
အထူး ထုတ်ပြန်ကြေငြာချက်
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်တွင်း မှ မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော သူများအား လှုတ်ရှားမှုများ၊လူထုအား စည်းရုံးပေးနေမှုများ အား တဖက်တလမ်းမှ ပံ့ပိုး ကူညီပေးနေသော အဖွဲ့တခု ဖြစ်သလိုနအဖ စစ်အာဏာရှင် မှ ပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်စော်ကားနေသော အပြုအမူများအား ပြည်သူလူထုတရပ်လုံးသို့ နည်းနာပေါင်းစုံသုံးကာ ချပြစည်းရုံးပေးနေသော အဖွဲ့တခုဖြစ်ပါတယ်။ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့သည် အကြမ်းဖက်သည့် မည်သည့်လုပ်ရပ်ကိုမှ မလုပ်ခဲ့သလို ငြိမ်းချမ်းသော နည်းနာများဖြင့် ဒီမိုကရေစီရရှိသည်အထိ၊စစ်အာဏာရှင် ပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည့် အဖွဲ့တခုပင် ဖြစ်ပေသည်။ ၂၀၀၆ ခုနှစ်မှ စတင်ပြီး မြေသြဇာ အဖွဲ့ဝင် ကျောင်းသားလူငယ်များအား ဖမ်းဆီးနှိပ်စက် အကြမ်းဖက်ခဲ့သည်မှာ ယခု (ကောင်းမြတ်လှိုင်- ထောင်ဒါဏ် ၁၂ နှစ် )တကြိမ်နှင့်ဆို ( ၃၀ ) ယောက်နီးပါး ဖြစ်ခဲ့ပါပြီ။မည်သို့ပင် ဖမ်းဆီး နှိပ်စက် အကြမ်းဖက်ခဲ့ပါစေ မိမိတို့ အဖွဲ့သည် နည်းနာပေါင်းစုံသုံးကာ မြန်မာပြည်ဒီမိုကရေစီ ရရှိသည်အထိ၊စစ်အာဏာရှင် ဘားတိုက်ပြန်ရောက်သည် အထိ တော်လှန်ဖယ်ရှားသွားမည်ဖြစ်ကြောင်း သန်းရွှေ ဦးစီးသော စစ်အာဏာရှင် မတရား အစိုးရအား အသိပေးအပ်ပါသည်။
ထို့ အတူ ကျန်ရှိနေသော ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း၊လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း မိမိ ရဲဘော်များနည်းတူ ဖမ်းဆီးနှိပ်စက်ထောင်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် နှင့် မြန်မာပြည် တိုးတက်ပြောင်းလဲရေးအတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်သည့် လမ်းကြောင်းများသုံးကာ ဖြေရှင်းပေးဖို့ အတွက် လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ တောင်းဆိုလိုက်သည်။
မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
0 comments:
Post a Comment