နီလွင်သွေး (ဒဿနိက)

ဥဒါန်းမကြေ
ကံ့ကော်မြေ ကံ့ကော်နန်း
ယမ်းဖုံးကျည်သင့်
နီရင့်သွေးစက်
သမဂ္ဂဗုံးသင့်ပြိုပျက်
အနက်ရောင်ဇူလိုင်
သွေးဖြိုင်ဖြိုင်ရွာခဲ့ပါရော။
နယ်ချဲ့ခေတ်
ဖက်ဆစ်သံခွာ
အမျိုးသားလွတ်မြောက်ရေးရာဇဝင်
စစ်အာဏာရှင်လက်အောက်
ရဲရဲတောက်ခဲ့သမဂ္ဂနဲ့ ခွပ်ဒေါင်းအလံ
ဒေါင်းပျို အဖန်ဖန်ထိုးစွပ် လွတ်ကြောင်းကြံ
သမိုင်းစာမျက်နှာကိုပြန်လှန်ကြည့်ရင်
ကံ့ကော် ရင်ပြင်နီ
သွေးနဲ့ သစ္စာတည်ခဲ့ပေါ့။
မော်ကွန်းနီ
သီလာတက္က
ခြင်္သေ့တံခါးဝရဲ့
အဓိပတိလမ်းဘေးကပ်လျှက်
ဗိုလ်အောင်ကျော်အုပ်ဂူဟိုမှာဘက်
သမဂ္ဂမျက်ခင်းပြင်မှာ
ဇူလိုင် ၇ ရက် သွေးစက်တွေ
ရာဇဝင်အစဉ်အဆက် မပျောက်ပျက်
သမဂ္ဂကိုဖြိုဖျက်ပစ်လည်း
ခွပ်ဒေါင်းသွေးသစ် တဝေဝေနဲ့
မကြေ
မကြွေ
မသေ
အိုးဝေဥဒါန်း ကျူးရင့်မြဲ။ ။
(ဇူလိုင် ၇ ရက် အရေးတော်ပုံမှာ ကျဆုံးသွားကျတဲ့ နောင်တော်ကျောင်းသားများသို့ ဤကဗျာဖြင့် ဦးညွှတ်အလေးပြုပါသည်)
ဖက်ဆစ်သံခွာ
အမျိုးသားလွတ်မြောက်ရေးရာဇဝင်
စစ်အာဏာရှင်လက်အောက်
ရဲရဲတောက်ခဲ့သမဂ္ဂနဲ့ ခွပ်ဒေါင်းအလံ
ဒေါင်းပျို အဖန်ဖန်ထိုးစွပ် လွတ်ကြောင်းကြံ
သမိုင်းစာမျက်နှာကိုပြန်လှန်ကြည့်ရင်
ကံ့ကော် ရင်ပြင်နီ
သွေးနဲ့ သစ္စာတည်ခဲ့ပေါ့။
မော်ကွန်းနီ
သီလာတက္က
ခြင်္သေ့တံခါးဝရဲ့
အဓိပတိလမ်းဘေးကပ်လျှက်
ဗိုလ်အောင်ကျော်အုပ်ဂူဟိုမှာဘက်
သမဂ္ဂမျက်ခင်းပြင်မှာ
ဇူလိုင် ၇ ရက် သွေးစက်တွေ
ရာဇဝင်အစဉ်အဆက် မပျောက်ပျက်
သမဂ္ဂကိုဖြိုဖျက်ပစ်လည်း
ခွပ်ဒေါင်းသွေးသစ် တဝေဝေနဲ့
မကြေ
မကြွေ
မသေ
အိုးဝေဥဒါန်း ကျူးရင့်မြဲ။ ။
(ဇူလိုင် ၇ ရက် အရေးတော်ပုံမှာ ကျဆုံးသွားကျတဲ့ နောင်တော်ကျောင်းသားများသို့ ဤကဗျာဖြင့် ဦးညွှတ်အလေးပြုပါသည်)
0 comments:
Post a Comment