ရှာဖွေတင်ပြလိုက်ပါသည်။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
ကျောင်းဖွင့်ချိန်
(၁)ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။
(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။
(ရွှေဘုန်းလူ)
http://nnai.blogspot.com မှ ကူးယူဖော်ပြပါသည်။

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...
တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...
တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...
မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...
လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။
အောင်ဆန်းစုကြည်
ခင်မင်းဇော်ဘလော့မှ ကူးယူဖော်ပြပါသည်။
နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။
အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ် မအိပ်လျှင်တွေး။
သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ။
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။
အဟောသိကံ သံသရာ
ငါ့ကမ္ဘာ့ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝရပ်လိုက်
တမတ်တပ်တပ် တနေကုန်။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်အုန်းမယ်။
ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။
တရက် ကုန်မလား၊ တသက် ကုန်မလား။
တလ ကုန်မလား၊ တဘ၀ကုန်မလား။
တနှစ် ကုန်မလား၊
တခေတ် ကုန်မလား။
အားမလျှော့ဘူး၊ မပျော့ဘူး။
ပေဖြစ်တော့ခံမယ်၊ တူဖြစ်တော့ နှံမယ်။
အမှန်တရား တို့ဘက်မှာရှိတယ်။
ပြည်သူအများ တို့ဘက်မှာရှိတယ်။
ကာလယန္တရား တို့ဘက်မှာရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာရှိတယ်။
သိကြရဲ့လား... ဟား ဟား ဟား ဟား။
တိရိစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
မှတ်ထားဟေ့။
အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။
အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။
ငါလဲ အဲဒီလိုပဲကွ ဟေ့။ ။
(သတင်းစာဆရာကြီး ဦးဝင်းတင်)။
သခင်အောင်ဆန်း တရား
ဇော်ဂျီ
ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့် သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ် အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျ လောင်မြိုက်၊ သူ မီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မျှတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက် တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင် သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။
ဇော်ဂျီ
လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)
အောင်ဆန်း စိတ်ဓာတ် (Aung San Spirit)
( စတုတ္ထအကြိမ်၊ ၁၉၆၉၊ သြဂုတ်လထုတ်၊ အောင်သန်း(ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်း) ရေးသော “အောင်သန်း၏ အောင်ဆန်း” စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ စာမျက်နှာ ၅၃-၅၇ -သတ်ပုံမူရင်းအတိုင်း)
သခင်အောင်ဆန်းသည် မိခင်ကို အလွန်ချစ်ပါသည်။ ကျွန်တော်တို့အစ်ကိုတွေ ချစ်သည်ထက် ပို၍ ချစ်ပါသည်။ မိခင်ကလည်း အခြားသားများအပေါ်ထက် အငယ်ဆုံးသားကလေးအပေါ်တွင် သံယောဇဉ်ပိုပါသည်။ သို့ပါလျက် သခင်အောင်ဆန်းသည် မိခင်အပေါ် စိမ်းကားသလို ဖြစ်နေသည်မှာ အခြားကြောင့်မဟုတ်၊ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကိုယ်ကို လှူထားသောကြောင့်ဖြစ်သည် ဟု ယူဆရန်ရှိသည်မှအပ အခြားအကြောင်းများ မရှိနိုင်ပါ။ သခင်အောင်ဆန်းအဖို့ စားလည်း နိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး ဖြစ်နေပါသည်။ နိုင်ငံရေးသာလျှင် အမိ… နိုင်ငံရေးသာလျှင်အဖ…နိုင်ငံရေးသာလျှင် ဆွေမျိုးသားချင်း ဖြစ်နေပါသည်။
