ကမာပုလဲ
တနေ့ပြီး တနေ့
အသက်တွေ ကြီးကြီးလာခဲ့။
တနေ့ပြီး တနေ့
အိုကာ နာကာ သေကာ …
အသက်တွေသာ ကြီးကြီးလာခဲ့။
တနေ့ပြီး တနေ့
ကမ္ဘာပေါ်မှာ…
မုန်တိုင်းတွေ
ငလျင်တွေ
ရေကြီး ရေလျှံမှုတွေ
ဧရာမ မီးတောက်မီးလျှံတွေ
မိုးခေါင်၊ ရေရှား အငတ်ဘေး ဆိုက်ရောက်မှုတွေ
လူ့အသက်ကိုခြွေနေတဲ့ ကူးစက်ရောဂါ ပိုးမွှားတွေ
တဘက်သတ် အနိုင်ကျင့်နေတဲ့
နိုင်ငံရေး၊ စီးပွားရေး စစ်ပွဲကြီးတွေ
အသေခံ ဗုံးပေါက်ကွဲ ခုခံမှုတွေ
တနေ့ပြီး တနေ့ …။
ကမ္ဘာကြီး တည်ရှိနေတဲ့အကြောင်း
လူသားတွေသာ ပြောမပြနိုင်ခဲ့ရင် ………..
ကမ္ဘာကြီးရဲ့ အလှအပတွေအကြောင်း
လူသားတွေသာ မဖန်တီးနိုင်ခဲ့ရင် …………
လူသားတွေ မျိုးဆက်အလိုက် ရှင်သန်နိုင်ဖို့အတွက်
ရင်းမြစ် ကလေးငယ်ကလေးတွေသာ မရှိခဲ့ရင် …
ကလေးငယ်များအတွက်
ကျမ္မာရေး၊ ပညာရေး၊ လူမှုဘ၀ရပ်တည်ရေး
လွတ်လပ်စွာ ဖွံ့ဖြိုးရှင်သန်နိုင်ခွင့် မရှိခဲ့ရင် ….
မျက်ရည်ဆိုတာ ကရုဏာသက်စရာ အရာမ၀င်တော့
ကလေးငယ်တယောက်ရဲ့ ရယ်မောသံသည်လည်း
ကြည်နူးခံစားသူမဲ့ ပစ္စည်းတခုသာ …..
တနေ့ပြီး တနေ့ …။
တနေ့ပြီး တနေ့
ကိုသီလရဲ့ တရားမ၀င်စာသင်ကျောင်းကလေးမှာ
(သူတပါးနိုင်ငံမှာ ဆိုတော့…)
တနေ့ပြီး တနေ့
ကိုသီလရဲ့ စာသင်ခန်းထဲမှာ
ဗမာပြည်က
မိမဲ့
ဖမဲ့
ဆွေမျိုးညာတကာမဲ့
အပြစ်မဲ့ကလေးငယ်လေးတွေ
တနေ့ပြီး တနေ့ ….
ပိုပို တိုးလို့ တိုးကာ လာနေတယ်။ ။
ကမာပုလဲ
ဧပြီ၊ ၂၀၁၀။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment