မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည်ဟု ယနေ့ ဆုံးဖြတ်

မင်းတကိုယ်ထဲလျှောက်ပေတော့

“မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။
”ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့”။

“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့”။
“မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့”။
တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။
ရင်ခွင်သစ်ထံမှ ရှယ်ပါသည်။

တဂိုးရဲ့ ကဗျာ

 

KIA ဌာနချုပ် အ၀ိုင်းခံနေရခြင်း


155အစိုးရ တပ်ဖွဲ့ များသည်၊ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်ကို လက်နက်ကြီး များနှင့် အဆက် မပြတ် ပစ်ခတ်နေသည့် အပြင် တိုက်ပွဲ များလည်း အဆက်မပြတ် ဖြစ်ပွါး နေခြင်းကြောင့် ဗဟို ဌာနချုပ် လုံခြုံရေး အတွက် စိုးရိမ် စရာ ဖြစ်နေပြီးဟု ကေအိုင်အို အရာရှိ တဦးက ပြောပါသည်။
“ ဒီနေ့မနက် အစောကြီး တနာရီ ပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာ အမြောက်နဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာန ချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်က စပြီးပစ်ခတ် ခဲ့တယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့ တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။" ဆက် တိုက်ပါဘဲ ပစ်နေတာ” ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါသည်။
Liazaစစ်ပွဲကြောင့် ကချင် ဒုက္ခသည်များလည်း (၆) သောင်းကျော် လာပြီးဟု ဆိုပါသည်။ စစ်ရေး အခြေအနေ ဒီထက် ဆိုးလာပါက ဒုက္ခသည်များ တရုတ်ပြည်ဖက်ကို ထွက်ပြေး ရလိမ့်မည်ဟု ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ဆိုပါသည်။
လိုင်ဇာဌာနချုပ် ကားလမ်း အနောက်ဖက်ခြမ်းတွင် ရှိနေသော တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနှင့် လိုင်စင် ဗဟိုဌာန ချုပ် အဟောင်း နှင့်လိုင်ဇာ အကြား၌ရှိသော နားဖော့စခန်း၌လည်း အစိုးရတပ် အင်အားများ ထောင်ဂဏန်းဖြင့်  ဖြည့်ထား သည်ဟုဆိုပါသည်။ ကေအိုင်အို နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံရွှေလီမြို့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ များ၊ သုံးကြိမ် ကျင်းပခဲ့ပြီး ဖြစ်သော်လည်း သဘောတူချက် မရရှိခဲ့ပေ။
Kachin_01 နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန်အတွက် အစိုးရက မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးရန် ဧပြီလ ၁၇ ရက်နေ့ကို ကမ်းလှမ်း ထားသော်လည်း ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေသည့် ယခုလို အချိန်မျိုး၌ မြစ်ကြီးနား၌ တွေဆုံရန် မဖြစ်နိုင် ကြောင်း ဧပြီ ၂၀ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

သခင်ခေတ်သို့တမ်းချင်း



“သခင်ခေတ်သို့တမ်းချင်း”
(လေးချိုး)
ရှေးပဝေသဏီ တွေးကာမှန်းရင်ဖြင့်
ဘေးဘီဘင်တွေ တခေတ်ဆန်းကာပ
ဇာတိမာန် တလျှံလျှံတိုးပေသမို့
မြန်မာတွေ သခင်မျိုးရယ်လို့
ဟိုးလေးရယ်တဲ့ တကြော်ကြော်။
(သြော်) ဘုရားပဲစူးရစေ့
ကြားဖူးပေဟိုယခင်က
မြန်ပြည်တခွင် သာစေကြောင်းတွေနဲ့
အာရှကိုခါးစောင်းတင်လို့
ဥဒေါင်းသံ အာကာယံဖုံးကာလွှမ်းလေတော့
ဘုန်းသမ္ဘာတွေနဲ့ ပြုံးကာပျော်။
ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေမယ့်
ဇာတိမာန် ဂုဏ်အင်္ဂါ မတိုးခဲ့နိုင်ဘု
မျောက်သရမ်းကို ပလ္လင်အပ်မိလေတော့
ရှိသမျှတွေ တက်တက်ပြောင်ငဲ့ပြင်
ကမ္ဘာမှာ လှောင်စရာသတ္တ၀ါတမျိုးရယ်လို့
မြန်မာတွေ အဖြစ်ဆိုးနဲ့တိုးပါကွဲ့
ကျွန်မျိုးရိုးလို့ နာမည်ကျော်
(အိုကွယ်) အတော်မိုက်လေတဲ့ အစိုးရမင်း။
မလျော်ကန် အကြံမိုက်တွေနဲ့
လမ်းလွဲကို လိုက်ကြအုံးမဟဲ့လို့
မြန်ပျိုနှမတွေကို အိမ်ဖော်ဘ၀မှန်းကာပ
ကြိုက်ဈေးကိုညှိကြပြန်ပါပေါ့
ဒို့မြန်မာသခင်မျိုးရယ်လို့
ရင်တွင်းမှာ အခါခါဟစ်သော်လည်း
ကျွန်တွင်းမှာ နစ်သထက်နစ်လေတော့
(အဘိုးမှိုင်းရယ်) ရာဇ၀င်ရိုင်းလိုက်လေခြင်း။
မောင်ပါလ
၂၅.၄.၂၀၁၂
 

ဖယ်ရှားပေးရမည့် ကျူးကျော်နေထိုင်သူများ

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။

























“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက အစ္စလမ်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း အစ္စလမ်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဟုလာ (မစိုးရိမ်) ။
Source by http://niknayman-niknayman.blogspot.com

ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
watch-vote-results
ရန်ကုန် မြို့ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ ရုံးချုပ်ရှေ့ မဲစရင်း လာ ကြည့်ကြသော ပြည်သူလူထု။
ဓာတ်ပုံ - မင်းမင်းဦး/မဇ္ဈိမ

၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။
nldledfont2
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံဝှေ့ယမ်းနေသည့် လူငယ်တဦးနှင့် အဖွဲ့ချုပ်အားထောက်ခံအားပေးသည့် လူငယ်များကို ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင် ဧပြီလ
၁ ရက် ၂ဝ၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။


 (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိသည့်အနက် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပေ။ ကျန် ၄၅ နေရာ တွင် NLD က ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List