မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရွေဘိုထောင်မှလွတ်မြောက်လာသူ မမီးမီး(ခ) သင်းသင်းအေးနှင့် တွေ့ဆုံခြင်း

ဗိုဟိန်(ရွှေမြစ်ခ) http://www.myitmakhamediagroup.com/
ဇန်န၀ါရီ ၁၄၊ ၂၀၁၂
ယနေ့နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ၈၈မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ်နှင့်အခြားနိုင်ငံရေးအကျဉ်းသားများအား လာရောက်ကြိုဆိုခဲ့သောမမီးမီး(ခ) သင်းသင်းအေးကို ရန်ကုန်မြို့လေဆိပ်တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ အစ်မ ကျခဲ့တဲ့ ပုဒ်မနဲ့ နေခဲ့ရတဲ့ နှစ်တွေအကြောင်းအရင်မေးပါရစေ။
ဖြေ။ ။ ၂၀၀၇ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှာ အဖမ်းခံ၇တယ်။ အမိန့်ချတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ သင်းဖွဲ့-၆ ရယ်၊ အီလက်ထရောနစ် ၃၃-က ၊ အီလက်ထရောနစ် ၃၃-က က လေးနှစ် အမှု တစ်မှုကို သီးခြားစီ (၁၅)နှစ် ရယ်၊ သင်းဖွဲ့ -၆က ၅နှစ်ရယ် အားလုံးပေါင်း ပြစ်ဒဏ် ၆၅နှစ် ခံခဲ့ရတယ်။

