပါတီကို အလုပ်အကျွေးပြုခဲ့ကြသည်။ လမ်းစဉ်ပါတီဆန့်ကျင်သူများ ထောင်ကျတန်းကျ ဖြစ်ကြရသည်။ ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်လည်း နင်းခြေခံလိုက်ရသည်။

ထိုစဉ်က စစ်အာဏာသိမ်းမှုကို နိုင်ငံရေးသတိရှိရှိ ကန့်ကွက်ရှုတ်ချခဲ့ကြသော အဖွဲ့အစည်းများတွင် ကျောင်းသားသမဂ္ဂများမှာ ထိပ်ဆုံးကဖြစ်သည်။ လူငယ့်တပ်ဦး (ဗမာနိုင်ငံ) နှင့် မဟာမိတ် (၁၀) ဖွဲ့တို့က “စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချကြ” ကြေညာချက်များ ဖြန့်ဝေခဲ့သည်။ မန္တလေးခရိုင် လူငယ့်တပ်ဦး၊ တက္ကသိုလ်တပ်ဦးသစ်၊ ရခိုင်သံဃာ့တပ်ဦး (ဗဟိုဌာနချုပ်)၊ ရခိုင်သောတုဇန(သစ်)ဌာနချုပ်၊ စစ်ဆန့်ကျင်ရေး သံဃာ့အဖွဲ့ဌာနချုပ်၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ် ကျောင်းသားသမဂ္ဂများ အစရှိသော အဖွဲ့များကလည်း စာရွက်စာတမ်းများ ထုတ်ပြန်ရှုတ်ချခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်သားညီညွတ်ရေးတပ်ဦး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဗကသတို့၏ ၁၉၆၂၊ (၇) ဇူလိုင် အရေးတော်ပုံသည် ထင်ရှားသော သမိုင်းသာဓကဖြစ်သည်။ ယနေ့လည်း ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျောင်းသားများပင် ဦးဆောင်နေသည်။

ယခု လက်ငင်းဖြစ်ပေါ်နေသည့် စစ်အာဏာသိဒ္ဓိတင်မည့် ရွေးကောက်ပွဲ ၀င်ရေး-မ၀င်ရေးပြဿနာမှာ ဗိုလ်နေ၀င်းခေတ် လမ်းစဉ်ပါတီဝင်ရေး-မ၀င်ရေးနှင့် သံတူကြောင်းကွဲဖြစ်ပေသည်။ စစ်အာဏာရှင်၏ ခွေးကတက်တွင် နိုင်ငံရေးလုပ်ပိုင်ခွင့် (Political Space) ရနိုးနိုးဖြင့် မိမိတို့ယုံကြည်ချက်ကို စွန့်၊ မိမိတို့ပါတီကို ဖျက်သိမ်းကာ၊ ကျွန်ခံခဲ့ကြရဖူးသည့် သမိုင်းအတွေ့အကြုံကို ပြန်လည်စောင်းငဲ့ကြည့်သင့်၏။ ယခုရွေးကောက်ပွဲအခင်းအကျင်းက သာမန်နိုင်ငံရေးပါတီများအတွက် ခွေးကတက်မှာပင် နေရာမရှိကြောင်း မြင်နေရသည်။ ရွေးကောက်ပွဲဥပဒေစည်းမျဉ်း အကန့်အသတ်များ၊ မလျှော်အာဏာသုံး ဟန့်တားမှုများ၊ ငွေကြေးအခက်အခဲ အတားအဆီးများနှင့် အာဏာပါးကွက်သား အင်အားသုံးခြိမ်းခြောက်မှုများအပြင် နောက်ထပ် မမြင်သာသော အနှောင့်အယှက်များလည်း ရှိလိမ့်ဦးမည်။

