မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ

ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အမှတ်တရ


“ရန်...ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ....”
(အောင်ဝေး)

နှစ်ဆယ့်တစ်ရာစု မောင်းသံ

နှစ်ဆယ့်တစ်ရာစု မောင်းသံ


Min Thakhin

ငါတို့ရဲ့ ကံကြမ္မာကို
နက္ခတ်တွေ ဇာတာတွေနဲ့
တွက်ချက်စရာ မလိုတော့ပါဘူး
ရက်မြတ်အချိန်ခါရောက်လို့
အရှေ့က နေဝင်းတောက်ပချိန်မှာ
ငါတို့အတွက်
အဖြေတစ်ခု ရှိနေပြီးသားပါ
သပြေခက်တွေနဲ့ ဒီတစ်သက်
ကြိုနိုင်ကောင်းပါရဲ့။

အလောင်းဘုရားနဲ့ ကျန်စစ်
ပြည်ချစ်တဲ့ ဗိုလ်အောင်ဆန်းတို့လိုပ
ကိုယ့်မြင်းကို ကိုယ်ကြိုးကိုင်
မနိုင်ဘယ်မှာ ရှိလိမ့်မတုန်း
ဆယ်ကမ္ဘာတိုင် သတိရကြအောင်
သွေးစည်းကာပြကြရမယ်
ဆွေအဆက် မျိုးအစဉ်မှာ
ရွှေမြန်ပြည်သာစေကြောင်း
အားသစ်တွေလောင်းကြပါစို့။ ။
  1. အောင်ဆန်း-အက်တလီ စာချုပ်
  2. နု-အက်တလီ စာချုပ်
  3. ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
  4. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ /အင်္ဂလိပ်-မြန်မာ
  5. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း /မြန်မာ
  6. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှိုင်းယှဉ်ချက်များ
  7. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်
  8. ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ အကြောင်း သိကောင်းစရာများ
  9. ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း ၊ ညီမျှမှု ဆိတ်သုဉ်းခြင်း - မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
  10. NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း
  11. မြန်မာ့နိုင်ငံရေး လမ်းညွှန်မြေပုံ နှင့် ၁၉၉၃ ခုနှစ် အတုအရောင် အမျိုးသားညီလာခံ နှင့်ပတ်သက်သည့် ကောက်နုတ်ချက်များ
  12. ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ
  13. 1947 - Constitution of Burma (English Version)
  14. 1974 - Constitution of Burma (English Version)
  15. ချင်းလဲင်းဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း-၄ -Chin Forum
  16. ပြည်သူတို့၏ လွတ်မြောက်ရာလမ်း -NLD(LA) MALAYSIA
  17. အသွင်ကူးပြောင်းရေးကာလ၊ အမှန်တရားဖော်ထုတ်ရေးနှင် တရားမျှတမှု
  18. အာဏာရှင်၏ ကမ္ဘာအသစ် / မြန်မာနိုင်ငံနှင့် တမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
  19. အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့
  20. ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ
  21. ရွှေဂုံတိုင် ကြေငြာစာတမ်း
  22. ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း -ခင်ကျော်ဟန်
  23. မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲ မှတ်တမ်းများ ၁၉၈၈ -၂၀၀၂ -ABSDF
  24. ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာဘာလဲ
  25. ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ၏ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ ၁၉၉၈-၂၀၀၃ -ခင်ကျော်ဟန်
  26. အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်
  27. ဆဌမအကြိမ်မြောက် ပြည်နယ်ဖွံ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မတီများ နှီးနှောဖလှယ်ပွဲ မှတ်တမ်း
  28. ရပ်ရွာ စည်းရုံးရေးသမားများအတွက် လက်စွဲစာအုပ် -The Burma Fund
  29. မြို့ပြပြောက်ကျား စစ်ဆင်နည်း - ဂါမဏိ
  30. လူထုတိုက်ပွဲ လက်စွဲ
  31. လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နည်း
  32. မဟာဗျူဟာမြောက် အကြမ်းဖက်တိုက်ပွဲ အခြေခံအချက်အလက်များကိုသုံးသပ်ခြင်း - ရောဘတ်၊အယ်လ်၊ဟယ်လ်ဗီ
  33. ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်မြောက်ကာလ လှုပ်ရှားမှုများ နှင့် ထူးခြားဖြစ်စဉ်များ ၂၀၀၂ -၂၀၀၃
  34. ဒီပဲယင်း အရေးအခင်း - ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
  35. ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆို ရုံးတင်စစ်ဆေးမှု ဖြစ်စဉ်မှတ်တမ်း - ခင်ကျော်ဟန်(ရေနံချောင်း)
  36. လွတ်လပ်ရေး၊ အမျိုးသားနိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှု - ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)
  37. ဖုန်းမော် အရေးအခင်း (သို့) သွေးစွန်းသော တနင်္ဂနွေနေ့ - နစ်နေမန်း
  38. မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (သို့)ဖုန်းမော် ကျဆုံးသည့်နေ့ - သမဂ္ဂစာစဉ်
  39. တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း - မတ်လ (၁၆)ရက်
  40. ကလေးများ ၏ ဒေါသမာန် - ဘာတီးလ်တင့်တနာ
  41. သားသတ်သမား စိန်လွင် - ဘာတီးလ်တင့်တနာ
  42. ၁၉၇၄ ခုနှစ် ဦးသန့် ဈာပန အရေးတော်ပုံ သမိုင်းမှတ်တမ်း - ပျိုပျိုမေ
  43. အမြင့်ပျံခွပ်ဒေါင်း ( သို့ မဟုတ် ) ဆလိုင်းတင်မောင်ဦး - ယနေ့မြန်မာ
  44. 7-July ကျောင်းသား အရေးတော်ပုံ
  45. မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း /ကိုဗဟိန်းမှသည် ကျော်ကိုကို အထိ - အောင်ဝေး
  46. မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း - အောင်ထွန်း
  47. ကိုဗဟိန်း (သို့) ညီညွတ်ရေး ဗိသုကာ -ဗမာပြည်ကွန်မြူနစ်ပါတီ
  48. အရေးတော်ပုံ ( ၄ ) စောင်တွဲ -
  49. တကသ အပိုင်း-၁
  50. တကသ အပိုင်း-၂
  51. တကသ အပိုင်း-၃
  52. အာဆီယံ ပဋိဥာဉ်စာတမ်း
  53. ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအကျဉ်း - NLD(LA)JAPAN
  54. ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း
  55. NLD အား နအဖ စစ်အုပ်စု ၏ တိုက်ခိုက်ချေမှုန်းမှုများ အကျဉ်း
  56. NLD ဗဟိုအလုပ်အမှုဆောင် လူကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု အတွေ့အကြုံများ
