၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ ဂုဏ်ပြုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ အဖွဲ့ချုပ်ဝင်များ၊ လူငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် ကလေးငယ် စုစုပေါင်း လူ ၅၀၀ ကျော်တက်ရောက်ခဲ့သည်။

ကလေးများအတွက် “ဗိုလ်ချုပ်မိန့်ခွန်း ပြောပြိုင်ပွဲ” ကို ကျင်းပပေးခဲ့ပြီး ကလေးများ၏ ရိုးရာအကပဒေသတို့ဖြင့် တင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့သည်။
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ ပိတ်ထားခံရဆဲဖြစ်ပြီး စာသင်ကျောင်းနှင့် သင်ရိုးညွှန်းတမ်းများတွင်လည်း လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍနှင့် ပေးဆပ်စွန့်လွှတ်မှုတို့ကို မှေးမှိန်ထားဆဲဖြစ်သည်။

စံပြအတုယူဖွယ်ရာ မြန်မာနှင့် ကမ္ဘာ့ အသိအမှတ်ပြုခေါင်းဆောင်တစ်ဦးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသူကျောင်းသားများအတွက် ရှားပါးလှသော အဖိုးတန် အာဇာနည်တစ်ဦးဖြစ်သည်။ ကျင့်ဝတ်နီတိနှင့် အတွေးအမြင် မျိုးစေ့ကို ချပေးခဲ့သူအနေဖြင့် ဗိုလ်ချုပ်မှာ လူသားဆန်သော၊ လူသား အဓိက ဗဟိုပြု ပညာရေးနှင့် ပညာတတ် အဓိပ္ပါယ်ဖွင့် ပေးခဲ့သည်။
မောက္ခ ပြည်တွင်းသတင်း
ကလေးများနေ့ ၂၀၁၁

ဗိုလ်ချုပ်မွေးနေ့နှင့် ကလေးများနေ့တွင် ဒေါ်စု အမှာစကားပြောကြားစဉ်
စံပြအတုယူဖွယ်ရာ မြန်မာနှင့် ကမ္ဘာ့ အသိအမှတ်ပြုခေါင်းဆောင်တစ်ဦးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသူကျောင်းသားများအတွက် ရှားပါးလှသော အဖိုးတန် အာဇာနည်တစ်ဦးဖြစ်သည်။ ကျင့်ဝတ်နီတိနှင့် အတွေးအမြင် မျိုးစေ့ကို ချပေးခဲ့သူအနေဖြင့် ဗိုလ်ချုပ်မှာ လူသားဆန်သော၊ လူသား အဓိက ဗဟိုပြု ပညာရေးနှင့် ပညာတတ် အဓိပ္ပါယ်ဖွင့် ပေးခဲ့သည်။
မောက္ခ ပြည်တွင်းသတင်း
0 comments:
Post a Comment