တိုင်းရင်းသားပါတီများ အခြေအနေကောင်းမည်လားဟု မျှော်လင့်နေကြသည်။ ၁၉၄၇ ကတည်းကစခဲ့သော ဖက်ဒရယ်ပြည်ထောင်စုမူကို စစ်တပ်က လုံးဝပယ်ချ တိုက်ဖျက်နေဆဲရှိသည်ကို မမေ့သင့်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယခုစစ်အာဏာရှင်တို့၏ အဓိက နိုင်ငံရေးပဋိပက္ခမှာလည်း ဖက်ဒရယ်ပြည်ထောင်စုကိစ္စပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတို့အား လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး လမ်းစဉ်အတိုင်း သွားနေသည်။ စစ်တပ်က ဟန်ပြ ပြည်ထောင်စုဖြင့် ဗဟိုအစိုးရက အာဏာအလုံးစုံ ချုပ်ကိုင်ရေး လမ်းစဉ်အတိုင်းသွားရန် ယခုရွေးကောက်ပွဲကို ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိဒ္ဓိတင်ရေး ရွေးကောက်ပွဲသည် အဖြည့်ခံ နိုင်ငံရေးပါတီများအတွက် ထောင့်စေ့အောင် ဆင်ထားသော သတ်ကွင်းထောင်ချောက်ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားသင့်လှ၏။


စစ်တပ်၏ လက်သုံးဝါဒဖြန့်ချက်ဖြစ်သည့် “ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်” ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန်၊ စစ်အာဏာခိုင်မြဲစေရန်၊ ကောလာဟလ ထုတ်လွှင့်ချက်ဖြစ်သည်ကို မမေ့သင့်။ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်လျှင် စစ်အာဏာသက်ဆိုးမရှည်နိုင်။ ဤသတ်ကွင်းထောင်ချောက်မှ လွတ်မြောက်ရေးအတွက် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး ညီညီညွတ်ညွတ် ပိုင်းဖြတ်မှုရှိရှိ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြင်ဆင်ကြရပေလိမ့်မည်။

ကိုးကား ။     ။

(၁) ၁၉၅၈-၁၉၆၈ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) - ဦးမြဟန်နှင့် ဦးသိန်းလှိုင် ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ။ ဒုတိယနှိပ်ခြင်း။
(၂) မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ၊ ၁၉၆၂-၁၉၇၄၊ (ပထမတွဲ) - ဦးမြဟန်၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဦးကျော်ငြိမ်း၊ ဦးသန်းလွင်၊ ဦးစိန်မြင့်တို့ ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သည်။ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၃ ခုနှစ် မေလ။ ပထမနှိပ်ခြင်း။

ဒေါ်စု မပါသည့် ရွေးကောက်ပွဲ အဖြေမထွက်ဟု ကိုဌေးကြွယ် ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည် မပါသော ရွေးကောက်ပွဲသည်  အဖြေမထွက်သော ရွေးကောက်ပွဲဟူ၍ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

လက်ရှိ အကျဉ်းကျနေသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ ယခုလ ၉ရက် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် ယောက်ဖ ကိုဖြိုးမင်းသိန်းနှင့် ညီမ မမီးမီးကြွယ်တို့ကို ကိုဌေးကြွယ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
htaygy
photo : AAPP ဘူးသီးထောင်တွင် အကျဉ်းကျနေသော ၈၈ မျိုးဆက်ကိုဌေးကြွယ်

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါသင့်ပါထိုက်တဲ့သူတွေ ပါသင့်တယ်။ ဒီလူတွေ မပါဘဲနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အားလုံး ပါဝင်တဲ့ ပွဲတခု မဟုတ်တဲ့အတွက် နောက်ဆက်တွဲမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်။ နိုင်ငံတကာမှာ နောက်ဆက်တွဲ ပြဿနာတွေ၊ အထွေထွေ အရှုပ်အရှင်း အခြေအနေတွေ ထပ်ဖြစ်လာတာကလွဲရင် မြန်မာ့နိုင်ငံရေးဟာ အဖြေတခု မထွက်ပေါ်နိုင်ဘူးလို့ ကိုဌေးကြွယ်က ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောပြသည်။

၉ ရက်နေ့နှင့် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ခွင့်ရရှိရာ တခါတွေ့လျှင် မိနစ် ၃ဝ ခန့်ဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များကို အထူးရဲသတင်း တပ်ဖွဲ့ဝင်များနှင့် ထောင်အာဏာပိုင်များက လိုက်လံမှတ်သားခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်စာတမ်းအချို့အပြင် ဘာသာရေး စာအုပ်များ၊ စာပေစိစစ်ရေး ခွင့်ပြုထားသည့် ဘာသာပြန်စာအုပ်များ၊ မဂ္ဂဇင်းများအပြင် စီးပွားရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကိုဌေးကြွယ် ဖတ်ရှုခွင့်ရသည်။

