မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

၂၀၁၀ ရွေးကောက်ပွဲကြောင့် အမျိုးသားချင်း စိတ်ဝမ်းမကွဲကြစေရန် ENC ဥက္ကဌသစ်ပြောကြား

၂၀၁၀ ရွေးကောက်ပွဲကြောင့် အမျိုးသားချင်း စိတ်ဝမ်းမကွဲကြစေရန် ENC ဥက္ကဌသစ်ပြောကြား

E-mail Print
တိုင်းရင်းသားလူမျိုးများကောင်စီ ENC နှစ်ပတ်လည်အစည်း အဝေးကို ထိုင်းနယ်စပ်တနေရာ၌ ပြီးခဲ့သည့်လနောက်ဆုံး ပတ်က ၅ ရက်ကြာ ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးမှ ဥက္ကဌသစ် စောထူးထူးလေးက - “၂၀၁၀ ရွေးကောက်ပွဲကြောင့် မိမိအမျိုးသားချင်း စိတ်ဝမ်း မကွဲကြဖို့” - ပြောကြားလိုက်ပါသည်။

မတ်ခ်ျ ၂၇ - ၃၁ ရက်နေ့ထိကျင်းပသည့် တိုင်းရင်းသားလူမျိုးများကောင်စီ ENC နှစ်ပတ်လည်အစည်းအဝေး တွင် ကောင်စီ၏လုပ်ငန်းပိုင်းဆိုင်ရာ အစီရင်ခံတင်ပြခြင်း၊ ဆွေးနွေးဖလှယ်ခြင်း အပြင် နိုင်ငံရေးသုံးသပ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ/၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာဝေဖန်သုံးသပ်ခြင်း/ဆုံးဖြတ်ချက်ချခြင်းဖြင့် သဘောထားထုတ်ပြန် ချက် တစ်စောင်ကိုလည်း မတ်လကုန်က ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ENC က - ၀င်သင့်ဝင်ထိုက်သည်ဟု ယုံကြည်သူနှင့် ကြောက်၍/မလွှဲ သာ၍၀ င်သည့်သူ ဟု နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်ဟု ဆိုပါသည်။

“အဲဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲဝင်မယ့်သူတွေကို ဆန့်ကျင်သူတွေအကြား ပြဿနာ မရှိပါစေနဲ့၊ ပြဿနာရှိလာခဲ့ရင် မိမိအမျိုးသားအချင်းချင်းဘဲ စိတ်ဝမ်းကွဲမယ်၊ အဲလိုဆိုရင် နအဖ အကွက်ပိုဝင် သွားတယ်” - ဟု ENC ဥက္ကဌသစ် ဖြစ်လာသူစောထူးထူးလေးက ပြောပါသည်။

ထို့အတူမတ်ခ်ျ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်တွင်လည်း “၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီများအနေနှင့်- ၂၀၁၀ ရွေးကောက်ပွဲသည် နအဖ လမ်းပြမြေပုံကို တစိတ်တပိုင်း အကောင်အထည် ဖေါ်ခြင်း သာဖြစ်သဖြင့် ယင်းကိုဆက်လက် ဆန့်ကျင်ကန့်ကွက်သွားရန် ညီလာခံကသုံးသပ်သည်” ဟု ဆိုထား ပါသည်။

ENC နှစ်ပတ်လည်အစည်းအဝေးတက်ရောက်ရသည့် သျှမ်းခေါင်းဆောင်တဦးက - “၀င်သင့်ဝင်ထိုက်တဲ့သူတွေ က - (၁) ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိက ထိုင်ခုံအားလုံး နအဖ အမတ်တွေဘဲ ရရှိသွားမယ်လို့ ပါတီထောင် ပြီး ရွေးကောက် ပွဲမယ့် ဦးရွှေအုံးကပြောတယ်။ (၂)မဆလ ပါတီဝင်ဟောင်း တိုင်းရင်းသား ခေါင်းဆောင်နောက် တဦးက စစ်အစိုးရက အခု တံခါးအပေါက်ကိုနည်းနည်းလေးဟပေးတယ်၊ ထိုင်ခုံတနေရာစာရလဲ ၀င်ထိုင်ရမှာဘဲ၊ နောက်ပိုင်းမှ တံခါးပေါက်တခုလုံး တွန်းဟနိုင်မှာ၊ (၃) တော်လှန်ရေးသမားဟောင်းတဦးက နှစ်ပေါင်း ၅၀ ကျော် ဒို့တွေ အပြင်စည်းကနေ တော်လှန်ခဲ့လို့ မအောင်မြင်ခဲ့ဘူး၊ အခုအတွင်းစည်းဝင်ဘို့ လိုလာပြီလို့ပြော တယ်” - ဟုသျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြောပြပါသည်။

မလွဲသာ၍/ကြောက်၍ ရွေးကောက်ပွဲဝင်ရမည့်သူများမှာ - ကြီးပွားချမ်းသာသူ အေးချမ်းစွာနေလိုသူ နအဖ အခွင့်အရေး ပေးထားသူများဖြစ်၏။ နအဖ အလိုမရှိပါက SNLD ခေါင်းဆောင်ခွန်ထွန်းဦးကဲ့သို့ အကြောင်းရှာခံ ရပြီး ပိုင်ဆိုင်သမျှ ၀မ်းစာရေးလုပ်ငန်းများအားလုံး ရုပ်သိမ်းခံရမည်။ လူကိုယ်တိုင်လည်း အကျဉ်းအကျပ်ရောက် နိုင်သည်။ အဆိုပါ အခက်အခဲများကြောင့် ၀င်ကြသူများဖြစ်သည် - ဟု ဥပမာပေး၏။

ယခုကျင်းပပြီးစီးသွားသည့် ပÌမအကြိမ်မြောက် ENC ညီလာခံတွင် ပြည်နယ်များက လာသည့် တိုင်းရင်းသား ကိုယ်စား လှယ် ၃၅ ယောက်တက်ရောက်သည်။ ENC ကို တိုင်းရင်းသားလူမျိုးများ သွေးစည်းရေးနှင့်ပူးတွဲ လုပ်ဆောင်ရေး ကော်မတီ ENSCC အဖြစ် ၂၀၀၁ သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ တွင် ပြည်နည်အခြေခံသော ENCအဖြစ်ပြင်ဆင်ဖွဲ့ စည်းခဲ့ပါသည်။

၀၀၂ - ENC

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List