မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ


10 May 2010 VOA
               

DASSK Campbell
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell တွေ့ဆုံနေစဉ် (ဓာတ်ပုံ - အေပီ မေ (၁၀ ရက်၊ ၂၀၁၀)
စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် အကြီးတန်း သံတမန်တဦးနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့က အစိုးရဧည့်ဂေဟာတခုမှာ တွေ့ဆုံခဲ့ကြတာပါ။ ဆွေးနွေးမှု အသေးစိတ်တွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။ မနေ့တုန်းက မြန်မာနိုင်ငံကို ခရီးရောက်မဆိုက်ဆိုသလိုပဲ အမေရိကန်ကိုယ်စားလှယ်က အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက အဆင့်အမြင့်ဆုံး အစိုးရ တာဝန်ရှိသူတဦးအဖြစ်နဲ့ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Campbell ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သွားရောက်ခဲ့ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် ခရီးစဉ်ပါ။ ဒီကနေ့မှာပဲ အဓိက နိုင်ငံရေးပါတီကြီးတခုအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် တခြားနိုင်ငံရေးပါတီတွေ က ကိုယ်စားလှယ်တချို့နဲ့လည်း အမေရိကန်ကိုယ်စားလှယ် တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံကိုမသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတုန်းကတော့ ဒီနှစ်ထဲကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ စစ်အစိုးရက ဖန်တီးထားတဲ့ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ ပတ်သက်လို့ စိတ်မသက်မသာ ဖြစ်ရတဲ့အကြောင်း ၀န်ကြီး Campbell ကပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် အမေရိကန် အထက်လွှတ်တော်က ပြစ်တင် ရှုတ်ချလိုက်သလို ရွေးကောက်ပွဲဟာ တရားမျှတမှုရှိပြီး အများက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိဖို့ ဆုံးဖြတ်ချက် တရပ်ကိုလည်း ချမှတ်ခဲ့တာပါ။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ အစီအမံတွေကို လက်မခံနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အပါအ၀င် နိုင်ငံရေး ပါတီကြီး တချို့ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List