မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှုအပေါ်စစ်အစိုးရခုခံ

31 May 2009 VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတဲ့ အမေရိကန် ဂျွန်ယက်ထော ကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် အပြစ်ပေးဖို့က လွဲပြီး တခြားလမ်းမရှိဘူးလို့ မြန်မာ ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က တနင်္ဂနွေ စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေး နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှုကို အာဏာပိုင်တွေထံ အကြောင်းမကြားဘဲ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ပြောခဲ့တဲ့အပြင်၊ ဒီတရားမ၀င် လာရောက်သူကို ကျွေးမွေးပြီး ခိုလှုံခွင့်ပါပေးခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တစုံတရာ ချိုးဖောက်တာ မတွေ့ရဘူးလို့ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မစ္စတာ ယက်ထော ပထမအကြိမ်လာရောက်စဉ်က အာဏာပိုင်တွေကို ပြောကြားခဲ့ပေမဲ့ အရေးယူမှု တစုံတရာ မရှိတဲ့အပြင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်မှု တားဆီးမှု တစုံတရာ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေဖြစ်သူတွေနဲ့ မနေ့က အင်းစိန် ထောင်ဝန်းထဲမှာ ၂နာရီကြာ တွေ့ဆုံခွင့်ပေးခဲ့တာမို့ ကျန်းကျန်းမာမာနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို တနင်္လာနေ့ကနေ သောကြာနေ့ကို ရွှေ့ဆိုင်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ကာကွယ်ရေး ၀န်ကြီးများအဆင့် အာရှဒေသ လုံခြုံရေး အစည်းအဝေးကို တက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံက နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ၀န်ကြီး အန်းတေလာ က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ထောက်ခံ ပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး မြန်မာ စစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့တာဝန်

သူငယ်ချင်းရေ-
မင်းလဲမြန်မာ၊ ငါလဲမြန်မာ
မြန်မာပြည်မှာမွေး၊ မြန်မာ့ရေကိုသောက်
မြန်မာ့မြေမှာ၊ လူလားမြောက်ခဲ့တယ်။

ဘယ်နေရာကို ရောက်ရောက်
ဘာတွေပဲ လုပ်လုပ်
ဘ၀တွေမေ့၊ ဘ၀တွေမြင့်နဲ့
ရူးသွပ်နေသူ၊ မဟုတ်ဘူးဆိုရင်
မြန်မာဆိုတာ၊ ငါတို့ရင်ထဲ
အမြဲရှိနေတဲ့အရာ။

ဒီမြန်မာဆိုတဲ့ ငါတို့အမျိုးအစဉ်အလာကို
ဒီလိုပဲ ရင်ထဲမှာ သော့ခတ်၊
လွမ်းဆွတ်တမ်းတရင်း
ဖြစ်ချင်ရာဖြစ်၊ မတတ်နိုင်ပါဘူးလေလို့
လက်ပိုက်ကြည့် နေသင့်ကြသလား။

မြန်မာပြည် အနယ်နယ်အရပ်ရပ်က
လမ်းတွေပေါ်မှာ လျှောက်သွား
တောင်းစားနေရတဲ့ ၊
ငါတို့ မြန်မာလူမျိုးတွေရဲ့
အနာဂတ်မျိုးဆက် ကလေးငယ်တွေကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်
လိမ်မယ်၊ ညာမယ်၊ လူစွာလုပ်မယ်ဆိုတဲ့
စိတ်ဓာတ်ဆိုးကြီးတွေ
ငါတို့ တိုင်းပြည်ရဲ့
အနာဂတ်ခေါင်းဆောင် လူငယ်လေးတွေဆီ
ရောက်ရှိပြန့်နှံနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

သတ်မယ်၊ ဖြတ်မယ်၊ အာဏာပြမယ်
လူကြီးဖားပြီး၊ ရာထူးတက်မယ်ဆိုတဲ့
စိတ်ဆိုး၊ ဥာဉ်ဆိုးကြီးတွေ
ငါတို့ နိုင်ငံရဲ့
နောင်တခေတ် အောင်စစ်သည်တွေဆီ
ကူးစက် ပျံ့နှံနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

လက်ဖက်ရည်ဖိုးတောင်းမယ်၊ ကြားပွဲစားသုံးမယ်
ရုံးတက်နောက်ကျပြီး၊ ရုံးပြန်စောမယ်ဆိုတဲ့
စာရိတ္တပျက်ပြားမှုတွေ
ငါတို့ မြန်မာနိုင်ငံရဲ့
အနာဂတ် တည်ဆောက်သူုတွေဆီ
ငြိတွယ် ပျံ့နှံ့လာတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ဆေးဖိုးတောင်းမယ်၊ ၀ါးခယူမယ်
အသပြာပေးမှ ဆေးကုမယ်ဆိုတဲ့
အသပြာစိတ်တွေ
ငါတို့ တိုင်းပြည်ရဲ့
ကျန်းမာရေးဝန်ထမ်းတွေဆီ
ကူးစက် ပျံ့ပွားနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

မေးခွန်းအောက်မယ်၊ အမှတ်ရောင်းမယ်
ချမ်းသာတဲ့ကလေး ဦးစားပေးမယ်ဆိုတဲ့
ဂုဏ်သိက္ခာမဲ့မှုတွေ
ငါတို့ တိုင်းပြည်ရဲ့
ပညာရေးဝန်ထမ်းတွေဆီ
ပျံနှံ့ တိုးပွားနေတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

စားစရာမဲ့၊ ၀တ်စရာချို့တဲ့
နေစရာစုတ်ပဲ့
ဘ၀ခယောင်းလမ်းကို
ကြုံသလို၊ ဖြစ်သလို
ရုန်းကန်နေရတဲ့
မြန်မာအမျိုးသားတွေ ဘ၀ကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ရှိတာလေးတွေခေါင်းရွက်
ကလေးငယ်ကို လက်ကစွဲလို့
တောထဲတောင်ထဲ၊ လျှိုထဲချောက်ထဲ
ပုန်းအောင်း ပြေးလွှားနေရတဲ့
မြန်မာတိုင်းရင်းသားတွေအဖြစ်ကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

မတရားမှုကို တော်လှန်
အမှန်တရားအတွက်
တိုက်ပွဲဝင်ရင်း
အာဏာရှင်အကျဉ်းသားဘဝ
မတရားတွန်းပို့ခံရတဲ့
မြန်မာမျိုးချစ်တွေ အဖြစ်ကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

ကလိန်ကျမယ်၊ ညစ်ပတ်မယ်
ယုတ်မာ ရက်စက်မယ်ဆိုတဲ့
စစ်အာဏာရူးတွေ လက်ထဲ
ငါတို့ တိုင်းပြည်ရဲ့
အနာဂတ်တခုလုံး
ဖျက်ဆီးခံနေရတာကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

အရာရာ ယိုယွင်းပျက်စီးပြီး
မြန်မာဆိုတဲ့
အစဉ်အလာတွေ၊
အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေ
ဇာတိသွေး၊ ဇာတိမာန်တွေ
တစတစနိမ့်ကျ၊ သိက္ခာမဲ့လာတွေကို
ငါတို့ လက်ပိုက်ကြည့်နေသင့်သလား။

သူငယ်ချင်းရေ-
မင်းလဲမြန်မာ
ငါလဲမြန်မာ၊
ဘယ်သူ့တာဝန်လဲ မမေးကြနဲ့
ဘယ်သူကယ်မှာလဲ မမျှော်ကြနဲ့
မြန်မာ့အရေးဟာ၊
မြန်မာတမျိုးလုံးရဲ့ တာဝန်၊
မြန်မာကို ကယ်ရမယ့်သူဟာ
ငါတို့ မြန်မာအမျိုးသားတို့သာ
ဖြစ်လေသမို့
အမျိုးသားရေးမှာ၊ လက်မနှေးပဲ
မြန်မာ့သွေးကို ပြကြပါစို့၊
သခင်စိတ်ကို မွေးကြပါစို့၊
မြန်မာ့ လွတ်မြောက်ရေးကို
ကြိုးပမ်းကြပါစို့၊
မတရာတဲ့ အမိန့်အာဏာမှန်သမျှ
တာဝန်အရ
ဖီဆန်ကြပါစို့။

ခင်မမမျိုး (၂၈၊ ၅၊ ၂၀၀၉)

အင်းစိန်တရားခွင် ၈ ရက်မြောက် ကျန်စွပ်စွဲခံရသူများကို စစ်ဆေး


အင်းစိန်တရားခွင် ၈ ရက်မြောက် ကျန်စွပ်စွဲခံရသူများကို စစ်ဆေး

27 May 2009 VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက အထူးတရားခွင်က ဒီကနေ့ ကျန်စွပ်စွဲခံရသူတွေ ရဲ့ ထွက်ဆိုချက်တွေကို ကြားနာခဲ့တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတဲ့ အချိန်မှာလို သံတမန်တွေနဲ့ စာနယ်ဇင်းသမားတွေ တက်ရောက် ကြားနာခွင့်တော့ မရတော့ပါဘူး။ တရားခွင်က နောက်ဆုံး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံကို မေးမြန်းစုံစမ်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဆက်လက် စစ်ဆေးတာတွေ လုပ်နေတဲ့ ရန်ကုန်အင်းစိန်ထောင်တွင်း တရားခွင်မှာ၊ ဒီလို ကျူးလွန်ရာမှာ အားပေး ကူညီတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေထိုင်ကြတဲ့ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မ၀င်းမမ၊ နောက် နေအိမ် ခြံဝင်းထဲကို ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယံ ယက်ထော တို့က ရုံးတော်မှာ ထွက်ဆိုခဲ့တာလို့ ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ ဒီနေ့ တရားခွင်နဲ့ ပတ်သက်ပြီး စောစောကပဲ အင်းစိန်ထောင်က ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးကြည်ဝင်း ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးကြည်ဝင်း။ ။ ဒီနေ့ ခင်ခင်ဝင်းကို စစ်တယ်။နောက် ၀င်းမမကို စစ်တယ်။ နောက် ယက်ထောကို စစ်တယ်။ သူက ဘုရားသခင်က သူ့ကို လွှတ်လိုက်တာ။ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမယ်ဆိုလို့ ဒါတွေကို လာရောက်ပြီးတော့ သတိပေးတာပါ။

အောင်လွင်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ဆွေးနွေးခွင့်ရခဲ့သေးလားခင်ဗျ။

ဦးကြည်ဝင်း။ ။ရုံးမထိုင်ခင် ၁နာရီ ကျော်ကျော်ပါပဲ။ သူက ရုံးကို စောစောသွားတာကိုး။ ရုံးကလည်း စောစောလည်းမှာတယ်။ လာပါဆိုလို့ ၉နာရီဆိုရောက်တယ်။ ဒေါ်စုတို့ ရောက်ပြီး သိပ်မကြာဘူး ၉နာရီ သာသာလောက်မှာ လာကြတယ်။

အောင်လွင်ဦး။ ။မနေ့တုံးက ရဲတပ်ဖွဲ့ရဲ့ ဒေါ်စုနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ရှိတယ်။ လူတွေဘယ်လို တွက်ဆနေသလဲဆိုတော့ ဒီရှင်းလင်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့ ဆုံးဖြတ်ထားပြီးသားကို ပေါ်လွင်တယ်လို့ ပြောတာတွေ ရှိတယ်။ ဘယ်လို တွက်မိပါသလဲခင်ဗျ။

ဦးကြည်ဝင်း။ ။ကိုယ်လည်း မတက်လိုက်ရတော့။ ကိုယ်က အောင်ဆန်းဦး အမှုနဲ့ သွားတိုက်နေတော့ ကိုယ်က အဲဒီပဲ သွားလိုက်တယ်။ သွားလိုက်တော့ ဒီဘက်က သတင်းစာရှင်းလင်းပွဲကို မရောက်လိုက်ဘူး။ ကိုယ်တို့ဆီက ကိုလှမျိုး တယောက်ပဲ တက်တယ်။ ဒါပေမဲ့ သူတို့ကလည်း သတင်းစာရှင်းလင်းပွဲလို့သာ ပြောတာပါ။ သူတို့ဟာက ကြေညာချက် တရပ်ကို ပို့ပေးတာပဲ။ ပြောရရင် အပြစ်ရှာတာ မဟုတ်ပါဘူး။ သဘောတရားကို ပြောတာ။ ရက်စွဲတောင် မပါဘူးဗျ။ အဲတော့ ကိုယ်က ကိုယ့်ဟာကို ရက်စွဲလေး ထည့်ရတယ်။ အချိန်နာရီတို့ ဒီအတိုင်းပဲ မရှိဘူး။ ရက်စွဲမပါတဲ့ ကြေညာချက်။ သို့သော် ကြေညာချက် ကြည့်လိုက်တော့ သူက သူတို့ ဆောင်ရွက်ချက်။ တနည်းအားဖြင့် သူတို့ ဆိုတာက အစိုးရတို့၊ ဗဟို အစိုးရအဖွဲ့တို့။ သူတို့ ဆောင်ရွက်ချက် ဥပဒေနဲ့ ညီတယ်လို့ ဆိုပြီး၊ ခြောက်နှစ် ခြောက်မိုး ချုပ်တာဟာ မှန်ပါတယ်ဆိုတဲ့ သဘောမျိုးပြောတာ။

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အပေါ် ချမှတ်ထားတဲ့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်မေးတာတွေ လုပ်ဆောင်ခံနေရတဲ့ တရားခွင်မှာ မနေ့တုန်းက အပြစ်မရှိကြောင်း ကိုယ်တိုင် ခုခံချေပတဲ့ နေရာမှာတော့ သူ့နေအိမ်ခြံဝန်းထဲကို တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့တယ် ဆိုတဲ့ အမေရိကန် နိုင်ငံသား John William Yettaw နဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို၊ စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ပဲ ရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ တာဝန်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှု အတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ တဖက်သတ် စီစဉ်ဆောင်ရွက်တာသာ ဖြစ်တယ် ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာပါ။