“ကြည့်ရတာက စိတ်က လန်းဆန်းနေတယ်။ နည်းနည်း ပိန်သွားတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ခွင့်ရတယ်လို့ ပြောတယ်။ သူ စာဖတ်တယ်၊ ဘာသာရေး လုပ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်တယ်။ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေ အကုန်လုံး သူ သိနေတယ်” ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်တွင် ကိုဌေးကြွယ်အပြင် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးရာပြည့်၊ လှိုင်သာယာမြို့နယ်မှ NLD လူငယ်အဖွဲ့ဝင် သန့်စင်မျိုး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးလည်း ကောင်းမွန်နေကြောင်း သိရသည်။

ရန်ကုန်တွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊  ကိုဇော်ဇော်မင်း၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီနှင့် မနီလာသိန်း အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦးကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဖမ်းဆီးခံရမှုတွင် ကိုဌေးကြွယ်လည်း ပါဝင်သည်။  ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ အင်းစိန်ထောင်တွင်း အထူးခုံရုံးက ထောင်ဒဏ် ၆၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ကိုဌေးကြွယ်၏ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ပြည်တွင်း၌ မြေအောက်လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တို့နှင့်အတူ ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့်  တိုင်းရင်းသား ခေါင်းဆောင်များကို တိုင်းပြည်၏ နိုင်ငံရေး ဖြစ်စဉ်ထဲမှ ဖယ်ထုတ်ရန် ကြိုးစားမှုတခုအဖြစ် ရှုမြင်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သံဃာများကို နှောင့်ယှက်လျှင် သပိတ်မှောက်မည်

သံဃာများကို နှောင့်ယှက်လျှင် သပိတ်မှောက်မည်

E-mail Print
Share/Save/Bookmark အကျဉ်း ကျနေသော ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါဆုတောင်းအဖွဲ့ ဆွမ်းကပ် လှူဒါန်းလေ့ရှိသော မကွေး ကျောင်းတိုက်ကို အာဏာပိုင်များ၏ နှောင့်ယှက်နေမှုများ ရပ်တန့်ခြင်း မရှိပါက သံဃာတော်များ အနေဖြင့် သပိတ်မှောက် ဆန္ဒပြမည်ဟု ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော်က မိန့်ကြားလိုက်သည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင်ရှိသော မကွေးကျောင်းတိုက်သို့ လာရောက်သည့် အလှူရှင်များ၏ ကားများကို ရယက အဖွဲ့ဝင်များက နံပါတ်များ မှတ်သားပြီး မေးမြန်းခြင်းဖြင့် အလှူရှင်များကို ကျောင်းတိုက်သို့ မလာဝံ့ရန် ပြုလုပ် နေသည်မှာ ၂ လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း မကွေးကျောင်းတိုက်မှ ပဓာန နာယက ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။

“ဘုန်းကြီးတို့မှာ သပိတ်မှောက် အင်္ဂါရပ် ၈ ရပ်ရှိတယ်။ အဲဒီထဲက တချက်ဖြစ်တဲ့ ရဟန်းတို့အား လာဘ်လာဘ မရအောင်၊ လှူမယ့်တန်းမယ့် ပုဂ္ဂိုလ်တွေ မလာအောင် ပြုလုပ်လို့ရှိရင် ဦးပဉ္ဇင်းတို့က သပိတ်မှောက်ပိုင်ခွင့် ရှိပါတယ်။ ဒါက ဘုရားပေးထားတဲ့ နည်းလမ်းပါပဲ။ ဒါတွေကို မရပ်ဘူးဆိုရင် လာမယ့် သီတင်းကျွတ်ကျရင် တနိုင်ငံလုံးက ကျောင်းတိုက်တွေကို ဆော်သြပြီး အစိုးရကို သပိတ်မှောက်ရလိမ့်မယ်”ဟု ဆရာတော်က မိန့်သည်။

ဘုန်းကြီးကျောင်းများနှင့် သံဃာတော်များကို စောင့်ကြည့်ခြင်းတို့ကြောင့် သံဃာတော်များ လွတ်လပ်မှု၊ စိတ်အေးချမ်း မှု မရရှိသည့်အပြင်၊ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်သူများ၊ အလှူရှင်များလည်း အနှောင့်အယှက် ဖြစ်ရကြောင်း သိရှိရသည်။

“သူတို့ ဒီလိုလုပ်နေတော့ ပြီးခဲ့တဲ့ ၀ါဆိုတုန်းကဆိုရင် သူတို့ ဖိအားပေးလို့လားတော့ မသိဘူးပေါ့။ ဘုန်းကြီးတို့ ကျောင်းကို အလှူရှင်တွေ မလာရဲကြတော့ဘူး။ တခြား ကျောင်းတိုက်တွေကိုလည်း ဒီလို လုပ်တာတွေရှိမှာပဲ။ ဒါက ဘုန်းကြီးတို့တွေကိုရော အလှူရှင်တွေကိုရော ဒုက္ခရောက်အောင် ပိတ်ပင်နေတာပဲ” ဟု ဆရာတော်က မိန့်သည်။

ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော အခမဲ့ စာသင်ဝိုင်းမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ထူးချွန် ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုအခမ်းအနားပြုလုပ်သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ ရာအိမ်မှူး ဦးမြင့်သိန်း ဦးဆောင်သော ရပ်ကွက်အာဏာပိုင်များက နှောင့်ယှက်မှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခ က “အဲဒီတုန်းက ဘုန်းကြီးတို့ ရန်ကုန် တိုင်းရုံးကို တိုင်တယ်။ မိတ္တူကို ပြည်ထဲရေး ၀န်ကြီးဆီကို ပို့တယ်။ နိုင်ငံတော် သံဃ မဟာနာယက ဆီကိုလည်း ပို့တယ်။ အမှတ် ၂ စစ်ဒေသရုံးကိုလည်း ပို့တယ်။ ဒါပေမယ့် အဲဒါက အထက်ကနေ အဆင့်ဆင့် ပြန်လာတော့ သူတို့မှာ အပြစ်မရှိကြောင်း စာထွက်လာတယ်။ ဘုန်းကြီးတို့ လိုချင်တာက မတရားတာ မလုပ်ကြဖို့ပါပဲ”ဟု မိန့်သည်။

မကွေးကျောင်းတိုက်တွင် ၂၀၀၈ ဇွန်လဆန်းမှ စတင်၍ မေတ္တာရှင် အခမဲ့ ဆေးပေးခန်း ဖွင့်လှစ်ထားပြီး မေတ္တာရှင် တက္ကသိုလ်ဝင်တန်း အခမဲ့ စာသင်ဝိုင်းကိုလည်း ဖွင့်လှစ်ထားကြောင်း၊ ကျောင်းတိုက်အနီး ၀န်းကျင်မှ ချို့တဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသား ၈၀ ကျော်ရှိနေပြီး လွန်ခဲ့သည့် စာသင်နှစ်က ကျောင်းသား ၂၀ ရာခိုင် နှုန်း အောင်မြင်၍ ဘာသာစုံ ဂုဏ်ထူးရှင်များလည်း ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းလေ့ရှိသော အင်္ဂါဆုတောင်းအဖွဲ့မှ ဒေါ်နော်အုန်းလှနှင့် အဖွဲ့ဝင် ၄ ဦးသည် ၂၀၀၉ ခုနှစ် သီတင်းကျွတ်လပြည့်နေ့က အဆိုပါ မကွေးကျောင်းတိုက်တွင် ဆွမ်းကပ်ပြီး အပြန်တွင် ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်) ကံဆောင်သည့် ကမ္မ၀ါစာများ လက်ဝယ်တွေ့ရှိမှုဖြင့် ထိန်းသိမ်းခံခဲ့ကြရသည်။ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသော ဒေါ်နော်အုန်းလှကို အာဏာပိုင်များက ပြီးခဲ့သည့် မတ်လတွင် အင်းစိန်ထောင်မှ တောင်ငူထောင်သို့ ပို့ဆောင်ခဲ့သည်။

၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့တွင် လမ်းလျှောက် မေတ္တာပို့ခဲ့သည့် သံဃာတော်များအား ရိုက်နှက်ခြင်း ကို ၀န်ချတောင်းပန်မှု မပြုသောကြောင့် စက်တင်ဘာ ၁၈ ရက်နေ့မှ စ၍ နိုင်ငံတဝန်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြသည်။