  57. ကြောက်ရွံ့ခြင်း မှ လွတ်ကင်းရေး နှင့် အခြားစာတမ်းများ - ဒေါ်အောင်ဆန်းစုကြည်
  58. စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (ကိုကိုးကျွန်း ထောင်ဝတ္ထု) - တိုက်ပွဲဝင်ရဲဘော်တစ်ဦး
  59. အမြင့်ပျံ ပြည်သူ့လင်းယုန်သို့ ဂုဏ်ပြုခြင်း (ကိုကိုးကျွန်းထောင် မှတ်တမ်း) - အဝေးရောက် ကျွန်းပြန်ရဲဘော်(တချို့)
  60. ကျောင်းသားထောင် တော်လှန်ရေးသမား (ကိုကိုးကျွန်း ထောင်မှတ်တမ်း) - ရဲဘော် ဖိုးသံချောင်း
  61. လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း - ဝင်းနိုင်ဦး
  62. လူရှင်သချိုင်းများ အကြောင်း - နေလင်း(အ.က.သ)
  63. ယမမင်းဥယျာဉ်သို့ အလည်ရောက်ခြင်း - ဂါမဏိ
  64. မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တဲ့ လင်းယုန် -အဝေးရောက် ကျွန်းပြန်ရဲဘော်တစု
  65. အာဏာရှင်ကြီး(ဗိုလ်နေဝင်း) ၏ အတွင်းရေးများ - ထောက်လှမ်းရေးအရာရှိ(ဒု) ဗိုလ်မှူးကြီးဟောင်းကြည်ဆွေ
  66. မြန်မာ မြောက်ကိုးရီးယား ဆက်ဆံရေး
  67. မြန်မာ့ တပ်မတော် တည်ဆောက်ခြင်း
  68. တပ်မတော်အရာရှိတစ်ဦး၏ တင်ပြချက် - ဗိုလ်ထက်မင်း
  69. အမှောင်ကြားက ဗမာပြည် - ဝင်းတင့်ထွန်း
  70. ဗမာ့ အကြိုသမိုင်း - ဒေါက်တာသန်းထွန်း
  71. မြန်မာနိုင်ငံ သမိုင်း မြေပုံများ - သန်းထွန်း
  72. မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက် နှင့် မဟာဗျူဟာ
  73. မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်း
  74. အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ် - ခင်မမမျိုး
  75. နိုင်ငံရေး နှင့် ဒီမိုကရေစီ
  76. ဖက်ဒရယ် နှင့် မြန်မာ့နိုင်ငံရေး
  77. ဖက်ဒရယ် အကြောင်းလေ့လာခြင်း - ABSDF
  78. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၁
  79. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၂
  80. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၃
  81. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၎
  82. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၅
  83. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၆
  84. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၇
  85. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၈
  86. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၉
  87. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၁၀
  88. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၁၁
  89. စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ အပိုင်း - ၁၂
  90. လစ်ဘရယ် ဒီမိုကရေစီ
  91. ရွှေသဘာဝဓါတ်ငွေ့၏ ပထဝီနိုင်ငံရေး
  92. သွေး နှင့် မြေကြီး
  93. ပဉ္စမ မြန်မာနိုင်ငံတော် တည်ထောင်ခန်း
  94. ဦးဘဂျမ်း ၏ နိုင်ငံရေး အမြင်
  95. အောင်သန်း၏ အောင်ဆန်း(သို့) ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
  96. ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံရေး ဖွင့်ဆိုချက်များ
  97. ဗိုလ်မိုးကြိုး အပြန်နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း
  98. ဗိုလ်ချုပ်အောင်ဆန်း
  99. ဦးအောင်ဆန်း၏နောက်ဆုံးနေ့ - ဒဂုန်တာရာ
    ငါတို့ဗိုလ်ချုပ်ဘာလုပ်ခဲ့သလဲ - ဦးပုကလေး
  100. ဗိုလ်ချုပ်အောင်ဆန်း ကို ဘယ်သူ သတ်သလဲ - ဦးခင်အောင်
  101. ဗမာ့တော်လှန်ရေး - ဗိုလ်ချုပ်အောင်ဆန်း
  102. ဗမာ့ လွတ်လပ်ရေး ပြဿနာ - ဗိုလ်ချုပ်အောင်ဆန်း
  103. ဒေါ်အောင်ဆန်းစုကြည် ၏ သမိုင်းဝင်မိန့်ခွန်း
  104. ကျွန်ုပ်တို့၏ မြေယာများကိုသိမ်းပိုက်ထားခြင်း
  105. ကမ္ဘာ့နိုင်ငံ အသီးသီး မှ မြန်မာ သံရုံး လိပ်စာများ
  106. ယုံကြည်ချက် ကဗျာများ (၁)
  107. လွတ်လပ်ရေး စိတ်ဓါတ် မျိုးစေ့ချခဲ့သူ ဆရာတော် ဦးဥတ္တမ - ဗမာ့ခေတ် ဦးဘရင်
  108. အမေ့ခံရသော မြန်မာ ကိုယ်စလှယ် အဖွဲ့ - ဦးသက်ထွန်း(အငြိမ်းစား သံအမတ်ကြီး)
  109. ဗိုလ်ကြီးအုန်းကျော်မြင့်
  110. ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် - တက္ကသိုလ်တင်စိန်
  111. ဗမာ့အောင်ဆန်း - မောင်ထင်
  112. မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - မိုးမခ
  113. နောက်ကြည့်မှန် - မင်းကိုနိုင်
  114. ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ အပိုင်း( ၁)
  115. ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ အပိုင်း(၂ )
  116. ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ အပိုင်း( ၃)
  117. ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ အပိုင်း( ၄)
  118. ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ အပိုင်း( ၅)
  119. အာရုဏ်ဦးခရီးသည်(တော်လှန်ရေးဆိုင်ရာကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ) အပိုင်း - ၁ ရဲဘော်ငွေ
  120. အာရုဏ်ဦးခရီးသည်(တော်လှန်ရေးဆိုင်ရာကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ) အပိုင်း - ၂ ရဲဘော်ငွေ
  121. အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း - တက္ကသိုလ်တင်စိန်
  122. ယုံကြည်ချက် မိုးကောင်းကင် နှင့်နွေးထွေးသော မနက်ဖြန် - ရဲရင့်အောင်
  123. ရွှေဥဒေါင်း စုံထောက်မောင်စံရှား ပေါင်းချုပ် - ဒုတိယတွဲ
  124. ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ(၂၀၀၂)လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ
  125. ၁၉၃၀ တဝိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း - သိန်းဖေမြင့်
  126. Chronology of Burma History (1404-1996)
  127. အမှိုက်ထဲက ရတနာများ
  128. နိုင်ငံရေး ဟာသမျာ
Copy from minthika002.blogspot.com