မေး။ ။ ထောင်တွင်းအတွေ့အကြုံလေးကိုလည်း သိပါရစေ။
ဖြေ။ ။ ရွေဘိုထောင်က ကျွန်မရောက်ဖူးတဲ့ထောင်တွေထဲမှာ ကျွန်တော်ဆိုရင် ရန်ကုန်၊ ပုသိမ်၊ ရန်ကုန်၊ မန္တလေး၊ အဲ့ဒီကနေ ကသာ အဲ့ဒီကနေ ရွေဘို၊ ရွေဘိုထောင်ရဲ့ထောင်ပိုင်ဦးစောထွဋ် သူ့သဘောထားနဲ့ စာနာတက်တဲ့စိတ်က ထောင်အားလုံးထက်စာလို့ရှိရင် ရွေဘိုထောင်မှာ ကျင့်သုံးနေတဲ့ စည်းစနစ်က အကောင်ဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းသူ/အကျဉ်းသားတွေအပေါ် လူသားချင်းစာနာမှုတွေ ပေးပြီး၊ အဓိကက ထောင်ထဲမှာ စိတ်ဒုက္ခက အဓိကပဲပေါ့၊ အဲ့ဒီ စိတ်ဒုက္ခတွေကို အရှင်း ပျောက်မသွားတောင်မှ အတတ်နိုင်ဆုံး သက်သာအောင် ထောင်ပိုင် ကိုယ်တိုင် စည်းကမ်းတကျ လုပ်ပေးနေတာကို မြင်ရတဲ့အတွက် အဲ့ဒါကြောင့်ထောင်တွေရဲ့ စီးဆင်းမှုမှာ ရွေဘိုထောင်ရဲ့ စီးဆင်းမှုက ပိုကောင်းပါတယ်၊ ထောင်ပိုင်လို လူမျိုးတွေလည်း အကျဉ်းဦးစီးမှာ အများကြီး လိုအပ်ပါတယ်၊
မေး။ ။ အခုပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ အမှန်တကယ်တော့ ဖမ်းထားတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်တယ်။ ဒါပေမယ့် အခုဟာက အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့တစ်ချို့ထောင်တွေမှာကသီးခြားထားတဲ့အကျဉ်းသားတွေကျန်ခဲ့သေးတယ်လို့လဲသိရ
တယ်။ ရွှေဘိုထောင်မှာ ဆိုရင်လည်း ၉ ယောက် ကျန်ခဲ့တယ်။ သူတို့က မြေပေါ်နိုင်ငံရေး မဟုတ်ပဲ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ လုတွေလို့ ပြောတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာ တစ်ချိန်က အမှန်တရားလို့ သတ်မှတ်ပြီး လုပ်ခဲ့တယ် ခုချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အချိန် အကျဉ်းထောင်မှာ ဖောက်ခွဲရေးနှင့်ပတ်သတ်တာပဲဖြစ်ဖြစ် အဓိကက ကျောင်းသားတပ်မတော်ပေါ့နော်။ ABSDF နဲ့ပတ်သတ်တဲ့ရဲဘော်တွေ ကျန်ခဲ့ပါတယ်။ အဲလိုလူတွေကို ထပ်ပြီးတော့ လွှတ်ပေးသင့်ပါတယ်။ ထပ်ပြီးတော့လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။
မေး။ ။ လွတ်လာပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ အစီစဉ်ရှိပါလား။
ဖြေ။ ။ နဂိုကတည်းက ၈၈ကျောင်းသားတွေက ကျောင်းသား အဖြစ်နဲ့ပဲ ရပ်တည်ပြီးတော့ အယ်အန်ဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို နောက်ကနေပြီးတော့ နဂိုကတည်းက ၀န်းရံပေးနေတာပါ။ အဲဒီ့အတိုင်းပဲ ဆက်လက်ပြီးတော့ ရှိနေပါတယ်။
မေး။ ။ အယ်အန်ဒီပါတီ ၀င်ဖို့လောက်ထိ ဖြစ်လာနိုင်လား။
ဖြေ။ ။ ။ အဲဒီ့လောက်ထိတော့ မရှိပါဘူး။ ကျွန်မတို့ ကျောင်းသား Site ကပဲ ရပ်တည်ဖို့ ရှိပါတယ်။
မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတော့ ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်း ကိုလည်းသုံးသပ်ပေးပါဦး။
ဖြေ။ ။ ကိုယ်ပိုင်အမြင်ကတော့ ကိုယ်ပိုင် သုံးသပ်ချက်အရတော့ အခုလက်ရှိ ၈၈ကျောင်းသားတွေရဲ့ နဂို ရပ်တည်ချက် အရလည်း ကျောင်းသားအနေနဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အရင်ဆုံး ဖော်ဆောင်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဘေးကနေလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို တတ်နိုင်သလောက် ကိုယ်စွမ်းအား ရှိပါတယ်။ ၈၈မျိုးဆက် ကျောင်းသား အနေနဲ့လည်း လတ်တလောမှာ လိုအပ်တဲ့ ဘက်ကနေပြီးတော့ ပြည်သူရဲ့ လိအပ်ချက်ကို မားမားမတ်မတ် ရပ်တည်ပေးဖို့ အစီအစဉ်ရှိပါတယ်၊
မေး။ ။ သမ္မတနဲ့ဒေါ်စုတွေ့ဆုံဆွေးနွေးမှုကရော ဘယ်လိုမြင်လဲ၊ ဒီမိုကရေစီလမ်းကြောင်းအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်နိုင်မလားခင်ဗျ။
ဖြေ။ ။ ဖြစ်သင့်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံတဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ ကြိုလည်းကြိုဆိုပါတယ်၊ လက်လည်း လက်ခံပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ အတွက် ရန်သူတွေလည်းမဟုတ်ပါဘူး၊ အဲ့လိုပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖွဲ့အစည်းတစုံတရာ ကပဲဆောင်ရွက်လို့မရပါဘူး၊ အားလုံးလက်တွဲဆောင်ရွက်ပါမှ မြန်မာနိုင်ငံကြီး တိုးတက်မှာဖြစ်တဲ့ အတွက် အခုလိုတွေ့ဆုံမှုကို ထောက်လည်း ထောက်ခံပါတယ်၊ ဆက်လက်ပြီးတော့ ကောင်းကျိုး ဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊
မေး။ ။ ဒီမိုကရေစီနိုင်ငံသစ်မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြုပြင်သင့်တဲ့ ကဏ္ဍတွေ ရှိရင် အစ်မအမြင်လေးကို အကြံပေး ပြောကြားပေးပါဦး
ဖြေ။ ။ မြန်မာနိုင်ငံကအခုမှ ဒီမိုကရေစီဆိုတာ လသားအဆင့်လောက်ပဲ ရှိသေးတယ်၊ တစ်တိုင်းတစ်ပြည်လုံးမှာ ရှိတဲ့ ပြည်သူတွေ အားလုံးဟာ စည်းကမ်းရှိရှိ၊ ညီညီ ညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာနဲ့ လက်တွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အခုခေတ် မျိုးဆက်သစ် လူငယ်လေးတွေကို ပြောချင်တာကတော့ စာများများဖတ်ကြပါ၊ စာဖတ်မှ စာထဲက အမှန်တရားတွေ့မှသာလျင် ပတ်ဝန်းကျင်ရဲ့အမှားနဲ့အမှန် တိုင်းပြည်အတွက်ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ပညာရေးဆိုင်ရာ မြှင်တင်မှုတွေ ကျမ်းမာရေးဆိုင်ရာ မြှင့်တင်မှုတွေကို အဓိကထား လုပ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။
မေး။ ။ ပါတီဝင်မဟုတ်ပဲနဲ့ နိုင်ငံရေး လုပ်နေတဲ့သူတွေကို အစ်မ ဘယ်လို အကြံပြုပြောချင်ပါသလဲ။
ဖြေ။ ။ ပါတီဝင်မဟုတ်ပဲ နိုင်ငံရေး လုပ်နေတဲ့ သူတွေကတော့ အဓိကက လက်ရှိ အန်အယ်လ်ဒီက ကြားဖြတ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွတ်တော်ထဲကို ရောက်သွားမှာဖြစ်ပါတယ်၊ အဲ့တော့ ဒီ နီးစပ်ရာတွေကနေ ကိုယ့်တိုင်းပြည်ရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကိုယ့်ရဲ့ နီးစပ်ရာကနေ လွတ်တော်ထဲကို ပြည်သူ့အသံ အမှန်အကန်ဆုံးရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။
မေး။ ။ ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်က ဘယ်လောက်ရောက်နေပြီလဲခင်ဗျ။
ဖြေ။ ။ အခုရေစီးကြောင်းကိုကြည့်ရတာတော့ တော်တော်အားရပါတယ်၊ အရင်က တိုင်းပြည်မှာ လူတွေက အကြောက်တရားလွမ်းမိုးနေတယ်၊ အခုအချိန်မှာတော့ အကြောက်တရားတော်တော်များများကွယ်ပျောက်နေတာတွေ့နေရပါတယ်။ နောက်ပြည်သူတွေက အမှန်တရားဘက်မှာ လိုက်ပြီးတော့နိုင်ငံရေးသမားတွေနဲ့အတူ လိုက်ပါစီးဆင်းနေတာကို တွေ့ရတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂါတ်အလားအလာက အရင်ကထက်စာရင်တော့ ပိုပြီးရောင်ခြည်ထွန်းလင်းတောက်ပလာတယ်လို့ ထင်ပါတယ်။
မေး။ ။ ကျန်ရှိနေတဲ့ နိုင်ငံေ၇းအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆက်လက် ဆောင်ရွက်သွားဖို့ အစီစဉ်ရှိလား။
ဖြေ။ ။ အဲ့ဒါကတော့ ဆက်လုပ်ပေးရမှာပါ၊ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီစစ်ကို ရရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေး ယုံကြည်ချက်နဲ့ အဖဖ်းခံရတဲ့သူ မရှိသင့်ပါဘူး၊ အဲ့ဒီအတွက်ကြောင့် အားလုံး ပြန်လည် လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ၊
မေး။ ။ ကျင်းပနေတဲ့ လွှတ်တော် အခင်း အကျင်းကိုရော ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။ ။ အရင့်အရင် လွှတ်တော်တွေထက် စာရင် အခု ဒီမိုကရေစီ နိုင်ငံသစ်ရဲ့လွတ်တော်က ပွင့်လင်းတယ်၊ လွတ်လပ်တယ် လို့ ထင်ပါတယ်၊
မေး။ ။ မီဒီယာရဲ့အခန်းကဏ္ဍကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကောင်းပါတယ်၊ မီဒီယာ လွတ်လပ်ခွင့်တွေ ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ မျက်စိရော နားရော အလင်းရောင် ပေးလိုက်တာနဲ့ အတူတူပါပဲ။ မီဒီယာ လွတ်လပ်ခွင့် ပေးတာကို အများကြီး ကြိုဆိုပါတယ်။
မေး။ ။ အစ်မအနေနဲ့ ပြည်သူကို အာမခံပေးနိုင်တာ ရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ အတွက်ကတော့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာပဲနေနေ မြန်မာပြည်သူတွေ အတွက်ကတော့ ထာဝရရှင်သန်နေမှာပါ၊ ဆက်ပြီးတော့ မြန်မာနိုင်ငံ တိုးတက်ဖို့နဲ့ ပြည်သူတွေအတွက် အစစအရာရာ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တတ်နိုင်သလောက် တတ်စွမ်းသလောက် ဆက်ပြီးတော့ လုပ်သွားမှာပါ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင် နှင့် အင်တာဗျူး