အဆိုပါ သံဃာ့အရေးအခင်းကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပြီးသည့် နောက်ပိုင်းတွင် ကျောင်းတိုက်တချို့ကို ချိတ်ပိတ်ခြင်း၊ မြို့ပေါ်မှ သံဃာတော်များကို နေရပ်သို့ပြန်လွှတ်ခြင်း၊ ဘုန်းကြီးကျောင်းများ၊ သံဃာတော်များကို စောင့်ကြည့်ခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အပါအ၀င် နိုင်ငံရေးတက်ကြွသူများ၏ ဆွမ်းကပ် လှူဒါန်းမှုများကို လက်မခံရန် သံဃာတော်များကို ဖိအားပေးခြင်းနှင့် ထင်ရှားကျော်ကြားသော ဆရာတော်ကြီးများ၏ တရားပွဲများကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

ကုလညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တင်သွင်းဖို့ EU နိုင်ငံများ ပြင်ဆင်


မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၀ အတွက် မူကြမ်းကို EU ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးတွေက ရေးဆွဲနေချိန်မှာပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ် ပြစ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ထူထောင်ဖို့အတွက် ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့သမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ဖြစ်စေမှာမို့ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို စက်တင်ဘာလထဲမှာ ကျင်းပတော့မှာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံကြချိန်မှာ ဆွေးနွေးကြမယ့် မြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်ပြီး တင်သွင်းမယ့် ဆုံးဖြတ်ချက် မူကြမ်းကို အခု EU ဥရောပနိုင်ငံတွေ ရေးဆွဲနေကြပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။
“အခုချိန်မှာ EU ဥရောပ သမဂ္ဂကနေ လာမယ့် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တင်သွင်းမယ့် ဆုံးဖြတ်ချက်အတွက် မူကြမ်းတွေ ရေးဆွဲနေပါတယ်။ အဲဒီမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် ပြစ်တင် ရှုတ်ချကြမှာပါ။ များသောအားဖြင့် မြန်မာနိုင်ငံ စစ်အစိုးရကို လူ့အခွင့်အရေး မချိုးဖောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်တုန်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ စာပိုဒ် နှစ်ပိုဒ် သုံးပိုဒ်ပဲ ပါပေမဲ့ အခုနောက်ပိုင်းမှာ စာမျက်နှာတွေ အများကြီး ဖြစ်လာတာကို တွေ့ရပါတယ်။”
မြန်မာနိုင်ငံအတွက် ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ၁၉ ခု ရှိခဲ့ပြီ ဖြစ်ပေမဲ့ ဒါတွေဟာ Non Binding လို့ခေါ်တဲ့ မလိုက်နာရင်လည်း ရတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတာမို့ ထိရောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုတွေကို မြန်မာစစ်အစိုးရက လိုက်နာ ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် အခုနောက်ဆုံး ထုတ်ပြန်မယ့် အမှတ် ၂၀ မှာ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာဖို့အတွက် Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။
“မနှစ်က ဆုံးဖြတ်ချက် အမှတ် ၁၉ ကိုလည်း ဗိုလ်ချုပ်ကြီးတွေက ဂရုမစိုက်ဘဲ ထားတာကြောင့် အခု အမှတ် ၂၀ မှာတော့ တောင်းဆိုတာတွေ မလုပ်ဘဲ အရေးယူ ဆောင်ရွက်ကြဖို့ လိုပါပြီ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ မြန်မာနိုင်ငံထဲက စစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။”
ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာစစ်ခေါင်းတွေအပေါ် စစ်ရာဇ၀တ်မှုနဲ့ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်နိုင်မယ့် အချက် အမြောက်အမြား ပါနေတာ တွေ့ရပေမဲ့ အခုထိ အရေးယူ ဆောင်ရွက်တာမျိုး မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ ဒီလို ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မတ်လတုန်းက တောင်းဆိုခဲ့တာမို့ အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်ကောင်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပြီး ဒီဥပဒေ အတည်ပြုသွားရင် ဒီရာဇ၀တ် ပြစ်မှုတွေကို မြန်မာနိုင်ငံတွင်းက ဥပဒေနဲ့ အရေးယူနိုင်တော့မှာ မဟုတ်တဲ့အတွက် နိုင်ငံတကာ ဥပဒေနဲ့ အရေးယူနိုင်ဖို့ ကုလသမဂ္ဂက ပါဝင် ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။
အာရှ လူ့အခွင့်အရေးကောင်စီ (AHRC) ကလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာမို့ ကုလသမဂ္ဂကပါ ပါဝင်ဆောင်ရွက်လာဖို့ တိုက်တွန်းတယ်လို့ AHRC ပြောခွင့်ရ ဦးမင်းလွင်ဦးက ပြောပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ အစိုးရတရပ်က နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ မူဝါဒ လမ်းညွှန်ချက်တွေ၊ ဆောင်ရွက်ချက်တွေ၊ တာဝန်နဲ့ ရပိုင်ခွင့် အားလုံးကို ဆက်ခံတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြဋ္ဌာန်းထားတယ်။ အစိုးရအဖွဲ့ဝင် တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်များပေါ်မှာ အကြောင်းပြုပြီး ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ ဆိုပြီးတော့ တားမြစ်ထားတာကို တွေ့ရတယ်။
“ဒါကြောင့် နောင် တက်လာတဲ့ အစိုးရ အနေနဲ့ နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်တွေ အပေါ်မှာ အရေးယူဖို့အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ပြည်တွင်းဥပဒေအရ ဆောင်ရွက်လာမယ် ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက အပြီးသတ် ပိတ်ပင်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ စစ်အစိုးရကနေပြီး ကျူးလွန်ခဲ့တဲ့ တချို့ကိစ္စရပ်တွေက ရွာလုံးကျွတ် မီးရှို့တဲ့ ကိစ္စရပ်တွေ၊ အစုအပြုံလိုက် သတ်တဲ့ကိစ္စတွေ၊ ဒီဥစ္စာတွေက လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ကိစ္စရပ်တွေ၊ ဒါကြောင့်လည်း နိုင်ငံတကာကနေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နေပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်ခဲ့တဲ့ လူသားမဆန်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ နအဖစစ်အစိုးရကို အရေးယူနိုင်ဖို့အတွက် ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့လည်း လိုအပ်တယ်။
“ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း စုံစမ်း စစ်ဆေးဖို့အတွက် ကော်မရှင် သော်လည်းကောင်း၊ အထူးကိုယ်စားလှယ် သော်လည်းကောင်း ခန့်အပ်ပြီး တာဝန်ပေးဖို့ လိုတယ်။ ဒါကိုလည်း ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”
AHRC အဖွဲ့ ပြောခွင့်ရ ဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