ပျားအုံခံစားမှု

ပျားအုံခံစားမှု

အထူးကဗျာ - ၃

အောင်ဝေး

မေ ၂၆၊ ၂၀၀၉ မိုးမခ

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ

ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။


လူတိုင်းအင်းစိန်ထောင်ရှေ့ 

သွားဆုံစုရုံးနေတာ

ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။


ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။



ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။


ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။


ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။


ဒီအချိန်မှာ
အင်းစိန်ထောင်ဟာငါတို့ အိမ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံးပိတ်လှောင်ခံနေရတယ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင်ချုပ်နှောင်ခံနေရတယ်။


အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ်မြေမြှုပ်ခံရတော့မယ်။


သေရေး ရှင်ရေး

အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 

ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့

မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ

အင်းစိန်ထောင်ရှေ့ ချီတက်တာကို

ဘာကြောင့် သဘောမတူရဲတာလဲ။


ငါတို့ ဟာ

စိတ်ထဲကသေနတ်တွေနဲ့ 

ရန်သူကိုဆက်ပစ်နေရမယ်။


ငါတို့ အပစ်ရပ်လိုက်ရင်

ရန်သူရဲ့ 

အပြတ်ရစ်ခြင်း ကိုခံရမယ်။


ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(မေ ၂၅ ၊ ၂၀၀၉)

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆို


ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆို

26 May 2009 VOA

တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက
အထူးတရားခွင်မှာ တရားစွဲဆိုခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုယ်တိုင်
ထွက်ဆိုပြီးတော့ သူ့မှာ အပြစ်မရှိကြောင်း ချေပလိုက်တယ်လို့ ဥပဒေအကျိုးဆောင်
တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတဲ့
ဒီကနေ့မှာတော့ သံတမန်တွေနဲ့ စာနယ်ဇင်းသမားတချို့လည်း တက်ရောက်ကြားနာခွင့်
ရခဲ့ကြပါတယ်။ တရားခွင်က နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့
ကိုအောင်လွင်ဦးက အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်ချမှတ်ထားတဲ့ တားဆီးကန့်သတ်မိန့်ကို
ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးမေးမြန်းတာတွေ ခံနေရတဲ့ တရားခွင်မှာ
အပြစ်မရှိကြောင်း ကိုယ်တိုင် ခုခံချေပလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်
ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား
ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw) နဲ့ ဆက်စပ်ပတ်သက်ပြီး စွပ်စွဲခံနေ
ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်
မရှိကြောင်း ဖော်ပြထားတဲ့ ရေးသားချက်ကို ရုံးတော်ကို တင်ပြခဲ့တာလို့ သူ့ရဲ့ ဥပဒေ
အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“သူ့ရဲ့ ခုခံချေပချက်က အခုဖြစ်ပျက်သွားတာ အားလုံးသိပြီးသားလေ၊ အဲတော့
မစ္စတာယက်ထောကို နေရာထိုင်ခင်းပေးတယ်တို့၊ အစားအသောက် ကျွေးတယ်တို့၊
ဒေါ်အောင်ဆန်းစုကြည်ပြောတာက ခေတ္တ နေထိုင်ခွင့်ပြုခဲ့တယ်။ ဘာကြောင့်လဲ
ဆိုတော့ မစ္စတာယက်ထောက အဲဒီနေ့မနက် ၅ နာရီကျော်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့တယ်။ အလင်းရောင်ကလာပြီ။ သူ အခုသွားရင် အဖမ်းခံရမယ်။ ဒါကြောင့် သူ့ကို
ကူညီပါ၊ ခေတ္တနေခွင့်ပြုပါလို့ ခွင့်တောင်းလို့ ခေတ္တခွင့်ပြုခဲ့တယ်။

“ဒီလို ခေတ္တခွင့်ပြုပြီး သက်ဆိုင်ရာကို ဘာကြောင့် အကြောင်းမကြားလဲ၊ အကြောင်း
မကြားလို့ ဘာညာဆိုပြီး အစိုးရဘက်က စွပ်စွဲတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း
စုကြည်ပြောတာက သူ့အနေနဲ့ သူကိုယ်တိုင် အကျဉ်းကျခံနေရတယ်။ သူ့ရဲ့ လုပ်ဖော်
ကိုင်ဘက်များဟာလည်း တရားဥပဒေရဲ့ အကာအကွယ်မရဘူး၊ တရားဥပဒေရဲ့
သက်ညှာမှုလည်း မရဘဲနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတယ်။ ဒီလိုအချိန်အခါ
မျိုးမှာ မိမိကြောင့် တခြားလူတဦး ဒုက္ခရောက်မယ့် တွန်းပို့မှုမျိုးကို သူ နိုင်ငံရေး
ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီလို Statement မှာ ဖော်ပြပါတယ်။

“အာဏာပိုင်တွေကို ၇ ရက်နေ့မှာ အကြောင်းကြားဖို့ သူရည်ရွယ်ထားတယ်။ ပထမ
တကြိမ်တုန်းကလည်း ဒေါက်တာတင်မျိုးဝင်း ၀င်တဲ့အချိန်မှာ သူ အကြောင်းကြားခဲ့
တယ်။ အခုလည်း ဒေါက်တာတင်မျိုးဝင်းဝင်မယ့် မေလ ၇ ရက်နေ့မှာ အကြောင်းကြား
ဖို့ ရည်ရွယ်ထားတယ်။ သို့သော်လည်း အာဏာပိုင်တွေက ဒေါက်တာတင်မျိုးဝင်းကို
ဝင်ခွင့်မပြုတော့၊ သူ့ဆီကို မရောက်လာတော့ သူ ဒါကို ဆောင်ရွက်ခွင့်မရဘူးလို့လည်း
ရှင်းပြထားပါတယ်။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုမယ့်နေ့မှာတော့ မြန်မာ
စစ်အစိုးရ အာဏာပိုင်တွေဘက်က ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်း
သမားတချို့ကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့သလို တရားခွင်ကိုလည်း
ဝင်ရောက်လေ့လာခွင့် ပေးခဲ့ပါတယ်။

မနက်အစောပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဥပဒေထက်ကျော်လွန်
လုပ်ဆောင်ထားတယ်ဆိုပြီး အများက ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်
ဖမ်းဆီးထိန်းသိမ်းထားတဲ့အမိန့်နဲ့ ပတ်သက်လို့ ရဲမှူးချုပ်မြင့်သိန်းက ခုခံပြောဆိုခဲ့တာပါ။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားရမယ့် အချိန်ထက်တောင် စောပြီး
လွှတ်ပေးဖို့ အစီအစဉ် ရှိနှင့်နေတာလို့လည်း အသင့်ရေးထားတဲ့ ကြေညာချက်ကို
ဖတ်ပြသွားခဲ့တဲ့အကြောင်း အဲဒီကိုရောက်သွားတဲ့ စာနယ်ဇင်းသမားတွေက ပြောပါ
တယ်။

ဒီလိုပဲ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားတဲ့
ဥပဒေကို ပယ်ဖျက်လိုက်တဲ့အကြောင်း သူ့ရဲ့ရှေ့နေတွေရှေ့မှောက် ထောင်တွင်းမှာ
အကြောင်းကြားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ မနက် ၁၀ နာရီခွဲလောက် ဒီမှာ အချိန်နည်းနည်းလေးလွဲမယ်၊ ကျနော်
ရောက်သွားတဲ့အချိန်မှာ သတင်းတပ်ဖွဲ့က ကျနော်ရယ်၊ ရှေ့နေ ဦးလှမျိုးမြင့်ရယ်၊
ဒေါ်ခင်ဌေးကြွယ်ရယ်ကို ကားနဲ့တင်ပြီး ဒေါ်အောင်ဆန်းစုကြည် ယခုလက်ရှိ နေထိုင်
ခွင့်ရှိနေတဲ့ အကျဉ်းထောင်ဝင်းထဲက နေအိမ်ကို ခေါ်သွားပါတယ်။ နေအိမ်ရောက်တော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ ဧည့်ခန်းမှာ ထိုင်ပါတယ်။ သူတို့ လုံခြုံရေးတွေ
လည်း အများကြီးပါ။ အဲဒီမှာ လူကြီးတဦးလာမယ်၊ ဘယ်သူလဲဆိုတာတော့ မသိဘူး
ပေါ့။

“နောက် ရောက်လာတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ နောက် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်
ဦးမြင့်သိန်း၊ သူတို့နှစ်ယောက် ရောက်လာပါတယ်။ ရောက်လာပြီးတော့
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ၁၀(ခ) အရ ချမှတ်ထားတဲ့ တားဆီးမိန့်ကို ရုပ်သိမ်း
ကြောင်းနဲ့ ဒီအမိန့်စာကို ရဲမှူးချုပ်မြင့်သိန်းက ဖတ်ပြပါတယ်။ ဖတ်ပြပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို ကော်ပီတစုံပေးပါတယ်။ သို့သော် ကျနော်တို့ Mention
လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၄ ရက်နေ့ တရားစွဲတဲ့အချိန်ကစပြီးတော့
ဒီဟာကို ရပ်စဲတယ်လို့ ဖြစ်သင့်ပါတယ်ဆိုတဲ့ အကြောင်းကိုတော့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ Instruction အရ ကျနော် ပြောခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အခုလို အကျဉ်းထောင်တွင်း တရားရုံးတင်
စစ်ဆေးတာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို လုပ်ဆောင်နေတာမို့ အခုတရားခွင်ကို
အာဏာပိုင်တွေဘက်က အဆောတလျင် ပြီးပြတ်လိုတဲ့သဘော ရှိနေတယ်လို့လည်း
တွက်ဆနေကြပါတယ်။ ဒီနေရာမှာလည်း နေအိမ်အကျယ်ချုပ် သက်တမ်းစေ့တော့မှာ
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်တွေ
ရှိနေတယ်လို့လည်း ယူဆနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်ကလည်း
ဒီလိုယူဆစရာအကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ယူဆမယ်ဆိုရင်တော့ ယူဆစရာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၁၀(ခ) က တကယ်
ဆိုရင် တခြားပြစ်မှုတခုခုနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ကို ဖမ်းဆီးတရားစွဲဆိုမယ်ဆိုရင် ၁၀(ခ)
က ပုဒ်မ ၄၃ အရ အလိုအလျောက် ပျက်ပြယ်တယ်လေ။ အဲတော့ ဘာပဲဖြစ်ဖြစ် ၁၀(ခ)
ကို ဖျက်ပြီးတော့ ဒီအမှုကို သူတို့ အခိုင်အမာတည်ဆောက်ဖို့ စွဲချက်တင်လိုက်ပြီ
ဆိုတော့ ဘာပဲပြောပြော ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တနည်း
မဟုတ်တနည်း အပြစ်ပေးနိုင်ဖို့ စနေပြီလို့ ယူဆလို့ရပါတယ်။”

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာ အခုလို ကြားနာစစ်ဆေးတာတွေ
လုပ်ဆောင်နေချိန်မှာတော့ ထောင်အနီးအနား ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေကို
ဆက်ပြီး တင်းတင်းကျပ်ကျပ် ချထားဆဲဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ
အားပေးသူတွေကလည်း အကဲခတ်ဖို့ စောင့်ဆိုင်းရောက်ရှိလာကြတုန်းပါ။

နေ့စဉ်ရက်ဆက်ဆိုသလို အင်းစိန်ထောင်အနီးကို သွားနေတဲ့ အန်န်အယ်လ်ဒီပါတီ
အတွင်းရေးမှူး ဦးဝင်းတင်အပြင် ဒီကနေ့မှာတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်
တွေဖြစ်ကြတဲ့ ဇိုမီးအမျိုးသားကွန်ဂရက်က ဦးကျင့်ရှင်းထန်၊ ရခိုင်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က ဦးအေးသာအောင် စတဲ့သူတွေလည်း ရောက်လာကြတယ်လို့ ကိုယ်တိုင်
တွေ့ခဲ့သူတွေက ပြောပြကြပါတယ်။

ခိုလှုံစရာတနေရာ


ခိုလှုံစရာတနေရာ
တင်မိုး

နိုင်ငံတကာမှာ
အကြံအဖန်များစွာနဲ့
ခိုးဝင်လာကြတဲ့ ပြဿနာ။


ပတ်စပို့အတု၊ တံဆိပ်တွေထုပြီး
ဥရောပ အင်္ဂလန်၊ အမေရိကန်နိုင်ငံတလွှား
လူဝင်မှု ဥပဒေတွေနဲ့
အသေအချာ တားသော်လဲ
သွားကြလာကြ၊ ၀င်ထွက်ကြနဲ့
တားမရဆီးမနိုင်
ပတ်စပို့ အမျိုးမျိုးကိုင်ပြီး
ခြေသလုံးအိမ်တိုင်
ကိုယ်ပိုင်စီးပွါး၊ ကြီးထွားလာဘိ
နိုင်ငံသီးခြား၊ စည်းတားစရာမရှိ။

ငါတို့လို ပြည်ပြေး
နိုင်ငံရေးခိုလှုံမှုတွေကလဲ
အတုတွေနဲ့ ရောနေတော့
သောကောရောကောဖြစ်
စိတ်ညစ်စရာမျိုးစုံ ကြုံပြန်ရ
သိက္ခာတွေ ကျရပြန်တယ်။