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် မှ အောင်လံမြို့တွင်ပြောကြားသောနူတ်ခွန်းဆတ် မိန့်ခွန်း

Min Ko Naing Speech at Aung Lan Town by Kyaw Min Htaik

မြောင်းမြထောင်က လွတ်မြောက်လာသူ အရှင်ဂမ္ဘီရက အာဏာရှင်ဆန်မှုတွေ ကျန်ရှိသေးသည်ဟု ဝေဖန်ပြောကြား

Saffron U Gambia Interview by dvbradio

လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း


လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း

မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်
တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)
ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)
သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်
ဗန်းမော် ထောင်မှ အကုန်လွှတ်
ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်
သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်
ဖားအံ့ထောင်မှ အားလုံးလွှတ်
ကလေးထောင်
(၁) ဦးဂမ္ဘီရ

ကျောက်ဖြူထောင်
(၁) စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
- နိုင်ငံရေး အကျဉ်းသား ၉ ဦး

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး
(၂) စိုင်းညွန့်လွင်
- ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီးထောင်
(၁) ဂျင်မီ
(၂) မြအေး
(၃) ဇော်သက်ထွေး
(၄) ကျော်ကိုကို
(၅) ဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး

ဘူးသီးတောင်ထောင်
(၁) ဌေးကြွယ်
(၂) စည်သူမောင်
(၃) သန့်စင်မျိုး
(၄) အောင်ဇော်ဦး
(၅) ကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မြောင်းမြထောင်
(၁) စန္ဒာမင်း
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

မြင်းခြံထောင်
(၁) မသက်သက်အောင်

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ

သရက်ထောင်
(၁) ကိုမင်းကိုနိုင်
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ
- ၁၀ဦးတွင် ၁၀ဦးလွှတ်
(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)
နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။

လွှတ်မြောက်သူများ အမည် စာရင်း
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၅၉ ဦးဇေယျ
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
ဆက်လျက်ဖော်ပြပေးပါမည်

လွတ်လာတယ်ဆိုတဲ့ လတ်တလောရလာတဲ့သတင်းပါခင်ဗျာ။အကျဉ်းထောင်အသီးသီးမှ လွတ်မြောက် လာသူများစာရင်း

၁ ကိုမင်းကိုနိုင်

၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)

၃ ဦးကိုကိုကြီး

၎ ဦးခွန်ထွန်းဦး

၅ ကိုဋ္ဌေးကြွယ်

၆ ဘန်ဒိတ်ထွန်း

၇ မမီးမီး

၈ ဦးဂမ္ဘီရ

၉ မနီလာသိန်း

၁၀ ကိုဥာလင်း

၁၁ မသက်သက်အောင်

၁၂ ကိုဇော်ဇော်မင်း

၁၃ ကိုဂျင်မီ

၁၄ ကိုမျိုးအောင်နိုင်

၁၅ ကိုသန်းတင်

၁၆ ကိုလှမျိုးနောင်

၁၇ ကိုသက်ဇော်

၁၈ အံ့ဖွယ်ကျော်

၁၉ ဒေါက်တာ မင်းထွန်း

၂၀ ကိုဇေယျာ

၂၁ ကိုမြအေး

၂၂ ကိုသန်းတင်

၂၃ ကိုသက်ဇော်

၂၄ ကိုပြုံးချို

၂၅ ကိုဇော်သက်ထွေး

၂၆ မန္ဒနာမင်း

၂၇ ဦးညီပု

၂၈ ဦးစိုးင်းညွှန့်လွင်

၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)

၃၀ မင်းဟန်

၃၁ မဟန်နီဦး

၃၂၊ သန်စင်အောင်

၃၃ ၊ကျော်ကျော်နိုင်

၃၄ နန္ဒစစ်အောင်

၃၅ ၊ပြည့်ဖြိုးအောင်

၃၆ ဦးဘမြင့် ဒေါ်မာမာဦး

၃၇ ကိုကျော်စွာဋ္ဌေး

၃၈ ဒေါက်တာဝင့်သူ၊

၃၉ ကရင် စောနေထူး

၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်

၄၁ ဦးစိုင်းလှအောင်

၄၂ ကိုကျော်ဝင်း

၄၃ ကိုသီဟသက်ဇင်

၄၄ ဦးထွန်းညို

၄၅၊ ဦးပြည်ကျော်

၄၆ ဒေါက်တာသက်လွင်

၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊

၄၈ ကိုပြည့်ဖြိုးလှိုင်၊

၄၉ ကိုအောင်အောင်ကျော်၊

၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊

၅၁ ဦးပုရစ်

၅၂ ၊စည်သူမောင်

၅၃ သန့်စင်မျိုး၊

၅၄ အောင်ဇော်ဦး

၅၅ ၊ကျော်ဝင်းဆန်း

၅၆ ၊မောင်မောင်လတ်

၅၇ ၊ဦးပြည်ကျော်

၅၈ ကို၊ကျော်မင်း

၆၀ စည်သူဇေယျ

၆၁။ကျော်ကိုကို

၆၂၊ ကိုမောင်ကံ၊

၆၃ ကိုဇော်မင်းဦး

၆၄ ၊ကိုဇော်ဝင်း

၆၅ ကိုအောင်ကျော်ကျော်

၆၆ ၊ကိုသူ၇စိုး

၆၇ ၊မန်းဇော်ထွေး

၆၈၊ ကြည်စိုး

၆၉၊ ဇေယျာအောင်၊

၇၀ ၊ကိုမျိုးမင်းသန်း

၇၁ ၊ဦးဝီရသူ

၇၂၊ ဒေါက်တာ တင်မင်းထွဋ်

၇၃ ၊ရဲမြတ်ဟိန်း

၇၄ ၊မျိုးကျော်ဇင်

၇၅ ၊ကိုအောင်သူ

၇၆၊ အောင်ကျော်ဦး

၇၇ ၊ကိုဝေလင်း

၇၈ ၊ကိုမြင့်စိုး

၇၉ ၊ကိုရဲမြင့်

၈၀ ၊မျိးမင်းဇော်

၈၁ ၊ကိုသီဟ

၈၂ ၊ကိုညွှန့်အောင်

၈၃ ၊ဦးအုန်းသန်း

၈၄ ၊ကိုကျော်ဇင်လင်း

၈၅၊ ဒေါ် ၀င်းမြမြ

၈၆ ၊မတင်တင်မြ

၈၇၊ ဦးဘမြင့်

၈၈၊ ဒေါက်တာဝင်းသူ

၈၉ ၊ဆရာဇော်

၉၀၊ အောင်အောင်ရှဲ

၉၁ ၊ဂျက်နက်ခိုင်

၉၂၊ကို ထွန်းထွန်းဦး

၉၃ ၊ကိုထွန်းထွန်းနိုင်

၉၄ ၊ကိုမြတ်ကို (GW)

ဆက်လျက်ဖော်ပြပေးပါမည်......

ဇန်န၀ါရီ ၁၃ ရက် နံနက် သိရှိရသမျှ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု စာရင်း

ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။
မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား၁၁၊ မ ၂ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲချမှတ်ခံထားရသူ မသက်သက်အောင် လည်းယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကိုလှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။
လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော် တွင်ပါဝင်သည်။

မျိုးဆက်သစ် လူငယ်များ ၏ လွတ်လပ်ရေးနေ့  ထုတ်ပြန်ကြေညာချက်

GW Statement on Independence Day 2012

ဗမာ့လွတ်လပ်ရေး (ဇန်န၀ါရီလ ၄ ရက် ၁၉၄၈ ခုနှစ်)

တရွေ့ရွေ့ဆိုရင်…တနေ့နေ့ကိုလည်းမြင်နိုင်တယ်

တရွေ့ရွေ့ဆိုရင်…တနေ့နေ့ကိုလည်းမြင်နိုင်တယ်
ဆောင်းယွန်းလ


အချိန်တွေပြုန်းတီးသွားခဲ့ရတဲ့ လမ်းမမှာ
ရောင်စုံစိတ်ကူးတွေက တလက်လက်တရှရှ…

မိုးမဆုံး မြေမဆုံးတော့တဲ့ အသုံးအနှုန်းခံတပ်ကြီးထဲက
ကျည်ဆံတွေလို တသည်းသည်းရွာကျလာတဲ့ စကားလုံးတွေက
လေထဲ တွဲခိုပျံဝဲနေကြသလို
မြေကမ္ဘာအနှံ့ ရွှဲစို ပြန့်ကျဲနေကြတော့တယ်…

အလစ်အငိုက်ဆို လေစိမ်းတွေ တဟူးဟူးတိုက်တယ်….

