မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အသံထက်မြန်သောလေယာဉ် မင်္ဂလာဒုံလေဆိပ်အဆင်းတွင် ပျက်ကျ၊ လေသူရဲ သေဆုံး

အသံထက်မြန်သောလေယာဉ် မင်္ဂလာဒုံလေဆိပ်အဆင်းတွင် ပျက်ကျ၊ လေသူရဲ သေဆုံး
Reuters သတင်းဌာန
ဇန်န၀ါရီ ၂၂၊ ၂၀၁၀ မိုးမခတရုတ်နိုင်ငံလုပ် F 7 လေယာဉ်တစီး (ဓာတ်ပုံ - xanthis.wordpress.com)

မင်္ဂလာဒုံ လေတပ်စခန်းမှ စစ်လေယာဉ်တစီး လေ့ကျင့် ပျံသန်းစဉ် ပျက်ကျသဖြင့် လေယာဉ်မှူး သေဆုံးသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

မြေပြင်သို့ ဆင်းသက်စဉ် စက်ချို့ယွင်းသဖြင့် ပျက်ကျခြင်း ဖြစ်ပြီး လေသူရဲသည် လေယာဉ်တွင်းမှ ခုန်ထွက်နိုင်ခဲ့ခြင်း မရှိကြောင်း လေဆိပ် အရာရှိတဦးက Reuters သတင်းဌာနကို ပြောသည်။

ဤမတော်တဆမှု အပါအ၀င် မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်နောက်ပိုင်း စစ်လေယာဉ် ပျက်ကျပြီး အသက် ဆုံးရှုံးမှု ဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၀ ကြိမ်ရှိပြီ ဖြစ်သည်။

ယခု ပျက်ကျသည့် လေယာဉ်သည် အသံထက်မြန်သည့် F-7 အမျိုးအစား တယောက်စီးလေယာဉ်ဖြစ်ပြီး တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်တွင် လေယာဉ်စီးရေ မည်မျှရှိသည်ကို မသိရပေ။ သို့သော်လည်း ရုရှားနိုင်ငံမှ MiG တိုက်လေယာဉ်ပုံစံပေါ် အခြေခံပြီး ထုတ်လုပ်ခဲ့သည့် တရုတ်နိုင်ငံလုပ် စစ်လေယာဉ် အများအပြားရှိသည်ဟု ယူဆကြသည်။ လေယာဉ်များမှာ သက်တမ်းရင့်နေပြီဟု ဆိုသည်။

ယခင်လက ရုရှသတင်းစာတစောင်၏ အဆိုအရ မြန်မာနိုင်ငံက ရုရှမှ MiG အစီး ၂၀ ၀ယ်ယူရန် သဘောတူခဲ့သည်ဟု ဆိုသည်။ ၂ နိုင်ငံလုံးက ထိုသတင်းနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ခြင်း မရှိပေ။ တိုက်လေယာဉ် အစီး ၂၀ ၏ တန်ဘိုးမှာ ဒေါ်လာသန်း ၈၀၀ ခန့်တန်သည်ဟု ဆိုသည်။

ရန်ကုန်မှ စစ်ဘက် သတင်းရပ်ကွက်တခု၏ အဆိုအရ ၂၀၀၁ ခုနှစ်တွင် ရုရှမှ MiG-29 အမျိုးအစား တိုက်လေယာဉ် ၁၂ စီး မြန်မာသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List