အာဖရိကက ကပ္ပလီ
သောင်းချီပြီး ၀င်ရောက်
နိုင်ငံစုံ ပေါက်ခဲ့ပေါ့
မြောက်ပင်လယ်နော်ဝေ
ပါကစ္စတန်တွေ တပုံကြီး
လှေစီးဗီယက်နမ်တွေလဲ
နိုင်ငံတကာ အနှံ့အပြား
တရုတ်ကုလားကတော့
အဟုတ်များသလားမမေးနဲ့
ကျုပ်သွားရာ ရှောင်မလွတ်
မြို့လုံးကျွတ် နယ်လုံးကျွတ်တွေပေါ့။

လွတ်လပ်ရေးတိုက်ပွဲဝင်
တို့ဗမာသခင်တွေလဲ
စင်မြင့်ရှိရာ တက်လို့ဟော
မောနိုင်တယ်မရှိ
တကမ္ဘာလုံးက သိကြရဲ့
မိမိတိုင်းပြည် လွတ်မြောက်ကြောင်း
ခွပ်ဒေါင်းအလံတလူလူနဲ့
နိုင်ငံတကာမှာ ထူချေပြီ။

ကျုပ်လဲပဲ ဘယ်နိုင်ငံမှာ နေခိုလို့
ဘယ်လိုစခန်းသွားရပါ့
ရေခြား မြေခြားမှာ
မဖျားမနာအောင် သတိထားရင်း
စကားမတူ အစားမတူ
လူဖြူတွေရဲ့ အရိပ်အာဝါသမှာ
စိတ်ချလက်ချ နေနိုင်ခွင့်
တဆင့်ပြီးတဆင့် ကြိုးစားကာ
တို့အမျိုးသား များစွာတို့ရဲ့အကျိုး
သယ်ပိုးရွက်ဆောင်ရဦးမယ်။

တင်မိုး
၀၂၊ ၁၃၊ ၂၀၀၀

ဘယ်ပန်းချီရေးလို့ မမီ

ခွပ်ဒေါင်းသို့ပန်ကြားချက်

ခွပ်ဒေါင်းသို့ပန်ကြားချက်
*တင်မိုး*

(၁)
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊
ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။

(၂)
ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုပ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလဲ ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လိုတော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့။

(၃)
သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကိုဆွဲသုံး
အမဲတုံးခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေးတ, ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုပ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။

(၄)
ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူ လူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ...... ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။

(၅)
အို..... ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။

အာဆီယံထုတ်ပြန်ချက် မြန်မာစစ်အစိုးရ ကန့်ကွက်


အာဆီယံထုတ်ပြန်ချက် မြန်မာစစ်အစိုးရ ကန့်ကွက်

25 May 2009 VOA

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို လိုက်တာနဲ့ ပတ်သက်ပြီးတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို မြန်မာ စစ်အစိုးရက ပြင်းထန်တဲ့ အသုံးအနှုန်း တွေ သုံးပြီးတော့ ကန့်ကွက်ခဲ့ပါတယ်။ မေလ၁၉ရက်နေ့စွဲနဲ့ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ အတွက် နိုင်ငံတကာမှာ မြန်မာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဖေါ်ပြထားပါတယ်။ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသသွားတဲ့ အစိုးရ သတင်းထဲမှာ ပြောကြား သွားပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒီကြေညာချက်ကို တခြားအဖွဲ့ ဝင် နိုင်ငံတွေက အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ ကြိုတင် ညှိနှိုင်းမှု မရှိဘဲ သဘောရိုးနဲ့ မဟုတ် ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့အတွက် အာဆီယံ အဖွဲ့ အတွင်းမှာ မကောင်းတဲ့ အစဉ်အလာကို ဖြစ်စေတယ်လို့ အစိုးရ သတင်းထဲမှာ ဖေါ်ပြပါတယ်။ အမေရိကန် လူမျိုး ဂျွန်ဝီလျှံ ယက်ထော မေလ ၃ရက် နေ့တုံးက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ခံထားရတဲ့ သူမရဲ့  ခြံဝင်းထဲကို ရေကူးသွားရောက်ကာ ၂ရက်ကြာအောင်နေခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားပါ တယ်။ ဒီလို တရားစွဲဆိုတာကို ကန့်ကွက်တဲ့ အနေနဲ့ ကမ္ဘာအရပ်ရပ်က မြန်မာ့အရေး လှုပ်ရှားသူတွေ ကလည်း ဆန္ဒပြမှုတွေ လုပ်နေကြတာမှာ တနင်္ဂနွေနေ့က ထိုင်းမြန်မာနယ်စပ်မှာ ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးကြဖို့ကို တောင်းဆိုခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမှုကို အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ ဒီကနေ့ တနင်္လာနေ့မှာ လည်း ဆက်ပြီးတော့ စစ်ဆေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ နအဖ၏ စွပ်စွဲချက်အပေါ် တုန့် ပြန်ချက်။

ABSDF Statements on SPDC News May 25 2009

သခင်အောင်ဆန်း ဓာတ်ပုံများ

အဖေ့ဓါး

မာမာအေး

မေ ၂၂၊ ၂၀၀၉ မိုးမခ

အဖေ့ဓါး

ဘာကိုများ ခုတ်

နယ်ချဲ့ကို ခုတ်

ဖက်ဆစ်ခုတ် တော်လှန်ရေးသရုပ်။

ကျွန်ယုတ် စားဖား

သာကူး နွားတွေ

ပျက်ပြား ကိုယ်ကျင့်

လူဖြင့် မဆန်

နိဗ္ဗာန် လမ်းဖြတ်

ရှင်သတ် လူသတ်

ဖက်ရွက် မှတ်နေ

“နရက်” တပ်စိုး

ဘီလူးမျိုး က

ရှိခိုး ခံချင်

လွန်လွန်း ထင်သား

ရင်၌ ခါးသည်

အဖေ့ဓါးကို ငှားစမ်းပါ။ ။

ဘန်ကီမွန်း မြန်မာနိုင်ငံကို အမြန်ဆုံးသွားလို


ဘန်ကီမွန်း မြန်မာနိုင်ငံကို အမြန်ဆုံးသွားလို

22 May 2009 VOA

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) က
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက်
မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ မကြာခင်အနာဂတ်မှာ မြန်မာနိုင်ငံကို သွားရောက်
နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

မနေ့က စီအန်အန်သတင်းနဲ့ အင်တာဗျူးလုပ်ရာမှာ မစ္စတာဘန်ကီမွန်းက သူ့ခရီးစဉ်
အတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်းရှိသေးတယ်၊ သူ့အနေနဲ့ကတော့
ဖြစ်နိုင်ရင် အမြန်ဆုံးသွားချင်တယ်လို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ
ဟာ လက်ခံနိုင်ဖွယ်မရှိဘူး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ
ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ မစ္စတာဘန်က
ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိနေပြီး ကုလသမဂ္ဂအနေနဲ့
လည်း မြန်မာပြည်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့တာ
ဖြစ်ပါတယ်။

ဖဲသုံးချပ်သမား

ဖဲသုံးချပ်သမား
တင်မိုး

သဟောက်သဟတွေနဲ့
ခြောက်ပြနေပေမယ့်
အောက်ကျနောက်ကျလုပ်ရပ်လို့
သိတတ်သူတွေ မရှား။

လူ့အကြော လူ့မနောကို
နောကြေအောင် သိပြီးမို့
ခပ်ဖြီးဖြီး ခပ်ရွှီးရွှီးနဲ့
ပတ္တီးရိုက်စားနေတာကိုလည်း
အထာပေါက်ပြီးသား။

ကိုယ့်လိမ်ဆင် ကိုယ်ယုံပြီး
အများက နုံတုံတုံ
အထုံ အအ တွေမို့
ယုံကြမှာ ဧကန်လို့
ဉာဏ်နီဉာဏ်နက်နဲ့ တွက်တတ်ကြတယ်။

ဖဲသုံးချပ်သမားဟာ
အမြဲသုံးသပ်မှားနေလို့
လိမ်စားမြဲ လိမ်စားနေရတာ မဟုတ်လား။ ။

တင်မိုး

မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ ပြစ်မှု ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါတို့နဲ့ အလားတူ



21 May 2009 VOA

မြန်မာစစ်အစိုးရအပေါ် စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့
ရာဇ၀တ်မှုတွေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ ကမ္ဘာ့ထိပ်တန်းတရားသူကြီး ၅ ဦးက
တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသ
က အခြေအနေတွေနဲ့လည်း နှိုင်းယှဉ်ပြောကြပါသေးတယ်။ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေချိန်မှာပဲ အခုလို
တောင်းဆိုချက် ထွက်လာတာပါ။ ဗွီအိုအေရဲ့ အရှေ့တောင်အာရှဗျူရိုကနေ ဒန်နီယယ်
ရှာ့ဖ် (Daniel Schearf) ပေးပို့ထားတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြ
ပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်က ထင်ရှားလှတဲ့ ဟားဗတ်ဒ်
ဥပဒေရေးရာကျောင်းကနေ မေလ ၂၁ ရက်၊ ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်တဲ့ အစီရင်
ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ပြပြီး ကုလသမဂ္ဂကနေ စုံစမ်းရေး
ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ
ကို ဖြစ်နေပြီး အစိုးရရဲ့ မူဝါဒတရပ်အနေနဲ့ကို လုပ်ဆောင်နေတာဖြစ်တယ်လို့
ဟားဗတ်ဒ်တက္ကသိုလ် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်
ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့နာမည်ကို မြန်မာနိုင်ငံက ရာဇ၀တ်မှုများလို့ ဆိုရမယ့် “Crimes in
Burma” လို့ နာမည်ပေးထားပြီး အဲဒီလို ကျူးလွန်မှုတွေဟာ လူသားအဖြစ်ကို ဆန့်ကျင်
ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုမြောက် လုပ်ရပ်တွေ ဖြစ်နိုင်တယ်လို့ အစီရင်
ခံစာမှာ ထောက်ပြထားပါတယ်။

၁၅ နှစ်စာ ကုလသမဂ္ဂ အထောက်အထားတွေပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံပြုစု
ထားတဲ့ ဒီအစီရင်ခံစာမှာ လိင်ပိုင်းအကြမ်းဖက်မှုတွေ၊ အတင်းအကျပ် နေရာရွှေ့ပြောင်း
ခိုင်းတာတွေ၊ နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာတွေကို မှတ်တမ်း
တင်ထားပါတယ်။

တိုင်လာ ဂီယမ်နီနီ (Tyler Giannini) ဟာ ဟားဗတ်ဒ်တက္ကသိုလ် လူ့အခွင့်အရေး
အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး ဒီအစီရင်ခံစာ ပြုစုရာမှာ ပါဝင်သူတဦးပါ။ အရင်
ယူဂိုဆလားဗီးယားဒေသနဲ့ ဒါးဖောဒေသတို့က အလားတူဖြစ်ရပ်မျိုးတွေကို ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးခဲ့သလို မြန်မာနိုင်ငံကိုလည်း စုံစမ်းစစ်ဆေးသင့်
တယ်လို့ သူကပြောပါတယ်။

“ဒါးဖောဒေသမှာ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ကျေးရွာအရေအတွက်ဟာ မြန်မာနိုင်ငံ
အရှေ့ပိုင်းမှာ ဖျက်ဆီးခံရတဲ့ ကျေးရွာအရေအတွက်နဲ့ နှိုင်းယှဉ်ရင် အတူတူပါပဲ။
မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ၁၉၉၆ ခုနှစ်ကတည်းကဆိုရင် ကျေးရွာပေါင်း ၃,၀၀၀ ကျော်
ဖျက်ဆီးခံရတာ၊ ဒါမှမဟုတ် လူတွေ စွန့်ခွာထွက်ပြေး သွားကြတာတွေကို ယုံကြည်ရပြီး
သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေပေါ်မှာ အခြေခံပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်
အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးက တွေ့ရှိထားခဲ့ပါ
တယ်။ ဒီအရေအတွက်ဟာ တကယ့်ကို သိသာထင်ရှားတဲ့ အရေအတွက်ပါ။”

ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးဟာ မြန်မာနိုင်ငံက မတရားဖြစ်ရပ်တွေကို နှစ်ပေါင်း
များစွာ ဝေဖန်ပြောဆိုခဲ့ကြပေမယ့် လုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်ဖို့
ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာက ဝေဖန်ထားပါတယ်။

ဒီအစီရင်ခံစာကို ရေးဆွဲပြုစုစေခဲ့သူတွေကတော့ နိုင်ငံတကာက ထင်ရှားတဲ့ တရား
သူကြီး ၅ ဦးပါ။ သူတို့ထဲက အများစုဟာ ယူဂိုဆလားဗီးယားဒေသဟောင်းနဲ့ ရ၀မ်ဒါ
ဒေသတို့ဆိုင်ရာ နိုင်ငံတကာပြစ်မှု တရားခုံရုံးတွေမှာ ၀တ်လုံတော်ရတွေ၊ တရားသူကြီး
တွေအဖြစ် ထမ်းဆောင်ခဲ့ကြဖူးပြီး တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စု၊
ဗြိတိန်နိုင်ငံ၊ ဗင်နီဇွဲလားနဲ့ မွန်ဂိုလီးယားနိုင်ငံတို့က ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင်
စစ်ဆေးနေတာနဲ့အမျှ မြန်မာစစ်အစိုးရပေါ် နိုင်ငံတကာဖိအား တိုးလာနေပါတယ်။ ဒီလို
တရားရုံးတင် စစ်ဆေးတာကြောင့် မြန်မာနိုင်ငံတွင်း မတရားမှုတွေကို အများက ပြန်ပြီး
အာရုံစိုက်လာကြချိန်မှာ ဒီအစီရင်ခံစာ ထွက်လာတာက အချိန်ကိုက်ပါပဲလို့ ဂီယမ်နီနီက
ပြောပါတယ်။

