မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ကရင်နှင့် ရခိုင်တော်လှန်ရေးသမား ၃၄ဦးကို KNU ဂုဏ်ပြုခဲ့

ဇွန်လ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ထောင်များအတွင်း ၁၃နှစ်ကြာ ထိန်းသိမ်းခံရပြီး ယခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄အား ကရင်အမျိုးသားအစည်းအရုံး(KNU)က ဇွန်လ ၉ရက်နေ့၌ နယူးဒေလီမြို့တွင် သွားရောက်ဂုဏ်ပြုခဲ့ သည်။
အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဦးစီးကျင်းပခဲ့သည့် အဆိုပါဂုဏ်ပြုပွဲကို နယူးဒေလီမြို့သို့ ကိုယ်တိုင်သွား ရောက်ခဲ့သည့် KNU ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒိုစောအားတိုးက နှစ်ရှည်ထောင်ဒဏ်ခံရပြီး အနစ်နာခံဘ၀မှ ယခုလို ပြန်လည်လွတ်မြောက်လာသည့်အပေါ် KNU အနေဖြင့် အားပေးဂုဏ်ပြုရခြင်းဖြစ်ကြောင်း ကေအိုင်စီကို ပြောသည်။
“အဓိက ရည်ရွယ်ချက်က သူတို့ရဲ့ အပင်ပန်းခံ၊ အနစ်ခံမှုတွေကို အသိအမှတ်ပြုတယ်ဆိုတာပါ။ ဒီလိုအားပေးတော့ သူတို့လည်း အရမ်း အားရကျေနပ်တာကို တွေ့ရတယ်။ တချို့ အဲဒီ ကရင်ရဲဘော်တွေကဆိုရင် ကျနော်တို့ ပြန်လို့မရသေးတာကို သိပေမဲ့ ဖြစ် နိုင်ရင် အဖူး(ပဒိုစောအားတိုး)ရဲ့ သေတ္တာအိတ်ထဲကို ၀င်ပုန်းပြီး ပြန်လိုက်ချင်တယ်လို့ ပြောတယ်။”ဟု ပြောသည်။
ဆက်လက်၍ သူက “သူတို့ဟာ UNHCR ရဲ့စောင့်ရှောက်မှုနဲ့ အိန္ဒိယနိုင်ငံမှာ ၁နှစ်လောက် နေရအုံးမယ်။ အဲဒါပြီးရင် သူတို့ကို ကျနော်တို့ ပြန်ခေါ်လို့ရပြီလို့ မျှော်လင့်တယ်။ သူတို့ကတော့ အမျိုးသားရေးနဲ့ ပတ်သက်လို့ နိုးကြားမှု ရှိနေတုန်းပဲ။ မိခင်အဖွဲ့အ စည်းဆီကို ပြန်လာပြီး တော်လှန်ရေးဆက်လက်လုပ်အုံးမယ်လို့ သူတို့က ပြောတယ်။”ဟု ရှင်းပြသည်။
ပြန်လည်လွတ်မြောက်လာသူ ၄၃ဦးထဲတွင် ၁၀ဦးသည် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ကျန် ၂၄ဦးမှာ ရခိုင်အမျိုးသားညီညွှတ်ရေးပါတီ-NUPA တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
၎င်းတို့အနက် ကျန်ရှိနေသည့် ကရင်ရဲဘော် ၁ဦးနှင့် ရခိုင်ရဲဘော် ၂ဦးမှာ အမှုဆက်လက်ခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ ၉ရက်နေ့က ပြန် လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုအမှုကို လိုက်လံဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံသားများ ဖွဲ့စည်းတည်ထောင်ထား သော သွေးစည်းညီညွှတ်ရေးကော်မတီ (solidarity Committee for Burma’s Freedom Fighters)က ဆိုသည်။
အဆိုပါ KNU ဂုဏ်ပြုပွဲတွင် အိန္ဒိယနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အကြီးအကဲ မစ်ရှင်အကြီး အကဲ မစ္စစ် Monserrat Feixas Vihe နှင့်အဖွဲ့၊ အိန္ဒိယရှေ့နေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ(NCGUB) နှင့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) အပါအ၀င် ကချင်၊ ချင်းနှင့် ရခိုင် တိုင်းရင်းသားပရိဿတ် စုစုပေါင်း ၂၀၀ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
အိန္ဒိယဥပဒေအရ တရားစီရင်ခြင်းခံရသည့် အကျဉ်းသားများမှာ မြန်မာစစ်အစိုးရကို တော်လှန်နေသည့် ကရင်နှင့် ရခိုင်တော်လှန် ရေးသမားများဖြစ်ကြပြီး လွန်ခဲ့သည့် ၁၉၉၈ခုနှစ်က အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ လန်းဖောလ်ကျွန်းပေါ်တွင် ရေတပ်စခန်းတည်ဆောက်ရန် အိန္ဒိယအစိုးရ စစ်တပ်နှင့် သဘောတူညီမှု ရရှိခဲ့သည်။

(အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကရင်နှင့် ရခိုင်ရဲဘော်များ)
ထိုသဘောတူညီချက်ဖြင့် ၎င်းတို့သည် အိန္ဒိယရေပိုင်နက် လန်းဖောလ်ကျွန်း(Landfall Island)အရောက် ၁၉၉၈ခုနှစ်၊ ဖေဖော်ဝါရီ လ(၁၁)ရက်နေ့တွင် အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို (စီဘီအိုင်)က လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိ မှု၊ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုတို့ဖြင့် တရားစွဲဆိုဖမ်းဆီးခဲ့ကာ အဖွဲ့ခေါင်းဆောင် ဗိုလ်စောထွန်း၊ ပဒိုစောမူးလွယ်၊ ဗိုလ်စောမြင့်၊ ဗိုလ်ရာဇာ၊ ဗိုလ်ရန်နိုင်နှင့် ဗိုလ်လင်းဇံ ခိုင်တို့ကို ပစ်သတ်ခဲ့သည်။
ကျန် ၃၄ဦးအား အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ ပို့ဘလဲယားအကျဉ်းထောင်တွင် စစ်ဆေးမှုမရှိဘဲ ၈နှစ်ကြာ ထိန်းသိမ်းခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် ၂၀၀၆ခုနှစ်တွင် ကလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရကာ တရား စီရင်ခဲ့ပြီး ၂၀၁၀ခုနှစ် ဇူလိုင် ၁၂ရက်နေ့က တစ်ဦးလျှင် ထောင်ဒဏ် ၁နှစ်၊ ၃လ၊ ဒဏ်ငွေ အိန္ဒိယရူပီ ၆,၀၀၀ဖြင့် စီရင်ချက်ချကာ အမှုကို အဆုံးသတ်ခဲ့သည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List