
ဆရာတော်ဦးဝီရသူရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှုပ်ရှားသွားလာမှုများကို အောက်ပါအတိုင်း တွေ့ရပါတယ် -
မတ်လ ၂၆
- သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရန်ကုန်သစ် ရပ်ကွက်မှာ ဖန္ဒနဇာတ်တော်၊ သံဝရဇာတ်တော် (ပြည်ထောင်စုနှင့်ငြိမ်းချမ်းရေးတရား) ဟောကြားခဲ့ပါတယ်။
မတ်လ ၂၇
- မွန်ပြည်နယ်၊ ဘီလင်းမြို့ ငြိမ်းချမ်းရေးရိပ်မြုံ၊ ဓမ္မာစရိယသင်တန်းကျောင်းမှာ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုမယ့် သံဃာတွေကို ထသုံးထတရား - ခရီးထွက်ပါ၊ စာဖတ်ပါ၊ သာသနာအတွက် အလုပ်လုပ်ပါ သြ၀ါဒကထာ မိန့်ကြားပါတယ်။
- ဘီလင်းမြို့ ဓမ္မစံအိမ်မှူး တရားတော် ထွန်းကားရေး လူငယ်အဖွဲ့ရဲ့ ထေရ၀ါဒအထူးဓမ္မသဘင်မှာ "သာသနာမှာ အလိမ်အညာမရှိစေရ" တရား ဟောကြားပါတယ်။
သံဃာထုရော လူထုကပါ နှစ်ထောင်းအားရ ရှိကြတဲ့အတွက် လာမယ့်နှစ် ကြွဖြစ်အောင် ကြွဖို့ လျှောက်ထားကြပါတယ်။ ဒီလို ဖိတ်ကြားသူများထဲမှာ သိက္ခာတော် ၅၅ ၀ါ၊ ၀ါ ၄၀ ရ ဆရာတော်ကြီး ၂ ပါးလည်း ပါဝင်တယ်၊ ဆရာတော်ဦးဝီရသူက တရားပွဲပြီးတာနဲ့ ကားပေါ် တန်းတက်သွားတဲ့အတွက် မြို့လူထုရော သံဃာထုကပါ ဖူးရတာ အားမရကြဘူး၊ တချို့ပရိသတ်တွေက ငိုကြွေးပြီး လာမယ့်နှစ် ကြွဖြစ်အောင် ကြွပါ လို့ လျှောက်ထားကြပါတယ်။
ဆရာတော်က အချိန်မရတဲ့အတွက် ပရိသတ်နဲ့ ထိတွေ့ခွင့် မရခဲ့၊ ပရိသတ် ရင်ဖွင့်စကားကို မကြားနာခဲ့ရတဲ့အတွက် သံဃာထုကိုရော လူထုကိုပါ အားနာမိတယ်၊ လာမယ့်နှစ်မှာ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံနိုင်ဖို့ အချိန်ပေးမယ် လို့ ကတိပြုခဲ့တဲ့အကြောင်း မိန့်ကြားပါတယ်။
source byhttp://www.irrawaddyblog.com

ဓာတ်ပုံ ငြိမ်းချမ်းရေးဘလော့ဂ်
Mann Nyein Maung, KNU
ပုဒ်မ (၁၇၁) အရ တရားမ၀င်အသင်းနဲ့ ဆက်သွယ်မှု၊ ပုဒ်မ (၁၂၂) (၁) အရ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် နဲ့ စစ်မက်အပြိုင်ခင်းမှု စတဲ့ ပုဒ်မတွေ နဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ် ခံထားရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် ကို ပုဒ်မ (၄၀၁) အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ကေအန်ယူ အကြား အပစ်အခတ်ရပ်ဆဲရေး နဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးနေစဉ် ကေအန်ယူ ဘက်ကလည်း ဖမ်းဆီးခံထားရတဲ့ သူတို့ ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခုလို ဦးမန်းငြိမ်းမောင် လွတ်မြောက်မှု နဲ့ ပတ်သက်ပြီးတော့ သူရှေ့နေ နဲ့ ကေအန်ယူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ဦးမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု နဲ့ တရားမ၀င်အသင်းအဖွဲ့ တွေနဲ့ ဆက်သွယ်မှု နဲ့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ပေးပြီးတဲ့ နောက် မတ်လ (၁၉) ရက်နေ့ မှာ အင်းစိန်ထောင် ကနေလွှတ်ပေး ခဲ့တာကို ထောင်မှူးကပြောပြခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြီးမြင့်ကပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ အယူခံ ကိစ္စကို စုံစမ်းရင်းနဲ့ အဲဒီ ကိစ္စကို သိတာ။ အင်းစိန်ထောင်ကနေ ပြီးတော့ ထောင်ကို သွားတဲ့ အခါကျတော့ သူတို့ က မပြောဘူးခင်ဗျ။ မပြောတဲ့ အခါကျတော့ ရီနေတယ်။ ဟာ ခင်ဗျားတို့ ရီနေလို့ မရဘူးလို့။ ကျနော်က တာဝန်နဲ့ လာတာ ဒီမှာ အမိန့်စာတွေ ပါတယ်လို့။ သူ အယူခံ တက်မတက် ကို ဆွေးနွေးရမှာ။ ကျနော်တို့မှာ ကာလ စည်းကမ်းအလိုက် ဆိုတာ ရှိတယ် လို့။ အဲဒီလို ပြောတော့မှ ခဏ နာရီဝက်လောက် စောင့်ပါဆိုပြီးတော့မှ အထက်အမိန့် တောင်းပြီးတော့မှ ဆရာတဲ့ ခုနတုန်းက ပြောခွင့်မရှိလို့ပါတဲ့။ မနက် ရှစ်နာရီက လွှတ်လိုက်ပါပြီတဲ့။ (၄၀၁) နဲ့ အဲဒီလို ပြောတယ်။ ထောင်တာဝန်ရှိတဲ့ ထောင်မှူးပေါ့။ အဝမှာ ရှိတဲ့ ထောင်မှူးက ပြောလိုက်တာ။ သူက အတွင်းနဲ့ အဆက်အသွယ်လုပ်ပြီး ကျနော့်ကို ပြောလိုက်တာ။ နာရီဝက်လောက် စောင့်နေရတယ်။”
အခုအချိန်အထိ ဦးမန်းငြိမ်းမောင် လွတ်မြောက်တာ နဲ့ ပတ်သက်လို့ သူရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ ကေအန်ယူနဲ့ ရှေ့နေ ဖြစ်သူ ကို အာဏာပိုင်တွေ ဘက်က အကြောင်းကြားခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။ ကေအန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေ ကတော့ တရားဝင် အကြောင်းကြား တာ မရှိသေး ပေမဲ့ လွတ်လာမယ် ဆိုရင်တော့ သူတို့ အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေး၊ စစ်ရေးအတွက် စဉ်းစား တွေးခေါ်မယ့် သူ တဦးတိုး လာမယ်လို့ ဆိုပါတယ်။
“မန်းငြိမ်း တစ်ယောက်ကို လွှတ်ခဲ့လို့ ရှိရင်တော့ မန်းငြိမ်းက ကျနော်တို့ ဗဟို ကော်မတီ (၄၀) ကျော်ထဲမှာ တစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ ခေါင်းတစ်လုံး ထပ်တိုးလာပြီးတော့ စုပေါင်း ခေါင်းဆောင်မှုမှာ ပျောက်နေတဲ့ ခေါင်းတစ်လုံး ပြန်ရလာတယ်။ ပြီးရင်လည်း အဲဒီ စုပေါင်း ခေါင်းဆောင်မှု ကနေပြီးတော့ ခွဲဝေတဲ့ သူနဲ့ သင့်တော်တဲ့ တာဝန်တွေ ပေးတဲ့ အခါကျရင် ကိုယ် နဂိုလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်မယ်။ နောက်ပြီး သူ့အတွက် လိုအပ်တဲ့ တာဝန်သစ်တွေ ရှိနေရင် လုပ်ဆောင်နိုင်မယ် ဆိုရင် လုပ်အားတိုး လာတယ်။ အဲဒီတော့ ကျနော်တို့ဘက် ကတော့ အဲဒါ အမြတ်ပေါ့။ အဲဒီ အမြတ်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ် စစ်ရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ်ပေါ့လေ ဒါဟာ ကျနော်တို့ ရဲ့ ခေါင်းဆောင်မှု အပိုင်းမှာ လူတစ်ယောက် တိုးလာတဲ့ အတွက်ကြောင့်မို့ ထူးခြားတဲ့ အချက်၊ ဒါက အားသာတဲ့ အချက် လို့ ပြောလို့ ရတာပေါ့။ အဲဒါကလွဲလို့ကတော့ ဘာမှ မရှိပါဘူး။ ဒါက အဲဒီ ကပါဘဲ။”
ဦးမန်းငြိမ်းမောင် အပြစ်မရှိဘူး ဆိုရင် တရားရုံး ကနေ တရားသေ လွှတ်ပေး ရမှာ ဖြစ်ပေမဲ့ အခု လွတ်ပေးခြင်း ဟာမြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ တရားစီရင်မှု ဟာ အာဏာ ရသူရဲ့ လက်အောက် မှာပဲ ရှိနေသေးကြောင်း အာရှ လူ့အခွင့်ရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်က အခုလိုပြောပါတယ်။
“တရားရုံးကနေပြီးတော့ တရားသေလွှတ်နိုင်တဲ့ အခွင့်အရေး ရှိသော်လည်းဘဲ ပြစ်ဒဏ်ပေးခဲ့တယ်။ ပြစ်ဒဏ်ပေးပြီးတော့ တစ်ပတ်မကြာခင်မှာ နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွှတ်ပေး လိုက်တယ် ဆိုတော့ က ကျနော်တို့က ဒီ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို တော်တော် စဉ်းစား ဖို့ဖြစ်လာပါတယ်။ သာမန် ပြည်သူတစ်ဦးလောက်ကို လွှတ်ပေးလိုက်တဲ့ ကိစ္စကိုတော့ ကျနော်တို့ ဝမ်းသာ တယ်၊ ကြိုဆိုတယ်။ သို့သော်လည်းဘဲ အနာဂတ်မှာ ဒီလိုမျိုးတွေ ဆက်တိုက် ဖြစ်လာရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က အုပ်စိုးသူ အာဏာပိုင် အစိုးရရဲ့ လက်အောက်မှာဘဲ မူတည်နေ သေးတယ်ဆိုတာ ဒီ အမှုက အပီအပြင် သက်သေ ပြလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”
ဦးမန်းငြိမ်းမောင်ကို အခုချိန် ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ သူ့ကို ပြန်လွှတ် ပေးပြီးတဲ့ နောက် ရဲ အထူးသတင်း တပ်ဖွဲ့က လာရောက် ခေါ်ဆောင် သွားတယ် ဆိုတဲ့ သတင်းတွေ သာ ထွက်ပေါ်ခဲ့ပြီး ရှေ့နေ ဖြစ်သူ ကိုလည်း ဆက်သွယ် လာခြင်း မရှိသေးဘူး လို့ ပြောပါတယ်။ ဦးမန်းငြိမ်းမောင် ဟာ ပြီးခဲ့နှစ် ဇူလိုင် လ က တရုတ်ပြည် ကူမင်း လေဆိပ်က မြန်မာနိုင်ငံကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပါတယ်။ ဒီနောက် သူ့ကို တရားမ၀င် အသင်း နဲ့ ဆက်သွယ်မှု နိုင်ငံတော် ပုန်ကန်မှုတွေ နဲ့ တရားစွဲခံရပြီး ပြီးခဲ့တဲ့ အပတ် က ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ဦးမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု နဲ့ တရားမ၀င်အသင်းအဖွဲ့ တွေနဲ့ ဆက်သွယ်မှု နဲ့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ပေးပြီးတဲ့ နောက် မတ်လ (၁၉) ရက်နေ့ မှာ အင်းစိန်ထောင် ကနေလွှတ်ပေး ခဲ့တာကို ထောင်မှူးကပြောပြခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြီးမြင့်ကပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ အယူခံ ကိစ္စကို စုံစမ်းရင်းနဲ့ အဲဒီ ကိစ္စကို သိတာ။ အင်းစိန်ထောင်ကနေ ပြီးတော့ ထောင်ကို သွားတဲ့ အခါကျတော့ သူတို့ က မပြောဘူးခင်ဗျ။ မပြောတဲ့ အခါကျတော့ ရီနေတယ်။ ဟာ ခင်ဗျားတို့ ရီနေလို့ မရဘူးလို့။ ကျနော်က တာဝန်နဲ့ လာတာ ဒီမှာ အမိန့်စာတွေ ပါတယ်လို့။ သူ အယူခံ တက်မတက် ကို ဆွေးနွေးရမှာ။ ကျနော်တို့မှာ ကာလ စည်းကမ်းအလိုက် ဆိုတာ ရှိတယ် လို့။ အဲဒီလို ပြောတော့မှ ခဏ နာရီဝက်လောက် စောင့်ပါဆိုပြီးတော့မှ အထက်အမိန့် တောင်းပြီးတော့မှ ဆရာတဲ့ ခုနတုန်းက ပြောခွင့်မရှိလို့ပါတဲ့။ မနက် ရှစ်နာရီက လွှတ်လိုက်ပါပြီတဲ့။ (၄၀၁) နဲ့ အဲဒီလို ပြောတယ်။ ထောင်တာဝန်ရှိတဲ့ ထောင်မှူးပေါ့။ အဝမှာ ရှိတဲ့ ထောင်မှူးက ပြောလိုက်တာ။ သူက အတွင်းနဲ့ အဆက်အသွယ်လုပ်ပြီး ကျနော့်ကို ပြောလိုက်တာ။ နာရီဝက်လောက် စောင့်နေရတယ်။”
