
“ ဒီနေ့မနက် အစောကြီး တနာရီ ပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာ အမြောက်နဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာန ချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်က စပြီးပစ်ခတ် ခဲ့တယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့ တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။" ဆက် တိုက်ပါဘဲ ပစ်နေတာ” ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါသည်။

လိုင်ဇာဌာနချုပ် ကားလမ်း အနောက်ဖက်ခြမ်းတွင် ရှိနေသော တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနှင့် လိုင်စင် ဗဟိုဌာန ချုပ် အဟောင်း နှင့်လိုင်ဇာ အကြား၌ရှိသော နားဖော့စခန်း၌လည်း အစိုးရတပ် အင်အားများ ထောင်ဂဏန်းဖြင့် ဖြည့်ထား သည်ဟုဆိုပါသည်။ ကေအိုင်အို နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံရွှေလီမြို့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ များ၊ သုံးကြိမ် ကျင်းပခဲ့ပြီး ဖြစ်သော်လည်း သဘောတူချက် မရရှိခဲ့ပေ။