ငါ့ဆံပင်တွေပြန်ရှည်လာပြီ မာရီလင်

ငါ့ဆံပင်တွေပြန်ရှည်လာပြီ မာရီလင်

နက္ခတ်မကြုံလည်း
မြေသားပေါ်က ငရဲဘုံမှာ
တို့ပြန်ဆုံကြရအောင်....

ကိုယ်ပိုင်အရောင်အဆင်းမရှိတဲ့
ကြယ်အလင်းတွေအောက်မှာ
ပိုးစုန်းကြူးငယ်တွေက
မင်းကိုလှောင်ရယ်နေကြလိမ့်မယ်
ပျောက်ဆုံးသွားတဲ့မီးပြတိုက်တွေအတွက်
ငိုရှိုက်မနေပါနဲ့တောာ့ မာရီလင်
လူ့အဖြစ်သားရဲတွင်းထဲ
လေထီးမပွင့်ဘဲခုန်ဆင်းခဲ့
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဟာ
မဆုံးတဲ့ညဥ့်နက်တွေကို
လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်
မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက်
နွေဦးကြိုတံစဉ်တလက်
လရောင်အသိုက်မှာ ငှက်နှိုက်ဖို့
ကျောက်တောင်နံရံတွေကို အာခံနေတဲ့
တောင်တက်သမားတယောက်
မဏိမေခလာမရှိတဲ့သက္ကရာဇ်တွေထဲ
အလျားလိုက်လက်ပစ်ကူး
တံခွန်ခူးဖို့
ချောတိုင်တက်ခဲ့တယ်

သစ်ကောင်းအိမ်
(၂၉. ၇. ၂၀၀၈)

လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြီ


လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြီ

19 September 2009 VOA

မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၁၁၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး မယ်လို့ စစ်အစိုးရက ကြေညာထားတဲ့အတိုင်း မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ တဖြည်းဖြည်းချင်း ပြန်လွှတ် ပေးနေတာမှာ ဒီနှစ်ရက်အတွင်း ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေး အကျဉ်းသား ၁၀၄ ယောက်ပါတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ စာရင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့လို့၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ မုံရွာအောင်ရှင် တို့လို့၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းတို့လိုအပြင် Eco Vision ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်တို့လို လူတွေလည်း ပါဝင်ကြပါတယ်။ AAPP အဖွဲ့က တော့ အခုစစ်အစိုးရက လွှတ်ပေးမယ့် အကျဉ်းသား ၇,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လောက် ပါဝင် မယ်လို့ မျှော်လင့်ထားကြောင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က အခုလို ပြောခဲ့ပါတယ်။

"ကျနော်တော့ ၂၀၀ ပတ်ဝန်းကျင်လောက် ပါလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အခု ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက ဆိုရင်တော့ ဒီအရေအတွက်က ပိုများတယ်လို့ ပြောလို့ရပါတယ်။"

AAPP အနေနဲ့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ ဒီတခေါက် ပြန်လွှတ်ပေးတာကိုပေါ့လေ။ -