အခုအချိန်အထိ ဦးမန်းငြိမ်းမောင် လွတ်မြောက်တာ နဲ့ ပတ်သက်လို့ သူရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ ကေအန်ယူနဲ့ ရှေ့နေ ဖြစ်သူ ကို အာဏာပိုင်တွေ ဘက်က အကြောင်းကြားခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။ ကေအန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေ ကတော့ တရားဝင် အကြောင်းကြား တာ မရှိသေး ပေမဲ့ လွတ်လာမယ် ဆိုရင်တော့ သူတို့ အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေး၊ စစ်ရေးအတွက် စဉ်းစား တွေးခေါ်မယ့် သူ တဦးတိုး လာမယ်လို့ ဆိုပါတယ်။
“မန်းငြိမ်း တစ်ယောက်ကို လွှတ်ခဲ့လို့ ရှိရင်တော့ မန်းငြိမ်းက ကျနော်တို့ ဗဟို ကော်မတီ (၄၀) ကျော်ထဲမှာ တစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ ခေါင်းတစ်လုံး ထပ်တိုးလာပြီးတော့ စုပေါင်း ခေါင်းဆောင်မှုမှာ ပျောက်နေတဲ့ ခေါင်းတစ်လုံး ပြန်ရလာတယ်။ ပြီးရင်လည်း အဲဒီ စုပေါင်း ခေါင်းဆောင်မှု ကနေပြီးတော့ ခွဲဝေတဲ့ သူနဲ့ သင့်တော်တဲ့ တာဝန်တွေ ပေးတဲ့ အခါကျရင် ကိုယ် နဂိုလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်မယ်။ နောက်ပြီး သူ့အတွက် လိုအပ်တဲ့ တာဝန်သစ်တွေ ရှိနေရင် လုပ်ဆောင်နိုင်မယ် ဆိုရင် လုပ်အားတိုး လာတယ်။ အဲဒီတော့ ကျနော်တို့ဘက် ကတော့ အဲဒါ အမြတ်ပေါ့။ အဲဒီ အမြတ်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ် စစ်ရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ်ပေါ့လေ ဒါဟာ ကျနော်တို့ ရဲ့ ခေါင်းဆောင်မှု အပိုင်းမှာ လူတစ်ယောက် တိုးလာတဲ့ အတွက်ကြောင့်မို့ ထူးခြားတဲ့ အချက်၊ ဒါက အားသာတဲ့ အချက် လို့ ပြောလို့ ရတာပေါ့။ အဲဒါကလွဲလို့ကတော့ ဘာမှ မရှိပါဘူး။ ဒါက အဲဒီ ကပါဘဲ။”
ဦးမန်းငြိမ်းမောင် အပြစ်မရှိဘူး ဆိုရင် တရားရုံး ကနေ တရားသေ လွှတ်ပေး ရမှာ ဖြစ်ပေမဲ့ အခု လွတ်ပေးခြင်း ဟာမြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ တရားစီရင်မှု ဟာ အာဏာ ရသူရဲ့ လက်အောက် မှာပဲ ရှိနေသေးကြောင်း အာရှ လူ့အခွင့်ရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်က အခုလိုပြောပါတယ်။
“တရားရုံးကနေပြီးတော့ တရားသေလွှတ်နိုင်တဲ့ အခွင့်အရေး ရှိသော်လည်းဘဲ ပြစ်ဒဏ်ပေးခဲ့တယ်။ ပြစ်ဒဏ်ပေးပြီးတော့ တစ်ပတ်မကြာခင်မှာ နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွှတ်ပေး လိုက်တယ် ဆိုတော့ က ကျနော်တို့က ဒီ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို တော်တော် စဉ်းစား ဖို့ဖြစ်လာပါတယ်။ သာမန် ပြည်သူတစ်ဦးလောက်ကို လွှတ်ပေးလိုက်တဲ့ ကိစ္စကိုတော့ ကျနော်တို့ ဝမ်းသာ တယ်၊ ကြိုဆိုတယ်။ သို့သော်လည်းဘဲ အနာဂတ်မှာ ဒီလိုမျိုးတွေ ဆက်တိုက် ဖြစ်လာရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က အုပ်စိုးသူ အာဏာပိုင် အစိုးရရဲ့ လက်အောက်မှာဘဲ မူတည်နေ သေးတယ်ဆိုတာ ဒီ အမှုက အပီအပြင် သက်သေ ပြလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”
ဦးမန်းငြိမ်းမောင်ကို အခုချိန် ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ သူ့ကို ပြန်လွှတ် ပေးပြီးတဲ့ နောက် ရဲ အထူးသတင်း တပ်ဖွဲ့က လာရောက် ခေါ်ဆောင် သွားတယ် ဆိုတဲ့ သတင်းတွေ သာ ထွက်ပေါ်ခဲ့ပြီး ရှေ့နေ ဖြစ်သူ ကိုလည်း ဆက်သွယ် လာခြင်း မရှိသေးဘူး လို့ ပြောပါတယ်။ ဦးမန်းငြိမ်းမောင် ဟာ ပြီးခဲ့နှစ် ဇူလိုင် လ က တရုတ်ပြည် ကူမင်း လေဆိပ်က မြန်မာနိုင်ငံကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပါတယ်။ ဒီနောက် သူ့ကို တရားမ၀င် အသင်း နဲ့ ဆက်သွယ်မှု နိုင်ငံတော် ပုန်ကန်မှုတွေ နဲ့ တရားစွဲခံရပြီး ပြီးခဲ့တဲ့ အပတ် က ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာဖြစ်ပါတယ်။
- Category: ပညာရပ်စာတမ်းများ
- Published on Monday, 12 March 2012 09:56
- Written by ဒေါက်တာသိန်းလွင်
- Hits: 378

ဤစာတမ်းသည် မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရန် အချက်များကို ဖော်ပြထားပါသည်။ အောက်ပါကဏ္ဍများ ပါဝင်ပါသည်။ လက်ရှိအခြေအနေ အပေါ်မူတည်၍ စဉ်းစားတင်ပြခြင်းသာဖြစ်ပြီး သုတေသနလေ့လာမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။
၁။ မသင်မနေရပညာရေး / ကလေးအားလုံးအတွက်ပညာရေး
၂။ ရေရှည်တည်တံ့၍အကျိုးရှိသောပညာရေး
၃။ ပညာရေးစနစ်အမျိုးမျိုး (Codes of Education)
၎။ အမျိုးသားထုတ်ကုန်ပမာဏနှင့် အမျိုးသားပျော်ရွှင်မှုပမာဏ (GNP vs. GNH)
၅။ အခြေခံဥပဒေ နှင့် ပညာရေး
၆။ ဗဟိုချုပ်ကိုင်မှုလျော့ချသော ပညာရေးစံနစ် (Decentralized Education System)
၇။ ကျယ်ပြန့်၍မျှတမှုရှိသော သင်ရိုးညွှန်းတမ်း
၈။ ဘာသာစကား နှင့် ပညာရေး
၉။ သင်ယူမှုကိုဗဟိုပြုသော ပညာရေး
၁၀။ ကျောင်းသားများ၏ သင်ယူမှုကို စစ်ဆေးခြင်း နှင့် ၀င်ခွင့်ဆိုင်ရာစာမေးပွဲများ
၁၁။ ကျောင်းပြင်ပ ပညာရေး (Non-formal Education)
အရွယ်ရောက်ပြီးသူများအတွက်ပညာရေး (Adult Education)
ရာသက်ပန်သင်ယူခြင်း နှင့် သင်ယူမှုပတ်ဝန်းကျင် (Life-long Learning and Learning Environment)
၁၂။ ပုဂ္ဂလိကကျောင်း ပညာရေး (Private Education)
၁၃။ ဆရာများအတွက် ပညာရေး (Teacher Professional Development)
၁၄။ အထက်တန်း ပညာရေး (Higher Eduation)
၁၅။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေး (Vocational Education)
၁။ မသင်မနေရပညာရေး / ကလေးအားလုံးအတွက်ပညာရေး (Compulsory Education / Education for All)
ကလေးအားလုံးအတွက် မသင်မနေရပညာရေးသတ်မှတ်ချက်သည် နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားကြသည်။ အင်္ဂလန်နိုင်ငံတွင် လက်ရှိပေါ်လစီအရ ကျောင်းဝင်ရမည့်အသက်အရွယ်မှာ လေးနှစ်ခွဲမှငါးနှစ်ခွဲအတွင်းဖြစ်ပြီး အစောဆုံး ကျောင်းထွက်နိုင်သည့်အသက်မှာ ၁၆နှစ် ဖြစ်သည်။
၂၀၁၃တွင် မသင်မနေရပညာရေးကို ကလေး အသက် ၁၇နှစ် အထိ တိုးမြှင့်ပြီး ၂၀၁၇တွင် ၁၈နှစ်အထိ သတ်မှတ်မည်ဖြစ်သည်။
အမေရိကန်တွင် ပြည်နယ် တစ်ခုစီအလိုက် ကွဲပြားမှုရှိသည်။ ကျောင်းဝင်ရမည့်အသက်အရွယ်မှာ ၅နှစ်မှ ၈နှစ်အတွင်း ဖြစ်ပြီး၊ အစောဆုံး ကျောင်းထွက်နိုင်သည့်အသက်မှာ ၁၆နှစ်မှ၁၈နှစ်အတွင်းဖြစ်သည်။ ပြည်နယ်အချို့တွင် မိဘက လျှောက်ထားလာပါက ၁၄နှစ်တွင် ကျောင်းထွက်ခွင့်ပြုသည်။ အိန္ဒိယနိုင်ငံတွင် မသင်မနေရပညာရေးသတ်မှတ်ချက်မှာ ၂၀၀၉ ခုနှစ်ပညာရေးပေါ်လစီအရ အသက်၆နှစ်မှ၁၄နှစ်အထိ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မသင်မနေရပညာရေးကို ယနေ့အထိသတ်မှတ်နိုင်ခြင်း မရှိသေးပါ။ လုံးဝကျောင်းမနေသော ကလေးများ၊ မူလတန်းပညာမဆုံးမီကျောင်းထွက်သွားသောကလေးများ များစွာရှိနေသေးသည်။ တကမ္ဘာလုံးတွင် ကလေးအားလုံး ကျောင်းနေနိုင်ရန် (Education for All) ကို United Nations Educational, Scientific and Cultural Organization (UNESCO) မှဦးဆောင်၍ ၂၀၁၅ တွင်အောင်မြင်ရန်ကြိုးပမ်းလျှက်ရှိသည်။
၁၉၉၀ခုနှစ် ထိုင်းနိုင်ငံ Jomtien ညီလာခံမှစတင်လှုံ့ဆော်ခဲ့ပြီး ၂၀၁၀ခုနှစ် Daker ညီလာခံတွင် ပြန်လည်သုံးသပ်ရာ နိုင်ငံများစွာတွင် အောင်မြင်မှုမရှိခဲ့ကြောင်း တွေ့ရသည်။ Daker ညီလာခံမှအောက်ပါအချက်များကို ၂၀၁၅ တွင်ပြည့်မီရန် ချမှတ်ခဲ့သည်။
၁။ မူကြိုပညာရေး (early childhood) ကို တိုးချဲ့ရန်
၂။ အခမဲ့ မသင်မနေရ မူလတန်းပညာရေး
၃။ ဘ၀တသက်တာ ကျွမ်းကျင်စရာများကို သင်ယူရန်
၎။ အရွယ်ရောက်ပြီးသူများစာမတတ်သူ ပပျောက်ရေး
၅။ ကျား၊ မ တန်းတူပညာရေး
၆။ အရည်အချင်းမြှင့်မားသောပညာရေး
ကလေးအားလုံးအတွက် ပညာရေးသည် ခန္ဓာကိုယ်နှင့် ဥာဏ်ရည်ချို့ယွင်းသောကလေး များ၊ အခြားအထူးလိုအပ် ချက်ရှိသော ကလေးများအပါအ၀င် အားလုံးအတွက်ဖြစ်ရမည်။
၂။ ရေရှည်တည်တံ့၍ အကျိုးရှိသောပညာရေး
(Education for Sustainable Development)
UNESCO မှ ရေရှည်တည်တံ့၍ အကျိုးရှိသောပညာရေးကို အားပေးသည်။ ဆိုလိုသည်မှာ ပညာရေးသည် စီးပွားရေး တရားမျှတမှုရှိသော၊ ယဉ်ကျေးမှုများကို တန်းတူတန်ဖိုးထားသော၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း သောပညာရေးကို အားပေးပြီး၊ လက်တွေ့ဘ၀ နှင့်လည်း အဆက်အစပ်ရှိရမည်။
ပညာရေးသည် နေထိုင်ရာ ရပ်ရွာ၌ဖြစ်စေ၊ အလုပ်ခွင်၌ ဖြစ်စေ သင်ယူနိုင်သောအခွင့်အလမ်းရှိရမည်။ ပညာရေးစံနစ်သည် အသက်မွေးဝမ်း ကြောင်း ဆိုင်ရာပညာရပ်များ၊ ပြဿနာအရပ်ရပ်ကို ဖြေရှင်နိုင်သည့်စွမ်းရည်များ၊ ယဉ်ကျေးမှုများကို လေးစား တန်ဖိုးထားတတ်မှုများကို ပေးစွမ်းနိုင်ပြီး၊ တာဝန်သိသော နိုင်ငံသားများကို မွေးထုတ်ပေးရမည်။ အောက်ပါ အကြောင်းအရာများကို ထည့်သွင်းသင်ကြားရန် အကြံပြုထားသည်။