“နှိမ်နင်းဖြိုခွဲတာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်တမ်းတရား စွပ်စွဲတာ
တွေက မြန်မာလူထုရဲ့ အခြေခံလွတ်လပ်ခွင့်တွေအပေါ် ကန့်သတ်ချုပ်ချယ်တဲ့ စစ်အစိုးရ
ရဲ့ လုပ်ရပ်တွေကို နောက်ထပ်သက်သေပြတာပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့
ကိစ္စရပ်တွေသာ ဖြစ်နေတာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ကြောင်း
ချိုးဖောက်မှုတွေလည်း ရှိနေတယ်ဆိုတာကို ဒီလို လေ့လာတွေ့ရှိချက်မျိုးက မီးမောင်း
ထိုးပြပါလိမ့်မယ်။”

စာမျက်နှာ ၁၁၄ မျက်နှာပါ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံတကာ
ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အခြေခံတွေ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊
လုံခြုံရေးကောင်စီက ယူဂိုဆလားဗီးယားနဲ့ ရ၀မ်ဒါဒေသဆိုင်ရာ လုပ်ဆောင်ခဲ့တာတွေ
နဲ့ မြန်မာနိုင်ငံ အခြေအနေ စသည်အားဖြင့် အခန်း ၄ ခန်းခွဲပြီး တင်ပြထားပါတယ်။

EU ရောက် မြန်မာမျိုးချစ်များအား အသိပေးနှိုးဆော်ချက်


ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ အဖမ်းဆီးခံများ ပြန်လည် လွတ်မြောက်ရေး တိုက်ပွဲ

သမရိုးကျ လုပ်ရိုးလုပ်စဉ် စစ်အာဏာရှင် သံရုံးရှေ့ ဆန္ဒပြတောင်းဆိုမှုများ၊ ကြေငြာချက် ထုတ်ပြန်၊ ဖိအားပေးမှုများ မှတဆင့်တတ် တိုးမြှင့်တိုက်ပွဲဝင်ရန်၊

သုံးသပ်ချက်

ဆန္ဒပြ တိုက်ပွဲဝင် လာခဲ့ကြသည့် မှာ နှစ်ပေါင်းများစွာ သက်သေထူခဲ့ပြီး ဖြစ်ပါသည်။ သို့သော် စစ်အစိုးရ ၏ လျစ်လှူရှု ခြင်းများ ဖြင့်သာ တုံပြန်ခံခဲ့ရပြီး၊ အရာမထင်ခဲ့ပေ။

တောင်းဆိုတိုက်ပွဲဝင်မှု ပုံစံပြောင်းရန်လိုအပ် …

စုရပ် ..... သက်ဆိုင်ရာ နိုင်ငံ အသီးသီး ၏ အစိုးရ ရုံးစိုက်ရာ ရုံးရှေ့

ဥပမာ...၁၊ ပါလီမန်၊ ၂၊ နိုင်ငံခြားရေးရုံး

တောင်းဆိုမှုပုံစံနှင့် တိုက်ပွဲဝင် လမ်းကြောင်း

နအဖ ၏ တရားမဲ့မှု လုပ်ဆောင်ချက်များကို နိုင်ငံတကာ အစိုးရ တိုင်း သိရှိထားပြီး ဖြစ်သလို၊ အနောက်အုပ်စု နိုင်ငံ တော်တော်များများ မှ လည်း ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ကြပြီး၊ ပြုလုပ်ကြဆဲ ဖြစ်သည်။

ဥပမာ။ အမေရိကန်၊ ဥရောပသမဂ္ဂ ....

သို့သော် ... တိုက်ပွဲများ တောင်းဆိုရမည့် ပုံစံ နှင့် ရည်ရွယ်ချက်

သက်ဆိုင်ရာနိုင်ငံအသီးသီး၏ အစိုးရများထံ နအဖ ၏ တရားမဲ့ ပြုမှုမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ပေးကြရန် နှင့် မြန်မာ ပြည်သူ လူထု နှင့် နိုင်ငံတကာမှ တောင်းဆိုမှုများကို နအဖ အစိုးရအနေဖြင့် လေးစား လိုက်နာသည် အထိ ထိထိရောက်ရောက် တောင်းဆို ဆောင်ရွှက်မှု ပြုလုပ်ပေးပါရန်၊

နအဖ ဘက်မှလည်း ထုံးစံအတိုင်း တောင်းဆိုမှုများ လျစ်လှူရှုပြီး တုံပြန်မှု တစုံတရာ မပေးခဲ့လျှင်၊ သက်ဆိုင်ရာ နိုင်ငံအသီသီး ၏ အစိုးရများမှ နအဖ နှင့် ဆက်စပ်၍ ယခု လုပ်ဆောင် နေကြသည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ဖွံဖြိုးမှု စီမံကိန်းများ၊ စီပွားကုန်သွယ်မှုအရ ဆက်ဆံမှုများ စသည်များကို နအဖ အစိုးရအား လိုက်နာဆောင်ကရွက်မှု မပြုလုပ်မခြင်း ယင်းလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းပေးထားပါရန်၊ မေတ္တာရပ်ခံ တောင်းဆိုရန် ဖြစ်သည်။ တိုက်ပွဲဝင်သူများ အနေဖြင့်လည်း၊ မိမိတို့မေတ္တာရပ်ခံတောင်းဆိုချက်များ အကောင်အထည် မပေါ်မချင်း၊ ယခု ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အရပ်မှ ဖယ်ရှားထွက်ခွာသွားမည်မဟုတ်ကြောင်း ရက်ရှည် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ အသိပေးရန် လိုအပ်သည်။

မှတ်ချက်။ ။ လူအင်အားများများ ပါဝင်လာရေးကို မျော်လင့်ချက် များများ ထားရှိရန် မလိုဘဲ၊ ပါဝင်လုပ်ဆောင်နိုင်သည့် အမာခံ အင်အား ၁၀ယောက် ဖြင့် လုပ်ဆောင်နိုင်ကြမည် ဆိုရင်၊ ရက်ရှည် တိုက်ပွဲဖြစ်လာသည်နှင့် အမျှ လူအများ ပါဝင်လာနိုင်ကြမည် ဖြစ်သည်။ အကြောင်းကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သူများကိုလည်း ခွင့်လွှတ် နားလည်မှုအပြည့်အဝ ဖြင့်၊ ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ကျသူများကလည်း တတ်နိုင်သည့် ဘက်မှနေ၍ ကူညီပံပိုးပေးကြရန် မေတ္တာရပ်ခံ သည်။

သတိပြုရန်။ ။နိုင်ငံတိုင်းတွင်ကန့်သတ်ချက် ဥပဒေများ တနိုင်ငံတူညီကြမည် မဟုတ်၊ တချို့နိုင်ငံများတွင် ပိတ်ပင်းတားဆီးနိုင်မည်၊ သို့သော် တိုက်ပွဲ ဝင်များ အဖို့ ကျရောက်လာမည့် အခက်အခဲ၊ အတားအဆီး၊ အန္တာရယ် စသည့်တို့ကိုလည်း ထည့်သွင်း စဉ်းစား ပြင်ဆင်ထားဖို့လိုအပ်သည်။

ကျွန်ပ်တို့ ၏ အဓိက သံန္ဒိဒါန်။ ။ ကျွန်ပ်တို့ ၏ အဓိက ကြွေးကျော်သံ ... ကျွန်ပ်တို့ ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကျဉ်းကျထောင်အတွင်း ကျရောက်နေပြီး၊ ကျွန်ပ်တို့လည်း သူမ နှင့် အလားတူ အကျဉ်းကျ ခံရမည်ကို လုံးဝ တုန်လှုပ်မှု မရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး ဘက်မှလည်း ဥပဒေ အတိုင်း အရေးယူဆောင်ရွက် နိုင်သည်။ အရေးယူဆောင်ရွက်ခံရလျှင် လည်း ရင်ဆိုင် ရန် အသင့် ရှိသည်ဟု သံန္ဒိဒါန် ထားရှိရန် လိုသည်။

အဓိက အရေးကြီး လိုက်နာရမည် မှာ

  1. ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆန္ဒပြရန်သာ ဖြစ်သည်။ ဒေါ်စု အား အကျဉ်းမှ မလွတ်မချင်း အဆိုပါ သပိတ်ကို မရှုတ်သိမ်းဘဲ၊ တယောက်တည်းကျန်သည် အထိ သံန္ဒိဒါန် မြဲစွာ ဆက်လက်တိုက်ပွဲ ဝင်ရန်၊
  2. မီဒီယာ ဆက်သွယ်ရေး အရမ်းအရေးကြီးသည်။ ၂၄ နာရီ အွန်လိုင်း ဆက်သွယ်မှုရရှိနေရန် ပြင်ဆင်ထားသင့်သည်။

ပါဝင်တိုက်ပွဲ ၀င်လိုသူများ

ညှိနှိုင်း အကြံပေးလိုသူများ

ကျွန်တော်များ ဥရောပ ရောက် မြန်မာအရေး လှုပ်ရှားသူများ ဖိတ် ခေါ်အပ်သည်။

ယုံကြည်ချက်။ လူထုပါဝင် ပတ်သက်လာမှ သာလျှင် တော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်သည်။ လူထု ဟူသည်တွင် ပြည်ပရောက် မြန်မာလူထု များအနေဖြင့် ပြည်တွင်း လူထုများ နည်းတူ တိုက်ပွဲဝင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသည်။

ပက်ခြင်မပြည့်တဲ့လမ်း


ပက်ခြင်မပြည့်တဲ့လမ်း
သစ်ကောင်းအိမ်

အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်
ကောင်းကင်က
မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်
မီးရထားဘီးတွေက
သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်။

မလှဲဘူး
လွှင့်တုန်းပါပဲ
အလံလည်း အသံတွေဝင်လို့
စွဲစွဲမြဲမြဲ ချစ်စိတ်မပြယ်။

ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်
မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်
ခုလည်း … တိုင်းပြည်က ပြေးပြန်တယ်။

အ၀င်ဆိုးလိုက်တာ …
အ၀င်ဆိုးလိုက်တာ … …
အ၀င်ဆိုးလိုက်တာ … … …

ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ။

တမွန်းတည့်မကတဲ့ခေတ်
တရားသဖြင့်
ပန်းတို့ပွင့်ရန် …

အို ... အသင်ဒေ၀ဒတ်

သံသရာအဆက်ဆက်
ခြစ်ရာများ
ချစ်ခဲ့တယ်။ ။

သစ်ကောင်းအိမ်

အင်းစိန်ထောင် တရားခွင် ဒုတိယနေ့ တရားလိုပြသက်သေ ၅ ဦး စစ်ဆေး




19 May 2009 VOA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး တရားရုံးတင်စစ်ဆေးနေတဲ့အပေါ် ပြည်တွင်း ပြည်ပ က ဝေဖန်ကန့်ကွက်နေတဲ့ကြားကပဲ ဒီကနေ့ ဒုတိယနေ့အဖြစ် ကြားနာမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရန်ကုန် အင်းစိန် ထောင်တွင်း အထူးတရားခွင်ရဲ့ ကြားနာမှုအတွင်း သက်သေခံအဖြစ် ရဲအရာရှိကြီးတဦးက ထွက်ဆိုတာတွေ လုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ တရားခွင်အခြေအနေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်တားဆီးမိန့် ထုတ်ထားတာကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုံးတင် စစ်ဆေးမှုတွေ ဒုတိယနေ့အဖြစ် ဆက်ပြီးကြားနာတဲ့နေရာမှာ အင်းစိန် စီအိုင်ဒီ မှုခင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မောင်မောင်ခင် အပါအ၀င် တရားလိုသက်သေ ၅ ယောက်က အမှုနဲ့ပတ်သက်လို့ ထွက်ဆိုခဲ့ကြတာပါ။ ရန်ကုန် အင်းစိန် ထောင်တွင်း အထူးတရားရုံးတခုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ သူတို့ပါဝင် ပတ်သက် သမျှ အထောက်အထား သက်သေတွေနဲ့ ရုံးတော်မှာ ထွက်ဆိုခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် တွေက ပြောပါတယ်။ ဒီအထဲက ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို တရားခွင် ဒုတိယနေ့ ကြားနာမှုတွေနဲ့ ပတ်သက်လို့ မေးကြည့်ပါတယ်။

“ဒီနေ့တရားခွင်က သက်သေ ၅ ယောက်တောင်မှ စစ်ပါတယ်။ ၅ ယောက်မှာ ရဲက ၄ ယောက်၊ ရယက ဥက္ကဋ္ဌ ၁ ယောက်၊ သူက မစ္စတာယက်ထောဆီက ပစ္စည်းတွေကို ရဲက သိမ်းဆည်းတဲ့နေရာမှာ သက်သေလုပ်တယ်၊ သက်သေအဖြစ် လက်မှတ် ထိုးတယ်၊ ဒါပဲ။ ရဲ ၄ ယောက်မှာ ၂ ယောက်က မစ္စတာယက်ထောကို အင်းလျားကန်ထဲမှာ စတွေ့ပြီး ဖမ်းဆီးတဲ့ လူတွေ၊ မသင်္ကာလို့ ဖမ်းဆီးမေးမြန်းတဲ့လူတွေ။ နောက်ရဲတွေကတော့ သူ့ကိုလွှဲယူတဲ့ဌာနက၊ သတင်းတပ်ဖွဲ့က လူတွေ ပေါ့။ အားလုံး ၅ ယောက်စစ်ပါတယ်၊ ဒီနေ့။”