“တော်လှန်ရေး ဋီိကာ”









“တော်လှန်ရေး ဋီိကာ”
ဖိုးအံ့

(၁)
တော်လှန်ရေးသည်
လရောင်အောက်တွင်
စောင်းတီးခြင်းမဟုတ်။

(၂)
တော်လှန်ရေးသည်
မည်ကာမတ္တလုပ်နေသော
အမည်ခံ၊ အဖြည့်ခံဝေါဟာရ
စကားလုံးတစ်လုံးအဖြစ်
ရပ်တည်နေသော စိတ်ဖြေ
လုပ်ငန်းမဟုတ်။

(၃)
တော်လှန်ရေးသည်
ခပ်ပါးပါး လုပ်ဟန်ပြုနေသော
Paper Revolution
မဟုတ်။

(၄)
တော်လှန်ရေးသည်
စံနှုန်းတွေနှင့် ပြဌာန်းထားသော
တရားဓမ္မ(သို့ )ပရမတ္တဖြစ်သည်။

(၅)
တော်လှန်ရေးသည်
ကိုယ်လိုရာ အကောင်းမြင်ဝါဒကို
လက်မခံ။










(၆)
တော်လှန်ရေးသည်
သစ္စာတရားအပေါ်တွင်
ခံယူထားသော ကတိ
ဘယ်လောက်လိုက်နာဆိုသည့်
အချက်နှင့်တိုင်းတာရမှာပဲ။

(၇)
တော်လှန်ရေးသည်
သမာသမတ်ကျသော
ရပ်တည်မှုအပေါ်တွင်
မူတည်ပြီး...
သစ္စာတရားနှင့် ကတိတွေအပေါ်
အထပ်ထပ်ချိုးဖောက်နေသော
ရဲဘော်အတုတွေကို
တော်လှန်ရေး ရဲဘော်ဟု မဆိုအပ်။