၁။ ဇီဝမျိုးကွဲအပင်များ
၂။ ရာသီဥတုပြောင်းလဲမှုများ
၃။ ယဉ်ကျေးမှုများ
၎။ ဌာနေတိုင်းရင်းသားများ၏ အသိပညာများ
၅။ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး
၆။ ဆင်းရဲမှုလျှော့ချရေး
၇။ ကျား၊ မ တန်းတူညီမျှရေး
၈။ ကျန်းမာရေး အသိမြှင့်မားရေး
၉ ။ ကျန်းမာရေးနှင့်ညီသော ဘ၀နေထိုင်မှု
၁၀။ ငြိမ်းချမ်းရေးနှင့် လူသားများ၏ ဘ၀လုံခြုံရေး
၁၁။ ရေအကြောင်း
၁၂။ ကျေးလက်ဖွံ့ဖြိုးရေး
မြန်မာနိုင်ငံဒေသအသီးသီးရှိကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများရေးဆွဲသောအခါ အထက်ပါ UNESCO အကြံပြုချက်များကို ထည့်သွင်းစဉ်းစားရပါမည်။
၃။ ပညာရေးစံနစ်အမျိုးမျိုး (Codes of Education)
နိုင်ငံ၊ လူမျိုးတို့၏ အမျိုးသားရေး ရည်မှန်းချက်ကိုအခြေခံ၍ ပညာရေးစံနစ်အမျိုးမျိုးဖြင့် ချဉ်းကပ်ကြသည်။ ယေဘုယျအားဖြင့်ပုံသဏ္ဍာန်လေးမျိုးတွေ့ရသည်။
(၁) ယဉ်ကျေးမှုအစဉ်အလာများကူးပြောင်းခြင်း
ခက်ခဲနက်နဲ၍ရှေးအစဉ်အဆက်တန်ဖိုးထားသော ပညာရပ်များကိုပို့ချသည်။ လက်ရွေးစင်လူတော်များကို ရွေးချယ် ၍ ပိုမိုအဆင့်မြင့်သောပညာရပ်များကို သင်ကြားပေးသည်။ တစ်ဖက်ကမ်းခပ်တတ်မြောက်သူမှာ လူနည်းစုသာ ဖြစ်သည်။ တာဝန်ရှိသူများမှတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်သည်။
(၂) ကျောင်းသားဗဟိုပြုပညာရေး
ကျောင်းသားတစ်ဦးချင်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးသည်။ ကျောင်းသားက မိမိနှစ်သက်ရာဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်သည်။ စည်းမျဉ်းစည်းကမ်းများကို အများသဘောတူချမှတ်သည်။ ကျောင်းသား၏စိတ် ၀င်စားမှုနှင့် လိုအပ်ချက်ကို ကျောင်းကဖြည့်ဆည်းပေးရသည်။ လွတ်လပ်ခြင်းနှင့်တာဝန်ရှိမှုကို ပြိုင်တူလေ့ကျင့်သည်။ စာသင်ကျောင်းသည် လူ့အဖွဲ့အစည်းကိုဝေဖန်ထောက်ပြသည့်နေရာလည်းဖြစ်သည်။
(၃) လူမှုပြုပြင်ပြောင်းလဲရေး
သင်ယူမှုသည် တက်ကြွစွာပါဝင်သော လူမှုရေးဖြစ်စဉ်ဟုသဘောထားသည်။ ဆရာများသည် ကျောင်းသားများ အပေါ်လွှမ်းမိုးမှုမရှိစေဘဲ၊ ကျောင်းသားသင်ယူနိုင်အောင် လမ်းညွှန်မှုပေးသည်။ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင်ခေတ်ဟောင်းမှ အသိပညာများကို ဖြန့်ဖြူးပေးရန်မလိုအပ်တော့ဟု ခံယူသည်။ စာသင်ကျောင်းကို လူ့အဖွဲ့ အစည်းပြုပြင်ပြောင်းလဲရေးအတွက် ကိရိယာအဖြစ် အသုံးပြုသည်။
(၄) အမျိုးသားထုတ်ကုန်ပမာဏ မြှင့်မားရေးကို ဦးတည်သောပညာရေး
(Code of Gross National Product)
စာသင်ကျောင်းသည် ကျွမ်းကျင်သောပညာသည်များနှင့်အလုပ်သမားများကို မွေးထုတ်ရန် ရည်ရွယ်သည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းသည် အဓိကကျသော အခန်းမှပါဝင်သည်။ သင်ရိုးညွှန်းတမ်းကို ဗဟိုပညာရေးဌာနှမှ ရေးဆွဲပြဌာန်းသည်။ သင်ရိုးညွှန်းတမ်းတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာများ ပါဝင်စေသည်။
မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒကို ရေးဆွဲရာတွင် ပညာရေးရည်မှန်းချက်များကို အကျေအလည် ဆွေးနွေးကြပြီးမှ ရေရှည်အကျိုးရှိမည့် ပညာရေးစံနစ်ကို စဉ်းစားသင့်ပါသည်။
၎။ အမျိုးသားထုတ်ကုန်ပမာဏ နှင့် အမျိုးသားပျော်ရွှင်ချမ်းမြှေ့မှု ပမာဏ (GNP vs. GNH)
နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို ထုတ်ကုန်ပမာဏနှင့်တိုင်းတာခြင်းမပြုဘဲ နိုင်ငံသားတို့၏စိတ်ချမ်းသာပျော်ရွှင်မှု ပမာဏနှင့်တိုင်းတာရန် ဘူတန်(Butan)နိုင်ငံမှ စတင်အဆိုပြုသည်။ အမျိုးသားပျော်ရွှင်ချမ်းမြှေ့မှုပမာဏကို အောက်ပါအချက်လေးချက် အပေါ်အခြေခံ၍ တိုင်းတာသည်။
(၁) ရေရှည်တည်တံ့အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ခြင်း (Promotion of Sustainable Development)
(၂) ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းသိမ်းမြှင့်တင်ခြင်း (Preservation and Promotion of Cultural Values)
(၃) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (Conservation of the Natural Environment)
(၄) ကောင်းမွန်သောအုပ်ချုပ်ရေးကို ဖော်ဆောင်ခြင်း (Establishment of Good Governance)
နိုင်ငံသားတို့၏ပျော်ရွှင်မှုကိုဖြစ်စေသည့် အခြေခံအချက်များမှာ
- ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာမှု
- အချိန်ကိုမျှတစွာအသုံးချနိုင်မှု
- ရပ်ရွာ၏အရေးပါမှု
- ယဉ်ကျေးမှု၏အရေးပါမှု
- ပညာရေးမြှင့်မားမှု
- သက်ရှိ နှင့် အပင်တို့၏သဟဇာတမျှတမှု (ecological vitality)
- လူနေမှုအဆင့်အတန်း နှင့်
- ကောင်းမွန်သောအုပ်ချုပ်မှုတို့ဖြစ်သည်။
ပညာရေးမူဝါဒချမှတ်ရာတွင်လည်းကောင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင်လည်းကောင်း အမျိုးသားပျော်ရွှင် ချမ်းမြေ့မှုကို ထည့်သွင်းစဉ်းစားရပါမည်။
၅။ အခြေခံဥပဒေနှင့်ပညာရေး
အခြေခံဥပဒေသည် ပညာသင်ယူပိုင်ခွင့်နှင့်တရားမျှတမှုရှိသော ပညာရေးကိုအာမခံသည်။ အသိပညာမြှင့်မားမှု ကလည်း အခြေခံဥပဒေကို ပုံသွင်းပေးနိုင်သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပညာရေးနှင့်ပတ်သက်၍ အောက်ပါ ပုဒ်မများ တွင်ဖော်ပြထားသည်။
အခြေခံမူများ - ပုဒ်မ ၂၂
(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
အခြေခံမူများ - ပုဒ်မ ၂၈
(က) ပညာရေးနှင့်ကျန်းမာရေးကို အလေးထားဆောင်ရွက်မည်။
(ခ) ပညာရေးနှင့်ကျန်းမာရေးတွင် တိုင်းရင်းသားပြည်သူများပါဝင်ဆောင်ရွက်ရန် ဥပဒေ ပြဌာန်းမည်။
(ဂ) အခမဲ့ မသင်မနေရမူလတန်းပညာရေးစံနစ်ဖော်ဆောင်မည်။
(ဃ) အတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး [..…] အကျိုးပြုမည့် ခေတ်မီပညာရေးစံနစ် ဖော်ဆောင်မည်။
အခြေခံမူများ - ပုဒ်မ ၃၃
နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်မည်။
မူလအခွင့်အရေးနှင့် တာဝန်များ - ပုဒ်မ ၃၆၆
နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်သောပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။
(ခ) မသင်မနေရအခြေခံပညာကို သင်ကြားရမည်။
(ဂ) သိပ္ဗံ၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့တွင် လွတ်လပ်စွာသုတေသနပြုခွင့်ရှိသည်။
အထွေထွေပြဌာန်းချက် - ပုဒ်မ ၄၅၀
မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။
ပညာရေးကိုအလေးထားဆောင်ရွက်ရန် အခြေခံမူအဖြစ်ပြဌာန်းထားသဖြင့် အားတက်ဖွယ်ဖြစ်ပါသည်။ မသင်မနေ ရပညာရေးကိုမူ မူလတန်း အဆင့်သာ သတ်မှတ်ထားသည်ကို တွေ့ရသည်။ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အနိမ့်ဆုံးအသက်အရွယ်ဖြစ်သော ၁၄နှစ် အထိ မသင်မနေရပညာရေး သတ်မှတ်ရန် သင့်ပါသည်။
အခြေခံမူ ပုဒ်မ ၂၈ အပိုဒ် (ဃ) တွင်ဖော်ပြထားသော “အတွေးအခေါ် မှန်ကန်၍ […..] ခေတ်မီပညာရေးစံနစ် ဖော်ဆောင်မည်။” ဆိုသည့် အချက်တွင် “အတွေး အခေါ်မှန်ကန် ….” ဆိုသည်မှာ မရှင်းလင်းပါ။ အတွေးအခေါ်အမျိုးမျိုး၊ အယူအဆ အမျိုးမျိုးအတူယှဉ်တွဲနေထိုင်နိုင်သည့် ဒီမိုကရေစီခေတ်ကာလတွင် တစ်စုံတစ်ယောက်၊ တစ်ဖွဲ့တစည်း၏ အတွေး အခေါ်ကို အမှန်အဖြစ်ယူဆခြင်းသည် မသင့်လျော်ပါ။
မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၆၆ အပိုဒ် (ဂ) တွင် သိပ္ဗံ၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့တွင် လွပ်လပ်စွာ သုတေသနပြုခွင့်ရှိသည်ဟု ဖော်ပြထားသည်မှာလည်း အားတက်ဖွယ်ဖြစ်ပါသည်။ သုတေသနတွေ့ရှိ ချက်များကိုလည်း လွတ်လပ်စွာဖော်ပြ နိုင်သည့် Academic Freedom လည်းရှိရပါမည်။
အခြေခံမူများ ပုဒ်မ ၂၂ အပိုဒ် (ဂ) တွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ နိုင်ငံတော်က အကူအညီပေးမည်ဟုသာဖော်ပြပြီး ၊ လက်တွေ့ အကောင်အထည်ဖော်ရန်မှာ သက်ဆိုင်ရာတိုင်းရင်းသားများ ကိုယ်တိုင်ဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။
သို့ရာတွင် အထွေထွေပြဌာန်းချက် ပုဒ်မ ၄၅၀ တွင် “မြန်မာစာသည် ရုံးသုံးစာဖြစ်သည်” ဟုဖော်ပြထားသဖြင့် အခြားဘာသာ စကားများဖွံ့ဖြိုးတိုးတက်မှုတွင် အကန့်အသတ်ရှိနေပါသည်။
အများသုံးတိုင်းရင်းသားဘာသာစကားများကို ရုံးသုံးဘာသာအဖြစ်ပြဌာန်းနိုင်လျှင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါမည် ။
၆။ ဒေသအလိုက်လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ရှိသည့် ဗဟိုချုပ်ကိုင်မှုလျှော့ချသော ပညာရေးစံနစ်
(Decentralization of Education)
မြန်မာနိုင်ငံသည် သမိုင်း၊ ယဉ်ကျေးမှုနှင့်ဘာသာစကားကွဲပြားသော တိုင်းရင်းသားလူမျိုး များစုပေါင်းနေထိုင် ကြသည့်တိုင်းပြည်ဖြစ်၍ ဗဟိုမှချုပ်ကိုင်သော ပညာရေးစံနစ်သည် ဆီလျော်ကိုက်ညီမှုမရှိပါ။
- မြန်မာနိုင်ငံဒေသအသီးသီးတွင် ဗဟိုချုပ်ကိုင်မှုမရှိဘဲ၊ ပညာရေးကို လွတ်လပ်စွာ ဖွံ့ဖြိုးစေသင့်သည်။
