မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

SNDP ဥက္ကဌ သစ်၏ နိုင်ငံရေးမျှော်မှန်းချက်များ

SNDP ဥက္ကဌ သစ်၏ နိုင်ငံရေးမျှော်မှန်းချက်များ

E-mail Print

(SNDP သျှမ်းနိုင်ငံရေးပါတီသစ် ဥက္ကဌ ဦးစိုင်းအိုက်ပေါဝ်း နှင့် ဆက်သွယ်မေးမြန်း)

အခုလ ၈ ရက်နေ့က သျှမ်းနိုင်ငံရေးပါတီသစ်မှတ်ပုံတင်တယ်လို့ကြားရတယ်ခင်ဗျ။ အခြေအနေဘယ်လိုရှိလဲပြောပြပေး ပါဦး၊

“ဟုတ်ပါတယ်။ ၈ ရက်နေ့က မှတ်ပုံတင်ပါတယ်။ နာမည်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလို့ အမည် ပေးထား တယ်ခင်ဗျ။ လက်ခံ/မခံ သင်္ကြန် ရုံးပိတ်ရက် နောက်ပိုင်း အကြောင်ြး ပန်မယ်ပြောထားပေမယ့် အခုထိတော့ဘာမှ အကြောင်း မပြန်သေးပါဘူး။ သူတို့အကြောင်းပြန်လာရင်တော့ ကျနော်နဲ့ စိုင်းဆောင်ဆီနဲ့ လက်မှတ်သွားထိုးရမှာပေါ့။”

ပါတီမှာ စီအီးစီဘယ်နှစ်ယောက်၊ ဘယ်သူတွေပါဝင်ပြီး - ရွေးကောက်ပွဲမှာ ဘယ်လောက်ထိ ၀င်ရောက်ယှဉ်ပြိုင်ဖို့လျာထား ပါ သလဲခင်ဗျ။

အစိုးရက အဖွဲ့ဝင် ၁၅ ယောက်ရှိရမယ်လို့သတ်မှတ်ထားတဲ့အတိုင်း ကျနော်တို့ပါတီမှာ အီးစီ ၁၅ ယောက်ရွေးထားပါ တယ်။ ဥက္ကဌက ကျနော့်ကိုရွေးချယ်ထားတယ်။ ဒုဥက္ကဌက စိုင်းဆောင်ဆီပေါ့၊ သျှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊အရှေ့ ပိုင်းအပါအ၀င် သျှမ်းလူမျိုးတွေ အများစုနေထိုင်တဲ့ ကချင်ပြည်၊ ကယားပြည်၊ မန္တလေး၊ ရန် ကုန်၊ ပဲခူးတို့ ရှမ်း တိုင်းရင်းသား တွေနေထိုင်တဲ့မြို့နယ်တွေမှာလဲ မဲဆွယ်စည်းရုံးဖို့၊ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ် ထားပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးလဲပါတာပေါ့။ သျှမ်းပြည်မှာဆိုရင် တခြားလူမျိုးစုတွေထက် သျှမ်းလူဦးရေ များပြားတဲ့ မြို့နယ် ၄၀  မှာဝင်ပြိုင်ဖို့ ကျနော်တို့စီစဉ်ထားပါတယ်။ (ကျန်သည့် ၁၅ မြို့နယ်မှာ ‘၀’ ၆ မြို့နယ်၊ ပအိုဝ်း ၃ မြို့နယ်၊ ဓနု ၂ မြို့နယ်၊ ပလောင် (တအာန်း) ၂ မြို့နယ်၊ ကိုးကန့် ၂ မြို့နယ်)

ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ပြောပါဦးခင်ဗျ။

ဟုတ်ကဲ့၊ ကျနော်တို့ သျှမ်းပါတီမရှိရင် ကျနော်တို့ သျှမ်းပြည်သားတွေရဲ့ရပိုင်ခွင့်၊ အခွင့်အရေး ဆုံးရှုံးမှာစိုးလို့ ရယ်၊ အဲဒီအခွင့်အရေးတွေ အကာအကွယ်ပေးမယ့်သူ၊ တောင်းဆိုပေးမယ့်သူမရှိမှာစိုးလို့ ဆိုတဲ့ရည်ရွယ်ချက် တွေကြောင့် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။

