မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အာဏာရှိစဉ်က ဒေါ်စုကြည် ဆိုပြီးခေါ်ဝေါ် ဒုက္ခမျိုးစုံပေး ၊အာဏာပြောက်တော့ဒေါ်အောင်ဆန်းစုကြည်ခေါ်ဝေါ်ပြီး ထောက်ခံအားပေး တဲ့ဦးခင်ညွှန်




နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ လှုပ်ဆောင်မှုများကိုထောက်ခံကြောင်း ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ လက်ရှိကြိုးပန်းဆောင်ရွက်မှုများသည် တိုင်ပြည်အနာဂတ်အတွက် ကောင်းမွန်လာလိမ့်မည်ဟု ရှုမြင်ပါကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်၊ ပြီးရင် လွတ်တော်ထဲရောက်မယ်၊ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်သူကို နောင်အနာဂတ်မှာ တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် ပုဂ္ဂိုလ်ပါတော့ တိုင်းပြည်အတွက်သိပ်ကောင်းပါတယ်။ ထောက်ခံ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကို ထောက်ခံပါတယ်” ဟု ဦးခင်ညွှန့်က ဆိုသည်။

ဦးခင်ညွှန့်သည် ယခုကဲ့သို့ လွတ်မြောက်လာသော်လည်း သူ၏တပည့်များမှ တချို့သော လုပ်ဖော်ကိုင်ဖက်များသည် အကျဉ်းထောင်များထဲတွင် ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်ညွှန့်က “လက်ရှိအစိုးရက တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေတဲ့အခါကျတော့ လွတ်လာလိမ့်မယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။

ဦးခင်ညွှန့်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်တချို့ လွတ်မြောက်လာခဲ့သော်လည်း ဦးခင်ညွှန့်ထောင်ချခဲ့သော နိုင်ငံရေးအကျဉ်းသားများ ပြန်လည် မလွတ် မြောက်လာသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ပြောကြားသည်။

“၂၀၀၄ကတည်းက ဦးခင်ညွှန့်အဖွဲ့ကပျက်သွားပြီပဲ သူဖမ်းခဲ့တဲ့လူအားလုံးကိုတော့ ပြန်လွှတ်ပေးသင့်တာပေါ့” ဟု ကိုမြအေးက ပြောကြားသည်။

ယင်းကဲ့သို့ ကျန်ရှိနေခဲ့ရသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ရန်အတွက် ပြန်လည်စိစစ်လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုက ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားကလည်း သမ္မတဦးသိန်းစိန်၏ ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကြိုဆိုကြောင်းနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ လျှောက်နေသော မြန်မာနိုင်ငံ၏ ကြီးမားသောဖြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်ဝရန်အတွက် ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှုများကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် လွတ် မြောက်လာပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှကောက်ယူထားသော စစ်တမ်းများအရ သိရသည်။

သတင်း..... yangon chronicle http://myatlayngon.blogspot.com

0 comments:

Post a Comment


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

Blog Archive

တော်လှန်ရေးသီချင်းများ


minthukha
Quantcast

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My Photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

လာရောက်သူများ