(၈)
တော်လှန်ရေးသည်
ရပ်တည်ချက်နှင့် လုပ်ဟန်များကို
စောင့်ကြည့်ပြီး...
တော်လှန်ရေး အရေခွံခြုံထားသော
တော်လှန်ရေး အတုများကို
တော်လှန်တိုက်ပွဲဝင်ရင်း
စစ်မှန်သော တော်လှန်ရေးရဲဘော်များကို
အမြဲတမ်းရှာဖွေ နှလုံးသွင်းလျက်ရှိသည်၊
ဖိုးအံ့
6 Jun 2010

လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်းနှင့် အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်ချက်ဖြင့်
ဟစ်တိုင် ၀ိုင်းတော်သားများ
www.hittaing.org

မမေ့နိုင်တဲ့ ရှစ်လေးလုံး

၈ လေးလုံးသို့ ပြန်လည် တမ်းတခြင်း

ရန်ကုန်မြို့  (၈၈၈၈) အခမ်းအနား

           

ရှစ်လေးလုံး … နှစ်ဆယ့်နှစ်


ရှစ်လေးလုံး … နှစ်ဆယ့်နှစ်
ကမာပုလဲ

မနက်ဖြန်ဟာ
ရှစ်လေးလုံးကို ခေါ်ဆောင်လာလိမ့်မယ်
ဝင်းမော်ဦးလည်း ပါတယ်ပေါ့ …။

တယောက်တမျိုး ပြောကြတယ်
တဦးချင်း အကျိုးစီးပွားတွေကလည်း ဒုနဲ့ဒေး
နီရဲအောင် ခတ်ခဲ့တဲ့ လက်မောင်းတွေကလည်း
ခုဆို အပြာရောင်သမ်းလို့ …။

အကျိုးစီးပွားဆိုတာက
ဆွေမျိုးအပေါ် အခြေမခံဘူး
အတန်းအစားပေါ်မှာ အခြေခံတယ် …
စာမတတ်တဲ့ လယ်သမားအဖိုးအိုကြီး ပြောမှ
ငါ့ဘ၀အသိ သူငယ်နှပ်စားနိုင်ခဲ့ပုံ …။

နှစ်ဆယ့်နှစ်နှစ်တဲ့
တကယ်ရင်းနှီးမြုပ်နှံလုပ်ခဲ့သူတွေ …
နှစ်ဆယ့်နှစ်နှစ်တဲ့
ဘီလူးစည်း၊ လူ့စည်း ကွဲခဲ့ပုံတွေ ...
နှစ်ဆယ့်နှစ်နှစ်တဲ့
ရှင်ခြင်းနဲ့ သေခြင်းကို
တိုက်ပွဲဝင် မြင့်မြတ်ခဲ့သူတွေ …။

ရိုးရှင်းနုပျိုနေတဲ့ မျက်နှာလေးတွေက
ရှစ်လေးလုံး သမိုင်းအဖြစ်အပျက်ကို မေးတဲ့အခါ
မေမေရယ် ...
ကျနော်ပြန်ဖြေတဲ့ စကားလုံးတွေမှာ
မျက်ရည်တွေအတိ
ဂုဏ်ယူကြည်နူးမှုတွေအတိ ။ ။

ကမာပုလဲ
(၀၇၊ ၀၈၊ ၂၀၁၀)

လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ



လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ
မားဆိုး

ခြံအမှတ် (၅၄) မှာ
ထူးတွေ
အထပ်ထပ်နဲ့
မှတ်တိုင်တွေ
(၆၅) တိုင် ရေးထိုးခဲ့ပြီ
သေတဲ့အထိ
မျက်နှာမငယ်စေရဘူး အမေ။

အမေရေ ...
တောခွေးအတွေ ဝိုင်းဟောင်ကြတယ်
ဒါပေမယ့်
“ဝုတ် ... ဝုတ်” လို့ မမြည်ဖူး
“ရွေးကောက်ပွဲ ... ရွေးကောက်ပွဲ” လို့ မြည်တယ်။

၂၀၁၀ ထန်းလျက်ခဲ ချကျွေးတော့
မြိန်ရည်ရှက်ရည်ရှိလိုက်ကြပုံများ
မော်ဒန်ဆရာလေးတချို့တောင်
သက်တော်ရှည်အမတ်ဖြစ်မယ့်ခေတ်
ကိုယ့်ကိုကိုယ်
အရန်ခုံမှာ ထိုင်နေရမှန်း မသိကြရှာဘူး။