- ပြည်နယ်/ဒေသ အသီးသီးတွင် ပညာရေးနှင့်သက်ဆိုင်သော ဒေသခံများပါဝင်ရေးဆွဲသည့် သင်ရိုးညွှန်းတမ်း ကိုပြဌာန်းသင့်သည်။
- ပညာရေးအသုံးစရိတ်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့ အချိုးကျထည့်ဝင်သင့်သည်။
- စာသင်ကျောင်းစီမံခန့်ခွဲမှုကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ၍ ပြည်နယ် အစိုးရနှင့်ဗဟိုအစိုးရတို့မှ အရည်အချင်းပြည့်မီသော ပညာရေးဖြစ်ရန် အားပေး ကူညီသင့်သည်။
ဥပမာအနေဖြင့် အမေရိကန်တွင် ပညာရေးဆိုင်ရာ အဓိကတာဝန်ရှိမှုသည် ပြည်နယ်အစိုးရ အပေါ်၌သာ တည်သည်။ အမေရိကန်တစ်နိုင်ငံလုံးတပြေးညီ ကျင့်သုံးသည့် ပညာရေးမူဝါဒမရှိပါ။ ပညာရေးအသုံးစရိတ်အတွက် ပြည်ထောင်စုအစိုးရမှ ၇ %၊ ပြည်နယ် အစိုးရမှ ၄၇% နှင့်ဒေသဆိုင်ရာအစိုးရမှ ၄၆% ထည့်ဝင်သည်။ အင်္ဂလန် နိုင်ငံတွင် စကော့ တလန်၊ အိုင်ယာလန်နှင့်ဝေလနယ်တို့တွင် ပညာရေးမူဝါဒ ကိုယ်တိုင်ရေးဆွဲ ကျင့်သုံးသည်။
၇။ ကျယ်ပြန့်၍ မျှတမှုရှိသော သင်ရိုးညွှန်းတမ်း
မြန်မာနိုင်ငံတွင် ပြည်နယ်/ဒေသအလိုက် ဖွံ့ဖြိုးခွင့်ရှိသော ပညာရေးစံနစ်ပြဌာန်းသင့် ကြောင်းအထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ လူမျိုး/ဒေသ အသီးသီး၏ ပညာရေးရည်မှန်းချက်ကိုထင်ဟပ်သော သင်ရိုးညွှန်းတမ်း ၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်အချက်များပါဝင်ပါမည်။ သို့ရာတွင် နိုင်ငံ/လူမျိုး/ဒေသ၏ လိုအပ်ချက်နှင့် ကျောင်းသားများ၏ စိတ်ဝင်စားမှုကို မျှတစွာစဉ်းစားရပါမည်။ သင်ရိုးညွှန်းတမ်းသည် အောက်ပါအခြေခံမူများ ရှိသင့်ပါသည်။
- ကျောင်းသားအားလုံးပညာရေးအခွင့်အလမ်းတူညီစေရမည်။ (equal opportunities)
- ကျောင်းသားများဘ၀တစ်လျှောက်လုံးအတွက်အသုံးဝင်မည့် အသိပညာ၊ အတတ်ပညာ နှင့် ကျွမ်းကျင်မှုများ ပေးအပ်နိုင်ရမည်။
- ကျောင်းသားများလွတ်လပ်စွာလေ့လာတင်ပြနိုင်ပြီး ရာသက်ပန်သင်ယူနိုင်သည့် အခွင့် အလမ်းများရှိစေရမည်။ (independent life-long learner)
- ကျောင်းသင်ခန်းစာများသည် လက်တွေ့ဘ၀တွင်တကယ်ရှိနေသည့် လူများ၊ အတွေးအခေါ်များ၊ အဖြစ်အပျက် များနှင့် အဆက်အစပ်ရှိရမည်။
- သင်ယူမှုတွင်အတတ်ပညာနှင့်ကျွမ်းကျင်မှုရှိယုံမျှမက တန်ဖိုးထားမှုများကိုလည်း ဖော်ပြ နိုင်ခွင့်ရှိစေရမည်။
- ကျောင်းသားများသည် မတူကွဲပြားမှုများကို လေးစားခြင်း၊ တန်းတူညီမျှမှုကို တန်ဖိုး ထားခြင်း၊ တာဝန်သိခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း အရည်အသွေးပြည့်ဝသည့် နိုင်ငံသား ဖြစ်စေရမည်။
သင်ရိုးညွှန်းတမ်းတွင် ကျောင်းသားများသင်ယူရမည့် ဘာသာရပ်များ
- ဘာသာစကားများ (languages)
- သခ်ာၤ
- သိပၺံ
- လူမှုရေးဘာသာရပ်များ (ပထ၀ီ၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး …)
- စက်မှု၊ စိုက်ပျိုး၊ ဆက်သွယ်ရေးနည်းပညာများ (Technical/ Agriculture/ ICT)
- ဂီတ / အနုပညာ
- နိုင်ငံသားပညာရေး
- ကျန်းမာရေးနှင့်အားကစား (Physical & Health Education)
၈။ ဘာသာစကားနှင့်ပညာရေး
မြန်မာနိုင်ငံသည် မတူကွဲပြားသောလူမျိုးနှင့် ဘာသာစကားများ တည်ရှိရာနိုင်ငံဖြစ်၍ ဘာသာစကားများစွာ ပါဝင်သောပညာရေး (multi-lingual education) စံနစ်ကို ကျင့်သုံးသင့်ပါသည်။ ဤဘာသာစကားစံနစ်တွင် အနည်းဆုံးဘာသာစကားသုံးခု သင်ကြားရန် UNESCO မှ ၁၉၉၉ တွင် အကြံပြုထားပါသည်။
အဆိုပါ ဘာသာစကားသုံးခု မှာ (၁) မိခင်ဘာသာစကား (၂) နိုင်ငံလုံးဆိုင်ရာဘာသာစကား၊ (၃) နိုင်ငံတကာသုံးဘာသာ စကားတို့ဖြစ်ပါသည်။
အခြေခံဥပဒေတွင်လည်း အသုံးများသည့် တိုင်းရင်းသားဘာသာစကားများကို ရုံးသုံးဘာသာစကားအဖြစ် သတ် မှတ်သင့်သည်။ ဥပမာအနေဖြင့် အိန္ဒိယနိုင်ငံတွင် တရားဝင်ရုံးသုံးဘာသာစကား ၁၉ မျိုးရှိပြီး၊ တောင်အာဖရိက တွင် ၁၁ မျိုးရှိသည်။
တိုင်းရင်းသား ဘာသာစကားတစ်ခုသည် တရားဝင်ရုံးသုံးဘာသာ စကားဖြစ်လျှင် ကျောင်း သားများ ဘာသာစကား သင်ကြားမှုသည်လည်း အဓိပ္ပါယ်ရှိပြီး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း ဖွံ့ဖြိုးရန်အတွက်လည်း အကျိုးရှိပါသည်။ (ဒေါက်တာ သိန်းလွင်၏ ”မြန်မာနိုင်ငံလူမျိုးများ၏ ဘာသာစကားနှင့်ပညာရေး” စာတမ်းတွင် အသေးစိပ်ဖော်ပြ ထားပါသည်။)
၉ ။ သင်ယူမှုကို ဗဟိုပြုသော ပညာရေး (Learning-Centered Education)
ဆရာဗဟိုပြုစနစ်မှ ကျောင်းသားဗဟိုပြုစံနစ်သို့ ပြောင်းသင့်ကြောင်းပြောဆိုချက်များမကြာခဏကြားနေရပါသည်။ မြန်မာနိုင်ငံတွင်လည်း ကလေးဗဟိုပြုပညာရေး Child-Centered Approach (CCA) ကို NGOများဦးဆောင်၍ သင်တန်းများပေးနေကြပါသည်။
မြန်မာနိုင်ငံ စစ်အစိုးရလက်ထက်ပညာရေးသည် ဆရာဗဟိုပြုပညာရေးမဟုတ်ပါ။ ဆရာများက သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံဗဟုသုတနှင့် စေတနာတို့ဖြင့်ကျောင်းသားများ တိုးတက်အောင် ဆောင်ရွက်နိုင်ခွင့်မရှိပါ။ အစိုးရပြဌာန်းထားသော သင်ခန်းစာစာအုပ် (textbooks) များတွင်ပါဝင်သည့် စာများ ကိုသာ တဆင့်ဖြန့်ဖြူးပေးရသူများဖြစ်ပါသည်။
ကလေးဗဟိုပြုသင်ကြားနည်းကို သင်တန်းပေးနေသူများကလည်း အဓိပ္ဗါယ်ဖွင့်ဆိုချက်ရှင်းရှင်းလင်းလင်းရှိရန် လိုအပ်ပါသည်။ ကလေးက မိမိသင်ယူချင်တာကိုရွေးချယ်၊ မသင်ချင်တာကိုဘေးဖယ်၊ ဆရာက ကလေး လုပ်သမျှကို ဖြည့်ဆည်းပေးယုံမျှဆိုလျှင် ဆရာ၏အခန်းကဏ္ဍလည်းလျော့ကျ၍ ကလေး၏သင်ယူမှုလည်း လမ်းလွဲသွားနိုင်သည်။
နိုင်ငံ/လူမျိုး/လူ့အဖွဲ့အစည်း၏ လိုအပ်ချက်နှင့်ကလေး၏စိတ်ဝင်စားမှုကို မျှတစေပြီး၊ ကလေး၏ သင်ယူမှုကို ထိရောက်စေသောနည်းစံနစ်ကို အသုံးပြုသင့်ပါသည်။ သင်ယူမှုကိုဗဟိုပြုသော ပညာရေး (Learning-Centered Education) ကိုအားပေးသင့်ပါသည်။
ကျောင်းသားသင်ယူသည့် ဘာသာရပ်ကို ထိထိရောက်ရောက်ဖြစ်စေရန်၊ ကျောင်းသားကိုယ်တိုင်လေ့လာအား ထုတ်သင်ယူနိုင်ရန်၊ သင်ယူမှုအပေါ်နှင့် သင်ယူသည့်အကြောင်းအရာအပေါ် ဝေဖန်ပိုင်းခြားစဉ်းစားနိုင်ရန် သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးပေးရပါမည်။
သင်ယူသည့်အကြောင်းအရာအပေါ် အဓိပ္ဗါယ်ဖွင့်ဆိုချက်ကွဲလွဲနိုင်သဖြင့် အယူအဆ ကွဲပြားမှုများထွက်ပေါ်လာပါက စံနစ်တကျလေ့လာတင်ပြသော အထောက်အထားခိုင်လုံ၍ ကျိုးကြောင်းဆီ လျော်သောတင်ပြချက်များကို အားပေးရပါမည်။ အမှန်/အမှား သတ်မှတ်ချက်ထက် ကျိုးကြောင်းခိုင်လုံမှုကို အမှတ် ပေးရပါမည်။
သတင်းနည်းပညာနှင့်ဆက်သွယ်ရေးစံနစ်များ တိုးတက်လျှက်ရှိသောကမ္ဘာကြီးတွင် သမိုင်းနောက်ခံ၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုနှင့် အတွေးအခေါ်အမျိုးမျိုးရှိသူများ ပေါင်းဆုံနေသည့်ခေတ်တွင် ဘာကိုလက်ခံ၍ ဘာကိုငြင်းပယ် ရမည်ဆိုသည့် စိန်ခေါ်မှုနှင့်နေ့စဉ်ရင်ဆိုင်နေရပါသည်။ ကိုယ်တိုင်လေ့လာသင်ယူ၍ ဝေဖန်ပိုင်းခြားစဉ်းစား ဆုံးဖြတ်ခြင်းဖြင့်သာ အမှားနည်း၍ အမှန်နှင့်နီးစပ်သော အဖြေများရနိုင်ပါသည်။ သင်ယူမှုကိုဗဟိုပြု၍ ဝေဖန် ပိုင်းခြားစဉ်းစားသောနည်းစံနစ်များကို အားပေးရပါမည်။
၁၀။ ကျောင်းသားများ၏သင်ယူမှုကို စစ်ဆေးခြင်းနှင့် ၀င်ခွင့်ဆိုင်ရာစာမေးပွဲများ
(Assessment for Learning and Assessment for Selection)
မြန်မာနိုင်ငံပညာရေးကို နိမ့်ကျသွားစေသည့်အချက်များအနက် အရေးကြီးသောအချက် တစ်ခုမှာ စာမေးပွဲစံနစ် ဖြစ်ပါသည်။ စာမေးပွဲရမှတ်ဖြင့် အတန်းအောင်၊ အတန်းချ စံနစ်ကျင့်သုံးခြင်း၊ စာမေးပွဲရမှတ်ဖြင့် ၀ိဇ္ဇာ၊ သိပ္ဗံ ဘာသာရပ်ခွဲခြားခြင်း၊ စာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဘာသာရပ်များ သင်ယူစေခြင်းတို့သည် ကျောင်းသား၏ စိတ်ဝင်စားမှုနှင့် သင်ယူမှုကို ထိခိုက်စေသည်။
အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊ မိဘကလည်း စာမေးပွဲကို ဗဟိုပြု၊ ဆရာကလည်းစာမေးပွဲကို ဗဟိုပြုသဖြင့် ကျောင်းသားက အမှန်တကယ် သင်ယူမှုမပြုတော့ဘဲ စာမေးပွဲ အမှတ်ကောင်းရန်အတွက်သာလုပ်တော့သည်။ ကျူရှင်များ ပေါ်လာသည်မှာလည်း စာမေးပွဲစံနစ်ကြောင့်ဖြစ်သည်။ ပညာရေးမသမာမှုများရှိလာ သည်မှာလည်း စာမေးပွဲစံနစ်ကြောင့်ပင်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးစံနစ်ပြုပြင်ပြောင်းလဲမှုတွင် စာမေးပွဲစံနစ်ကိုပါ တပါတည်းပြုပြင်ရပါမည်။ ကျောင်းသားများ၏ သင်ယူမှုကိုအားပေးသော စစ်ဆေးနည်းစံနစ်များကို ကျင့်သုံးရပါမည်။ အခြေခံပညာပြီးဆုံးသည်အထိ အကျအရှုံး မရှိဘဲ တကယ်သင်ယူတကယ်တတ်မြောက်သည့်နည်းနာများ ရှိပါသည်။ စစ်ဆေးနည်းစံနစ်အသေးစိပ်ကို သီးခြား စာတမ်းတစ်ခုတွင် ဆွေးနွေးပါမည်။
တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်၍ ဆယ်တန်းစာမေးပွဲရမှတ်အပေါ် အခြေခံ၍ရွေးချယ်ခြင်းမလုပ်ဘဲ၊ ကျောင်းသား ၏သင်ယူလိုစိတ်နှင့် သင်ယူနိုင်သည့် စွမ်းရည်အပေါ်အခြေခံပြီး သင်ကြားခွင့်ပြုသင့်သည်။ တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲများကျင်းပ၍ မိမိဝါသနာပါသည့် ဘာသာရပ်အတွက် ပြင်ဆင်ဝင်ရောက် ဖြေဆိုနိုင်ခွင့်ရှိစေရမည်။ မသမာမှု ကင်းသောစာမေးပွဲများ ဖြစ်ရမည်။
