မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရန်ကုန်တွင် ဗုံး ၇ လုံးကွဲ၊ ထိခိုက်သေဆုံးသူ မရှိ


ရန်ကုန်တွင် ဗုံး ၇ လုံးကွဲ၊ ထိခိုက်သေဆုံးသူ မရှိ
AFP သတင်းဌာန
စက်တင်ဘာ ၁၇၊ ၂၀၀၉


ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် အသေးစား ဗုံးပေါက်ကွဲမှု ၇ ခု ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ သေဆုံးမှုများ မရှိကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောသည်။ ယမန်နေ့ ညပိုင်း နှင့် ယနေ့ နံနက် အစောပိုင်းတွင် ပေါက်ကွဲခြင်း ဖြစ်သည်။ ယခင်က ပေါက်ကွဲမှုများ ဖြစ်ပါက ပြည်ပရောက် မြန်မာအဖွဲ့များ သို့မဟုတ် တိုင်းရင်းသား သူပုန်များကို အစိုးရက အပြစ်ပုံချသည်။

ဗုံးများမှာ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ မင်္ဂလာဒုံမြို့နယ်များတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုံးထောင်သူ မည်သူများဖြစ်သည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“လူ ထိခိုက် သေဆုံးတာတော့ မရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ပေါက်ကွဲချိန်မှာ အဲဒီနားမှာ လူက မရှိသလောက် ဖြစ်နေလို့ပါ” ဟု အမည်မဖော်လိုသူ ရဲ့အရာရှိတဦးက ရှင်းပြသည်။

ယခုအချိန်အထိ မည်သူကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ဇူလိုင်လက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရန်ကုန်သို့ ရောက်စဉ် ပြည်ပ မြန်မာအဖွဲ့များ စေလွှတ်လိုက်သူတဦး၏ ဗုံးဖောက်ခွဲရန် ကြံစည်မှုများကို အာဏာပိုင်တို့က ဖော်ထုတ်နိုင်ခဲ့သည်ဟု စစ်စိုးရက ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့ဖူးသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List