"ဟုတ်ကဲ့။ အခုနေ ပြန်လွှတ်ပေးတယ်ဆိုတာကလည်း တချို့ ၂ နှစ် ကျထားတဲ့သူတွေ၊ ၂ နှစ်ခွဲ ကျထားတဲ့သူတွေပေါ့နော်။ အဲဒီလို လူတွေများတယ်။ နောက်တခုက ၁၉၈၈ ခုနှစ်လောက်ကတည်းက ထောင်ထဲမှာ နှစ် ၂၀၊ ၂၁ နှစ်လောက် နေခဲ့တဲ့ သူတွေလည်း ပါတယ်။ ဆိုတော့ အဲဒီလို လူမျိုးတွေ များတယ်။ နောက်တခုက ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က လူတွေ ကို မတရားသဖြင့် ဖမ်းပြီးတော့ ထောင်ချပစ်တာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီလိုမျိုး မတရားသဖြင့် ဖမ်းထားတာကို က သူတို့ တချိန်ချိန်မှာ လိုအပ်လာလို့ရှိရင် အဲဒီလို အလွှတ်ပြပြီး ပြန်ကစားဖို့အတွက် ဖမ်းထားတာမျိုး ဖြစ်နေတယ်။"

AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ဖြစ်ပါတယ်။ အခုထိ ပြန်လွတ်လာတဲ့အထဲမှာ အများပြည်သူတွေ မျှော်လင့်နေကြ တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွတ် လာတာကိုတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေး အကျဉ်းသား ၂၅၀ လောက် လွတ်လာဖို့ရှိတဲ့ စာရင်းထဲမှာ နောက်ထပ် ပါမလားဆိုပြီး မိသားစုဝင်တွေအပါအ၀င် အများက မျှော်လင့်နေကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့်

ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့်

18 September 2009 VOA

ရွှေဝါရောင်တော်လှန်ရေး လို့ အမည်တွင်တဲ့ ၂၀၀၇ စက်တင်ဘာလ ဗုဒ္ဓသံဃာတော်များ ဦးဆောင်ဆန္ဒပြပွဲ (၂) နှစ်ပြည့်မြောက်မဲ့ အကြို ရက်သတ္တပါတ်တွေအတွင်း ရန်ကုန်မြို့ နေရာအတော်များများမှာ လုံခြုံရေးတွေ ပိုပြီးတင်းကြပ်ထားတာမို့ လူထုအနေနဲ့ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပိုပြီး မမေ့နိုင်စရာ ဖြစ်နေရသလို ထိတ်လန့်စိုးရိမ်မှုတွေကြောင့် အသွားအလာတွေလဲ ပုံမှန်ထက်နဲနေပါတယ်။ သာသနာတော်ကို အစော်ကားခံခဲ့ရတယ်လို့ မကျေနိုင်သေးတဲ့ သံဃာတွေလဲ ရှိနေတာမို့ မြန်မာနိုင်ငံတွင်း အခြေအနေဟာ ပေါက်ကွဲလု မီးတောင်တခုလိုဖြစ်နေပါတယ်။

တစ္ဆေခေါ်သံ

တစ္ဆေခေါ်သံ

နှင်းခါးမိုး

၁။
ရဲရဲတောက်ကြတုန်းကတော့
တခြိမ်းခြိမ်းနဲ့၊
ဂျုံးဂျုံးကျတော့လည်း
ကြူကြူကိုပါလို့။

တော်ပါတော့
နိဗာနတေးတွေ
သံဝေဂလင်္ကာတွေ
တကိုယ်တော်ထွက်ပြေးရေးကဗျာတွေ
ထွက်ပေါက်မဲ့အဘိဓမ္မာတွေ။

၂။
လမ်းဆုံးပြီထင်ရင်လည်း
တိုက်ပေါ်ကခုန်ချလိုက်ကြ
ရေထဲဆင်းသေကြ၊
စိတ်ကျရောဂါကိုတော့
နောက်ဆုံးပေါ်ဖက်ရှင်လိုလို
ပွဲနေပွဲထိုင်မလုပ်ကြနဲ့။

၃။
လူသာလဲတယ်
လက်ကအလံကမလဲဘူး၊
အထကကျောင်းသူလေး
ညညတံခါးလာလာခေါက်တယ်။ ။



(၈-၅-၀၇)
ခေတ်ပြိုင်

မြန်မာပြည်မှ သင့်ကိုအလိုရှိသည်

မြန်မာပြည်မှ သင့်ကိုအလိုရှိသည်

(အေကေ ၄၇)

လူတွေက ငါးတွေကိုဖမ်းတိုင်းသာ
ငါးတွေကုန်မယ်ဆိုရင် ပင်လယ်မှာ
ငါးမရှိနိုင်ဘူး။

တောမီးတွေ လောင်တိုင်းသာ
သစ်ပင်တွေ သေရမယ်ဆိုရင်
ဒီကမ္ဘာမှာ သစ်ပင်ဘယ်မှာရှိတော့မလဲ။


လေတိုက်တိုင်းသာ သစ်ရွက်တွေ ကြွေရမယ်ဆိုရင်
သစ်ပင်မှာသစ်ရွက်တွေ
ရှိပါ့တော့မလား။

ဆင်းရဲတာကို ကံကြမ္မာလို့ ရိုးမယ်ဖွဲ့ရင်
အဲဒီကံကြမ္မာဆိုတာကြီးကိုဖွဲ့ဖို့
စာရွက်တွေ မရှိတော့ဘူးထင်တယ်။

ဒီလိုပါပဲ
တော်လှန်ရေးဆိုတာ
စခန်းတခုကို ရန်သူကသိမ်းတိုင်း သိမ်းတိုင်း
ငါတို့လူတွေ စိတ်ဓာတ်ကျလို့ နိုင်ငံခြားသွား၊ ဘေးထွက်ထိုင်ရင်
ငါတို့နဲ့အတူ ဒီကမ္ဘာပေါ်ကလူတွေဟာ
မီးကိုမသုံးတတ်ဘူး
အ၀တ်မ၀တ်တတ်တော့ဘူး
နေစရာအိမ် လုပ်တတ်တော့မှာမဟုတ်ဘူး
နောက်ပြီး ကမ္ဘာမှာ
မြန်မာဆိုတာ ဂျိုနဲ့လားလို့မေးစရာဖြစ်လာမယ်။