ပီဇာ(PISA)ဟုခေါ်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့(OECD)၀င်နိုင်ငံများက စာမေးပွဲကျင်းပ၍ နိုင်ငံတစ်ခုနှင့်တစ်ခုပညာရေးပေါ်လစီကိုလေ့လာသည့် အစီအစဉ်တစ်ခုရှိသည်။ အဖွဲ့ဝင် ၆၇ နိုင်ငံမှ အသက် ၁၅နှစ်အရွယ်ကျောင်းသား ၅၀၀၀ စီ ၀င်ရောက်ဖြေဆိုသည်။ စာမေးပွဲကိုသုံးနှစ်တစ်ကြိမ်ကျင်းပပြီး သချာင်္၊ သိပ္ဗံ နှင့် စာဖတ်ခြင်း (Reading) ဘာသာရပ်များဖြေဆိုရသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင်တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ကျောင်းသားများက အမှတ်အများဆုံးရရှိသည်။ သက္ကရာဇ် ၂၀၀၀၊ ၂၀၀၃ နှင့် ၂၀၀၆ နှစ်များတွင် ဖင်လန်နိုင်ငံက အမှတ်အများ ဆုံးရရှိသည်။
အထက်ပါဥပမာကို နမူနာယူ၍ မြန်မာနိုင်ငံတွင် ဒေသ/ပြည်နယ်အလိုက် ပညာရေးလွတ်လပ်ခွင့်ရှိလာလျှင် ပြည်နယ်အားလုံးပါဝင်သည့် စာမေးပွဲကျင်းပ၍ ပညာရေးမူဝါဒများ အပြန်အလှန်လေ့လာသင့်သည်။
၁၁။ ကျောင်းပြင်ပ ပညာရေး (Non-formal Education)
(အရွယ်ရောက်ပြီးသူများပညာရေး/ရာသက်ပန်ပညာရေးနှင့် သင်ယူမှုပါတ်ဝန်းကျင်)
ကျောင်းတစ်ကြိမ်မှမနေဘူးသော လူငယ်များ၊ မူလတန်းမဆုံးမီကျောင်းထွက်ခဲ့ကြသော လူငယ်များ၊ အလယ်တန်း မဆုံးမီ ကျောင်းထွက်ခဲ့ကြသောလူငယ်များအပါအ၀င် အခြေခံပညာပြီးဆုံးအောင် သင်ယူခွင့်မရခဲ့ကြသော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာနှင့် အထက်တန်းပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်ရန် ကျောင်းပြင်ပ ပညာရေးကို ဖန်တည်းပေးသင့်သည်။
မြန်မာနိုင်ငံပညာရေးသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘ၀များနှင့် အဆက်အစပ်ကင်းမဲ့နေသဖြင့် တက္ကသိုလ် ဘွဲ့ရသော်လည်း ကျွမ်းကျင်သောအလုပ်အကိုင် တစ်ခု ရရှိရန်ခက်ခဲပြီး ဘွဲ့ရအလုပ်လက်မဲ့လူငယ်များစွာ ရှိနေသည်။ အဆိုပါလူငယ်များအတွက် ကျောင်းပြင်ပ ပညာရေးဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်နှင့် ကျွမ်းကျင်မှုများ သင်ကြားပေးသင့်သည်။
နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ လက်ရှိအလုပ်အကိုင်တစ်ခုခုတွင် လုပ်ကိုင်နေသူများအပါအ၀င် လူတိုင်းသည် အမြဲမပြတ်လေ့လာသင်ယူနေရန်လိုအပ်သည်။ နိုင်ငံတကာတွင်လည်း ရာသက်ပန်ပညာရေး (life-long learning) ကို ဦးစားပေး လုပ်ဆောင်နေကြသည်။
မြန်မာနိုင်ငံဒေသအသီးသီးတွင် ပညာလေ့လာဆည်းပူးရာဌာနများ (learning centers) ဖွင့်လှစ်၍ အရွယ်ရောက် ပြီးသူတိုင်း ပညာသင်ယူနိုင်အောင် ဆောင်ရွက်သင့်သည်။ အဆိုပါရပ်ရွာအသီးသီးရှိ ပညာဆည်းပူးရာဌာနများ (community learning centers) သည် တည်ဆဲတက္ကသိုလ်၊ ကောလိပ်နှင့်ကျောင်းအဆောက်အဦးများတွင် ညှိနှိုင်းဖွင့်လှစ်နိုင်လျှင် ကုန်ကျစရိတ်ကိုလျှော့ချနိုင်မည်။
ရပ်ရွာအတွင်းနေထိုင်သူများကိုယ်တိုင် မိမိတို့ကျွမ်းကျင် ရာဘာသာရပ်ကို လာရောက်ပို့ချနိုင်သည်။ လူတိုင်းလူတိုင်းသည် မိမိကျွမ်းကျင်ရာကိုဝေမျှ၍ အသစ်ကိုသင်ယူ ကြသော သင်ယူမှုပတ်ဝန်းကျင် (learning community) ထူထောင်နိုင်လျှင် အသိပညာဖွံ့ဖြိုးသော လူ့အဖွဲ့ အစည်း (knowledge society) ကို တည်ထောင်နိုင်ပါမည်။
၁၂။ ပုဂ္ဂလိကကျောင်း ပညာရေး (Private Education/School)
၁၉၆၂ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကကျောင်းများကို ပြည်သူပိုင်သိမ်း၍ အစိုးရကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်သည်။ ပညာရေးစံနစ်၏အားနည်းချက်နှင့် စာမေးပွဲဗဟိုပြုစံနစ်များကြောင့် တရားမ၀င် ကျူရှင်ကျောင်းများ၊ ဘော်ဒါကျောင်းများ မြန်မာနိုင်ငံဒေသအသီးသီးတွင် ပေါ်လာခဲ့သည်။
၂၀၁၁ ဒီဇင်ဘာလ အတွင်း ပြဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေသည် ကိုယ်ပိုင်ကျောင်း (private school) များ၏ အနှစ်သာရကိုမတွေ့ဘဲ တရာမ၀င်ဖြစ်နေသော ယခင်ကျူရှင်ကျောင်းနှင့် ဘော်ဒါကျောင်းများကို တရားဝင်ရန် ပြဌာန်းသော ဥပဒေမျှသာဖြစ်သည်။ အဆိုပါဥပဒေတွင် နိုင်ငံရေးမပြောရ၊ ဘာသာရေးမသင်ရ အစရှိသည့် ကန့်သတ်ချက်များပါဝင်နေသဖြင့် ဒီမိုကရေစီပညာရေးစံနစ်ကိုတားဆီးထားသလိုပင်ဖြစ်နေသည်။
လူအများတက်ရောက်သည့် အစိုးရကျောင်များကို အရည်အချင်းမြင့်မားအောင် ဆောင်ရွက်သင့်သည်။ သို့ရာတွင် အစိုးရကျောင်းများသည် လူအများနှင့်ကိုက်ညီအောင်လုပ် ရသဖြင့်လူနည်းစုများ (ဘာသာစကားဆိုင်ရာလူနည်းစု၊ ဘာသာရေးဆိုင်ရာ လူနည်းစု…) အတွက် မဖြည့်ဆည်းပေးနိုင်သော အရာများရှိနိုင်ပါသည်။ အဆိုပါလူနည်းစုများ အတွက် ပုဂ္ဂလိကကျောင်းများ ထူထောင်ခွင့်ပြုသင့်သည်။ ပညာရေးကိုစီးပွားရေးအကျိုးအမြတ်အတွက်ရည်ရွယ်၍ ပုဂ္ဂလိကကျောင်းများထူထောင်ခြင်းကို အားမပေးသင့်ပါ။
ဘာသာရေးတန်ဖိုးထားမှုများအပေါ်အခြေခံ၍ ဖွင့်လှစ်သည့်ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေးသင်ခန်းစာ မသင်ရဟုကန့်သတ်၍မရပါ။ ကျောင်း၏ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့်သင်ရိုးညွှန်းတမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားရမည်ဖြစ်ပြီး၊ ကျောင်းသားနှင့်မိဘကကျောင်းကို ရွေးချယ်နိုင်ခွင့်ရှိစေရမည်။ ထို့ပြင်ကျောင်းသင်ခန်း စာသည် လက်တွေ့လူမှုဘ၀နှင့်အဆက်အစပ်ရှိရန်လိုအပ်သဖြင့် နိုင်ငံ၏အရေးအရာကိစ္စများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကိုလည်း ကျောင်းများတွင် လေ့လာဆွေးနွေး ခွင့်ရှိစေရမည်။
၁၃။ ဆရာများအတွက်ပညာရေး
အရည်အချင်းမြှင့်မားသောပညာရေးကို ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ အရည်အချင်းကိုမြှင့်တင်ရ ပါမည်။ လက်ရှိသင်ကြားပြသနေသော ဆရာ၊ ဆရာမများသည် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်လျှက်တာဝန်ထမ်း ဆောင်နေကြသူများဖြစ်၍ အထူးပင်လေးစားထိုက်ပါသည်။
ပညာရေးစံနစ်အပြောင်းအလဲတွင် ပါဝင်ဆောင်ရွက်ရန် ပိုင်းဖြတ်ပြီးပါက ထိုဆရာ၊ ဆရာမများအားဆရာအတတ်ပညာများကို သင်တန်းများနှင့်တက္ကသိုလ်ကောလိပ်များ တွင် ဆည်းပူးနိုင်ရန်တာဝန်ယူစီစဉ်ရပါမည်။
အသစ်ခန့်အပ်မည့် ဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများနှင့် ဆရာအတတ်ပညာများကိုဦးစွာ ဆည်းပူးလေ့လာပြီးမှ ခန့်အပ်သင့်ပါသည်။
ဆရာအတတ်ပညာ ဘာသာရပ်များကို နှစ်မျိုးနှစ်စားဖွင့်လှစ်နိုင်ပါသည်။ (၁) ပညာရေးဘာသာရပ် ပထမဘွဲ့ (ဥပမာ- B.Ed) နှင့် (၂) ဘွဲ့လွန်ပညာရေးဒီပလိုမာ (Post-Graduate Diploma)။ မိမိဝါသနာပါရာပညာရေး အဆင့်အတွက် ရွေးချယ်သင်ယူသင့်ပါသည် (ဥပမာ - မူလတန်းအဆင့်ဆရာအတတ်ပညာနှင့် အလယ်တန်း၊ အထက်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ ဆရာအတတ်ပညာ)။
ကျောင်းဆရာ၊ ဆရာမများအဖြစ်တာဝန်ထမ်း ဆောင်ရင်းအချိန်ပိုင်းပညာဆည်းပူးနိုင်ခွင့်ကိုလည်း ပေးသင့်ပါသည်။ B.Ed နှင့် ဘွဲ့လွန်ဒီပလိုမာရပြီးသူများသည် M.Ed, Ed.D နှင့် Ph.D ဘွဲ့များအတွက် ဆက် လက်ပညာဆည်းပူးရန် အားပေးသင့်ပါသည်။ အခါအားလျော်စွာ လုပ်ငန်းခွင် သင်တန်း (In-Service Teacher Training) များကိုလည်း ပေးသင့်ပါသည်။
ပညာရေးဆိုင်ရာဘွဲ့များရရှိပြီးနောက် ကျောင်းဆရာအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုပါက ဆရာဝန်၊ ရှေ့နေလိုင်စင်များကဲ့သို့ ပညာရေးအသက်မွေးမှုဆိုင်ရာ လိုင်စင်များ လျှောက်ထား၊ ခန့်အပ်သည့်စံနစ်ရှိသင့် ပါသည်။ ဆရာ၊ ဆရာမများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာအရည်အချင်းများမြှင့်တင်ပြီး ခံစားခွင့်လစာကို လည်း အခြားအသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရှင်များကဲ့သို့ ချီးမြှင့်ထိုက်ပါသည်။
၁၄။ အထက်တန်းပညာရေး (Higher Education)
တက္ကသိုလ်ပညာရေးကို အခြေခံမှစ၍ပြုပြင်ရန်လိုအပ်သည်။ တက္ကသိုလ်ဖွဲ့စည်းပုံ၊ အုပ်ချုပ် ရေး၊ တက္ကသိုလ်ဝင်ခွင့်၊ သင်ကြားနည်းစံနစ်၊ သုတေသနနှင့်နိုင်ငံတကာတက္ကသိုလ်များနှင့်ဆက်သွယ်ရေးစသည်တို့ကို စတင်ပြုပြင်သင့် သည်။ လက်ရှိတက္ကသိုလ်များသည် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်စသဖြင့် ဘာသာရပ်တစ်ခုလျှင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက အုပ်ချုပ်သည်။ တက္ကသိုလ်တစ်ခုသည် ဘာသာရပ်မျိုးစုံသင်ကြားသည့် ပညာဆည်းပူးရာဌာနဖြစ်သင့်သည်။
တက္ကသိုလ်တစ်ခုတွင် ဘာသာရပ်မျိုးစုံသင်ကြားခြင်းအားဖြင့် နောင်တချိန် တိုင်းပြည်၏ကဏ္ဍအသီးသီးတွင် တာဝန်ယူကြမည့်သူများတက္ကသိုလ်တွင် တွေ့ဆုံရင်းနှီးခွင့်အတွေ့အကြုံအသိ အမြင်များ ဖလှယ်ခွင့်ရရှိကြမည်။
တက္ကသိုလ်များကို ဗဟိုမှချုပ်ကိုင်သောအုပ်ချုပ်ရေးစံနစ်အစား တက္ကသိုလ်တစ်ခုချင်းအလိုက်တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီဖြင့် အုပ်ချုပ်စေသင့်သည်။ ၀န်ကြီးဌာနမှ ဘဏ္ဍာရေးနှင့်အရည်အသွေးမြှင့်မားရေးအတွက် ပံ့ပိုးကူညီမှုများကိုဆောင်ရွက်သင့်သည်။