ကျနော်တို့ကြားတာ အင်းစိန် စီအိုင်ဒီက ရဲမှူးကြီးတယောက်လည်း ပါတယ်ဆိုတော့ သူကရော ဘယ်လိုပတ်သက်တာလဲ၊ စစ်ဆေးတဲ့အထဲမှာ။

“အင်းစိန်စီအိုင်ဒီက ရဲမှူးကြီးက ပထမ စုံစမ်းစစ်ဆေးမှုကို သူ့ကိုလုပ်ခိုင်းတယ်။ သူ စုံစမ်းစစ်ဆေးမှု လုပ်တယ်။ သူလုပ် နေတဲ့ တန်းလန်းမှာပဲ နောက်ထပ် စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ သူ့ကိုလွှဲခိုင်းလို့ သူ အဲဒီကိုလွှဲလိုက်တယ်။ သူလုပ်ခဲ့တဲ့၊ ဆောင်ရွက်ခဲ့တဲ့ဟာတွေကို လာပြောတာပဲ။”

အန်ကယ်တို့ဘက်ကရော ဒါနဲ့ပတ်သက်ပြီး ပြန်လှန်မေးခွန်းထုတ်စရာတွေ ဘာတွေ ရှိခဲ့သေးလား၊ ဒီနေ့။

“ဟုတ်ကဲ့၊ ကျနော်တို့ အဲဒီရဲမှူးတွေကို ထုတ်ပါတယ်။ နောက် ကျန်တဲ့ဟာတော့ မေးခွန်း သိပ်များများ မေးစရာလည်း မရှိ ဘူးဗျ။ ဥပမာ ပစ္စည်းသိမ်းတဲ့ရဲတို့၊ သက်သေအဖြစ် သိမ်းတဲ့ဆီမှာ လက်မှတ်ထိုးတာတွေကတော့ ကျနော်တို့ လုံးဝ မေးခွန်း မမေးဘူး။ မေးစရာလည်း မလိုဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦးနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး၊ ဒါက။”

ဒေါ်အောင်ဆန်းစုကြည် တရားခွင်ကိုလာတော့ ကျန်းမာရေးအခြေအနေ ဘယ်လို တွေ့ရလဲ။

“ကျန်းမာရေးအခြေအနေကတော့ ကျနော်တို့အမြင်အရ ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ ကျန်းမာရေးကောင်းကြောင်းကို ပြောပါလို့ မှာပါတယ်။ သူ့မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို တွေ့တဲ့အခါ
ကျန်းမာရေး ကောင်းကြောင်း ပြောပါတဲ့။ ကျနော်တို့အမြင်လည်း ကောင်းတယ်လို့ပဲ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က ထောင်တွင်း သူနေရတဲ့ အခြေအနေတွေရော အန်ကယ်တို့ကို ပြောပြသေးလား။

“တခု သူပြောပြပါတယ်။ သူ ဧည့်ရိပ်သာ အဆောက်အဦးတခုမှာ ဒေါ်ခင်ဝင်းတို့နဲ့အတူ နေရတယ်ဆိုတာရယ် အစားအသောက် အဆင်ပြေတယ်ဆိုတာရယ်၊ ဒါတော့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ရုံးချိန်းကိုတော့ မနက်ဖြန် ထပ်ပြီး ချိန်းဆိုလိုက်ပြီးတော့ တရားလိုဘက်က တင်သွင်းဖို့ရှိတဲ့ သက်သေ ၂၂ ယောက်ထဲက ကျန်လူတွေက ဆက်ပြီး ထွက်ဆိုသွားဖို့လည်း ရှိနေပါတယ်။ ဒီလို ထောင်တွင်းမှာ ကြားနာစစ်ဆေးမှုတွေ လုပ်နေချိန် ထောင်အနီးအနားက လမ်းတွေကို ပိတ်ဆို့တာတွေ အပါအ၀င် လုံခြုံရေးတွေကလည်း ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်ပါ တယ်။ ဒါပေမယ့် အင်းစိန်မြို့ထဲက တချို့လမ်းတွေကိုတော့ ပြန်ဖွင့်ပေးလိုက်သလို အင်းစိန်မြို့မဈေးကိုလည်း ပြန်ဖွင့်ခွင့် ရခဲ့တာမို့ ဆိုင်တွေလည်း ပြန်ဖွင့်နေပါပြီ။ ဒါပေမယ့် လုံထိန်းတွေ၊ နောက် အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အနီးကပ် စောင့်ကြည့်တာတွေ ရှိနေတုန်းပဲလို့ တရားခွင်ကို လာပြီးစနည်းနာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တယောက်က ပြောပြပါတယ်။

“ကျနော်တို့ရောက်နေတဲ့နေရာက သူတို့ပိတ်ထားတဲ့ ဆေးရုံရှေ့ပေါ့၊ အဲဒီနားလေးမှာပါ။ အင်းစိန်မြို့မဈေးရဲ့ မျက်နှာချင်း ဆိုင်ပေါ့၊ ဒီဘက်ခြမ်းမှာ။ သူတို့က ဈေးအပေါ်ထပ်ကနေ စောင့်ကြည့်ပြီးတော့ ဓာတ်ပုံရိုက်တယ်၊ ဗွီဒီယိုရိုက်တယ်။ အရပ် ၀တ်တွေနဲ့ပဲ။ သူတို့ကတော့ ဘာမှတော့ အနှောင့်အယှက် လာမပေးဘူး။ ရဲကားတစီးတော့ ဒီနားမှာ Stand By ရှိနေ တယ်။ ၁၂ နာရီလောက်မှာ ဈေးရှေ့က ကျနော်တို့ ဒီဘက်ခြမ်းက ပလက်ဖောင်းပေါ်မှာ ထိုင်နေကြတဲ့လူတွေကို ရဲက လာပြီး ဖယ်ခိုင်းသွားတယ်။”

ဒီလို လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေအောက်မှာပဲ ထောင်နဲ့ချီတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင်တွေ အပါအ၀င် သူ့ကိုထောက်ခံသူတွေကလည်း ထောင်အနီးအနားတ၀ိုက် မှာ ဒုတိယနေ့အဖြစ် ရောက်ရှိ စောင့်စားနေကြတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေရတာ သက်တမ်းကုန်ဆုံးကာနီးမှာ အခုလို နောက်ထပ် ထောင်ချခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အပေါ် သူ့ကို ထောက်ခံသူတွေက မကျေမနပ် ဖြစ်နေတာတွေလည်း ရှိနေကြတာပါ။ အထူးသဖြင့်ကတော့ တက်ကြွသူ
လူငယ်တွေကြားမှာ မခံချင်ဖြစ်တာတွေ ရှိနေတယ်ဆိုပြီး အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်က ပြောပြပါတယ်။

“ကျနော့်အတွေ့အကြုံရတော့ မနေ့က ညနေပိုင်း ၃ နာရီခွဲလောက်မှာ ကျနော်တို့ ထိုင်နေတဲ့နေရာကို လူငယ်တချို့ လာတယ်၊ အန်န်အယ်လ်ဒီလား တခြားလူငယ်တွေလားတော့ ကျနော်မသိပါဘူး။ လူငယ် လေးငါးဆယ်ယောက်လောက် လာပြီး အဘ ကျနော်တို့ ဒီလိုပဲ ပြန်ရတော့မှာလား၊ ဒီနေ့ ပြန်ရတော့မှာလားဆိုပြီး မေးတယ်။ သဘောကတော့ ကျုပ်တို့ ဘာမှမလုပ်ဘဲ ပြန်ရမှာလားဆိုတဲ့ မေးခွန်းပေါ့ဗျာ။ ကျနော်ကလည်း ပြောရ တော်တော်ခက်တာပေါ့။ အဲဒီလိုဟာ တွေ့ခဲ့ဖူး တယ်။ ဆိုလိုတာကတော့ လူငယ်တွေကြားထဲမှာ၊ လူတွေကြားထဲမှာ ဒီ Mood ရှိနေတာ ထင်ရှားတယ်။”

တရားခွင် ဒုတိယနေ့ အခြေအနေတွေကို အကဲခတ်ဖို့ အင်းစိန်ထောင် အနီးအနားကို ရောက်သွားတဲ့ အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင်ရဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ရုံးချိန်း

တနင်္လာနေ့၊ မေလ 18 2009 16:07 - မြန်မာစံတော်ချိန် မဇ္ဈိမ

အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်၏ အမှု ရုံးချိန်းကို မနက်ဖြန် နံနက်သို့ ချိန်းဆိုလိုက်သည်။

ယနေ့နံနက် ၁ဝ နာရီခွဲတွင် ရုံးချိန်းစတင်ခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ထမင်းစားချိန် ခေတ္တနားသည်။ မွန်းလွဲ ၃ နာရီ ခွဲတွင် အဆုံးသတ်ခဲ့သည်။

တရားခွင်မှအပြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲကို ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းရှိ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဟု ရှေ့နေဦးကြည်ဝင်းပြောဆို


ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဟု ရှေ့နေဦးကြည်ဝင်းပြောဆို

18 May 2009 VOA

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ မြန်မာစစ်အစိုးရက တရား စွဲဆိုခဲ့ရာမှာ မေလ ၁၈ရက်နေ့ အင်းစိန် အကျဉ်းထောင် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ သူ့ ရှေ့နေဖြစ်သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုမှာ လုံးဝ အပြစ်မရှိဘူးလို့ ပြောနေကြသလို၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီအမှုဟာ စစ်အစိုးရက အကွက်ချ စီမံတာဖြစ်တယ်ဆိုပြီး မြန်မာသံရုံးတွေရှေ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း သိရှိထားသမျှ ပြောပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မယ့် အင်စိန်ထောင်မှာတော့ ဒီကနေ့ အင်စိန်ထောင် ထောင်ဝင်စာ တွေ့တာတွေ အားလုံး ပိတ်ပင်ထားတယ်လို့ အကျဉ်းသား မိသားစု အသိုင်းအ၀ိုင်းတွေက တဆင့် ကြားရပါတယ်။ တချိန်တည်းမှာပဲ အင်းစိန် ထောင် အနီးတ၀ိုက်မှာလည်း အရပ်ဝတ် လုံခြုံရေးတွေ ပြင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရင် အင်စိန် ထောင်အနီး သူ့ကို ထောက်ခံသူတွေ လာရောက် စုရုံးကြမှာကို အာဏာပိုင်တွေဖက်က စိုးရိမ်နေတဲ့သဘောရှိပါတယ်။ အမှုကို ဒီကနေ ကြားနာစစ်ဆေးဖြစ်မလား၊ ရုံးချိန်ပဲ ထပ်ယူမလားဆိုတာတော့ မကျိန်းသေပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမခြံထဲ ခိုးဝင်လာတဲ့ အမေရိကန်နိုင်ငံသားကို လက်ခံခဲ့တာကြောင့် နေအိမ်အကျယ်ချုပ်တားမြစ်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့စွဲချက်နဲ့ အာဏာပိုင်တွေက သူမကို ရုံးတင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးကို တာဝန်ယူထားတာ အာဏာပိုင်တွေဖြစ်လို့ ဒီခြံထဲ ခိုးဝင်ရောက်လာသူကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်မရှိဘူး၊ ဒီအမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူမရဲ့ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ဗီအိုအေကို ရှင်းပြပါတယ်။

“စည်းကမ်းချက်က သံရုံးက၊ နောက်ပြီးတော့ နိုင်ငံရေးပါတီများ အဲဒါနဲ့ ဆက်နွယ်သူအားလုံး တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဆက်ဆံခြင်း မလုပ်ရဘူးဆိုပြီး တားထားလိုက်တာပါ။ အဲဒါက ၁အချက်ပါ။ ၂အချက်ကတော့ ဒေါ်စုကို အိမ်အကျယ်ချုပ် ဆိုတဲ့အတိုင်း ဒီအိမ်မှာပဲနေ၊ ဒီခြံအတွင်းမှာပဲနေ၊ တခြားမှာ မနေနဲ့၊ နောက်ပြင်ပနဲ့ ဆက်နွယ်ခြင်း မပြုရဘူး။ အဲဒါပဲ။ မစ္စတာ ယက်ထော ဆိုတဲ့ ဒီပုဂ္ဂိုလ် ရေကူးဝင်လာတဲ့ ကိစ္စကို သေသေချာချာ စေ့စေ့ပေါက်ပေါက် ကြည့်ရင် အပြစ် ချိုးဖောက်မှု မရှိဘူး။ ဒေါ်စုကလည်း သူ့ကို ဖိတ်ခေါ်တာမဟုတ်ဘူး။ သူ့ဟာသူ ရေကူးလာတာ။ သူတို့ ပြန်ပြီးတော့ နှင်ထုတ်တယ်။ နှင်ထုတ်ပေမဲ့လို့ သူကလည်း အင်းယားကန်ကြီး ဖြတ်ကူးလာပြီးတော့ တော်တော်လေး ကြွက်တက်တာနဲ့ အနားပေးထားလိုက်တယ်။”

