မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ထောင်အကြောက်တရား မဟောရန် ဦးဝင်းတင် ပြော

ထောင်အကြောက်တရား မဟောရန် ဦးဝင်းတင် ပြော Print E-mail
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 27 ရက် 2009 ခုနှစ် 18 နာရီ 33 မိနစ်


နယူးဒေလီ(မဇ္ဈိမ)။ ။ ထောင်အကြောက်တရား မဟောကြားရန် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယနေ့ ပြောကြား လိုက်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် လူဦးရေ ၂၀၀ ကျော်က သတင်းစာဆရာ ဦးဝင်းတင်ကို ကြည်ညိုလေးစားသောအားဖြင့် မြန်မာ့ရိုးရာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တွင် ကျင်းပစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တချို့လူတွေက ထောင်ကြောက်ရမယ်ဆိုတဲ့ တရားတွေ ဟောနေကြတယ်။ နားမယောင်ပါနဲ့၊ နားမထောင်ပါနဲ့။ အဲဒီလို ပြောခြင်းက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကအစ အကုန်လုံးကို စော်ကားသလို ဖြစ်နေတယ်။ အဲဒီလို စကားတွေ လက်မခံပါနဲ့။ ထောင်ကို ရှောင်ရင် ရှောင်ပါ၊ ထောင်ကြောက်တဲ့ တရားကို ကိုယ်လည်း မဟောနဲ့၊ ကိုယ့်ကို ပြောရင်လည်း လက်မခံပါနဲ့” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောပြသည်။

လက်ရှိတွင် မြန်မာပြည်ရှိ ပညာသင်ရေး၊ သက်မွေးဝမ်းကြောင်း၊ လုပ်ငန်းကိုင်ငန်း၊ လယ်ထွန်စိုက်ပျိုးရေး အပါအဝင် နယ်ပယ်စုံတွင် ထောင်နံရံများကဲ့သို့ ပိုင်းခြားခံထားရသဖြင့် တပြည်လုံး အကျဉ်းကျနေကြောင်း အန်အယ်ဒီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်က ပြောသည်။

သက်ကြီးပူဇော်ပွဲသို့ အကျဉ်းကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ဗကသ ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းနှင့် အန်အယ်ဒီ ပါတီဝင်များ၏ မိသားစုဝင်များအပြင် လက်ရှိ တက္ကသိုလ် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့သည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကျော် အကျဉ်းကျခံရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။ သို့သော် ထောင်ပြင်ပတွင်လည်း လွတ်မြောက်ခြင်း မရှိသည့် အထိမ်းအမှတ်အဖြစ် ထောင်အင်္ကျီအရောင်ဖြစ်သည့် အပြာရောင်အင်္ကျီကိုပင် တစိုက်မတ်မတ် ဝတ်ဆင်လာခဲ့သည်။

ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဦးဝင်းတင်က ''အခုလို အချင်းချင်းပေါင်းစည်းပြီး စည်းရုံးညီညွတ်မှု၊ သွေးစည်းညီညွတ်မှု ပိုမိုကောင်းမွန်လာတဲ့အပြင်၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ ကန်တော့ပွဲဖြစ်သလို၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ဂါရဝပြုတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၇၀ ခန့် ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP (B) အရ သိရသည်။

ယနေ့ ကျင်းပသည့် ဂါရဝပြု ပူဇော်ပွဲတွင် ဆရာကြီးက လွတ်လပ်သော အာရှအသံ RFA တွင် ထုတ်လွှင့်သည့် စာရေးဆရာမ နှင်းပန်းအိမ်၏ 'အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်' ဆောင်းပါးကို ရည်ညွှန်းကာ မြန်မာပြည်သည် သူရဲကောင်းတို့ တိုင်းပြည်ဖြစ်ကြောင်း ပြောသွားသည်။