တခါတခါ..နတ်သူရူးတွေရဲ့အလိုတော်ကျ လက်သီးရိုင်းတွေက
မှောင်မှောင်မည်းမည်းထဲက ဓားသွေးပြတတ်ကြတယ်…

တချို့ကပြောတော့လည်း…
မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့..

ကျနော်တို့တတွေ…
ပြီးတော့…ခင်ဗျားတို့ကိုယ်တိုင်
ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက်
တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား….
.
ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားသလိုမျိုး
တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေရမှုက ကောင်းဘွိုင်ကားတွေထဲက ဇာတ်ရံသာသာပါပဲ…

ခေတ်မီတိုးတက်လှတဲ့
တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနုဘော်တွေအောက်မှာ
ကမ္ဘာဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့်
တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး….

မိစ္ဆာလူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့
မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင် တိုက်နေခဲ့ဦးမှာပဲ…။ ။

အလွမ်းကြောင့် ဖြစ်သော စစ်ပွဲများ

စိတ်ကို စိတ်နဲ့တိုက်ရတာ ကြာလာတော့ အကျအဆုံးများလာတယ်
နာလံမထူနိုင်တဲ့ စိတ်နဲ့ စူစူးနစ်နစ်ကြည့်နေပုံက အော်ဂလီဆန်ချင်စရာ
ကိုယ့်ကိုယ်ကို ခြုံခို တိုက်ရဖန်များတော့ ဗျူဟာလည်း မမြောက်တော့ဘူး
လက်ဖြောင့် တပ်သားတွေကလည်း ငါ့အသံကို အနာခံ လွဲလာတယ် ...
ခံနိုင်ရည် ဘယ်လောက်ကျန်သေးလဲ ... ငါ့ကိုငါက မသိသလို ဟန်လုပ်မေးတယ်
ခြောက်သွေ့ပျက်စီးနေတဲ့ မြို့တော်ကြီးမှာ ဘာအသံမှ မကျန်တော့ဘူး ....။

မျှော်လင့်ချက်တွေနဲ့ မကြာခဏ ခလုတ်တိုက်နေမိတာကလည်း ဇဝေဇဝါ ဖြစ်ချင်စရာ
ဟော ဟိုနားက ထကွဲပြန်တဲ့ ရေမြုပ်ဗုံး တစ်လုံး ..............
ပိုက်စိတ်တိုက် ရှာဟန်ပြုတုန်းက ဘယ်မှာပုန်းနေလို့ ငါ အမိန့်ပေးထားခဲ့မိပါလိမ့် ...
စစ်ကူမရှိ မဟာမိတ်မရှိ .. စိတ်ကို စိတ်နဲ့ တိုက်မိနေသော စစ်ပွဲများ .. .... ..... ...
အမိန့်သံတွေ ပေါက်ကွဲ ဆူညံနေပြီး နာခံမှု မပါတော့သော နံနက်ခင်းများ ..
ထုံပေပေ မော့ကြည့်နေသော အရောင်မဲ့ မသိစိတ် .. အသိစိတ်များ
မဖြစ်နိုင်ခြင်းများစွာကို ထုဆစ်နေမိသော အဆိပ်မိထားသလို အသိဥာဏ်များ ..
နှစ်ကာလများစွာ ရှည်ကြာခဲ့သော သုံ့ပန်းဆန်ဆန် ခံစားမှုများ ....

နှစ်တစ်နှစ်ရဲ့ နှင်းကွဲစ မနက်ခင်း အလင်းရောင်အောက်မှာ ...
မှန်တစ်ချပ်ထဲ .. ... ပျက်စီးယိုယွင်းနေတဲ့ စစ်တလင်းလို မျက်နှာနဲ့
နှစ်ပေါင်းများစွာ ကျင့်သားရနေခဲ့လို့ အတုအစစ်ခွဲမရတော့တဲ့ အပြုံးတစ်ခုကိုသာ
ငါ ...စစ်လျော်ကြေးအဖြစ် ပြန်ရရှိခဲ့လိုက်ရဲ့ .... ....
မနော်ဟရီ


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List