ထို့ကြောင့်ပင် စာရေးဆရာ ဒဂုန်တာရာက ၁၉၄၆ ခုနှစ်တွင် ထုတ်ဝေသော “တာရာမဂ္ဂဇင်း”၌ “အောင်ဆန်း-သို့မဟုတ်-အရိုင်း” ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
“သူ့တွင် နိုင်ငံရေး ၀ိဥာဉ်ကား ပြင်းထန်လှ၏။ နိုင်ငံရေး တခုတည်းသာလုပ်သော လူတဦးဖြစ်၏။ သူသည်…ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏၊ ကိစ္စမရှိ၊ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ “တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာလုပ်သော နိုင်ငံရေး သတ္တ၀ါဖြစ်၏” ထို့ကြောင့် ကိစ္စမရှိ။”
သခင်အောင်ဆန်း၏ ရိုင်းပုံ၊ ကြမ်းပုံ တို့ကို သခင်တင်မောင်(ကျုံမငေး)ကလည်း ၄-၁-၆၃ နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ရေးခဲ့ပါသည်။
“၁၉၄၀ ခုနှစ်၊ ဇန်န၀ါရီလတွင် တို့ဗမာ အစည်းအရုံးကြီး၏ အမှုဆောင် အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်။ အမှုဆောင်အားလုံး မန္တလေးရုံးတော်ကြီးရှိ ဦးဘဦးတိုက်ကြီးတွင် တည်းခိုကြသည်။ အစည်းအဝေးကိုလည်း ထိုတိုက်မှာပင် ကျင်းပလေသည်။
အမှုဆောင် အစည်းအဝေး ကျင်းပနေဆဲမှာပင် ဗြိတိသျှလေဘာပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဆာစတက်ဖို့ကရစ်ပ်သည် ဗမာပြည်၏ အခြေအနေကို လေ့လာရန် ရောက်ရှိလာလေသည်။ ဗမာပြည်မလာမီကလေးကပင် ၄င်းအား လေဘာပါတီမှ ထုတ်ပယ်ခံထားရလေသည်။ အကြောင်းမှာ စစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစုတခု ဖွဲ့သင့်သည်ဟု ပါတီတွင် အကြံပေးမိသည့်အတွက် ဖြစ်လေသည်။
ဗမာပြည်တွင် ဦးတင်ထွဋ်အိမ်၌ ခေတ္တတည်းခိုပြီး တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလိုသည့်အတွက် မန္တလးသို့ လိုက်ပါလာခဲ့လေသည်။ ဆာစတက်ဖို့ကရစ်ပ်အား သခင်ကျော်စိန်(ယခု ပြည်သူ့စာပေတိုက်)က မန္တလေးသို့ လိုက်ပို့ရလေသည်။ မန္တလေးတွင် ထိုလေဘာပါတီ ခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံးအမှုဆောင်များ ဆွေးနွေးကြပုံမှာ ကျွန်တော့် တသက်တာတွင် မမေ့နိုင်အောင် ရှိတော့သည်။
“ဆွေးနွေးပွဲကို သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်လေးမောင်တို့အား ဦးဆောင်ဆွေးနွေးရန် သတ်မှတ်ထားကြပါသည်။ သခင်မြမှာ မန္တလေးတွင် ကြာရှည်မနေနိုင်ဘဲ အစည်းအရုံးတာဝန်များနှင့်ပင် ရန်ကုန်သို့ပြန်သွားရလေသည်။ ဆွေးနွေးပွဲတွင် ကရစ်ပ်၏ လက်ျာဘက်က သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်လှဘော်၊ သခင်ထိပ်တင်ကိုယ်တော်ကြီးတို့က ထိုင်နေကြ၏။ လက်ဝဲဘက်တွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျွန်တော်တို့ ထိုင်နေကြသည်။
“ကရစ်ပ်က…“ဗမာပြည်ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံးနဲ့ ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျွန်တော်နားလည်တာနဲ့ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တညလဲ အိပ်မိရော၊ ကျွန်တော်သိထားတာတွေဟာအားလုံး အမြီးနဲ့ ခေါင်းနဲ့ လွဲနေတာ တွေ့ရပါတယ်။” ဟုပြောယင်း ဟားတိုက် ရယ်လိုက်ပါသည်။ “ကျွန်တော် သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားကလေးတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ၊ သူပုန်ထဘို့ သွေးဆူနေတဲ့ သူကလေးတွေ၊ ပညာမဲ့ အလုပ်လက်မဲ့ကလေးတွေ စုပေါင်း ပါဝင်တဲ့ အစည်းအရုံးကြီးဘဲလို့ နားလည်လာခံပါတယ်။ အခုမှ ဒီလိုမဟုတ်မှန်း သိပါတော့တယ်….”။