သားညွှန့်ဦး။ ။ အဲဒီအချိန်မှာ အနားက အာဏာပိုင်တွေက သတိမထားမိဘူးလား။

ဦးကြည်ဝင်း။ ။ ကန်ဘက်မှာလည်း လုံခြုံရေးတွေတော့ အတော်ရှိတယ်လို့ ပြောတယ်။ ပုဂ္ဂိုလ်တယောက်ကဆို ဘယ်လောက်တောင် ပြောသလဲဆိုရင် ငါးတောင် ၀င်လို့ မရနိုင်ဘူးလို့တောင် ပြောတယ်။ အခု ၀င်လာတာကတော့ အဲဒီ တင်းတင်းကျပ်ကျပ်လုပ်ထားတယ်ဆိုတာ ပါက်နေလို့ပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားရုံးတင် စစ်ဆေးနေတယ် အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်း ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမှာတော့ ကမ္ဘာ့ ခေါင်းဆောင်တွေ အစိုးရအဖွဲ့တွေဟာ အတော်လေး စိုးရိမ်တကြီးနဲ့ မြန်မာစစ်အစိုးရကို ဝေဖန် ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ရုံးတင်တာဟာ၊ စစ်အစိုးရ ပြောနေသလို အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး လုပ်ဆောင် နေတာတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုနေကြတာပါ။ တချိန်တည်းမှာပဲ နိုင်ငံတကာရောက် မြန်မာတွေ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကလည်း ဒီအမှုကိစ္စဟာ စစ်အစိုးရဖက်က တမင်သက်သက်အကွက်ချဖန်တီးတဲ့လုပ်ရပ်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာ့နေရာအနှံ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်လာကြပါတယ်။


ဒေါ်စုကို တရားစွဲပြီး အင်းစိန်ထောင်ပို့

14 May 2009 VOA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်
စည်းမျဉ်းချိုးဖောက်မှုနဲ့ ဒီနေ့ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ
တရားစွဲဆိုလိုက်တယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျမ် ယက်တော
(John William Yettaw) ဆိုသူ တိတ်တဆိတ် ၀င်ရောက်ခဲ့တာကြောင့် အပြင်လူ
ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်တာလို့
စွပ်စွဲပြီး ပုဒ်မ ၂၂ နဲ့ တရားစွဲဆိုတာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ သက်တမ်းကုန်ဆုံး
ခါနီးမှာ ဒီလို တရားစွဲခံရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရေကူး
ဝင်ရောက်ခဲ့တဲ့ ဂျွန် ၀ီလျမ် ယက်တောရဲ့ လုပ်ရပ်ဟာ အရူးတယောက်လို မဆင်မခြင်လုပ်တဲ့ လုပ်ရပ်ဖြစ်တဲ့ အကြောင်း
ရှေ့နေဦးကြည်ဝင်းက အပြစ်တင်လိုက်ပါတယ်။

အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ဂျွန် ၀ီလျမ် ယက်တောကို ရန်ကုန်ရှိ အမေရိကန်သံရုံး
ကောင်စစ်ဝန်က မနေ့က တွေ့ဆုံခဲ့ပါတယ်။ သူ့ကို ဒီနေ့ရုံးထုတ်ပြီး ရှေ့သီတင်းပတ်မှာ
ရုံးချိန်းရှိတယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရသူ ရစ်ချတ် မေ (Richard Mei) က
ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖော်အဖြစ် စောင့်ရှောက်ပေးနေကြတဲ့ ဒေါ်ခင်ဝင်းနဲ့ သမီး
မ၀င်းမမတို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ
ကာကွယ်တဲ့ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို တရားစွဲဆိုလိုက်တာကြောင့် သြစတြေးလျ နိုင်ငံခြား
ရေးဝန်ကြီး စတီဗင် စမစ်သ် (Stephen Smith) ကလည်း စိုးရိမ်မကင်း ဖြစ်ရတယ်လို့
ဒီနေ့ အလေးအနက် ပြောဆိုလိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်း
ထားတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် မြန်မာအာဏာပိုင်တွေက အာမခံချက်ပေးဖို့ကိုလည်း
မနေ့က တောင်းဆိုထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဒေါ်အောင်ဆန်းစုကြည်ကို
တရားစွဲဆိုတာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်း
စုကြည်ကို စပြီး ဖမ်းဆီးထားကတည်းကိုက တရားမ၀င်ကြောင်း၊ တရားမျှတမှုမရှိ
ကြောင်း၊ ဒါ့ကြောင့် ထိန်းသိမ်းထားတာကို သက်တမ်းတိုးတာဟာလည်း ဘယ်လိုနည်း
နဲ့မှ တရားသဖြင့်စီရင်တာ မဖြစ်နိုင်ဘူးလို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ သက်သာလာ

12 May 2009 VOA

နေထိုင်မကောင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်က နောက်ထပ်
စစ်ဆေးကြည့်ရှုမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ကျန်းမာရေး အတန်အသင့် ကောင်းမွန်
လာတယ်လို့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ပြောဆိုလိုက်
ပေမယ့် ကျန်းမာရေး၊ လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်တာတွေကတော့ ရှိနေကြ
ဆဲပါ။ တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ထိန်းသိမ်းခံနေရဆဲ အခြေအနေနဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ သူမရဲ့ လုံခြုံရေး
ပြဿနာတွေအပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက အလေးထား
အာရုံစိုက်ဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ကြပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

သွေးပေါင်ချိန်ကျတာ၊ ရေဓာတ်နည်းပြီး အစားမစားနိုင်တဲ့အထိ ကျန်းမာရေး ပြဿနာ
တွေနဲ့ ကြုံခဲ့ရလို့ အားဆေးသွင်း ကုသမှုတွေ လုပ်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေး အခြေအနေဟာ အခုအခါ တိုးတက်မှုတချို့ ရှိလာတယ်ဆိုပြီး ပြောလိုက်
တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နာရီအနည်းငယ်ကြာ ကြည့်ရှုခွင့်ရခဲ့တဲ့ မိသားစု
ဆရာဝန် ဒေါက်တာတင်မျိုးဝင်းရဲ့ လက်ထောက်ဖြစ်တဲ့ ဒေါက်တာပြုံးမိုအိ ကျန်းမာရေး
စမ်းသပ်စစ်ဆေးတာတွေ လုပ်ခဲ့အပြီး တိုးတက်မှုတချို့ ရှိလာတာကို တွေ့ရတာလို့ သူ့ရဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ပြောပါတယ်။ ဒါပေမယ့်လို့ ရေရှည်
ကျန်းမာရေးစောင့်ရှောက်မှုတွေ ရသွားဖို့နဲ့ လုံခြုံရေးကိစ္စ အပါအ၀င် ဒေါ်အောင်ဆန်း
စုကြည်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကတော့ ရှိနေတုန်းပဲလို့ ပါတီပြောခွင့်ရသူ
ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မနေ့က ဒေါက်တာပြုံးမိုအိ ၀င်တယ်လေ။ ၄ နာရီလောက်ကြာတယ်၊ မနေ့က။
ကျန်းမာရေးကတော့ တိုးတက်ပါတယ်တဲ့၊ သွေးအားလည်း ပြန်တက်လာပြီတဲ့၊ ရေရှည်
တော့ စမ်းသပ်စစ်ဆေးဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ ကြွက်တက်တတ်တယ်၊
အရင်တုန်းက မရှိဘူး။ အဲဒါ ဘာဖြစ်လို့ ကြွက်တက်သလဲဆိုတဲ့ဟာကို ရှာဖို့လိုမယ်လို့
ကျနော့်ကိုပြောပါတယ်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တဲ့
အမေရိကန်နိုင်ငံသားတဦးကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပြီး အစိုးရက
သတင်းထုတ်ပြန်လိုက်လို့ သူမ လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ
နောက်ဆက်တွဲဆိုသလို ကျန်းမာရေး ယိုယွင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း
ထွက်ပေါ်လာခဲ့တာပါ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့
ပတ်သက်လို့ ပူပန်မှုတွေ၊ နောက်တခါ နေအိမ်ဝင်းထဲကို နိုင်ငံခြားသားတဦး
တိတ်တဆိတ် ၀င်ရောက်လာတဲ့အထိ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ သူ့အပေါ် အပြစ်ဖို့ပြီး
အာဏာပိုင်တွေက အရေးယူ ကိုင်တွယ်တာတွေ လုပ်လာမှာကို စိုးရိမ်မကင်း ဖြစ်နေ
ကြတာတွေလည်း ရှိနေပါတယ်။

ဒေသတွင်း မြန်မာ့အရေးလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်တဲ့ Burma Partnership အဖွဲ့
ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေးအတွက် စိတ်ချမှုရစေဖို့နဲ့
ဒေါ်အောင်ဆန်းစုကြည်အပြင် မကြာသေးခင်ကဘဲ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့
သူ့ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့
နိုင်ငံတကာ အသိုင်းအ၀န်းက လုပ်ဖို့လိုတယ်ဆိုပြီး တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံလို အဖွဲ့အစည်းတွေအနေနဲ့ ဒီလို စိုးရိမ်စရာ အခြေအနေမှာ
ရေငုံနှုတ်ပိတ် မနေသင့်ဘူးလို့ ယူဆတာမို့ အခုလို တိုက်တွန်းလိုက်ရတာလို့ Burma
Partnership အဖွဲ့က မသင်းသင်းအောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အခုထက်ထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေရော၊
လုံခြုံရေးအခြေအနေရော စိုးရိမ်ရတဲ့ အနေအထားကို ဘာမှမပြောဘဲနဲ့ တိတ်ဆိတ်
နေတဲ့အပေါ်မှာ ကျမတို့အဖွဲ့အစည်းအနေနဲ့ လုံးဝ အားမရတာရှိတယ်။ ဒါကြောင့်
ကုလသမဂ္ဂက ဦးဆောင်ပြီး ဒေသဆိုင်ရာ အာဆီယံ အကုန်လုံးက ၀င်ပြီးတော့
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဘယ်လိုမျိုးရှိသလဲဆိုတာ သေသေ
ချာချာ ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းစစ်ဆေးဖို့လိုတယ်။ အခု Urgent သူတို့
အနေနဲ့ ကိုယ်စားလှယ်လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သိရ
အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ အမြန်ဆုံးလိုအပ်နေတယ်။

“အဲဒီလိုပဲ ဒေသဆိုင်ရာ အာဆီယံအနေနဲ့လည်း နအဖစစ်အစိုးရကို မကြာခင်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကိစ္စက သက်တမ်းကုန်တော့မယ်။ အဲဒါကို
ထပ်ပြီးတော့ သက်တမ်းတိုးချင်လို့၊ ဆက်ပြီး ရမယ်ရှာပြီးတော့ ပြစ်ဒဏ်ချချင်လို့ စီမံတဲ့
လုပ်ရပ်လို့ မြင်တဲ့အတွက် အာဆီယံကို ကြိုပြီးတော့ တပ်လှန့်ထားတဲ့သဘောလည်း
ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဆိုးရွားလာနေတယ်၊ ကုသမှုတွေ အလုံ
အလောက် မရနိုင်ဘဲ ဖြစ်နေတယ် ဆိုတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်
နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ ပြောဆိုခဲ့သလို လုံလောက်တဲ့ ဆေးဝါးကုသ
စောင့်ရှောက်မှုတွေကို ခွင့်ပြုပေးဖို့အတွက်လည်း ပြောလိုက်ပါတယ်။ တချိန်တည်း
မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေတဲ့ ရီပတ်
ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell)
ကလည်း ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ
အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အီတလီနိုင်ငံကလည်း အလားတူ
တောင်းဆိုလိုက်ပြီးတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်မှု
တွေရှိစေဖို့ အီးယူ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့နဲ့ ပူးတွဲပြီး လုပ်သွားမယ် ဆိုပြီးတော့
လည်း ပြောလိုက်ပါသေးတယ်။

ပိတောက်တွေဖွင့်မယ့်သော့

ပိတောက်တွေဖွင့်မယ့်သော့
သစ်ကောင်းအိမ်

အဲဒီနှင်းဆီဟာ
ပန်းအိုးထဲ ထိုးစိုက်ထားတဲ့နှင်းဆီမဟုတ်
သော့ခလောက်တလုံးထဲ
နှစ်ရှည်လများ စိုက်ပျိုးထားတဲ့နှင်းဆီ
သူ့ဆူးရိုးတွေနဲ့ အဲဒီ့သော့ခလောက်ကိုထိုးဖွင့်
ပွင့်လင်းလူ့ဘောင်
အောင်ဆန်းစုကြည်
အာဇာနည်
ငါတို့ခေတ်ကိုရောက်ရမည် ။ ။

သစ်ကောင်းအိမ်
(၁၀ ရက်၊ မတ်လ၊ ၂၀၀၉)

ခွပ်ဒေါင်းအက

ခွပ်ဒေါင်းအက
နေခိုင်

ရွှေမင်သုတ်ထားတဲ့ စာသင်ခန်းတွေ
သင်းကွပ်ခံရတဲ့ ဗလာစာအုပ်တွေ
တလွဲဆံပင်ကောင်းနေတဲ့ ဦးနှောက်တွေ
အားလုံး အားလုံးဟာ ...
စနစ်တကျ မြေလှန်အသတ်ခံခဲ့ရ
ပြားသွားပြီဖြစ်တဲ့ ကမ္ဘာကြီးပေါ်
ဘယ်ကကြိုးနဲ့ 'က'ရမှာလဲ။

ကြည့်လိုက်စမ်းပါ ...
မပြယ်သေးတဲ့ ယမ်းငွေ့တွေကြား
ခွပ်ဒေါင်းအလံ တလွှားလွှားနဲ့
ဆန်တက်နေဆဲ ဝိညာဉ်တွေ
တိုက်ပွဲကို ကမ်းလင့်နေတယ်။


နားစွင့်လိုက်ပါ ...
သွေးညှီနံ့ တထောင်းထောင်းထဲက
"မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်" ဆိုတာ
ဖိနှိပ်ခံရခြင်းမှာ
ယဉ်ပါးဖို့ဗီဇ လုံးဝမပါတဲ့
သစ္စာရေမသောက်လည်း သစ္စာကြီးတဲ့
ခွပ်ဒေါင်းတို့ရဲ့ သင်္ကေတ။