ထို့အပြင် ဗကသ ခေါင်းဆောင်ဟောင်းနှင့် အကျဉ်းသားဟောင်း ကိုအောင်ဒင် ရေးခဲ့သလို 'သူရဲကောင်းတို့ရဲ့ ခြေအစုံကနေ မြူတမှုန် ကျန်ရစ်ရင်တောင် အောင်မြေဖြစ်တယ်' ဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အကျဉ်းကျခံ ဘဝကို စိတ်ဓာတ်မကျဘဲ ရပ်တည်ချက် အခိုင်အမာဖြင့် ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းသွားသည်။

မြန်မာ နဲ့ အီရန် က လူထုလှုပ်ရှားမှု

မြန်မာ နဲ့ အီရန် က လူထုလှုပ်ရှားမှု

21 October 2009 VOA

အီရန်နိုင်ငံမှာ ဒီနှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း လူထုလှုပ်ရှားမှုဟာ မြန်မာပြည်မှာ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွါးခဲ့တဲ့ သံဃာ့လှုပ်ရှားမှုကို အမှတ်ရစေပါတယ်။ အကြောင်းကတော့ ဆန္ဒပြသူတွေထဲက သတင်းမီဒီယာ စိတ်ဝင်စားသူတွေဟာ သူတို့ရဲ့  အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဓါတ်ပုံတွေ ဗွီဒီယိုတွေနဲ့ ကမ္ဘာသိအောင် ကြိုးစားခဲ့ကြပါတယ်။ ဘယ်လို တူညီတဲ့ချက်တွေ ရှိတဲ့အကြောင်း ကိုရန်နိုင်က ရှင်းလင်းတင်ပြပေးထားပါတယ်။

Burmese Version



English Version





နိုင်ငံတကာ သျှမ်း ရိုးရာယဉ်ကျေးမှုပြပွဲ နဲ့ နှီးနှောဖလှယ်ပွဲ

နိုင်ငံတကာ သျှမ်း ရိုးရာယဉ်ကျေးမှုပြပွဲ နဲ့ နှီးနှောဖလှယ်ပွဲ
19 October 2009 VOA

သျှမ်းတိုင်းရင်းသားတွေရဲ့  ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို သျှမ်းတိုင်းရင်းသားအချင်းချင်းကြားမှာ နဲ့ အများပြည်သူသိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ သျှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြပွဲ နဲ့ နှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ချူလာလောင်ကွန် တက္ကသိုလ် (Chulalongkorn University) ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ ယဉ်ကျေးမှုပြပွဲဟာ ပြည်ပမှာရောက်ရှိနေတဲ့ သျှမ်းတိုင်းရင်းသားအများအပြား တစုတဝေး တွေ့ဆုံနိုင်တဲ့ နှီးနှောဖလှယ်ပွဲကြီးလို့ စီစဉ်သူများက ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဘန်ကောက်မြို့ ရောက်နေ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦး, က တင်ပြထားပါတယ်။





အခြေခံပညာကျောင်းသားများ သမဂ္ဂဖွဲ့စည်းကြောင်းကြေညာချက်

statement1.2009ofbesu

"ကြယ်ကြွေ သတို့သား"


တာရာမင်းဝေရဲ့ ဇာပနမှာ ကိုမင်းကိုနိုင် ရွတ်ဆိုခဲ့တဲ့ "ကြယ်ကြွေ သတို့သား" ကဗျာလေးကို မင်းကိုနိုင်မွေးနေ့ အမှတ်တရ တင်လိုက်ပါတယ်။

ကိုထိုက်



"ကြယ်ကြွေ သတို့သား"


၁။ သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို ရင်သွေးလို မွေးခဲ့တယ်။

၂။ သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမိးလို ထွန်းခဲ့တယ်

၃။ သူငယ်ချင်း
မင်းဟာ
ကိုယ့်အနာကို လျှာနဲ့ပြန်သပ်
ရှင်ပြတတ်ခဲ့ပြီးပြီပဲ။

၎။ သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြားကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး
ကိုယ်ဝတ်စုံ ကိုယ်ချုပ်ခဲ့ရ
ကျကျနန မင်းလှပြခဲ့ပြီးပြီပဲ။