မြန်မာနိုင်ငံတက္ကသိုလ်များ၏အုပ်ချုပ်ရေးသည် စစ်တပ်ဖွဲ့စည်းပုံနှင့် အလားသဏ္ဍာန်တူနေသည်။ ပါမောက္ခများကို အုပ်ချုပ်ရန် ပါမောက္ခချုပ်ခန့်အပ်ခြင်းသည် စစ်ဗိုလ်များကို အုပ်ချုပ်သော ဗိုလ်ချုပ်ရာထူးနှင့်တူနေသည်။ ပါမောက္ခတစ်ဦးသည် သက်ဆိုင်ရာဘာသာရပ်တွင် အမြင့်ဆုံး ဖြစ်ရမည်။ ဘဏ္ဍာရေး ရာထူးခန့်ထားရေး စသည်တို့ကိုဆောင်ရွက်ရန် စီမံခန့်ခွဲမှုကျွမ်းကျင်သူကသာ အုပ်ချုပ် ရေးမှူး (Academic Dean) အဖြစ် တာဝန်ယူနိုင်သည်။
တက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်းစာမေးပွဲအမှတ်အနည်းအများဖြင့် ဘာသာရပ်ခွဲခြားပေးခြင်းသည် မသင့်လျော်ပါ။ စိတ်ဝင်စားမှုမရှိသောဘာသာရပ်ကို သင်ယူစေခြင်းသည် အကျိုးမရှိပါ။ အခြေခံပညာပြီးဆုံးသူများသည် တက္ကသိုလ်တွင် မိမိဝါသနာပါရာဘာသာရပ်အတွက် ၀င်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရှိသင့်သည်။ ကျောင်းသားက လည်း မိမိသင်ယူလိုသည့် ဘာသာရပ်အတွက်လိုအပ်သောအရည်အချင်းပြည့်မီအောင် ကြိုးစားရပါမည်။
တက္ကသိုလ်ပညာသည် သုတေသနအပေါ်အခြေခံသင့်သည်။ မိမိလေ့လာနေသောဘာသာရပ်အတွက် အခြား လေ့လာထားသူများရေးသားထားသည့် စာအုပ်စာတမ်းများလည်း အလုံအလောက်ရှိသင့်သည်။ သုတေသန တွေ့ရှိချက်များကိုလည်း လွတ်လပ်စွာထုတ်ဖော်ခွင့် (academic freedom) ရှိရပါမည်။ ထို့ပြင်တက္ကသိုလ် တစ်ခုသည် နိုင်ငံတကာတက္ကသိုလ်များနှင့် လွတ်လပ်စွာဆက်သွယ်၍ ပညာရပ်ဆိုင်ရာဆွေးနွေးမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ လွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိရပါမည်။
အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်သော ဒေါက်တာတင်လှိုင် (ဖိုးလှိုင်)က မြန်မာနိုင်ငံတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီရေးအတွက် အမျိုးသားတက္ကသိုလ်တစ်ခုကို စံပြထူထောင်ရန် အကြံပြုထားပါသည်။ သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ စင်္ကာပူ အမျိုးသားတက္ကသိုလ်များကဲ့သို့အရည်အချင်းပြည့်ဝပြီး၊ နိုင်ငံဂုဏ်ဆောင်နိုင်သည့် တက္ကသိုလ်တစ်ခုကို အောင်မြင်စွာထူထောင်နိုင်လျှင် ဤတက္ကသိုလ်ကို နမူနာယူ၍အခြားတက္ကသိုလ်များလည်း ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ရန် ရည်ရွယ်ပါသည်။ လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အကြံပြုချက်ဖြစ်၍ စဉ်းစားဆောင်ရွက်သင့်ပါသည်။
၁၅။ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရေး
(Vocational Education)
ဖွံ့ဖြိုးတိုးတက်လာမည့်စီးပွားရေးလုပ်ငန်းများနှင့် အံဝင်ခွင်ကျဖြစ်သော အသက်မွေးဝမ်းကြောင်းပညာရေးကို မြှင့် တင်ရန်လိုအပ်ပါသည်။ မသင်မနေရပညာရေးကို အနိမ့်ဆုံး အသက် ၁၄ နှစ်အထိသတ်မှတ်ပြီး၊ မသင်မနေရ ပညာရေးပြီးဆုံးပါက အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်များ သင်ယူနိုင်အောင်လမ်းဖွင့်ပေးသင့်သည်။ အဆိုပါ အသက်မွေးဝမ်းကြောင်းပညာများသည် သဘောတရားနှင့်ကျွမ်းကျင်မှုကို ပေါင်းစပ်သင်ကြားပေးရပါမည်။
ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်တွင်လည်းကျွမ်းကျင်သူများဖြစ်ပြီး အထက်တန်းပညာရပ်များ ဆက်လက်ဆည်းပူးရန် အတွက်လည်း အခြေခံကောင်းများရရှိရန်ဖြစ်ပါသည်။ အထက်တန်းပညာရပ်များဆက်လက်သင်ယူနိုင်အောင်လည်း လမ်းဖွင့်ပေးရပါမည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အားပေးနိုင်ရန်အတွက် ကျေးလက်ဒေသလုပ်ငန်းများနှင့် ကုန်ကြမ်းများကိုအခြေခံ သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ဒေသအသီးသီးတွင် Community Collegeများ ဖွင့်လှစ် သင်ကြားရန်စဉ်းစားသင့်ပါသည်။
အဆိုပါကောလိပ်များသည် အရွယ်ရောက်ပြီးသူများအတွက် ပညာရေးသင်တန်း အမျိုးမျိုးကိုလည်း ပို့ချနိုင်ပါမည်။
အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရေးကဏ္ဍအတွက် အလုပ်သမားဝန်ကြီးဌာန၊ ကဏ္ဍအသီးသီးတွင် ကျွမ်းကျင် သူများ၊ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များပါဝင်သောကော်မတီဖြင့်ဆောင်ရွက်လျှင် အချိတ်အဆက်ရှိရှိ ဆောင်ရွက်နိုင်ပါမည်။
ဒေါက်တာသိန်းလွင်
၂၀၁၂ ဖေဖော်ဝါရီလ ၂၂ ရက်။
-------------------
ဒေါက်တာသိန်းလွင် သည် ပညာရေးမူဝါဒနှင့်သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးရေးဆိုင်ရာ အထူးပြုဘာသာရပ်များဖြင့် ပညာရေးဆိုင်ရာမဟာဘွဲ့ (၁၉၉၇) နှင့် ပါရဂူဘွဲ့ (၂ဝဝ၁) တို့ကို အင်္ဂလန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အခြေစိုက်၍ ဆရာအတတ်ပညာသင်တန်းများကို ၂ဝဝ၁မှ ယနေ့အထိ ပို့ချလျှက်ရှိပါသည်။
source by http://www.maukkha.org
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Sunday, 18 March 2012 11:48
- Written by မြတ်သိန်းထွန်း
- Hits: 735

မြောက်ပိုင်းဒေသ ရေကြီးမှုတွေနဲ့ တောင်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာကို နေ့စဉ်နဲ့အမျှ ရွေ့ပြောင်းနေကြတာကို တွေ့မြင်နေရပါတယ်။ ဒီရွေ့ပြောင်းလာသူအများစုဟာ ဒါကာမြို့တော်ရဲ့ လူဦးရေ အထူထပ်ဆုံး နေရာတစ်ခုဖြစ်ပြီး ညစ်ပတ်နံစော်နေတဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ Korail မှာ အခြေချနေထိုင်နေကြပါတယ်။
ဒီလိုမျိုး နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာတဲ့ လူတွေနဲ့တစတစ ပြည့်ကျပ်လာနေတဲ့ မြို့တော်ဒါကာဟာ လူတွေကို လုံလုံလောက်လောက် နေရာချထားနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရဟာ ဒါကာမှာနေထိုင်ကြသူတွေအတွက် နေ့စဉ်လိုအပ်တဲ့ စည်ပင်ဝန်ဆောင်မှုတွေအတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့တောင်မှ မချိမဆန့်ရုန်းကန်နေရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။
တနေ့တခြား တိုးတက်လာနေတဲ့ တခြားနိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို လိုက်မှီဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုအချိန်မှာ နည်းစနစ်အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ နိုင်ငံတ၀ှန်းလုံးမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ သောင်းခြောက်ထောင်သော
ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဆိုတာ ခန့်မှန်းလို့မရတဲ့ အချိန်အတိုင်းအတာ တစ်ခုယူရမှာဖြစ်ပြီး ဖြစ်နိုင်ခြေအလွန်နည်းပါးတဲ့ အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။
ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဆိုတာ ခန့်မှန်းလို့မရတဲ့ အချိန်အတိုင်းအတာ တစ်ခုယူရမှာဖြစ်ပြီး ဖြစ်နိုင်ခြေအလွန်နည်းပါးတဲ့ အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။
အကျပ်အတည်းကာလပေါင်း မြောက်မြားစွာကို နှစ်စဉ်ဖြတ်သန်းလာရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်မှုဟာ တစ်နှစ်ထက်တစ်နှစ် ကျဉ်းမြောင်းလာနေတာတော့ အမှန်ပါပဲ။ ဒါကာမြို့တော်ဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး အကျိုးအမြတ်မယူတဲ့ လူမှုအကျိုးဆောင်အဖွဲ့အစည်း BRAC အခြေစိုက်ရာမြို့ဖြစ်ပြီး လူထုအတွက် အခြေခံ ကျန်းမာရေးနဲ့ အခြားဝန်ဆောင်မှုများကို ကွင်းဆင်းလုပ်သားတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး သရုပ်ပြပွဲတွေနဲ့ ပညာပေးလျှက်ရှိနေပါတယ်။
ဒါ့အပြင် ဆင်းရဲမွှဲတေမှုကိုလျှော့ချနိုင်ဖို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မိုဟာမက်ယူနွတ်ရဲ့ Grameen ဘဏ်ကနေ အသေးစား ဘဏ္ဍာရေးလုပ်ငန်းတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဖောင်းပွလာနေတဲ့ လူဦးရေတိုးပွားမှုကို လျှော့ချဖို့ စီမံချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ ၁၉၇၇ ခုနှစ် စစ်တမ်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသမီးတစ်ယောက်မှာ မွေးဖွားနှုန်း ၆.၆ ရှိရာကနေ ယနေ့အချိန်မှာ ၂.၄ ထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုလျှော့ချနိုင်ခြင်းအားဖြင့် မိဘတွေဟာ သားသမီးတွေကို လုံလောက်တဲ့ပညာရေးနဲ့ ကျွေးမွေးထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အိမ်ထောင်စုများရဲ့စီးပွားရေး အခြေအနေကိုလည်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်တမ်းတွေရဲ့အဆိုဟာ လက်ရှိမြင်တွေ့နေရတဲ့ ဆင်းရဲသားတွေ ပြည့်သိပ်ခဲနေတဲ့ ဒါကာမြို့ရဲ့ မြင်ကွင်းတွေအရ ယုံကြည်လက်ခံဖို့ခက်ခဲနေတာ အမှန်ပါပဲ။
"အစပိုင်းမှာ ဒီလိုမွေးဖွားနှုန်းကိုလျှော့ချဖို့ လူတွေကို စည်းရုံးရတာ အရမ်းခက်ခဲခဲ့တယ်။ ဒီတိုင်းပြည်က ရှေးရိုးစွဲဝါဒီတွေနေတဲ့တိုင်းပြည်ဆိုတော့ ယောင်္ကျားတွေက သူတို့ရဲ့မိန်းမတွေကို ခလေးများများမွေးဖို့အမြဲဖိအားပေးတဲ့ အလေ့အထရှိနေတယ်"