ဖွတ်စိမ်းတွေက
တောင်ရှည်ဝတ်
ခေါင်းပေါင်းစကို
ညာ ချလို့ ...
လမ်းတွေဖောက်ကြသတဲ့
အရေခြုံ ကလိန်တွေစုံတော့
ဖွတ် မိချောင်းဖြစ်၊ မြစ် မချမ်းသာသပေါ့ အမေရယ်။

တကယ်တော့
သူတို့က ခံစစ်တံတိုင်းကြီးတွေပေါ့
စည်းရိုးအထပ်ထပ်နဲ့
ဂိုးသွင်းမခံရအောင် ပိတ်ဆို့မယ်။

ဒီကြားထဲ
သန်းသန်း ချိုချို နေရည် ဆိုတဲ့
သုံးဦးစပ်
ငါးပိရည်ကြို ညွန့်ပေါင်းအသင်းက
နေမညိုသေးဘဲ
လေတွေ ပြိုပြနေကြပြန်ရဲ့
သူတို့က
ဘယ်တောင်ပံတိုက်စစ်ကို တာဝန်ယူမယ်တဲ့။

ဒီမိုကရေစီ
တွင်တွင်ပြောပြီး
ရွှေဝါဆပ်ပြာနဲ့ ဧည့်မထဆန်
မှန်မှန်ထုတ်တတ်တဲ့
ကြောင်သူတော် ဘောသူခိုးတွေက ရှိသေး
သူတို့က
ညာဝင်းမှာ ဆော့မယ်။

အမေရေ ...
ကျနော် သိပြီဗျ
ဒေါင်းယောင်ဆောင်ခဲ့တဲ့
အန်ဒီအက်ဖ်တောကျီးကန်းတွေ
တသက်လုံး
ဂိုးမသွင်းနိုင်ခဲ့တဲ့ ရလဒ်ဟောင်းတွေနဲ့
လူကျွံဘောအဖမ်းခံကြဦးမယ်။

ရှမ်းအိုးစည်တီးပြီး
မနောကွင်းမှာ
ဒုံးယိမ်းကကြမယ့်
ဒီမိုကရေစီဘက်တော်သား
အဖြည့်ခံ ဘောသမားလေးတွေပေါ့
သူတို့က
၂၀၁၀ ဘောလုံးလေး ဘေးထွက်သွားရင်
ပါမစ်အမျိုးမျိုးနဲ့
ဝိုင်းကောက်ပေးကြမယ်။

၈၈ ကျောင်းတော်သား မျက်နှာဖုံးများက
လက်သီးလက်မောင်းတန်းလို့
ကွင်းလယ်ဗိုလ်ချုပ်လုပ်ဖို့
မှန်းကြပြန်ရော။

အဆုံးသတ် တိုက်စစ်မှုးကတော့
လီယွန်နယ်လ်သိန်းစိန် ... တဲ့
ဘယ်သူတွေ
ဘယ်လိုတားတား
နောက်ဆုံးတော့
အကောင်းဆုံး
ကလိမ်ခြုံ ပလေယာဆု
အကောင်းဆုံး
ရှေ့တန်းလူသတ်သမားဆု
အကောင်းဆုံး
ဒီမိုကလိမ်စီ ဖန်တီးရှင်ဆု
ရှိသမျှ
သိမ်းကျုံးယူဦးမှာ မြင်ယောင်သေး။

အမေရေ ...
အာဂျင်တီးနားနဲ့ ကမ္ဘောဒီးယားပွဲကို
အိပ်ရေးပျက်ခံ
ထကြည့်တဲ့အထိတော့
သားတို့ မရူးနှမ်းသေးပါဘူး။

သားတို့ ရင်ဘတ်ထဲမှာ
အမေသာ ချန်ပီယံ
သားတို့ ကစားကွင်းနဲ့ စစ်တလင်းထဲမှာ
အမေသာ ချန်ပီယံ
မတန်တဲ့ပွဲ
ဝင်မကန်တဲ့ အမေ့အတွက်
သားတို့
ဂုဏ်ယူတယ်။ ။

မားဆိုး
(၁၉.၆.၂၀၁၀)


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List