အသစ်ကိုလိုချင်ရင်တော့
အဟောင်းကို စွန့်ပစ်ရဲတဲ့သတ္တိတော့ရှိရမယ်။ ။


(၇-၉-၀၇) ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု အောက်တိုဘာ ၂ ရက် စီရင်ချက်ချမည်


ဒေါ်အောင်ဆန်းစုကြည်အယူခံမှု အောက်တိုဘာ ၂ ရက် စီရင်ချက်ချမည်

18 September 2009 VOA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားတာကို အယူခံဝင်ထားတာမှာ ဒီကနေ့ ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ အဲဒီနောက် အမိန့်ချမှတ်ဖို့အတွက် အောက်တိုဘာလ ၂ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သားကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီကစပြီး ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ပေးခဲ့ကြပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချဖို့ တရားရုံးက ရုံးချိန်းပေးလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဥာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံကို ရှေ့နေကြီးဦးကြည်ဝင်းက လျှောက်လဲချက်ပေးခဲ့ပြီး ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးခဲ့သလို တဘက် အစိုးရရှေ့နေတွေကလည်း ပြန်လှန် လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။

"အားလုံးပြီးသွားတဲ့အချိန်က ၃ နာရီခွဲ ၀န်းကျင်ရှိပါပြီး ၃ နာရီခွဲဝန်းကျင်အချိန်မှာ တရားရုံးက ဒီအမှုတွေကို အမိန့်ချမှတ်ဖို့ဆိုပြီး အောက်တိုဘာလ ၂ ရက်နေ့ ၁၀ နာရီကို ရုံးချိန်းပေးလိုက်ပါတယ်။"

အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းပါ။

ပုံမှန်အားဖြင့်တော့ အဲဒီလို သတ်မှတ်ပေးလိုက်တဲ့ ရုံးချိန်းနေ့မှာ ဆုံးဖြတ်ချက် ထွက်တတ်ပေမယ့် တရားရုံးရဲ့ အဆင်သင့်ဖြစ်မှုပေါ် မူတည်ပြီး မထွက်တာတွေလည်းရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ လျှောက်လဲချက်ပေးခဲ့တဲ့အပေါ် အပြည့်အ၀ကျေနပ်မှုရှိပြီး တရားဥပဒေအတိုင်း အစီရင်ခံရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ အကျိုးဆောင်ရှေ့နေတွေက မျှော်လင့်ထားပါတယ်။

"ကျနော် လုံးဝ ကျေနပ်တယ်။ ဆရာ ဦးကြည်ဝင်းက ပြောသင့်ပြောထိုက်တဲ့ ဥပဒေဆိုင်ရာ အချက်အလက်၊ မှတ်ယူထိုက်တဲ့ ဥပဒေဆိုင်ရာ သဘောတရားတွေ ရှိသမျှအားလုံးကို အကောင်းဆုံး ပြောပြသွားနိုင်တယ်။ ရုံးကို လျှောက်လဲသွားနိုင်တယ် လို့ ကျနော် အဲဒီလို လက်ခံထားပါတယ်။ နိုင်ငံရေး ပယောဂ မပါဘူး၊ တရားဥပဒေစိုးမိုးမှု ရှုထောင့်သက်သက်ကနေ စီရင်မှုရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ လွတ်မြောက်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။"

အယူခံလွှာလျှောက်လဲချက်ကို ကြားနာခဲ့တဲ့ တရားရုံးပတ်ဝန်းကျင်တ၀ိုက် အရင်ရက်တွေကထက် ထူးထူးခြားခြား လုံခြုံရေး တွေချထားပြီး ကြားနာပွဲလုပ်တဲ့ တိုင်းတရားရုံးထဲကိုလည်း ၀င်ခွင့်မရသလို စစ်ဆေးတာတွေလည်းရှိတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"လုံခြုံရေးတွေကတော့ အများကြီးပဲ။ ပြည့်နေတာပဲ ခါတိုင်းနဲ့မတူဘူး။ အ၀င်အထွက်တွေတောင် တော်တော်ကျပ်တယ်။ ခါတိုင်းဆိုရင် ဒီမှာက သိပ်မရှိဘူးလေ။ ရဲတွေဘာတွေ မရှိဘူး။ အခုဆိုရင် ရဲကားတွေကလည်း ပြည့်နေတာပဲ။ ဟိုဘက် သုံးလေးစီး၊ ဒီဘက် သုံးလေးစီးနဲ့လေ။ ရဲကားချည်းပဲ ၁၅ စီးလောက် ရှိတယ်။ သွားရလာရတာ အဆင်မပြေဘူး။ ဒီမှာလာကြည့်တဲ့သူတွေလည်း အတော်များတယ်။ စိတ်ဝင်စားကြတာပေါ့နော်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့။ သူတို့ အခု တော်တော်စစ်တယ်။ ခါတိုင်းဆိုရင် ဘယ်ရုံးသွားမှာလဲ ဆိုတာမျိုး မစစ်ဘူး။ အခု တော်တော်စစ်တယ်။ တိုင်းရုံးဆိုရင် ၀င်လို့မရဘူး။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာ လျှောက်လဲချက်ကို တရားရုံးက ကြားနာတဲ့နေ့ မတိုင်ခင်ညမှာပဲ အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာခဲ့ပြီးတော့ ကြားနာပွဲလုပ်တဲ့ ဒီကနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် အကျဉ်းသားတွေ စပြီးလွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့မှာ စုစုပေါင်း အကျဉ်းသားအရေအတွက် ဘယ်လောက်လွှတ်ပေးခဲ့တယ် ဆိုတာ တိတိကျကျ မသိရသေးဘဲ လွှတ်ပေးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ပတ်ဝန်းကျင်ပါတယ် လို့တော့ သတင်းရင်းမြစ်အသီးသီးကနေ ပြောပြချက်တွေအရ သိထားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် အကျဉ်းကျသူတွေ လွတ်မြောက်လာတာကို ၀မ်းသာကြိုဆိုပေမယ့် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့လိုတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"အဲန်အယ်လ်ဒီပဲ ဖြစ်ဖြစ်၊ သာမန် ရာဇ၀တ်သားပဲဖြစ်ဖြစ်၊ ဘယ်လိုအကျဉ်းသားပဲ ဖြစ်ဖြစ် အကျဉ်းထောင်က လွှတ်တာကို ကျနော် ကြိုဆိုပါတယ်။ အခု ကျနော်တို့ အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော အဖွဲ့ဝင်တွေ လွတ်မြောက်လာတာကို အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ၂၀၁၀ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်အဖြစ် အများပြည်သူ အကုန်လုံး ကျေကျေနပ်နပ်ဖြစ်၊ အားလုံး ပါဝင်နိုင်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွတ်မြောက်ဖို့ လိုတယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြောခဲ့တာပါ။

