နှစ်ဆယ့်တစ်ရာစု မောင်းသံ
ငါတို့ရဲ့ ကံကြမ္မာကို
နက္ခတ်တွေ ဇာတာတွေနဲ့
တွက်ချက်စရာ မလိုတော့ပါဘူး
ရက်မြတ်အချိန်ခါရောက်လို့
အရှေ့က နေဝင်းတောက်ပချိန်မှာ
ငါတို့အတွက်
အဖြေတစ်ခု ရှိနေပြီးသားပါ
သပြေခက်တွေနဲ့ ဒီတစ်သက်
ကြိုနိုင်ကောင်းပါရဲ့။
အလောင်းဘုရားနဲ့ ကျန်စစ်
ပြည်ချစ်တဲ့ ဗိုလ်အောင်ဆန်းတို့လိုပ
ကိုယ့်မြင်းကို ကိုယ်ကြိုးကိုင်
မနိုင်ဘယ်မှာ ရှိလိမ့်မတုန်း
ဆယ်ကမ္ဘာတိုင် သတိရကြအောင်
သွေးစည်းကာပြကြရမယ်
ဆွေအဆက် မျိုးအစဉ်မှာ
ရွှေမြန်ပြည်သာစေကြောင်း
အားသစ်တွေလောင်းကြပါစို့။ ။
0 comments:
Post a Comment