သခင်အောင်ဆန်းက ရယ်လျက် “ဒါဟာ ဓမ္မတာပါဘဲ။ အုပ်စိုးသူဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုဘဲ သဘောထားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုဘဲ သတင်းပေးကြမှာပါဘဲ။ တခု ကျွန်တော်ပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုဘဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်းဖြစ်နေရတယ်ဆိုရင်လဲ ဘယ်သူ့အပြစ်လဲ။ ဗြိတိသျှအုပ်စိုးခြင်းအောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တခုအနေနဲ့ ဗြိတိသျှလူမျိုးတွေဘဲ ရှက်စရာကောင်းနေမှာပေါ့။”
ကရစ်ပ်။ ။“ကျွန်တော်တခု မေးစမ်းပါရစေ၊ စပ်စုတယ်လို့လဲ မထင်ပါနဲ့။ ရင်းရင်းနှီးနှီးသဘောထားလို့ မေးရဲတာပါ။ ခင်ဗျားတို့က အခု အင်္ဂလိပ်လက်အောက်ခံဘ၀က လွတ်အောင် ကြိုးပမ်းနေကြတယ်။ လွတ်လပ်ရေးကို ဘယ်နည်းနဲ့ရအောင် လုပ်ကြမှာလဲ”။
သခင်အောင်ဆန်း။ ။“နည်းကတော့ ကျွန်တော်တို့ တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာဘဲ”။
ကရစ်ပ်။ ။“မစ္စတာ အောင်ဆန်းပြောတာ နားမလည်သေးပါဘူး။ ထပ်ရှင်းပြပါအုန်း”။
သခင်အောင်ဆန်း။ ။“ရှင်းပါတယ်။ တရားတယ်ထင်တဲ့နည်းဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ်လို့ ဆိုတာဘဲ။ ဥပမာဗျာ ခင်ဗျားအိတ်ထဲမှာ ထည့်ထားတဲ့ ဖောင်တိန်ဟာ ကျွန်တော်ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ကျွန်တော့ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့။ ကျွန်တော်က ခင်ဗျားကို တောင်းပန်ပြီး ပြန်ပေးပါဗျာလို့ ချော့တောင်းမယ်၊ မရရင် နောက်တနည်းနဲ့ တောင်းမယ်။ အဲဒီလို မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလားဆိုပြီး ခြိမ်းခြောက်တောင်းမယ်။ ဒါနဲ့မရရင် ဟောဒီလို အတင်းလုယူမယ်”။
သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ ကရစ်ပ်၏ အိတ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိတ်ကြီး ပြဲ၍ ပါလာတော့သည်။
သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အင်္ကျီပြဲသည်ကိုပင် အားမနာတတ်၊ အလိုက်မသိတတ်ဘဲ ဆက်၍ ပြောသေး၏ “ကဲ အဲဒီနည်းဟာ ကျွန်တော်တရားတယ်ထင်တဲ့နည်းဘဲ။ ကျွန်တော့ ဖောင်တိန်ပြန်ရတာလိုရင်းဘဲ”။
ကရစ်ပ်မှာ ဘာမျှမပြောနိုင်။ အားရပါးရ ဟားတိုက်၍သာ ရယ်မောနေရရှာတော့၏။
သခင်အောင်ဆန်းက ဆက်ပြီး “ကဲ အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား။ ကျွန်တော့်မှာတော့ ကျွန်တော်ဖောင်တိန် ပြန်ရပါရဲ့။ ခင်ဗျားမှာတော့ အင်္ကျီအိပ်အပြဲခံရတာသာ အဖတ်တင်တာပေါ့။ စောစောက ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး။ ကျွန်တော်လက်တောင် တော်တော်နာသွားတယ်။ ခု-ကျွန်တော်ပြောနေတာတွေဟာ အပိုပြောနေတာလဲမပါဘူး။ ချိမ်းခြောက်နေတာလဲ မဟုတ်ဖူး။ တကယ်ဖြစ်လာနိုင်တဲ့သဘောကို ပြေပြနေတာဘဲ။´
ကရစ်ပ်မှာ ဘာမှ မပြောနိုင်၊ အူတက်မတတ် ဖြစ်နေရှာသည်။ နောက်အတန်ကြာမှ “အို ချစ်စရာကောင်းတဲ့ အောင်ဆန်း ချစ်စရာကောင်းတဲ့ အောင်ဆန်း” ဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည်။
ထိုးထောင်ထွက်လာမယ့်
ဆံပင်ဖြူတစ်ချောင်းသာ။
တောင်းဆိုခြင်းလဲ ကင်းမဲ့စွာ
လောကမှာ
ငါအလကားရခဲ့တာဆိုလို့
နှစ်ခုတည်းရှိရဲ့..
