မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရှမ်းတပ်ဖွဲ့တခုလုံး ပြည်သူ့စစ်ဖြစ်ရေး နအဖ လိုလား

ခိုင်လင်း   /   ၁၂ မေလ ၂၀၁၀ NEJ

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၃)၊ ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) မှ ဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်အချို့က ပြည်သူ့စစ်တပ်ဖွဲ့အသွင်ပြောင်းရေးကို သဘောတူခဲ့သော်လည်း စစ်အစိုးရဘက်က လက်မခံဘဲ တပ်ဖွဲ့တခုလုံး အသွင်ပြောင်းရေးကိုသာ လိုလားနေသည်။

ဧပြီ (၂၂) ရက်နေ့က ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်း၊ ဒု-ဥက္ကဋ္ဌ စပ်ကိုင်ဖ ဦးဆောင်သည့် ခေါင်းဆောင်အချို့က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တွင် ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူကြောင်း ပြောဆိုပြီးသော်လည်း တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့်အဖွဲ့က လက်မခံသေးသည့်အတွက် နအဖဘက်က အချင်းချင်း စည်းရုံးနားချရန် ပြောဆိုထားသဖြင့် အဖွဲ့အတွင်း အကျပ်အတည်း ဖြစ်နေသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗိုလ်ပန်ဖ လက်မခံရင်လည်း ထားလိုက်၊ လက်ခံတဲ့လူတွေနဲ့ ပြည်သူ့စစ်ဖွဲ့မယ်ဆိုတဲ့ သဘောထား နအဖမှာ မရှိဘူး။ သူတို့က တစုံလုံး ရချင်နေတာ။ ရှမ်းအမျိုးသားတပ်မတော် (အက်စ်အက်စ်အန်အေ) လက်နက်ချတော့ တပ်မဟာတခုချင်း အလိုက် လက်နက်ချပွဲတွေ လုပ်သွားခဲ့တာပဲ။ အခုကိစ္စမှာလည်း စိန်ကျော့ဌာနချုပ်အဖွဲ့က လက်ခံနေရင် စိန်ကျော့ဌာနေ ပြည်သူ့စစ်ဆိုပြီး ဖွဲ့လို့ရနေတာပဲ။ ဗိုလ်ပန်ဖ လက်မခံတာကို သိနေလျက်သားနဲ့ ရမခက တမင်အကျပ်ကိုင်နေတာ။ အခုတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေတာပေါ့” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင်းရှိ စိန်ကျော့တွင် အခြေစိုက်ထားသည့် အက်စ်အက်စ်အေ ဌာနချုပ်ရုံးအဖွဲ့နှင့် ဥက္ကဋ္ဌ ဦးလွယ်မောင်း အပါအဝင် ခေါင်းဆောင်အချို့က ပြည်သူ့စစ်တပ်ဖွဲ့အသွင်ပြောင်းရေးကို သဘောတူခဲ့သော်လည်း ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်ဒေသအခြေစိုက် အက်စ်အက်စ်အေ၊ တပ်မဟာ (၁) အဖွဲ့ကမူ ပြည်သူ့စစ်အသွင်ပြောင်းရေး လက်မခံသေးသဖြင့် နအဖဘက်က အသွင်ပြောင်းပွဲ အခမ်းအနား မပြုလုပ်ပေးသေးကြောင်း ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အခုက ရမခက ပြန်ကျပ်နေတာက ဗိုလ်ပန်ဖတို့ ပါလာအောင်လုပ်ခဲ့ဆိုပြီး ပြောထားတယ်။ လက်မခံတဲ့ သူတွေရဲ့ စာရင်းပေးဆိုပြီး ဖြဲခြောက်နေတယ်။ ဗိုလ်ပန်ဖတို့နဲ့ ပြဿနာတက်အောင် လုပ်နေတာ။ အချင်းချင်း တိုက်ကြအောင် နအဖ ကျပ်ပေးနေတာ။ မုံးကိုးတို့၊ ကိုးကန့်အဖွဲ့တွေမှာ အဖွဲ့တွင်း ပြဿနာတက်တော့ ဝင်တိုက်သလိုမျိုး ကြားကနေ အချောင်ဝင်သိမ်းဖို့ လုပ်ချင်တာ။ ဒါကို ရှမ်းကလည်း သဘောပေါက်တယ်” ဟု ပြောသည်။

ရှမ်းပြည်တပ်မတော်အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်တွင် လားရှိုးမြို့၌ စစ်အစိုးရနှင့် အပစ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ပြီး ပြည်သူ့စစ်အသွင်ပြောင်းရန် နအဖဘက်က ပြီးခဲ့သည့် ဧပြီလကတည်းက ဖိအားပေး ပြောဆိုနေခဲ့သည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List