မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဦးဃောသိတကို ထောင်ဒဏ် (၇) နှစ်ချမှတ်

ဦးဃောသိတကို ထောင်ဒဏ် (၇) နှစ်ချမှတ်
Thursday, 18 February 2010 11:26 ဖြိုးကြီး
ရိုးမ၃
နာဂစ်မုန်တိုင်း ကူညီရေးလုပ်ငန်းများတွင် အဓိကပါဝင်ကူညီခဲ့သည့် ဦးဃောသိတကို အင်းစိန်ထောင်တွင်း တရားရုံးက ပုဒ်မ ၃ ခုဖြင့် ယမန်နေ့က ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ရန်ကုန်မြို့၊ ငါးထပ်ကြီးကျောင်းမှ ဦးဃောသိတ(ခ) ဟန်မြင့်အား နိုင်ငံခြားငွေလက်ဝယ်ထားရှိမှု၊ တရားမဝင် သင်းပင်းဖွဲ့စည်းမှုနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့်ပုဒ်မတို့ဖြင့် ထောင်ဒဏ် (၇) နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“သူတို့က လေဆိပ်က ဝင်လာတယ်ဆိုကတည်းက တရားဝင် ပတ်စ်ပို့တွေနဲ့လာတာထင်ရှားတယ်၊ ၇ ပါးကို ပြန်လွတ်လိုက်ပြီး တပါးကို တရားစွဲတယ်၊ ထိုင်ဝမ်က ပြန်လာတာ၊ အဲဒါကို တရားစွဲတော့ ပုဒ်မ (၂၄) နိုင်ငံခြား ငွေလက်ဝယ်ထားရှိမှုနဲ့ တရားစွဲတယ်၊ လေဆိပ်ရောက်ပြီး နောက်နေ့မှာ နိုင်ငံခြားငွေ လဲလှယ်ရေးမှာ သူ့က လဲခွင့်မရလိုက်ဘူး၊ နောက်တခု သင်းဖွဲ့ပုဒ်မ (၇) ၊ နောက် ၁၃/၁ ဆိုတာက တရားမဝင် ဝင်လာသူကိုဘဲ စွဲလို့ရတဲ့ ပုဒ်မတွေနဲ့ အမိန့်ချလိုက်တာ” ဟု ပြောသည်။

ဦးဃောသိတ အပါအဝင် သံဃာတော် ၈ ပါးကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ကျန်သံဃာတော် ၇ ပါးကို ပြန်လွှတ်ပြီးနောက် ၎င်းတပါးတည်းအား ယခုကဲ့သို့ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဦးဃောသိတအား ချမှတ်လိုက်သည့် ပုဒ်မများမှာ ခိုင်လုံမှုမရှိသည်ကို တွေ့ရကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆက်ပြောသည်။

“သူနဲ့အတူ ပါသွားတဲ့ထဲက တပါးက သက်သေလာထွက်တယ် သူ့မှာလည်း နိုင်ငံခြားငွေပါလာတယ် အဲဒါဘဏ်မှာ သွားလဲတာ လဲခွင့်ရလိုက်တယ်၊ သူ့ကျတော့မရဘူး၊ နောက်တခုက သင်းပင်းဖွဲ့တယ်ဆိုတာကလည်း ဘာသက်သေမှ မယ်မယ်ရရ မရှိဘူး၊ ၁၃/၁ ဆိုတာကလည်း သူကတရားဝင်ပြန်ဝင်လာတာ ဘာကြောင့်အဲဒါနဲ့စွဲတယ်ဆိုတာ မသိရဘူး ဆိုတာတွေ ဒီအမှုမှာ ပေါ်ပေါက်တယ်” ဟု ပြောသည်။

ထို့အပြင် ဦးဃောသိတကို ဖမ်းဆီးသည့်အချိန်မှစ၍ ပြစ်ဒဏ်ချမှတ်သည့်အချိန်ထိ ချုပ်ရက်ခံစားခွင့်များ ဆုံးရှုံးခဲ့ကြောင်း ရှေ့နေကြီးက ဆက်ပြောသည်။

“သူ့ကို တရားစစွဲတာက ၁၅၊ ၁၂၊ ၂၀၀၉ မှာ ရမာန်ယူတယ်၊ အဲဒီနေ့ကစပြီး ပြစ်ဒဏ်ချတဲ့အထိဘဲ ချုပ်ရက် ခံစားခွင့်ရတယ်၊ အဲဒါဆိုတော့ စတင်ဖမ်းဆီးခံရကတည်းကဆိုရင် လေးလလောက် ချုပ်ရက်တွေ နစ်နာဆုံးရှုံးခံရတယ်” ဟု ပြောသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List