နေဟာ တောင်တန်းသို့  အပေါ် နားခိုချိန် ခုခါမှာ သင့်ရဲ့ 
တောက်ပတဲ့ မေတ္တာမီးရုးကို ထွန်းညှိပါဖိ၊ ထွန်းညှိတဲ့ မိုဋ္ဋ်ကို
ဆောင်းပါဖိ။ ငါတို့ ရဲ့ ညနေခင်းစက်ရာပေါ် ပြုံးပါဖိ။
ငါတို့ ရဲ့ ချစ်ခြင်းများအပေါ် ပြုံးပါဖိ။ ကောင်းကင်ရဲ့ ကန့် လန့် ကာ
ပြာပြာများကို သင်ဆွဲလိုက်တော့၊ အချိန်သင့် အိပ်ပျော်ကာ
မျက်လုံးလှလှလေးများ မှိတ်ကုန်ကြတဲ့ ပန်းပွင့် အသီးသီးအပေါ်
သင့် ငွေနှင်းမှုန်ကို ကြဲပါဖိ။ သင့်ရဲ့ အနောက်လေကို အိုင်ပေါ်မှာ
အိပ်ပါစေလေ။ သင့်မျက်လုံးလက်လက်များနဲ့  ငြိမ်ဆိတ်ခြင်းစကားဆိုပါ။
ဆည်းဆာကို ငွေရောင်နဲ့  ဆေးလိုက်ပါ။ မြန်စွာ၊ သိပ်မြန်စွာသင် ဖယ်ခွါတော့တယ်။ အဲဒီခါ ၀ံပုလွေက ဒေါမာန်မာန်ထန်တော့ကာခြင်္သေ့က ညိုမဲမဲ တောအုပ်ထဲ ပြူးကြည့်နေလေတော့တယ်။
ငါတို့ သိုးအုပ်များရဲ့ အမွေးများဟာ သင့်နှင်းရည်မွန်နဲ့ လွှမ်းထားပါတယ်တဲ့၊ သင့်အရှိန်အ၀ါနဲ့ စောင့်ရှောက်လိုက်ပါဖိ။
William Blake (1757-1827) မောင်သာနိုး ဘာသာပြန်
01.07.2011 နေ့ အမှတ်တရအဖြစ် မြတ်နိုးလေးစားတဲ့သူငယ်ချင်းများ
0 comments:
Post a Comment