မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

“သက်နုဆောင်း”

“သက်နုဆောင်း”


ဟောဒီဆောင်းကို…
လာခြင်းကောင်းစေချင်တယ်။

တောင်စွယ်မှာနေမကွယ်တတ်သေးဘူး
ဟိုးဝေးဝေးက တောင်ကြောဟာ
ပဉ္စလက်ပညာရှင်တယောက်
ယမ်းနံ့နဲ့အပုပ်နံ့တွေကိုဖျောက်ထားတတ်ရဲ့
အပြစ်မဲ့သူတွေ။

ခြွေလည်းခြွေ ကြွေလည်းကြွေ
တနေ့ဝေလည်းဝေ ရမှာပဲဆိုပြီး
ခရီးကမဆုံးနိုင်သေး
သွေးအေးသတ္တ၀ါဖြစ်သွားကြရှာသူတွေ
ရေခဲပြင်လျှောစီးနေကြ။

မြစ်က ပင်လယ်ဒီရေအတက်ကိုစောင့်တာလား
ပင်လယ်ကမြစ်ရဲ့စီးဆင်းပေါင်းဝင်မှုကိုစောင့်တာလား
အသံတို့ တိုးရှဲသွား
စကားကို ပပလွှားလွှားပြောတတ်သူတို့က
ည ကိုအလိုက်သင့်သောက်ချနေကြ၊
ငါ့မှာသာ …
တခါမှအေးမြခွင့်မရတဲ့ ရင်ဘတ်ကို
ပီပီပြင်ပြင်ဆောင်းထဲစိုက်ပျိုး

ကိုယ့်ခေါင်းလောင်းကို ကိုယ်ထိုးပစ်လိုက်ချင်ရဲ့။ ။

စိုးနေလင်း

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List