ရန်ကုန်တွင် ဗုံး ၇ လုံးကွဲ၊ ထိခိုက်သေဆုံးသူ မရှိ


ရန်ကုန်တွင် ဗုံး ၇ လုံးကွဲ၊ ထိခိုက်သေဆုံးသူ မရှိ
AFP သတင်းဌာန
စက်တင်ဘာ ၁၇၊ ၂၀၀၉


ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် အသေးစား ဗုံးပေါက်ကွဲမှု ၇ ခု ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ သေဆုံးမှုများ မရှိကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောသည်။ ယမန်နေ့ ညပိုင်း နှင့် ယနေ့ နံနက် အစောပိုင်းတွင် ပေါက်ကွဲခြင်း ဖြစ်သည်။ ယခင်က ပေါက်ကွဲမှုများ ဖြစ်ပါက ပြည်ပရောက် မြန်မာအဖွဲ့များ သို့မဟုတ် တိုင်းရင်းသား သူပုန်များကို အစိုးရက အပြစ်ပုံချသည်။

ဗုံးများမှာ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ မင်္ဂလာဒုံမြို့နယ်များတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုံးထောင်သူ မည်သူများဖြစ်သည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“လူ ထိခိုက် သေဆုံးတာတော့ မရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ပေါက်ကွဲချိန်မှာ အဲဒီနားမှာ လူက မရှိသလောက် ဖြစ်နေလို့ပါ” ဟု အမည်မဖော်လိုသူ ရဲ့အရာရှိတဦးက ရှင်းပြသည်။

ယခုအချိန်အထိ မည်သူကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ဇူလိုင်လက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရန်ကုန်သို့ ရောက်စဉ် ပြည်ပ မြန်မာအဖွဲ့များ စေလွှတ်လိုက်သူတဦး၏ ဗုံးဖောက်ခွဲရန် ကြံစည်မှုများကို အာဏာပိုင်တို့က ဖော်ထုတ်နိုင်ခဲ့သည်ဟု စစ်စိုးရက ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့ဖူးသည်။

NLD လူငယ်တချို့ အဖမ်းခံရ


NLD လူငယ်တချို့ အဖမ်းခံရ

17 September 2009 VOA

အာဏာပိုင်တွေဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ တဘက်မှာ တိုင်းသိပြည်သိ တရားဝင် ကြေညာချက်တွေ ထုတ်ပြန်နေပေမယ့်လည်း တဘက်မှာတော့ ဖမ်းဆီးထိန်းသိမ်းမှုတွေက ဆက်လက် ပြုလုပ်နေပါတယ်။ ရန်ကုန်တိုင်း မြို့နယ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ၄ ဦးကို မနေ့ညပိုင်းမှာ အာဏာပိုင်တွေက လာရောက် ခေါ်ဆောင်သွားခဲ့ပါတယ်။ တဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်ပေမဲ့ ကျန်တဲ့ ၃ ဦးက ဘယ်ရောက်နေမှန်း မသိဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေအတွက် လက်ရှိမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တခြား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့ အချိန်အတွင်းမှာပဲ NLD အဖွဲ့ဝင်တွေနဲ့ တခြား တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကလည်း ဆက်တိုက်လို ကြားနေရပါတယ်။

အခုနောက်ဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က NLD လူငယ်အဖွဲ့ဝင်တွေ အဖမ်းခံကြရတာပါ။

“ကျနော်တို့ဆီက လူငယ် ၄ ယောက် မနေ့က အဖမ်းခံရတယ်။ ရန်ကုန် မရမ်းကုန်းမြို့နယ်ကပါ။ ကိုမင်းမင်းအောင်၊ ကိုသီဟဇော်၊ ကိုကျော်ဝင်းနိုင်နဲ့ မမြင့်မြင့်အေး၊ အဲဒီ ၄ ယောက်ကို မနေ့က ညနေပိုင်းက ဖမ်းပါတယ်။ မမြင့်မြင့်အေး ကတော့ မနေ့ည ၁၀ နာရီလောက်မှာ သူ့ကို ပြန်လွှတ်လိုက်တယ်။ အဲဒီ ၃ ယောက်တော့ အခုထိ ကျန်သေးတယ်။ ဘာ့ကြောင့်ဖမ်းလဲဆိုတဲ့ သူတို့ဘက်က စွပ်စွဲချက်ကိုတော့ ကျနော်တို့ မသိပါဘူး။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က NLD ပါတီဝင် မဟုတ်တဲ့ သီးခြား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၅ ဦးထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီ စက်တင်ဘာလဟာ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်ကာလ ဖြစ်တာမို့ သံဃာတော်တွေ ဖမ်းဆီးခံရတာတွေ လည်း ရှိထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်က အဆောင်တခုမှာ နေထိုင်တဲ့ တက်ကြွ လှုပ်ရှားသူ လူငယ် ကိုတိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့မရဘူးလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။ ကိုတိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုခဲ့တဲ့ အချိန်ကာလ တုန်းက ဘုရားပေါ်တက် ဆုတောင်းပွဲတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် အထိန်းသိမ်း ခံခဲ့ရဖူးပါတယ်။ အခုတကြိမ်ကတော့ ဘာ့ကြောင့် ဖမ်းဆီးတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုအဖမ်းခံရတဲ့ NLD လူငယ်တွေဟာ ပါတီရဲ့ မြို့နယ်လူငယ်အဖွဲ့ခွဲ ဖွဲ့စည်းရေးမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ဦးဉာဏ်ဝင်းကပြောပြီး ဘာ့ကြောင့် ဖမ်းဆီးသွားတာလဲဆိုတဲ့ အကြောင်းရင်းကို မသိသေးတာကြောင့် စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

“ကျနော်တို့ နားလည်နေတာ ဒီ လူငယ် သုံးလေးယောက်က မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးမှာ ဆောင်ရွက်ကြမယ့် လူငယ်တွေပေါ့။ ပါဝင်ပတ်သက်ရမယ့် လူငယ်တွေ။ အဲတော့ ဒီအတွက်များ ဖြစ်သလားလို့ ကျနော်တို့ ဒီလိုတော့ ခန့်မှန်းပါတယ်။ စုံစမ်းနေပါတယ်၊ ကျနော်တို့ ဘယ်မှာရှိနေလဲ၊ ဘာကြောင့်လဲဆိုတာ သိအောင်တော့ ကြိုးစားနေတယ်။ အခြေအနေကတော့ သူတို့စွပ်စွဲချက်ကို ကျနော်တို့ မသိပါဘူး။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်းဟာ NLD အပါအ၀င် ၁၁ ခုပဲရှိပြီး ဒီပါတီတွေဟာ လည်း စည်းရုံးလှုပ်ရှားခွင့်၊ ဖွဲ့စည်းခွင့်တွေ မရှိကြပါဘူး။ NLD ပါတီဆိုရင် ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ လုပ်ငန်းတွေ လုပ်နေနိုင်တာကလွဲလို့ ကျန်တဲ့ ပြည်နယ် တိုင်း မြို့နယ်ရုံးခွဲတွေ အားလုံးကို အပိတ်ခံထားရပါတယ်။

ဒါပေမဲ့လည်း တရားဝင် မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကို ဆိုင်းဘုတ်တင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုထားတာ ကြောင့် NLD လို တရားဝင် ပါတီတွေကိုလည်း အလားတူ လုပ်ဆောင်ခွင့်ပြုဖို့ သိပ်မကြာသေးခင်ကပဲ NLD ပါတီကနေ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား တောင်းခံခဲ့ပါသေးတယ်။ ဒီစာနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးဘဲ စည်းရုံးလှုပ်ရှားတဲ့ NLD အဖွဲ့ဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေကိုပဲ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အမေ့ခံ နိုင်ငံရေး အကျဉ်းသားများအရေး ဆွေးနွေး


အမေ့ခံ နိုင်ငံရေး အကျဉ်းသားများအရေး ဆွေးနွေး

17 September 2009 VOA

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ၀ါရှင်တန်မြို့တော်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆောင်ရွက်ခဲ့ကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ရင်း အမေရိကန် အထက်လွှတ်တော်မှာ မနေ့တုန်းကပဲ ဒီလိုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို လွှတ်တော်မှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

Burma Forgotten Prisoners မြန်မာနိုင်ငံက အမေ့ခံ နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ အစီရင်ခံစာက ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြောင်းကို ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် အပါအ၀င် မျှမျှတတ တရားစီရင်ခြင်းမရှိဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရတို့ အပါအ၀င် မြန်မာနိုင်ငံမှာ ဖမ်းဆီး ထောင်ချခံထားရတဲ့ နယ်ပယ်စုံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြောင်းကို မီးမောင်းထိုးပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ဖိနှိပ်တဲ့အစိုးရ ဖြစ်ပေမယ့် ဒီအစိုးရကို တွန်းလှန်တဲ့ သတ္တိရှင်တွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်လို့ Human Rights Watch အဖွဲ့ရဲ့ ၀ါရှင်တန်မြို့က ဒါရိုက်တာ တွမ် မာလင်နောစကီးက ပြောပါတယ်။ ဒီလူတွေရဲ့ သတ္တိကို နိုင်ငံတကာက မမေ့သင့်ကြောင်းနဲ့ ပြည်သူတွေကို သေနတ်ချိန်ပြီး အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ သေနတ်တွေကို နိုင်ငံတကာက ၀ိုင်းပြီး ဖယ်ရှားပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီ အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာ လွတ်လွတ်လပ်လပ် နေထိုင်ချင်ကြတဲ့ မြန်မာပြည်သူတွေဟာ သူတို့လိုချင်တဲ့ အစိုးရ ပေါ်ပေါက်လာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သေနတ်မိုး အုပ်ချုပ်တဲ့ စစ်အစိုးရကြောင့် သူတို့ရဲ့ကြိုးပမ်းမှု မအောင်မြင်သေးတာ ဖြစ်ပါတယ်။ အန္တရာယ်ကြားက မြန်မာပြည်သူတွေဟာ သူတို့လိုလားချက်အတိုင်း ဖြစ်လာဖို့ လုပ်နေချိန်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ သူတို့လုပ်နိုင်သမျှ နည်းသုံးပြီး မြန်မာပြည်သူတွေ လွတ်လပ်ဖို့ လုပ်ပေးရပါမယ်။”