ပြည်သူတွေအတွက်ကောဘာတွေလုပ်ပေးနိုင်မှာလဲခင်ဗျ။

ပြည်ထောင်စုမှာ တခြားတိုင်း၊ ပြည်နယ်တွေထက်နောက်မကျစေဘဲ ပညာရေး၊ ကျန်းမှာရေး၊ စီးပွါးရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ လမ်းတံတား ဆက်သွယ်ရေးတွေမှာ အစစ အရာရာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး ချင် လို့ဖြစ်ပါ တယ်။ အခုကျနော်တို့သိတဲ့အတိုင်း အာဆီယံနိုင်ငံ တွေထဲမှာကျနော်တို့နိုင်ငံက သူများတွေ လောက်မတိုးတက်ဘူး။ ဆိုတော့ ဖွံ့ဖြိုးတိုးတက်အောင် တတ်နိုင်တဲ့ဘက် က ဆောင်ရွက်ချင်လို့ပါ။

ကျနော်တို့ကို လူထုက မဲထည့်ထောက်ခံပေးရင် ပြည်နယ်လွှတ်တော်မှာ အမတ်နေရာများရင် ပြည်နယ်အစိုးရ ပြည်နယ်ဝန် ကြီးရာထူးနေရာမှာလဲ သျှမ်းထဲကဘဲ ပြန်ဖြစ်မယ်။ လူထုကကျနော်တို့ကိုဆက်လက်ထောက်ခံမယ် မဲထည့်ပေးမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ပါဝါရှဲယားရင်း အကြောင်းပြောနိုင်မယ်။ မြန်မာနိုင်ငံမှာ ဗမာ တိုင်းရင်းသားတွေပြီးရင် ကျနော်တို့ သျှမ်းတွေ လူဦးရေအများဆုံးဖြစ်ပါတယ်။ လူဦးရေများပေမယ့် လွှတ်တော် မှာ သျှမ်းတွေ နေရာအများကြီးမရရင် သျှမ်းပြည် သားများအရေး ဘယ်သူမှ ပြောပေးမှာမဟုတ်ဘူး။ ဘယ်သူမှ ကြိုးစားပေးမှာမဟုတ်ဘူး။ ဆိုတော့သျှမ်းပြည်သား တွေ သျှမ်းလူထုတွေ ကျနော်တို့ကိုမဲပေးရင် ကျနော်တို့ လွှတ်တော်မှာနေရာအများကြီးရရင် သျှမ်းပြည်အတွက်အခွင့်အရေးတွေ ပြောနိုင်ရင် အကျိုးအမြတ်ဘဲမဟုတ်လား။