အာဏာရှင်စစ်ဘီလူးတွေကို
ကြောက်ဒူးတုန်စေတဲ့ ခွပ်ဒေါင်းမျိုး
ဘယ်တော့မှ သမိုင်းမညှိုးဘူး။

အရိပ်ဆိုးကန့်လန့်ကာကို ရိုက်ချိုး
ရှေ့ကိုတိုးထွက်ခဲ့ကြ
ကမ္ဘာပြားကြီးရဲ့ ဇာတ်ခုံပေါ်မှာ
မျက်နှာပန်းလှစေဖို့
ခွပ်ဒေါင်းမာန်ကိုသွင်း
ခွပ်ဒေါင်းဘဝ ခွပ်ဒေါင်းအလှ
ခွပ်ဒေါင်းအကနဲ့ 'က' ။ ။


နေခိုင်

Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး

ဒေါ်ခင်မမမျိုး မြန်မာ့ပဲတင်သံမှကူးယူဖော်ပြပါသည်
အခုတလော တီဗီ သတင်းတွေမှာပြဲဖစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကောရီဒါတွေမှာပဲဖြစ်ဖြစ်ကြားနေရတတ်တဲ့ စကားလုံးလေးတခုရှိပါတယ်။ မြူးနစ်စာချုပ် ဆိုတာပါပဲ။ ဒါနဲ့အတူတွဲပြီးနာမည်ကြီးနေတာကတော့ တချိန်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချန်ဘာလိန်အကြောင်းပါပဲ။ ချန်ဘာလိန်မှားတယ်၊ မှန်တယ်နဲ့ ငြင်းခုန်နေကြတဲ့ အသံတွေကနေရာအနှံ့ပါပဲ။ ဒီဖြစ်ရပ်တွေနဲ့ အဓိက
ဆက်စပ်နေတဲ့ strategic doctrine အကြောင်း ရေးသားတင်ပြချင်ပါတယ်။

မြူးနစ်နှင့် ချန်ဘာလိန်

ချိန်ဘာလိန်အကြောင်းမပြောခင် ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ်တိတိက ယခုလို အပတ်ထဲ၊ အတိအကျဆိုရရင်တော့ (၁၉၃၈) ခု၊ စက်တင်ဘာ (၂၉) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ မြူးနစ်စာချုပ်လေးအကြောင်း အရင်ကြည့်ကြရအောင်ပါ။ (၁၉၃၈)ခု၊ စက်တင်ဘာလက
ဗြိတိသျှဝန်ကြီးချုပ်ချန်ဘာလိန်နဲ့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာတို့ Gerchtesgaden မှာတွေ့ ဆုံခ့ပဲါတယ်။ အဒဲီမှာ ဟစ်တလာက ဂျာမနီရဲ့ Sudetenland ကို သိမ်းပိုက်ဖို့အစီအစဉ်ကိုဗြိတိန်က မထောက်ခံရင် ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်မယ်လို့ ချန်ဘာလိန်ကိုခြိမ်းချောက်ခ့ပဲါတယ်။ ဒီဖြစ်ရပ်ကို ချန်ဘာလိန်က ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆွေးနွေးပြီးတဲ့အခါ ဒီကိစ္စဟာလက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအခါမှာ ခေါင်းဆောင်ကြီးဟစ်တလာအတွက်အကျပ်ရိုက်သွားပါလေရော။ ဗြိတိန်နဲ့ပြင်သစ်ဟာ စစ်မဖြစ်ချင်ဘူးဆိုတာကိုလဲသူကသိထားပြန်လေတယ်။ ပြီးတော့ သူတွက်ဆထားလိုက်တာက ဒီနှစ်နိုင်ငံကတော့ဆိုဗီယက်ယူနီယံနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးပေါ့။

ဒီလိုအခြေအနေမှာ ၀င်ပြီး အကြံပေးလုပ်သူကတော့ အီတလီဖက်ဆစ်ခေါင်းဆောင်ကြီး မူဆိုလိုနီပါပဲ။ သူကဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေအနေနဲ့ ကွန်ဖရင့်တခုကျင်းပဖို့ပဲ ဆိုပြီး အကြံပေးတယ်။ ဟစ်တလာကမူဆိုလိုနီစကားကို နေရာတော်တော်များများကို နားထောင်တာတွေ့ရတယ်။ အခုဒီကိစ္စမှာလဲသူကနားထောင်တာပဲ။

ဒီလိုနဲ့ ၁၉၃၈၊ စက်တင်ဘာလ (၂၉) ရက်မှာ မြူးနစ်စာချုပ်ကြီး ပေါ်ပေါက်လာတော့တယ်။ စာချုပ်အရချန်ဘာလိန်နဲ့ ပြင်သစ် Daladier တို့က ဂျာမနီဟာ Sudetenland ကိုသိမ်းပိုက်နိုင်ကြောင်း၊ သဘောတူညီခြဲ့ကတယ်။ အပြန်အလှန်အနေနဲ့ ဥရောပထဲမှာ နောက်ထပ် နယ်မြေတောင်းဆိုမှုတွေမလုပ်ဖို့ ဟစ်တလာကလဲ ကတိပေးခဲ့တယ်။ ချက်ကိုစလိုဗက်ကီးယားက ထကန့်ကွက်တော့ချန်ဘာလိန်က ဗြိတိန်ဟာ Sudetenland အတွက်နဲ့ စစ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ အဲဒီအထိတုန်းကတော့ အကောင်းပဲ။ သူ့ကိုလဲ စစ်ကိုရှောင်နိုင်တယ်ဆိုပြီး တချို့ကောင်းချီးသြဘာတွေပေးလို့။

အဲ- သိပ်မကြာပါဘူး။ ၁၉၃၉၊ မတ်လလဲရောက်ရော၊ ဂျာမန်စစ်တပ်ကြီးက ချက်ကိုစလိုဗက်ကီးယားကို သိမ်းလိုက်ပါလေရော။ နောက်များမကြာမီ ဒုတိယကမ္ဘာစစ်ကြီးလဲ ဖြစ်လာပါရော။ ဒီတော့မှချန်ဘာလိန်ဟာ ဟစ်တလာက မယုံရဘူးဆိုတာသိသွားပြီး၊ သူ့ရဲ့ appeasement ပေါ်လစီမှားသွားတယ်ဆိုတာ သိပါလေရောတဲ့။ လူအများက ချန်ဘာလိန်ကိုဝိုင်းအပြစ်တင်ကြပါလေရော။

ဟိုတချိန်တုန်းကတော့ ဒီဖြစ်ရပ်ကြားပြောကြတိုင်း ကျွန်မလဲ အပြစ်တင်တာပဲ။ ဗြိတိသျှဝန်ကြီးချုပ်ကြီးဖြစ်ပြီး ဒီလောက်တောင်ပဲ အယုံလွယ်ရလားလို့။ အဲ- စစ်မဟာဗျူဟာလေ့လာရေးနဲ့ အပြည်ပြည်ဆိုင်ရာလုံခြုံရေး ကျောင်းသူဖြစ်လာပြီး၊ strategic doctrine ကို လေ့လာပြီးတ့အဲ ခါကျတော့ ကျန်ွမချန်ဘာလိန်ကို နားလည်မှုရှိသွားတယ်။ သူမှန်တယ်၊ မှားတယ် ဆိုတာကို မပြောချင်တော့ပေမယ့် သူဒီလိုဆုံးဖြတ်ချက်ချရတဲ့အကြောင်းဟာ ဘာကြောင့်ဆိုတာကို သတိထားမိသွားတာကြောင့်ပါ။ အဲဒီအချိန်ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ strategic doctrine က offensive strategy မဟုတ်ပဲ defensive strategy ဖြစ်နေတာကြောင့်ပါပဲ။ အဲဒီလိုအချိန်မှာ ဟစ်တလာကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အားနည်းချက်တွေရှိနေသေးတာကို တွက်ဆပြီး ဒီဆုံးဖြတ်ချက်ကို သူချခ့တဲာပြဲဖစ်ပါတယ်။ နိုင်ငံတခုမှာပြဲဖစ်ဖြစ်၊ အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် strategic doctrine ရှိရပါတယ်။ ဒီလိုရှိမှလဲ မှန်ကန်တဲ့ နည်းဗျူဟာတွေကို ဆက်လက်ချမှတ်နိုင်မှာပါ။ စစ်အေးကာလအတွင်းက နေတိုးရဲ့ strategic doctrine ကို ဆက်ပြီး ကြည့်ကြရအောင်ပါ။ နေတိုး နငှ့် 'flexible response' strategic doctrine နေတိုးလို့ လူအများအတိုကောက်ခေါ်လေ့ရှိတဲ့ North Atlantic Treaty Organizations (NATO) ဆိုတာဟာ ၁၉၄၉ခု၊ အေပြီလ (၄) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ North Atlantic Treaty ပါရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေတဲ့ alliance organization တရပ်ပါ။ စစ်အေးကာလအတွင်းမှာ နေတိုးရဲ့ အခန်းကဏ္ဍက တော်တော်ကြီးမားခဲ့ပါတယ်။ ဒီအချိန်တုန်းက နေတိုးကျင့်သုံးခ့တဲ့ဲ strategic doctrine က flexible response ဖြစ်ပါတယ်။ ဒီ doctrine ကိုအဆင့်သုံးဆင့်နဲ့ ရေးဆွဲထားပါတယ်။ နယူးကလီးယားလက်နက်တွေရှိတာနဲ့တင်ချက်ချင်းကာရော စစ်ဖြစ်တာနဲ့ နယူးကလီးယားလက်နက် သုံးစွဲမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ သုံးသင့်တဲ့အဆင့်ရောက်မှ သုံးမှာ ဖြစ်ပါတယ်။ အဲဒီမှာ ပထမအဆင့်က direct defense ပါ။ ဆိုဗီယက်က နယူးကလီးယားလက်နက်မသုံးပဲ conventional forces တွေပဲ သုံးပြီး တိုက်ခိုက်လာခဲ့ရင်ဒီလိုအလားတူ တပ်တွေနဲ့ပဲ ပြန်လည်တိုက်ခိုက်တာပါ။ ဥပမာ- ဆိုဗီယက်တပ်တွေ အနောက်ဂျာမနီကိုကျူးကျော်လာခ့ရဲ င် နေတိုးတပ်တေမွှ ပြန်လည်ခုခံတိုက်ခိုက်ခြင်းပါ။ဒီအဆင့်မှာမှ မရတော့ဘူးဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Deliberate Escalation အဆင့်ကိုရောက်ပါမယ်။ ဒီအဆင့်ကတော့ အကယ်၍များ ဆိုဗီယက်တပ်များက နေတိုးတပ်များကို ချေမှုန်းနိုင်တဲ့သွင်ပြင်ရှိနေမယ်ဆိုရင် နယူးကလီးယား လက်နက်အနည်းငယ်ကို အကန့်အသတ်နဲ့သုံးတဲ့အဆင့်မျိုးပါ။ တတိယအဆင့်ကတော့ ကြောက်စရာအကောင်းဆုံးပါပဲ။ General nuclear response ပါ။ အလုံးစုံသော ချေမှုန်းရေးပါပဲ။ mutual assured destruction scenario နဲ့အနည်းနဲ့အများဆက်စပ်နေပါတယ်။