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နဲ့ အချိန်ကိုက်ပြီး ပြုလုပ်ခဲ့တဲ့ပွဲ ဖြစ်တာမို့ မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုရဲ့ ပြည်ပတာဝန်ခံ ဦးပညာဇောတကလည်း မိန့်ခွန်း ပြောကြားခဲ့ရာမှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တယောက် ထားပြီးတော့ ဒီကိုယ်စားလှယ်ကပဲ မြန်မာနိုင်ငံအပေါ် မူတွေချမှတ်ရေး ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ဒီတော့ ဘယ်လိုကိုယ်စားလှယ်မျိုးကို ရည်ညွှန်းပါသလဲလို့ ဦးပညာဇောတကို မေးကြည့်ပါတယ်။

“မြန်မာနိုင်ငံအတွက် သီးခြား အထူးကိုယ်စားလှယ်ပေါ့။ အဲဒီ အထူးကိုယ်စားလှယ်ဟာ ရိုးရိုးကိုယ်စားလှယ်မျိုး မဟုတ်ဘဲ မူဝါဒရေးရာမှာ ချမှတ်ဆောင်ရွက်နိုင်တဲ့ အထူးကိုယ်စားလှယ်မျိုး ထားဖို့ လိုအပ်တယ်။ အဲဒီလို မူဝါဒရေးရာ ချမှတ်နိုင်တဲ့ အထူးကိုယ်စားလှယ် ထားခြင်းအားဖြင့် ဒီကိုယ်စားလှယ်က အမေရိကန် အစိုးရကို သူတွေ့ရှိချက်တွေ တင်ပြမယ်။ အမေရိကန် အစိုးရကနေ တဆင့် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေ၊ အီးယူ အဖွဲ့အစည်းမျိုးတွေ၊ အာဆီယံ အဖွဲ့အစည်းမျိုးတွေ၊ ဒီလို အဖွဲ့အစည်းမျိုးတွေကို အမေရိကန် အစိုးရကနေပြီးတော့ ပူးပေါင်းပြီး ပါဝင်လာနိုင်အောင် လုပ်ပေးနိုင်တဲ့ အထူးကိုယ်စားလှယ်မျိုး ထားရှိဖို့ လိုအပ်တယ်။”

Human Rights Watch က အမေ့ခံ နိုင်ငံရေး အကျဉ်းသားများ အစီရင်ခံစာ ထုတ်ပြန်တာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၂၀၁၀ မတိုင်ခင် ၂,၁၀၀ ဆိုပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုကိုလည်း စတင်ပါတယ်။ သဘောကတော့ အကျဉ်းသား ၂,၁၀၀ ကို ၂၀၁၀ မတိုင်ခင် ပြန်လွှတ်ပေးပါလို့ တောင်းဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အနာဂတ် နိုင်ငံရေးအတွက် အရေးပါကြသူတွေ ဖြစ်လို့ သူတို့ကို မေ့မထားသင့်ဘူး ဆိုတာကိုလည်း အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒု-လက်ထောက် ၀န်ကြီးလည်းဖြစ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီးလည်းဖြစ်တဲ့ စကော့ မာဆီယယ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရ မူဝါဒ ပြန်လည်သုံးသပ်မှုကလည်း မကြာခင်မှာ ပြီးဆုံးတော့မှာမို့ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာရေး ကိစ္စကိုလည်း အလေးထား ထည့်သွင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အမေရိကန် အစိုးရဟာ မြန်မာပြည်သူတွေကို ထောက်ခံလာခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ မြန်မာနိုင်ငံမှာ ပြည်သူတွေအားလုံး စည်းလုံးပျော်ရွှင်ပြီး လွတ်လပ်အေးချမ်းစွာ နေနိုင်ဖို့ကိုလည်း အမေရိကန် ပြည်ထောင်စုက အမြဲကြိုးစားနေပါတယ်။ ဒီလို နေထိုင်ခွင့် ရလာစေရေးကလည်း အမေရိကန်ရဲ့ ရည်မှန်းချက်တခု ဖြစ်ပါတယ်။”

အမေရိကန် အထက်လွှတ်တော်မှာလုပ်တဲ့ ပွဲမှာ နောက်ထပ် မိန့်ခွန်းပြောခဲ့သူကတော့ နိုင်ငံတကာ အဖွဲ့အစည်းများ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့အမျိုးသမီးရေးရာ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဘာဘရာ ဘော့က်ဆာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သူတွေကို မမေ့ဘူးဆိုတာကို ပြသရမယ်။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံတကာက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားဖို့ လိုတယ်။ မြန်မာနိုင်ငံက လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတွေ အတွက်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ အမေရိကန် အစိုးရက တတ်နိုင်သလောက် လုပ်သွားမှာပါ” လို့ မြန်မာနိုင်ငံက အမေ့ခံ နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲနဲ့ ၂၀၁၀ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ လွှတ်ပေးရေး တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု စတင်တဲ့ပွဲမှာ မစ္စဘော့က်ဆာက ပြောသွားပါတယ်။



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List