SNLD နဲ့ အခုကနေ့ပါတီက ဘယ်လိုကွာလဲခင်ဗျ၊

အဲ့တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးဘူး။  ရမ်းတမ်းမှန်းတမ်းနဲ့ လုပ်ရတယ်။ အခုကျတော့ ဖွဲ့စည်းပုံရှိပြီ ဆိုတော့ ဖွဲ့စည်းပုံမှာပါတာတွေကို အခွင့်အရေးယူတတ်ရမယ်။ ပြည်နယ်ကိုယ်စားလှယ်ဟာ သျှမ်းရကိုရ ရမယ်။ ပြည်နယ် လွှတ်တော် ကို တမြို့နယ် ၂ ယောက်တက်နိုင်ရမယ်။ အရင်ကသျှမ်းပြည်မှာ ၅၂ မြို့နယ်ရှိတယ်။ အခု သူတို့က ၅၅ မြို့ နယ်သတ်မှတ်လိုက်တယ်။  တမြို့နယ် ၂ ယောက်တက် နိုင်ရင် ၁၁၀ ရှိမယ်။ အဲလောက်ထိ မရတောင်မှာ ၆၀ လောက်ရ ရင် ပြည်နယ်ဝန်ကြီနေရာ သျှမ်းရတယ်ဆိုရင် ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်။ ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆို နိုင်တယ်။ ပြည်နယ်လွှတ်တော်တင် မက ပြည်သူ့လွှတ် တော်မှာ ၃၀ မြို့နယ် လောက်အနိုင်ရရင်လဲ ကောင်းတယ်။ ဘာလို့လဲဆိုတော့ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတ ကိုမဲပေးရမယ်လေ။ ပြည်သူ့လွှတ်တော်ကလူ၊ အမျိုးသားလွှတ်တော်က သမ္မတကိုမဲပေးရွေးချယ်ရမယ်ဆိုတော့ သမ္မတဖြစ်ချင်တဲ့လူဟာ လွှတ်တော်ရောက်သွားတဲ့ လူတွေကို လာစည်းရုံးရတော့မယ်။ အဲ့အချိန်မှာ လွှတ်တော် မှာ ကျနော်တို့သျှမ်းရှိနေရင် ကျနော်တို့ သျှမ်းပြည်အတွက် ဘာမဆိုတောင်းဆိုလို့ရတယ်။ ကျနော်တို့လွှတ်တော် မှာမရှိနေရင် ဘာမှာမတောင်းဆိုနိုင်ဘူး။

နောက်ဆုံးအနေနဲ့ ဘာပြောကြားလိုပါသလဲခင်ဗျ။

ကျနော်တို့ဟာ သျှမ်းပြည်သားတွေအတွက် အခွင့်အရေးတွေ ရအောင်ယူပေးချင်လို့ အခုလိုကြိုးစားနေတာပါ။ ကျနော်တို့ ကို သျှမ်းပြည်သားတွေက မဲပေးထောက်ခံကြလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ကျနော်တို့ သျှမ်း ပြည်သားတွေဟာ သူများတွေနောက်လိုက်မမှီပါသေးဘူး။  ကျနော်တို့ သျှမ်းပြည်ကြီး တခြားတိုင်းနဲ့ပြည်နယ် တွေထက်နောက်မကျအောင်၊ အခြားတိုင်းနဲ့ပြည်နယ်တွေထက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ အခွင့်အရေး၊ သိပံ္ပနဲ့ နည်းပညာ၊ လမ်းပမ်းဆက်သွယ်ရေးတွေဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင် တယ်။ ဒါကြောင့် ကျနော်တို့ကို မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ဟာ ဖွဲ့စည်းပုံပါဥပဒေအတိုင်း ငြိမ်းငြိမ်းချမ်းချမ်းလုပ်သွားမှာ ဖြစ်တယ်။ ဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ မကန့်ကွက်မဆန့်ကျင်ပါဘူး။ မသေခင်အသက်ရှင်စဉ်ကာလလေးမှာ သျှမ်းပြည်သားတွေ အတွက် တတ်နိုင်သလောက်ကြိုးစားပေးချင်တာ လေးတစ်ခုပါ။

ဦးစိုင်းအိုက်ပေါဝ်း အဘ ဦးယီဆော အမိ နန်းခမ်းဆွယ့်တို့မှ ၁၉၄၅ တွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ဖွားမြင်သည်။ ရန်ကုန်မြို့ စိန့်အောကက်စ်စတင်း နှင့် တီတီစီအထက်တန်းကျောင်းတွင် ကျောင်းဆရာလုပ်ခဲ့ဖူးသည်။ ကျောင်းဆရာ အလုပ်မှ ထွက်၍ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ရင်း ၁၉၇၂ - ၇၃ တွင် လုပ်သား ကောလိပ် ဖြင့် ရန်ကုန်တက္ကသိုလ်၌ ဘီအေ ဂျီယော်ဂရပ်ဖှီ ဘွဲ့ရရှိသည်။ ဇနီး၊ သားသမီး ၄ ယောက်နှင့်အတူ ရန်ကုန် မြို့တွင်နေထိုင်လျက်ရှိသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List