ဒီနေရာမှာ စစ်အေးကာလမှာ အမေရိကန်ပြည်တောင်စု ကျင့်သုံးခဲ့တဲ့ containment ဆိုတဲ့ ပေါ်လစီအကြောင်း အနည်းငယ်တင်ပြချင်ပါတယ်။ ဒီပေါ်လစီက ဒုတိယကမ္ဘာစစ်ကာလအပြီးမှာ ဆိုဗီယက်ရဲ့နိုင်ငံရေးထိန်းချုပ်မှုအောက်ကို ကျရောက်သွားသော နိုင်ငံများရဲ့ ဒိုမီနို သက်ရောက်မှုကို ရပ်တန့်ဖို့ပေါ်ပေါက်လာခဲ့တဲ့ ပေါ်လစီဖြစ်ပါတယ်။ ဒီပေါ်လစီရဲ့ အခြေခံကို George Cannanဆိုတ့အဲ မေရိကန်သံတမန်တယောက်က စတင်ခဲ့တာဖြစ်ပါတယ်။ ဒီပေါ်လစီက Negotiation နဲ့compromise ကိုအခြေခံတဲ့ appeasement ပေါ်လစီနဲ့ အမြစ်လှန်ချေမှုန်းရေးကို အခြေခံတဲ့ rollback ပေါ်လစီကြားမှာ ရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အလုံးစုံချေမှုန်းရေးအထိ ဆက်မသွားပဲ နေရာတခုမှာပင် ရပ်နေလိုက်ခြင်းမျိုးဖြစ်ပါတယ်။ ၁၉၆၄ တုန်းက အမေရိကန်ပြည်ထောင်စုမှာ republican candidate, Barry Goldwater က ဘာကြောင့် အနိုင်မတိုက်တာလဲ လို့ containment ပေါ်လစီကို challenge လုပ်တော့ ဒီမိုကရက်တစ် candidate, President Johnston က အနိုင်တိုက်ဖို့လုပ်လိုက်ရင်နယူးကလီးယားစစ်ပွဲကို risk လုပ်လိုက်သလိုဖြစ်မှာပေါ့လို့ဖြေခဲ့ဖူးပါတယ်။ ဒါကြောင့်လဲဗီယက်နမ်စစ်ပွဲကာလမှာ လာအိုထိဝင်ရောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းဖြတ်ဖို့ဗိုလ်ချုပ်တယောက်ရဲ့ပရိုပိုဆာကို အမေရိကန်သ္မတက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒီပေါ်လစီကနိုင်ငံခြားရေးပေါ်လစီဆိုပေမယ့် နိုင်ငံတွင်းပဋ္ဋိပက္ခများမှာလဲ အသုံးပြုတတ်ကြပါတယ်။ စစ်အေးကာလတလျှောက်မှာ နေတိုးက flexible response doctrine ကို ကျင့်သုံးပြီး၊ defensiveအနေနဲ့ ပဲ နေခဲ့ပါတယ်။ အဲ- စစ်အေးကာလပြီး နောက်ပိုင်းမှာတော့ နေတိုးလဲ offensive strategy ကိုကျင့်သုံးလာပါတယ်။ ဥပမာ- ၁၉၉၅ မှာဖြစ်ခဲ့တဲ့ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား ဗုံးကျဲမှု (code name-Operation Deliberate Force) ၊ ၁၉၉၉ မှာ ဖြစ်ခဲ့တဲ့ ယူဂိုဆလားဗီးယား ဗုံးကျဲမှု (code name-Operation Allied Force) စတာတွေပါ။ ဒီအပိုင်းတွေနဲ့ကတော့ Humanitarian Intervention နဲ့ပတ်သက်တာမို့ အသေးစိတ်ကို နောက်ဆောင်းပါးများမှာ ဖော်ပြပေးပါမယ်။ ဘာပဲဖြစ်ဖြစ် စစ်အေးကာလပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ)ရဲ့ strategic doctrine က Preemptive strategy ကို ဦးစားပေးလာပါတယ်။ အမေရိကန်ပြည်ထောင်စုနှင့် Preemptive Strategic Doctrine Preemptive doctrine ဆိုတာက ရန်သူက ကိုယ့်ကိုလာမတိုက်မီ ကိုယ်က ရန်သူကို ဦးအောင်ချေမှုန်းရမယ်ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့်မည်းမည်းမြင်တိုင်းရန်သူဆိုပြီး တိုက်ချင်တိုင်းလိုက်တိုက်နေလို့တော့ မရပါဘူး။ တဘက်ကနေလုံလောက်တဲ့ ခြိမ်းချောက်မှု အတိုင်းအတာ ရှိနေမှ တိုက်လို့ ရတာမျိုးဖြစ်ပါတယ်။ ဥပမာ- ခြောက်ရက်ကြာစစ်ပလွဲို့ နာမည်ကြီးခ့တဲ့ဲ ၁၉၆၇ခုနှစ်၊ အာရပ်-အစ္စရေးစစ်ပွဲဟာ Preemptive စစ်ပွဲဖြစ်ပါတယ်။ ဒီတုန်းက အီဂျစ်သမ္မတနာဆာဟာ ကုလသမ္မဂ္ဂအရေးပေါ်တပ်တွေကို ဖယ်ရှားပြီး၊ထောင်ပေါင်းချီတ့တဲ င့်ကားတေ၊ွ သိန်းချီနေတဲ့ စစ်သားတွေကို အစ္စရေးနယ်စပ်အနီးကိုစေလွှတ်ခ့ပဲါတယ်။ ဒါကြောင့် အစ္စရေးက သူ့နိုင်ငံတော်လုံခြုံရေးအတွက် Preemptive war ကိုစတင်ဆင်နွဲခဲ့ပါတယ်။

ဒါပေမယ့် Preemptive strategic doctrine ကို တချို့က Preventive strategic doctrine နဲ့မှားတတ်ကြပါတယ်။ Preventive strategic doctrine ကကျတော့ ရန်သူဘက်က ခြိမ်းချောက်မှုအတိုင်းအတာ မပေါ်လွင်သေးပဲ ရန်သူကိုစတင် တိုက်ခိုက်တာဖြစ်ပါတယ်။ Future threat လို့ဆိုပေမယ့် နိုင်ငံတကာဥပဒေများနဲ့ ကမ္ဘာ့လူထုက ဒါကို လက်မခံကြပါဘူး။ အမေရိကန်နဲ့မဟာမိတ်တပ်များ အာဖဂန်နစ်စတန်နိုင်ငံကို တိုက်ခိုက်မှုအပေါ်မှာ ကန့်ကွက်သံများမကြားရပေမယ့်အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံတိုက်ခိုက်မှုမှာကျတော့ကန့်ကွက်သံများထွက်လာကြပါတယ်။ အာဖဂန်နစ်စတန်ကိစ္စမှာ Preemptive strategic doctrine ကိုသုံးထားပေမယ့် အီရတ်ကိစ္စမှာကျတော့ ဘွတ်ခ်ျအုပ်ချုပ်ရေးက Preemptive လို့ဆိုပေမယ့် Preventive လို့ ယူဆသူများက အများအပြားပေါ်ထွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတခုကို justified လုပ်ရတာဟာ အခက်ခဲဆုံး ကိစ္စတခုပဲဖြစ်ပါတယ်။ ပညာရှင်များကတော့ debate တွေဆက်လုပ်နေကြဆဲပါပဲ။

အဓိကပြောလိုတ့အဲ ကြောင်းအရာကတော့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးဆိုင်ရာများကို အဓိကလွှမ်းမိုးသက်ရောက်နေတဲ့ strategic doctrine ရဲ့ အရေးပါမှုကိုပဲဖြစ်ပါတယ်။ strategic doctrine ဟာနိုင်ငံတကာရေးရာများနဲ့ နိုင်ငံတရပ်အတွက်သာမက အဖွဲ့အစည်းများအတွက်ပါ အရေးကြီးပါတယ်။ အဖွဲ့အစည်းတခုအနေနဲ့ ကိုယ့်ရင်ဆိုင်ဆင်နွှဲနေတဲ့ စစ်မျက်နှာအသီးသီးအတွက် strategic doctrine လိုအပ်ပါတယ်။ ကိုယ်နဲ့ရင်ဆိုင်ရမယ့် ရန်သူရဲ့ ကိုယ့်ကို မဟာမိတ်ပြုနေတဲ့တိုင်းပြည်အဖွဲ့အစည်းများရဲ့strategic doctrine ကို သေချာသိရှိနားလည်ဖို့လိုအပ်လှပါတယ်။လက်ရှိမြန်မာအရေးနှင့် strategic doctrine

ကျွန်မအမြင်ကိုပြောရရင် ကျွန်မတို့မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်ပါတီတရပ်ဖြစ်တဲ့ အန်အင်ဒီပါတီရဲ့Strategic Doctrine က defensive ဖြစ်ပြီး၊ နအဖရဲ့ အမ်အယ်ဒီအပေါ်မှာ တောက်လျှောက်ကျင့်သုံးလာခ့တဲာကတော့ containment ဖြစ်ပါတယ်။ အန်အယ်ဒီကို မတရားအသင်းကြေငြာပြီး အပြီးသတ် roll back လုပ်လိုက်တ့အဲ ခါမှာ မြေအောက်ဆင်းသွားပြီး လူထုတော်လှန်ရေးကို trigger လုပ်လိုက်သလိုဖြစ်သွားမှာစိုးတာရယ်၊ အန်အယ်ဒီရှိနေခြင်းအားဖြင့် စစ်ခေါင်းဆောင်အချင်းချင်းကွဲပြားမှုအပေါ်မှာ အန်အယ်ဒီကို ဘုံ ရန်သူထားရှိပြီး မကွဲအောင်ထိန်းထားဖို့ရယ်၊နိုင်ငံတကာကလက်ခံလာနိုင်မယ့် ရွေးကောက်ပွဲတခု အခြေအနေအကြောင်းကြောင်းကြောင့်မလုပ်နိုင်သေးခ့တဲာအတက်ွရယ်ကြောင့် အန်အယ်ဒီအပေါ်မှာ containment strategic doctrine ကိုအသုံးပြုနေခ့တဲာဖြစ်တယ်။ နောက်ပြန်ပြီး compromise strategy ကိုသွားဖို့နအဖမှာအစီအစဉ်မရှိနိုင်ပဲရှေ့ဆက်တက်တဲ့ rollback strategy အလုံးစုံချေမှုန်းရေးကိုသာ အစီအစဉ်ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့်အန်အယ်ဒီအနေနဲ့ compromise ထိုင်ပြီး တောင်းဆိုနေခြင်းဟာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်းအမှန်တရားကို လက်ခံဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးဟာမြန်မာပြည်အတကွ် အကောင်းမွန်ဆုံးသော solution ပါပဲ။ ဒါပေမယ့် Frederick the Great ဆိုခ့ဖဲူးတဲ့"Negotiations without arms are like music without instrument” ဆိုတာလိုပဲ ငြိမ်းချမ်းစွာနဲ့ထိပ်တိုက်ရင်ဆိုင်မတွေ့ပဲ ဒီမိုကရေစီတောင်းနေတာကို နအဖက အမှုတောင်ထားမှာမဟုတ်ပါဘူး။အခြားသောအတိုက်အခံများအပေါ်မှာတော့ နအဖက rollback strategy ကိုတောက်လျှောက်ကျင့်သုံးလာခ့တဲာဖြစ်ပါတယ်။ ဆင်ပြောင်ကြီးသွားတဲ့လမ်းကို ဒီလောက်ရှင်းနေရဲ့နဲ့ဒိုင်ယာလော့ခ်ပဲထိုင်အော်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အော်သူများပဲအချိန်ကုန်ပါလိမ့်မယ်။ compromise လုပ်ရမယ်လို့ တချို့ ဆိုတတ်ကြပါတယ်။ compromiseဆိုတာက လက်ခုပ်နှစ်ဘက်တီးမှ မြည်လာမယ့် ကိစ္စပါ။ လက်ခုပ်မတီးချင်တဲ့ နအဖလက်ကိုအတင်းသွားဆွဲပြီး တီးနေလို့ကတော့ compromise မဖြစ်လာပဲ ခေါင်းပုတ်နှစ်သိမ့်ခံလိုက်ရတာပဲဖြစ်လာပါလိမ့်မယ်။ တပ်ဦးပါတီက defensive strategy ကိုသုံးလာတာ ရာစုနှစ်တွေ ချီနေပြီဖြစ်ပါတယ်။ဒီ doctrine က ကြာကြာသုံးတာများရင် offensive မလုပ်ရဲတော့ပဲဖြစ်တတ်ပါတယ်။ ဒါကိုနားလည်ပြီးအပြစ်တင်မှုမဟုတ်ပဲ confrontation အတွက် ၀န်းရံပေးခြင်း (သို့) ၀န်းရံရင်လဲ မထနိုင်ဖြစ်လာတဲ့အခါခဏနောက်ချန်ထားပြီး၊ လုပ်သင့်တာကို ဆက်လက်လုပ်ကိုင်သွားခြင်းများလုပ်ကြဖို့တပ်ဦးပါတီမဟုတ်တဲ့ အခြားသောအဖွဲ့ အစည်းများမှာ တာဝန်ရှိပါတယ်။

နိုင်ငံတကာအကူအညီဆိုတာမှာလဲ collective security ဆိုတဲ့ strategic doctrine အပေါ်မှာအခြေခံထားတဲ့ ယူအင်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ တနိုင်ငံချင်းစီကနေဆိုရာမှာလဲသူတို့ရဲ့ strategic doctrine တွေမှာ offensive strategy နည်းပါတယ်။ နိုင်ငံတကာဥပဒေများအရHumanitarian Intervention ဆိုတာဖြစ်လာဖို့ကလဲ အတော်ကို ခဲယဉ်းလှပါတယ်။ ဒီတော့ကျွန်မတို့အနေနဲ့ ကိုယ်ပိုင် strategic doctrine တခု ပိုင်ပိုင်နိုင်နိုင် ရှိနေဖို့လိုအပ်နေပါပြီ။ပြည်တွင်းလူထုတိုက်ပွဲကိုပြပြီး၊ နိုင်ငံတကာဝင်ပေးပါဆိုပြီး တောင်းဆိုမယ့် doctrine လား၊ယူအင်နဲ့ပြည်ပက ၀င်ရောက်စွက်ဖက်ပေးပါလို့ ထိုင်အော်နေမယ့် doctrine လား၊ နအဖကိုcompromise လုပ်ရမယ်ဆိုပြီး ခေါင်းပုတ်ကျောသပ်သွားခံမယ့် doctrine လား၊ လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တော်လှန်ရေး တွဲစပ်ပြီး တော်လှန်ရေးအရှိန်ရောက်လာချိန်မှာ ခွဲထွက်ပူးပေါင်းလာမယ့်တပ်က လူတချို့နဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သွားမယ့် doctrine လား။ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်ကြဖို့ လိုပြီဖြစ်ပါတယ်။ ရန်သူ့အခြေအနေကြည့်ပြီး flexible response သုံးမည်ဆိုလျှင်လဲ လိုအပ်သည့် အဆင့်များကို ဖော်ထုတ်သင့်ကြပြီဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် strategic doctrine ဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးရာကိစ္စများမှာ အရေးပါလှသောကျောရိုးမဏ္ဍိုင်တရပ်ဖြစ်တာမို့ ရေရာတိကျသော strategic doctrine မရှိရင် တိုက်ပွဲဖော်ဆောင်မှုနဲ့နည်းဗျူဟာများဟာ ပြန့်ကျဲနေပြီး၊ ပစ်မှတ်ကို မထိရောက်နိုင်ပဲဖြစ်တတ်ပါကြောင်းရေးသားလိုက်ရပါတယ်။

တော်လှန်ရေးသစ္စာဖြင့်။
ခင်မမမျိုး (၁၊ ၁၀၊ ၂၀၀၈)


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List