Satkhira District ရဲ့အစိုးရကျန်းမာရေးဝန်ထမ်း Begum Rokeya ကပြောသွားတာပါ။ သူဟာ အိမ်ပေါင်းမြောက်မြားစွာကို ၀င်ထွက်ပြီး လက်ထပ်ပြီးစစုံတွဲတွေကို သားဆက်ခြား ပညာပေး ဆွေးနွေးမှုတွေ လိုက်လံ ဟောပြောပေးနေသူ တစ်ဦးဖြစ်ပါတယ်။ သူကခုလိုဆက်ပြောသွားပါတယ်။
" တစတစကျဉ်းမြောင်း ကျပ်တည်းလာတဲ့ ခေတ်အနေအထားအရ အိမ်ထောင်ဦးစီးတွေဟာ သူတို့နေ့စဉ်ကျွေးမွေးရမယ့် ပါးစပ်ပေါက်တွေနည်းရင် ပိုပြီးသက်သာချောင်ချိနိုင်မယ်ဆိုတာ သဘောပေါက်လာကြပါတယ်"
ကျန်းမာရေး ဆွေးနွေးမှုအစီအစဉ်တွေဟာ အတိုင်းအတာတစ်ခု ထိရောက်ခဲ့ပြီး တခြားအကျိုးကျေးဇူးအနေနဲ့ မွေးကင်းစကလေး သေဆုံးမှုနှုန်းထားကိုလည်း ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာ မွေးကင်းစ ကလေးသေဆုံးမှုနှုန်း တစ်ထောင်မှာ တစ်ရာ သေဆုံးရာကနေ ၄၅ ယောက်အထိ လျှော့ချနိုင်ခဲ့ပါတယ်။
ဒီလိုမျိုး လျှော့ချနိုင်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်လို ၀င်ငွေနည်းပါးတဲ့ နိုင်ငံမျိုးအတွက် သမိုင်းဝင် ရလာဒ်တစ်ခု ဖြစ်ပါတယ်။ သဘာဝ ဘေးဒုက္ခတွေကြောင့် နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာနေသူတွေကြောင့် ဒါကာမြို့တော်ရဲ့လူဦးရေ ထူထပ်သိပ်သည်းမှုဟာ စိုးရိမ်နေရတဲ့ အနေအထားကိုရောက်ရှိနေပြီး BRAC အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ် ဖြေရှင်းနေရပါတယ်။
"ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ကတော့ နယ်ကလူတွေ ဒါကာကို နေ့စဉ်နဲ့အမျှပြောင်းရွေ့လာတာကို တားဆီးထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအတွက် ဒီလူတွေကို သူတို့ရဲ့ကျေးလက်တောရွာတွေမှာ ရှင်သန်ရပ်တည်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ နည်းလမ်းသစ်တွေကို အတတ်နိုင်ဆုံးဖော်ဆောင်ပေးနေပါတယ် "
BRAC ရဲ့ရာသီဥတုပြောင်းလဲမှုနှင့် ကပ်ဘေးစီမံခန့်ခွဲမှု အကြီးအကဲ Kabir ကပြောသွားတာပါ။
လက်ရှိအချိန်မှာ ဒါကာမြို့ရဲ့လူဦးရေဟာ ၁၅ သန်းကျော်သွားပြီဖြစ်ပြီး ဒီအရေအတွက်ဟာ နေ့စဉ်နဲ့အမျှ တိုးပွားလျှက်ရှိနေပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက လူဦးရေ ၆ သန်းကျော်သာရှိတဲ့ ဒါကာဟာ ၂၀၀၅ ခုနှစ်မှာ ၁၂ သန်းကျော်အထိ များပြားလာပြီး ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နံပါတ် ၃ အဆင့်ချိတ်တယ်လို့သိရပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒါကာရဲ့လူဦးရေဟာ သန်းနှစ်ဆယ်ကျော် အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ မက္ကစီကိုစီးတီး၊ ဘေဂျင်းနဲ့ ရှမ်ဟိုင်းမြို့တွေထက် ပိုများပါတယ်။ ဒီလိုမျိုး လူဦးရေ တိုးတက်များပြားလာပေမယ့် ဖွံ့ဖြိုးမှုနှုန်းနှေးကွေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒါကာမှာ နေထိုင်တဲ့ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းခန့်ဟာ တစ်လကို ဒေါ်လာ ၁၇၀ ထက်နည်းပါးတဲ့ ၀င်ငွေနဲ့ရပ်တည်နေကြရတာပါ။
တချို့ဘင်္ဂလီလူမျိုးတွေရဲ့ ဇနီးတစ်ယောက်ထက်ပိုပြီး လက်ထပ်တဲ့ အလေ့အထနဲ့ ဘာသာရေးအရ သားဆက်ခြားမှုကို ငြင်းပယ်တဲ့အလေ့အထဟာလည်း ခလေးမွေးနှုန်းတိုးတက်မှု၊ ၀င်ငွေမလောက်ငမှုတွေကို မီးလောင်ရာ ဓာတ်ဆီ လောင်းပေးနေသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး နယ်ကလူတွေ မြို့ပေါ်တက်လာရတဲ့ အဓိကအကြောင်းရင်းက နှစ်စဉ်ကြုံတွေ့ခံစားနေရတဲ့ ရာသီဥတုပြောင်းလဲမှု ကပ်ဒုက္ခဆိုးတွေကြောင့် ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကမြစ်တွေဖြစ်တဲ့ Padma, Jamuna နဲ့ Meghna မြစ်တွေဟာ နှစ်စဉ်လိုလို ရေကြီးမှုဖြစ်လေ့ရှိပြီး ကျေးရွာတွေရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးလုပ်ငန်းတွေ ပျက်စီးတာတွေအပြင် လူနေအိမ်ခြေတွေပါ ပျက်စီးဆုံးရှုံးရတဲ့အတွက် ဘယ်လိုမှ ရပ်တည်လို့မရတဲ့အဆုံးမှာ ရွာသားတွေဟာ စက်မှုလုပ်ငန်းတွေရှိရာ မြို့ကြီးတွေဆီကို ပြောင်းရွေ့ အခြေချလာကြတာ ဖြစ်ပါတယ်။
တချို့လူငယ်တွေကတော့ နိုင်ငံခြားတိုင်းပြည်တွေကို ရရာအလုပ်လုပ်ဖို့ စွန့်စားထွက်ခွာသွားကြပြီး အာရှတိုက်ထဲက ချမ်းသာတဲ့နိုင်ငံအများစုမှာ အောက်ခြေသိမ်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေရပါတယ်။ အဲဒါကြောင့် အာရှတိုက်ရဲ့ အောက်ခြေသိမ်း ရွှေ့ပြောင်း အလုပ်သမား တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
ဒီလိုမျိုး နိုင်ငံခြားကို တရားဝင်အလုပ်လုပ်ဖို့ အေးဂျင့်ခတွေ နင့်နေအောင်ပေးပြီး ထွက်သွားတဲ့ လူတွေရှိသလို အေးဂျင့်ခမတတ်နိုင်လို့ သက်စွန့်ဆံဖျား ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ကူးပြီး နိုင်ငံခြားကို ထွက်ကြတဲ့လူတွေလည်း တပုံတခေါင်းပါပဲ။ အဲဒီလိုမစွန့်စားရဲတဲ့ လူတွေကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့အိမ်နီးချင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးလေးငါးခု လောက်ကတည်းက ပြောင်းရွေ့အခြေချနေထိုင်နေကြတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ သင်္ဂဟတွေဆီကို ရေကြည်ရာမြက်နုရာ ပြောင်းရွေ့အခြေချနေကြပါတယ်။
ဒါပေမယ့် အဲဒီလို နယ်စပ်ဖြတ်ကျော် ပြောင်းရွေ့အခြေချတဲ့လူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတွေကနေ မကြာခဏ ဖမ်းဆီးနှင်ထုတ်တာမျိုးတွေ၊ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာမျိုးတွေကို မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။၂၀၀၇ ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Sidr နဲ့ ၂၀၀၉ ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Aila နောက်ပိုင်းမှာ တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ရပ်တည်မှုဟာ တော်တော်ကြီးကို ဆိုးရွားခက်ထန်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပြီး နိုင်ငံရပ်ခြားကို ပင်လယ်ဖြတ်ပြီး သက်စွန့်ဆံဖျား ပြောင်းရွေ့အခြေချသူဦးရေ သိသိသာသာ တိုးတက်များပြားလာခဲ့ပါတယ်။
ကမ္ဘာပေါ်က သဘာဝ ကပ်ဘေးဒုက္ခခံစားနေရတဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တနေ့တခြား တိုးတက်များပြားလာနေတဲ့ လူဦးရေနဲ့ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုနှုန်း နှေးကွေးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မှု မရှိတဲ့အပြင် သူ့ရဲ့တည်နေရာ ပထ၀ီ အနေအထားကြောင့် နောက်လာမယ့် ဆယ်စုနှစ် အနည်းငယ်ကာလမှာ ဒီထက်ပိုမိုဆိုးရွားတဲ့ ဘေးဒုက္ခတွေကြုံတွေ့လာနိုင်တဲ့ အနေအထားကို ဦးတည်နေပြီဖြစ်ပါတယ်။
ကမ္ဘာ့အဆိုးဝါးဆုံးစံချိန်တင်ရေကြီးမှုကို ၁၉၉၈ ခုနှစ်မှာကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပြည်သူတွေဟာ နောက်ဆက်တွဲသဘာဝကပ်ဘေးတွေကြောင့် ခုချိန်ထိ နလံ မထူနိုင်ကြသေးပါဘူး။ ဗြဟ္မပုတ္တရမြစ်နဲ့ တခြားမြစ်နှစ်စင်းကို မှီခိုနေကြတဲ့ ဒေသခံတွေဟာ ဒီရေကြီးမှုကြောင့် ကီလိုမီတာ ၉၇၀၀ ရှည်လျှားတဲ့ လမ်းတွေဖျက်ဆီးခံလိုက်ရပြီး အိမ်ခြေပေါင်း သုံးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ၂၇၀၀ ကီလိုမီတာ ရှည်လျှားတဲ့ မြစ်ကမ်းဘေးတလျှောက် လူတစ်ထောင်ကျော်သေဆုံးပြီး လူသန်း ၃၀ လောက်ဟာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်သွားခဲ့ရပါတယ်။
၁၉၉၁ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းလေးသောင်းကျော်ထိ သေဆုံးခဲ့ရပြီး နှစ်စဉ်နှစ်တိုင်း ဆိုင်ကလုန်း ၀င်ရောက်တိုက်ခတ်မှုကြောင့် လူအမြောက်အမြား ထပ်မံသေဆုံးပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဘ၀ကိုရောက်ရှိနေရပါတယ်။
ဒီအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝကပ်ဘေးဒုက္ခသည် အများဆုံးနိုင်ငံတစ်ခု အဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအပြင် ပင်လယ်ကမ်းစပ် အနီးတ၀ိုက်ဒေသတွေမှာ မကြာခဏဆိုသလို လေဆင်နှာမောင်းတွေ ၀င်ရောက်တိုက်ခတ်လို့ လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
လူဦးရေ ထူထပ်များပြားလာမှုနဲ့ သဘာဝသယံဇာတ နည်းပါးမှုကြောင့် ပြည်သူအများစုဟာ နေ့စဉ်လောင်စာသုံးစွဲမှုအဖြစ် သစ်တောတွေကို အားကိုးအားထား ပြုနေရတဲ့အချက်ကလည်း သစ်တောပြုန်းတီးမှုတွေကို ဆက်တိုက်ဖြစ်ပေါ်စေပြီး ရာသီဥတုဖောက်ပြန်မှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။
မြစ်ကမ်းဘေးက စက်မှုလုပ်ငန်းတွေကြောင့် ပြည်သူတွေမှီခိုအားထားနေရတဲ့ မြစ်တွေမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အာဆင်းနစ်အဆိပ်ဓာတ်တွေ တစတစ တိုးတက်လာတဲ့အချက်ဟာလည်း ဒေသတွင်း ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပြီးတော့ ကင်ဆာဖြစ်ပွားမှုနဲ့ ရေနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် လူသေဆုံးမှုနှုန်းထားကို မြင့်တက်လာစေပါတယ်။
