မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

နိုင်ငံရေးအကျဉ်းသမားများ အစာငတ်ခံဆန္ဒပြ







နိုင်ငံရေးအကျဉ်းသမားများ အစာငတ်ခံဆန္ဒပြ
စိုးမိုး/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ NEJ



အင်းစိန်ထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသမားများသည် ထောင်တွင်းအခွင့်အရေးများ တိုးမြှင့်ရရှိရန် တောင်းဆိုချက်များကို ယခုလ (၂၂) ရက်နေ့မှစပြီး အစာငတ်ခံဆန္ဒပြ တောင်းဆိုနေကြကြောင်း သိရသည်။

ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်၊ ထောင်တွင်း၌ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ စာပေလေ့လာဖတ်ရှုခွင့်၊ စာရွက်နှင့် ဘောပင် အသုံးပြုခွင့် စသည့်အခွင့်အရေးများကို ပေးရန် နိုင်ငံရေးအကျဉ်းသားများက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က တောင်းဆိုထားသော်လည်း ထောင်အာဏာပိုင်များက မလိုက်လျောသဖြင့် အစာငတ်ခံ ဆန္ဒပြနေကြခြင်းဖြစ်သည်။

“ဦးညီပု အပါအ၀င် (၅) ဦးက စပြီးဆန္ဒပြတယ်။ မနေ့ကတော့ သံဃာ (၁) ပါး ပါလာတယ်။ ဒီနေ့တော့ ရခိုင်အမျိုးသား ဦးညီပုနဲ့ ကိုအောင်နိုင်ကို စစ်ခွေးတိုက်ပို့လိုက်တယ်။ ဆန္ဒပြသူတွေကို အခု လူခွဲထားတယ်” ဟု အင်းစိန်ထောင် အသိုင်းအ၀ိုင်းမှ သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက လေဖြတ်ဝေဒနာ ခံစားဖူးပြီး ယခု အစာငတ်ခံဆန္ဒပြနေခြင်းကြောင့် သူ့ကျန်းမာရေး အတွက် စိုးရိမ်မိကြောင်း ဦးညီပုနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးညီပု မိသားစုက ရခိုင်မှာ။ မိသားစုက စီးပွားရေးလည်း မကောင်းဘူး။ ပြီးတော့ ရခိုင်ကနေ ရန်ကုန်ကိုလာပြီး ထောင်ဝင်စာ မှန်မှန်မတွေ့နိုင်ဘူး။ အဓိက သူ့ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်” ဟု အဆိုပါနီးစပ်သူတဦးက ပြောသည်။

အန်အယ်လ်ဒီ ဂွမြို့နယ် လွှတ်တော်အမတ် ဦးညီပု၊ ရခိုင်ကျောင်းသားများလူငယ်မှ ကိုအောင်နိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၅) ဦးက အကျဉ်းသားအားလုံးအတွက် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ပြီး ယမန်နေ့တွင် သံဃာတော် ဦးဝိလာသလည်း အဆိုပါဆန္ဒပြမှုကို ပူးပေါင်းပါဝင်လာကြောင်း သိရသည်။

ဦးညီပုသည် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ၂၀၀၂ ခုနှစ်အတွင်း စာရေးသား ပေးပို့ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် (၁၅) နှစ် ကျခံနေရသူဖြစ်သည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List