အဲ့ဒါက
ဘ၀နဲ့ ဒုက္ခလေ…။
တိုက်ပွဲပြီးကာစ
စစ်တလင်းလိုမြင်ကွင်းမျိုး
တကယ်တမ်း
ဘုရားသခင်နဲ့ ချစ်သူရှိမနေတဲ့
အခန်းကျဉ်းငယ်ထဲမှာ
ငြီးငွေ့ခြင်းနဲ့ ငါ
လက်မထပ်ဘဲ အတူနေခဲ့တာကြာပေါ့။
ဟော့ဒီခွေးခြေပုပေါ်က
ခြေချော်ကျမယ့်နေ့တစ်နေ့ကို
ရပ်စောင့်နေခဲ့ရ ။
ငါ့လည်ပင်းမှာ
စွပ်ပြီးသားကြိုးကွင်းတစ်ကွင်းရှိတယ်။
Feb 8, 2009
မြန်မာစာအုပ်များ ဖတ်လိုသူများအတွက်
Right Click နှိပ်ပြီး Save လုပ်ပြီးဖွင့်ပါ။ ပိုမိုမြန်ဆန် လွယ်ကူပါသည်။
မြန်မာ စာအုပ်များ
- ကာလီဒေ၀ီ (အောင်ခန်.)
- လက်သုံးတော်ဓါး (အောင်ခန်.)
- နေဘုရားတော် (အောင်ခန်.)
- အမွေ အောင်သင်း
- သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
- ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
- အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
- သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
- မဟာသေနာပတိ (ချစ်ဦးညို)
- လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
- တွေးသူများ (ကိုတာ)
- ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
- စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
- ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
- စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
- ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
- ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
- ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
- သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
- လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
- သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
- ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
- ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
- ရှက်ပြုံး (ချစ်စံဝင်း)
- မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
- ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
- တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
- တော (လင်းဝေမြိုင်)
- မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
- စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
- စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
- စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
- ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
- သူတို.အမြင်သူတို.အတွေး (ပါရဂူ)
- ကလေးပြဿနာ (ပါရဂူ)
- သူ.လိုဘုရင် (ပါရဂူ)
- လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
- သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
- ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
- ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
- ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
- တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
- ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
- ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
- အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
- ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
- ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
- အချစ် လက္ခဏာ (စံ-ဇာဏီဘို)
- အချစ် ဗေဒင် (စံ-ဇာဏီဘို)
- မီးပြတိုက် (ဆောင်းဝင်းလတ်)
- နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
- ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
- အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
- အဖော် (ရှား)
- တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
- မြတ်သက်မော် (ရွှေဥဒေါင်း)
- ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
- ရတနာပုံ (ရွှေဥဒေါင်း)
- ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
- အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
- ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
- လူညာကြီး (ဆွေဆွေအောင်)
- လွယ်အိပ်ကလေး (ဆွေဆွေအောင်)
- အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
- မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
- ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
- ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
- ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
- ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
- အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
- ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
- ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
- ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
- ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
- လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
- ချစ်သုံးလီ (သန်းဆွေ)
- ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
- ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
- ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
- အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
- မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
- အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
- သုခ မှတ်စု
- ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
- ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
- အာဇာနည် (ဦးနု)
- တာတေ စနေသား (ဦးနု)
- ဘ၀အကျဉ်းသား (ဦးရွှေအောင်)
- ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
- HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
- ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
- ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
- ယောနသံ ဇင်ယော် (ဦးဘသန်း)
- မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
- ကိုဒေါင်း (မောင်ထင်)
- ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
- သွေး (ဂျာနယ်ကျော် မမလေး) ***
- ဂျုလိယက်ဆီဆာ (မန်းတင်)
- ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
- ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
- မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
- မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
- အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
- ရတနာ လိုဏ်ဂူ (နတ်နွယ်)
- အတွေးအမြင်စာစဉ်
- ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
- ဗေဒါလမ်း (ဇော်ဂျီ)
- ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
- မြိုင် (ဒဂုန်တာရာ)
- စက်ဝိုင်း (မစန္ဒာ)
- ငယ်သူမို.မသိပါ (မစန္ဒာ)
- ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
- ဂျီဟောသူ (မစန္ဒာ)
- အရိပ် (မစန္ဒာ)
- ၀တ္တုတိုများ ၆ (မစန္ဒာ)
- ပုစ္ဆာ (မစန္ဒာ)
- မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
- ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
- ကိုဒေါင်း (မောင်ထင်)
- မြန်မာ၁၂လအကြောင်း (မောင်ထင်)
- ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
- ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
- ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
- သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
- ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
- ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
- တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
- မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
- ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
- ပေတလူ (မင်းသိင်္ခ)
- ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
- ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
- ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
- မ" တတ်ပါ့" (မင်းသိင်္ခ)
- မအောင်ရင် (မင်းသိင်္ခ)
- မနောမယကိုပီတာ (မင်းသိင်္ခ)
- ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
- ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
- အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
- နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
- ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
- ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
- တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
- လှည့်စား (နီကိုရဲ)
- သံစုံကြူးတဲ့ည (နီကိုရဲ)
- လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
- နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
- ဇွတ် (နီကိုရဲ)
- ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
- ရေပွက်ပမာ (မြသန်းတင့်)
- ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
- သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
- လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
- တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
- ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
- အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
- မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
- အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
- ဖူးစာရှင် (မင်းလူ)
- အမှတ်တရ (ဂျူး)
- ချစ်သူ၏သမီး(ဂျူး)
- ရေမျောသီး(ဂျူး)
- လေထဲမှာပျံဝဲသူများ(ဂျူး)
- ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
- အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
- ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
- ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)
- လရောင်ကိုကြောက်သူ(ဂျူး)
- ချစ်ခြင်း၏အနုပညာ(ဂျူး)
- မိန်းမနှစ်ယောက်(ဂျူး)
- မြရဲ့လ(ဂျူး)
- အက်ဆစ်တစ်ခွက်(ဂျူး)
- ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)
- ကျွန်မနဲ့ဆေးလိပ်(ဂျူး)
- ဆရာဝန်နှစ်ယောက်(ဂျူး)
- ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)
- ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
- လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
- ရှက်စိတ် (လူထုစိန်ဝင်း)
- အဖြူ (ဂျာနယ်ကျော် မမလေး)
- အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
- ရှူး (တာရာမင်းဝေ)
- ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
- အပြင်ကလူ (ကြည်အေး)
- နွမ်းလျအိမ်ပြန် (ကြည်အေး)
- ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
- အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)
- သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)
- စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
- နဂါးနိုင်ဓါး
- စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
- ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)
- ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)
- ကလေးအတွေး (မင်းခိုက်စိုးစန်)
- သုည (မင်းခိုက်စိုးစန်)
- နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)
- လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)
- သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)
- မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
- မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
- မိန်းမလှအမုန်း (၀င်းဦး)
- ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
- ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
- ကျွန်မင်းသား (ဒဂုန်ရွှေမျှား)
- အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)
- ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)
- စာမရီတို့ထူးထူးခြား (ချစ်ဦးညို)
- ယာဇ (ချစ်ဦးညို)
- မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
- စွယ်စုံလက်ဆောင် (အကြည်တော်)
- မိုးတိမ်ပုံပြင် (အကြည်တော်)
- ဘီလူး (အကြည်တော်)
- ဇ (အကြည်တော်)
- အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
- ပိုးကောင်များ (အကြည်တော်)
- တောသားကြီး (အကြည်တော်)
- သံသရာအကွေ့တစ်ရာ (အကြည်တော်)
- သဲလှည်း (အကြည်တော်)
- အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
- ရော်ဘင်ဆင်ကရူးဆိုး (ဒဂုန်ရွှေမျှား)
- မှ တစ်ဆင့် (မိုးမိုးအင်းလျား)
- ဖြူမှောင်ဝေကင်း (မိုးမိုးအင်းလျား)
- ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)
- စိန်တစ်ပွင့် (မိုးမိုးအင်းလျား)
- သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)
- ဝေဒနာ ကြာနီပွင့် (မိုးမိုးအင်းလျား)
- လရဲ့အောက်ဘက်မိုင်အဝေးမှာ (ဂျူး)
- ကွက်လပ်ကလေးဖြည့်ပေးပါ (မစန္ဒာ)
- ပန်းစကား (မစန္ဒာ)
- ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)
- နတ်နေကိုင်း (အကြည်တော်)
- နတ်ပြည်၏နံနက်ခင်း (အကြည်တော်)
- ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်) စာအုပ် များကို အပင်ပန်းခံစွာ မြန်မာများအားလုံး မျှဝေခံစားနိုင်ရန် အတွက် တင်ထားပေးသော ရွှေစကားဝက်ဆိုဒ် www.shwesagar.com အားအထူးကျေးဇူးတင်ပါတယ်။
ကိုယ်ကျင့်တရား
ဝိုက်လက်သီးတွေကို
ငုံ့ရှောင်ပေးလိုက်ဖို့
မေ့သွားခဲ့တာလား။
စိတ်ကြီးဝင်စရာ တခုခု
မျက်နှာသာပေးခံရသူ၊
ဒါမှမဟုတ် ရ ထားပြီးသူ၊
အဲဒီလို စဉ်းစားခဲ့တယ်မဟုတ်လား။
တစ်စင်း
နောက်တစ်စင်း
စက္ကူလေယာဉ်ပျံတွေသာ ၀ဲ၊
ဘယ်ခရီးအထိ နီးခဲ့ပါပြီလဲ။
လောကကြီးမှာ ဘယ်လို၊
ကမ္ဘာပေါ်မှာ ဘာ၊
မျက်စိပျက်၊ မျက်နှာပျက်
ဒီလောက်တောင် ခက်ခဲခဲ့ရ
ထွက်မပြေးခဲ့ဘူးလား။
သြော်…ဒီမေးခွန်းတွေကြား
သူ့မျက်ဝန်းညိုညိုတွေကိုသာ
သတိရနေမိပါတယ်။
မောင်ပြည့်မင်း
ဧပြီ၊၂၀၀၂။
နှစ်ယောက်အတူတွေ့ဖို့ ချိန်းတိုင်း ချစ်သူက ဖုန်းတစ်ဖက်ကနေ "ဘာဖြစ်လို့ အလှပြင်နေသေးလဲ! ခင့်ရဲ့ ဘာမှလိမ်းမထားတဲ့ ဖြူဖြူစင်စင် မျက်နှာလေးကိုပဲ မောင်ကချစ်တာ" လို့ အမြဲပြောတတ်တယ်။
ချစ်သူရဲ့ အဲဒီလိုစကားမျိုးကို ယောင်လို့တောင် နားမဝင်လိုက်ပါနဲ့! ယောက်ျားအများစုက ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ချိန်တစ်ခါက ဒီလို "နားဝင်ချို" တဲ့စကားမျိုး ပြောဖူးကြပါလိမ့်မယ်။ တကယ်တမ်းကျတော့ စိတ်ရှည်သည်းခံမှုနည်းတဲ့ ယောက်ျားတွေမှာမှ ဒီလိုစကားမျိုးကို ကြားရတတ်ပါတယ်။ သူတို့ရဲ့ စကားကို နားဝင်ပြီး သူတို့နဲ့ချိန်းတွေ့တဲ့အချိန်ဘာမှလိမ်းမထားဘဲ သွားခဲ့ရင် အဲဒီနေ့တစ်နေ့လုံး ကိုယ်က တစ်ခြားမိန်းကလေးထက် ပိုရုပ်ဆိုးနေသလို ခံစားရပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို တစ်ခြားမိန်းမလှလေးတွေ ကြည့်ရှူဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
အကြံ (၁) ကိုယ်လှတယ် ထင်တဲ့အရာကို ယောက်ျားတွေက လှတယ်လို့ မခံစားမိဘူး
အလှပြင်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်ကို လန်းဆန်းတက်ကြွမှုတွေ ဖြစ်စေသလို မြင်ရသူကိုလည်း စိတ်ချမ်းသာစေပါတယ်။ ဒါပေမယ့် ယောက်ျားနဲ့မိန်းမတို့ရဲ့ အတွေးအခေါ်က ခြားနားမှု ကြီးမားတတ်တော့ တစ်ခါတလေ ကိုယ်ဆိုးလိုက်ရင် ဆွဲဆောင်မှုပိုရှိသွားမယ်လို့ ထင်တဲ့ နုတ်ခမ်းနီအရောင်က သူတို့အတွက် မလှမပ ဖြစ်သွားတတ်ပါတယ်။
အကြံ (၂) အလှဆိုတဲ့ ယဉ်ကျေးမှုက ကိုယ့်သွင်ပြင်လဏ္ခာကို ဖော်ပြနေသလိုပဲ

အကြံ (၃) အလှပြင်တဲ့အခါ သိပ်Over မဖြစ်စေနဲ့ (photo from google image)

အကြံ (၄) မလိုက်ဖက်တဲ့အရောင်က မြင်သူကို စိတ်ပျက်စေတယ်
အားကစားမှူးတစ်ဦးဖြစ်တဲ့ ကိုရဲက မိန်းကလေးတွေရဲ့ မျက်လုံးကို ကြည့်ရတာ နှစ်သက်ကြောင်း ပြောပါတယ်။ ဒါကြောင့် မျက်လုံးပေါ်မှာ အရောင်လေးတင်မယ်၊ ဥပမာ မျက်ရစ်၊ လိုင်နာတွေ ဆိုးထားတဲ့ မိန်းကလေးဆိုရင် ကိုရဲက အမှတ်တိုးပေးတတ်တယ်။ မျက်လုံးတစ်ဝိုက် အရောင်ခြယ်တတ်ရင် အဲဒီမိန်းကလေး အရမ်းလှတယ်လို့ သူခံစားရတယ်။ ဒါပေမယ့် အရောင်အရမ်းတောက်ရင်၊ လွန်လွန်ကျူးကျူးဖြစ်နေရင်တော့ မြင်ရသူကို စိတ်ပျက်စေတယ်။ တစ်ချို့မိန်းကလေးတွေက ကိုယ်နဲ့ မလိုက်ဖက်တဲ့ မိတ်ကပ်ရောင်၊ နုတ်ခမ်းနီအရောင်တွေကို သုံးစွဲတတ်တယ်။ အဲဒီအခါ နဂိုရှိရင်းစွဲ မျက်နှာအလှက ပိုမပေါ်လွင်တော့ဘဲ မိတ်ကပ်အရောင်ကြောင့် ပိုအကြည့်ရ ရုပ်ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းတွေကို မဝယ်ခင် ကိုယ်နဲ့လိုက်ဖက်မှု ရှိမရှိ အရောင်းဝန်ထမ်း ဒါမှမဟုတ် သူငယ်ချင်းတွေကို မေးမြန်းပြီးမှ ဝယ်သင့်ပါတယ်။
အကြံ (၅) မျက်နှာပေါ်ကအလှ သုံးမိနစ်နဲ့ ပေါ်လွင်ရအောင်
မိန်းကလေးတွေ အလှပြင်တာကို ပတ်ဝန်းကျင်က ယောက်ျားလေးတွေ ဘယ်လိုပဲမြင်မြင်၊ ဘယ်လိုပဲပြောပြော သူတို့ရဲ့အကြံကို လက်ခံတာ ကိုယ့်အတွက်တော့ မမှားပါဘူး။ အထက်က ယောက်ျားလေးတွေရဲ့ အကြံကို ကြည့်ခြင်းအားဖြင့် ယောက်ျားအများစုက မိန်းကလေးတွေ အလှပြင်တာကို ပိုနှစ်သက်ကြတယ်ဆိုတာကို တွေ့ရတယ်။ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုအပြင်အဆင်မျိုး ပြင်ဆင်သင့်တယ်ဆိုတာကို မိန်းကလေးတွေ နားလည်ဖို့ လိုပါတယ်။ ဒါကြောင့် နောင်တစ်ကြိမ်မှာ ချစ်သူ ဒါမှမဟုတ် ယောက်ျားက စောင့်ဆိုင်းဖို့ စိတ်ရှည်သည်းခံမှု မရှိခဲ့ရင်တောင် သုံးမိနစ် အလှပြင်နည်းနဲ့ ကိုယ့်ကိုယ်ကို လန်းဆန်းတက်ကြွအောင် ပြင်ပါ။ သူတို့ပြောတဲ့ "နားဝင်ချို" စကားကို နားယောင်ပြီး မျက်နှာပြောင်နဲ့ အိမ်ကနေ ထွက်မသွားလိုက်ပါနဲ့....
မူရင်း ရေးသားသူ .. ပန်းကလေး (花ㄦ) ရဲ့ "မိန်းကလေးတွေ အလှပြင်တာနဲ့ ပတ်သက်ပြီး ယောက်ျားတွေမှာ ပြောစရာစကား ရှိတယ်" ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