အဆိုးဝါးဆုံးအခြေအနေတွေကို ဦးတည်စေတဲ့ အချက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုန်းမြေအများစုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့်ပေ ၃၉.၄ပေ ( ၁၂မီတာ) ထက်ပိုမိုနည်းပါးပြီးတော့ ပင်လယ်ရေမျက်နှာပြင် ၁ မီတာ(၃.၂၈ပေ) တက်လာတိုင်း အဲဒီကုန်းမြေပမာဏ စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းဟာ ရေလွှမ်းမိုးခံရမယ့် အနေအထားမှာရှိနေပါတယ်။
သစ်တောပြုန်းတီးမှုတွေကြောင့် ဒေသတွင်း အပူချိန် နှစ်စဉ်တိုးတက်လာပြီး ဒီလိုမျိုးသာ ဆက်လက် တိုးတက်နေမယ်ဆိုရင် လာမယ့် ၂၀၇၅ ခုနှစ်မှာ မိုးရေချိန် ၅၈၈.၆၅ မီလီမီတာရှိတဲ့ မိုးကြီး မျိုးရွာသွန်းနိုင်ပြီး ဧရာမ ရေကြီးမှုတွေနဲ့အတူ ပင်လယ်ရေမျက်နှာပြင်ဟာ ၄ မီတာကနေ ၇.၈ မီတာအထိ မြင့်တက်လာနိုင်ပြီးတော့ ဒေသတွင်းက ရေချိုမြစ်တွေဆီကို ပင်လယ်ဆားငံရေများ ၀င်ရောက်ကာ သောက်သုံးရေရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယထူပြောမှုတွေကြောင့် လူပေါင်း ၆ သန်းကနေ ၈ သန်းအထိဟာ ကပ်ဒုက္ခဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမယ့် အလားအလာတွေ ရှိနေပါတယ်။
သာဓကတစ်ခုအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော် လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံအကြား သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတဲ့ Sunderbans က New Morre ကျွန်းဟာ ခုချိန်မှာ ဘယ်နိုင်ငံကပိုင်ဆိုင်တယ်ဆိုတာ မဆုံးဖြတ်ရသေးခင်မှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။
ကလကတ္တားမြို့၊ Jadavpur University ရဲ့ သမုဒ္ဓရာဗေဒ သုတေသီ ပါမောက္ခ Sugata Hazra ကပြောသွားတာပါ။ သက္ကရာဇ် ၂၀၀၀ ခုနှစ်ထိတိုင်အောင် ပင်လယ်ရေမျက်နှာပြင်ဟာ ၃ မီလီမီတာလောက်ပဲ မြင့်တက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တာ ကာလအတွင်းမှာ ၅ မီလီမီတာအထိ နှစ်စဉ် မြင့်တက်လာနေပါတယ်။
New Morre Island လိုပဲ Ghoramara island ရဲ့တစ်ဝက်လောက်ဟာ ပင်လယ်ရေအောက် ရောက်ရှိနေပြီဖြစ်ပြီးတော့ နောက်ထပ်ကျွန်းငယ်ပေါင်း ဆယ်ခုခန့်ဟာလည်း မကြာခင် ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားမယ့် အလားအလာမျိုး ကြုံတွေ့နေရပြီဖြစ်ပါတယ်။ သူကခုလိုဆက်ပြောသွားပါတယ်။
"မကြာခင် ဒီကျွန်းတွေ ပင်လယ်ရေအောက်ကို ရောက်ရှိသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံအမြောက်အမြားကို နေရာရွေ့ပြောင်းပေးဖို့ စီစဉ်ရတော့မှာဖြစ်ပါတယ်"
ကမ္ဘာ့ ရာသီဥတုဖောက်ပြန်မှုကို အဓိကရင်ဆိုင်ရမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသရဲ့ ၁၈ ရာခိုင်နှုန်းခန့်ဟာ လာမယ့် သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် ၁ မီတာလောက် မြင့်တက်လာရင် ပင်လယ်ရေအောက်ကို ရောက်ရှိသွားမယ့် အခြေအနေမျိုးကို ဦးတည်နေပြီး ဒီဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံလူဦးရေ သန်း၂၀ကျော်ကို နေရာရွေ့ပြောင်း ပေးရလိမ့်မယ်လို့ ပညာရှင်တွေက ဟောကိန်း ထုတ်ထားပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် လယ်ယာမြေနဲ့ ကျေးရွာတွေ အမြောက်အမြား ပျက်စီးပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းဒေသမှာ မြေယာပိုင်ဆိုင်မှုအတွက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မူဆလင်ဘာသာကိုးကွယ်သူ ၉၇ ရာခိုင်နှုန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူများစုမူ ဆလင်ဘာသာဝင်တွေနဲ့ လူနည်းစုတွေဖြစ်ကြတဲ့ ဟိန္ဒူဘာသာဝင် ၉.၂ ရာခိုင်နှုန်း၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀.၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာဝင် ၀.၃ ရာခိုင်နှုန်း အကြားမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေဟာ သမိုင်းနဲ့ချီပြီး တည်ရှိနေခဲ့ပါတယ်။
မျက်မှောက်ခေတ် တောင်ပိုင်းဒေသအတွင်း နှစ်စဉ်မုန်တိုင်း ၀င်ရောက်မှု၊ ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေကို လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ လူများစု မူဆလင်ဘာသာဝင်တွေနဲ့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရခိုင်မျိုးနွယ် ဗုဒ္ဓဘာသာဝင် လူနည်းစုတွေကြားမှာ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး ဒေသအာဏာပိုင်အချို့ ကိုယ်တိုင် လူများစုမူ ဆလင်ဘာသာဝင်များဖက်မှ ရပ်တည်ကာ ဘာသာခြားများပိုင်ဆိုင်တဲ့ မြေယာ အိုးအိမ်များကို အတင်းအဓမ္မ သိမ်းယူတာမျိုးတွေ ပေါ်ပေါက်လျှက်ရှိနေပါတယ်။
ဒီအခြေအနေတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေ ထူပြောနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားဥပဒေစနစ်ကလည်း ဘာသာခြား လူနည်းစုများကို အကာအကွယ် ပေးနိုင်ခြင်းမရှိပါဘူး။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ် ၁၉၄၇ ခုနှစ်ကာလတုန်းက စစ်တကောင်း တောင်တန်းဒေသမှာ ဗုဒ္ဓဘာသာဦးရေ ၉၇ ရာခိုင်နှုန်းကျော်ရှိပြီးတော့ မူဆလင်ဦးရေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။ ခုမျက်မှောက်ခေတ် ကာလမှာတော့ ဒီအနေအထားဟာ ပြောင်းပြန်ဖြစ်ပြီဖြစ်ပါတယ်။
ဒီလိုမျိုး အဖက်ဖက်က ဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများနည်းတူ စစ်တကောင်းတောင်တန်းမှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် သက်၊ ရခိုင်၊ မရမ္မာလူမျိုး အချို့ဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းကို ပြောင်းရွေ့အခြေချလာခဲ့ကြပါတယ်။ ဒါပေမယ့် ဘင်္ဂလား-မြန်မာနယ်စပ် ဘူးသီးတောင်-မောင်တောဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးငါးခြောက်ဆယ်ခန့် ကတည်းက ကြိုပြီးအခြေချနေထိုင်နေကြတဲ့ မူဆလင်ဘာသာဝင်တွေ ရှိနေတာကြောင့် စစ်တကောင်းမှာလိုပဲ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။
လာမယ့်ဆယ်စုနှစ် အနည်းငယ် ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ အိမ်နီးချင်းနိုင်ငံများနဲ့ တခြားတိုင်းပြည်တွေဆီကို ပြောင်းရွေ့အခြေချမှုတွေဟာ အဆပေါင်းများစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အထူးသဖြင့် မြေလွတ်မြေရိုင်းပေါများပြီး လူနေ မထူထပ်တဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းမြှောင်ဒေသဟာ ဘင်္ဂလားဒေ့ရှ် ကပ်ဘေးဒုက္ခသည်များ အလုံးအရင်းနဲ့ အများဆုံးဝင်ရောက်ခိုလှုံ အခြေချရာနေရာ ဖြစ်လာနိုင်ခြေရှိနေပါတယ်။
ရာသီဥတုမျှတပြီး ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် ဒီလိုမျိုးပြောင်းရွေ့အခြေချသူတွေ အများအပြား ၀င်ရောက်လာရင် ရှိရင်းစွဲ ရိုဟင်ဂျာပြဿနာနဲ့အတူ ဒေသခံတွေနဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်ပြီး အင်အားကြီးနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ၊ ၀င်ရောက်စွက်ဖက်မှုတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အနေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ခုချိန်ကတည်းက စနစ်တကျ၊ ခိုင်ခိုင်မာမာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသဟာ အဲဒီအချိန်မှာ ရိုဟင်ဂျာ ခေါင်းစဉ်အောက်မှာ ကမ္ဘာ့လူကုန်ကူးမှု အများဆုံးဒေသ အဖြစ် ရောက်ရှိသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လှေစီးထွက်ပြေး လာရပါတယ်ဆိုတဲ့ ပင်လယ်ဖြတ် လူမှောင်ခိုဂိုဏ်းတွေရဲ့ ဆောင်ပုဒ်နဲ့အတူ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အရှက်ရဖွယ် အခြေအနေများစွာကို ရင်ဆိုင်လာရမှာဖြစ်ပါတယ်။
ဒေသခံတွေနဲ့ အလုံးအရင်းဝင်ရောက်လာတဲ့ တရားမ၀င် အခြေချသူတွေကြားက ပဋိပက္ခများစွာဟာလည်း ဒီဒေသကို လက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်းလိုမျိုး တည်ငြိမ်မှု ကင်းမဲ့တဲ့အနေအထားကို ကျရောက်သွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ ခုချိန်ကတည်းက အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားသင့်ပြီဆိုတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေ။
မြတ်သိန်းထွန်း
(၁၆.၃.၂၀၁၂)
References;
တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ စပါး၊ များလည်း များ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ၊ အို မြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း၊
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်းလော့ လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း၊ ၊
ဆရာဇော်ဂျီ
တကျွန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း ပဒိုမန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်းအတွေ့အကြုံတွေနဲ့ သူရဲ့ ထောင်တွင်း အတွေ့အကြုံ
Subscribe to:
Posts (Atom)