မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ပထမဆုံး မြန်မာခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်သို့သွားရောက်

သီပေါမင်း၏ အုတ်နန်းပြာသာဒ်တွင် ပန်းခွေချဆုတောင်းမေတ္တာ ပို့သနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ-AFP) အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ရှိ မြန်မာဘုရင် သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်သို့ သွားရောက်ကြည့်ရှုကာ သီပေါမင်းနှင့် မိဖုရားငယ် ရမည်းသင်းထိပ် စုဖုရားလေးတို့၏ အုတ်နန်းပြာသာဒ်နှင့် ပထမသမီးတော်၏ အုတ်နန်းပြာသာဒ်တို့တွင် ပန်းခွေချပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် သီပေါမင်း၏ စံအိမ်တော်သို့ သွားရောက်ပြီး စံအိမ်တော်အပေါ်ထပ်ရှိ သီပေါမင်း၏ ပုံတူပန်းချီကားနှင့် အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းထားမှုကို လေ့လာခဲ့သလို စံအိမ်တော်အတွင်းရှိ ရိုးရာအသုံးအဆောင် ပြခန်းကို လေ့လာကြည့်ရှုပြီး စံအိမ်တော်ဧည့်သည် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတသည် သီပေါမင်း၏ ဆွေတော်မျိုးတော် ငါးဦးနှင့်လည်း တွေဆုံခဲ့ပြီး ရတနာဂီရိခရိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းအား အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ခြင်းခံခဲ့ရသလို အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သူ ဇဖားရှားဘုရင်မှာလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ဆောင်ခြင်းခံခဲ့ရသောကြောင့် အပြန်အလှန်အားဖြင့် ရတနာဂီရိမြို့ရှိ သီပေါမင်းနှင့်မိသားစု အုတ်နန်းပြာသာဒ်ကိုလည်း စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင် သီပေါမင်းမှာ ဗြိတိသျှတို့က ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့တွင် မန္တလေးမြို့မှ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ မဒရပ်မြို့မှတစ်ဆင့် မဟာရှပ်စ်ထရာပြည်နယ် ရတနာဂီရိမြို့သို့ ပို့ဆောင်ခြင်းခံခဲ့ရကာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ညတွင် နတ်ရွာစံခဲ့သည်။ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ရှိ သီပေါမင်း၏ အုတ်နန်းပြာသာဒ်နှင့် စံအိမ်တော်အား မဟာရှပ်စ်ထရာပြည်နယ် အစိုးရ၏ စောင့်ရှောက်မှုဖြင့် ထားရှိကြောင်းသိရပြီး မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် မြန်မာခေါင်းဆောင်များအနက် သီပေါမင်း၏ စံအိမ်တော်နှင့် အုတ်နန်းပြာသာဒ်ကို ပထမဆုံး လာရောက်ကြည့်ရှုပြီး ဆုတောင်းမေတ္တာ ပို့သသူဖြစ်သည်။ Source by Eleven Media Group

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List