မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှုအပေါ်စစ်အစိုးရခုခံ

31 May 2009 VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတဲ့ အမေရိကန် ဂျွန်ယက်ထော ကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် အပြစ်ပေးဖို့က လွဲပြီး တခြားလမ်းမရှိဘူးလို့ မြန်မာ ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က တနင်္ဂနွေ စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေး နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှုကို အာဏာပိုင်တွေထံ အကြောင်းမကြားဘဲ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ပြောခဲ့တဲ့အပြင်၊ ဒီတရားမ၀င် လာရောက်သူကို ကျွေးမွေးပြီး ခိုလှုံခွင့်ပါပေးခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တစုံတရာ ချိုးဖောက်တာ မတွေ့ရဘူးလို့ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မစ္စတာ ယက်ထော ပထမအကြိမ်လာရောက်စဉ်က အာဏာပိုင်တွေကို ပြောကြားခဲ့ပေမဲ့ အရေးယူမှု တစုံတရာ မရှိတဲ့အပြင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်မှု တားဆီးမှု တစုံတရာ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေဖြစ်သူတွေနဲ့ မနေ့က အင်းစိန် ထောင်ဝန်းထဲမှာ ၂နာရီကြာ တွေ့ဆုံခွင့်ပေးခဲ့တာမို့ ကျန်းကျန်းမာမာနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို တနင်္လာနေ့ကနေ သောကြာနေ့ကို ရွှေ့ဆိုင်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ကာကွယ်ရေး ၀န်ကြီးများအဆင့် အာရှဒေသ လုံခြုံရေး အစည်းအဝေးကို တက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံက နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ၀န်ကြီး အန်းတေလာ က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ထောက်ခံ ပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး မြန်မာ စစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းခဲ့ပါတယ်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List