၅။ သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေနေတဲ့
ဟောဒီကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့နေရစ်ခဲ့ဦးမယ်။

၆။ သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

၇။ သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေပြင်ရဲ့ ကြေကွဲခြင်းဓါတ်ပြားမှာ
မင်းကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

၈။ သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်မယ့် တနေ့
ငါတို့ ....။

မင်းကိုနိုင်( ကိုထိုက်blogမှကူးယူဖော်ပြပါသည်။)

အားလုံးတူညီ

လှုပ်ရှားမှု့


ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် မြန်မာပြည်ကြီး အပါအဝင် ကမ္ဘာကြိးတခုလုံးကို ငြိမ်းချမ်းစေချင်ပါတယ်။ ဒိအတွက်ကြောင့် မြန်မာပြည် ငြိမ်းချမ်းစေဖို့ မငြိမ်းချမ်းအောင်လုပ်နေတဲ့ သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင် တစု ပြုတ်ကျပြီး မြန်မာပြည်လူထု ယုံကြည် လေးစားအားကိုးရတဲ့ လူထုခေါင်းဆောင် တဦးဦးကို အမြန်ဆုံးရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ကျနော်တို့ နိုင်တဲ့ဘက်က ဝါရင့်နိုင်ငံရေးခေါင်းဆောင်များ၊အဖွဲ့အစည်းအသီးသီးနှင့် ထိစပ် ဆောင်ရွက်လှုပ်ရှားနေခြင်းဖြစ်ပါတယ်။ အဲဒိလိုပဲ မြန်မာပြည် ငြိမ်းချမ်းစေဖို့ အတွက် ကြိုးစားနေကြသည်။ မိမိတို့ မိသားစု တစုလေး ငြိမ်းချမ်းစေဖို့ အတွက်
ကြိုးစားတာတောင် တော်တော် ခက်ခဲတာကို သိပါတယ်။ ဒီလိုပဲ ငြိမ်းချမ်းဖို့ ဘာလိုလဲ စည်းလုံးရမယ်။ ဟုတ်ပြီ
ခု အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု့ကြီး အကောင်အထည်ဖေါ်နေပြီ။ တိုင်းရင်းသား အဖွဲ့အစည်းအပေါင်း(၁၀၀) ကျော်နဲ့ ဖွဲ့စည်းလှုပ်ရှားနေကြပြီ ။ ဒါဆိုရင် ဒါ စည်းလုံးတာပေါ့။ နောက်တဆင့်တက်ပြီး စည်းလုံးကြပြီ။ လှုပ်ရှားကြပြီ ဒါကြောင့် ငြိမ်းချမ်းဖို့ အတွက် အားလုံး စည်းလုံးစွာဖြင့် လှုပ်ရှားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
ဒီလိုပဲ ခု ကျနော်တို့ လုပ်ဆောင် လှုပ်ရှားနေတဲ့ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်လေးဟာ အစာကျွေးစရာ မလိုပါဘူး။ ရေတိုက်စရာ မလိုပါဘူး ။ ဒါပေမဲ့ သူ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဒါဏ်ရာတွေနဲ့ သွားလာလှုပ်ရှားနေပါတယ်။ ခံစားပေးကြပါ။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လေးစားစွာဖြင့်
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ


ဆင်ချည်တဲ့ကြိုး
Friday, October 09, 2009

မခိုင်မာတဲ့ စိတ်ဓာတ်နဲ့
လမ်းတောင်မှန်မှန်မလျှောက်တတ်ရင်
ငါထင်တယ်
စိတ်ကူးယဉ်အိမ်မက်ကို
လက်နဲ့လိုက်ဖမ်း
အရမ်းလွမ်းဖို့ကောင်းပြီပေါ့…..

ဘယ်လိုဦးတည်ချက်
ဘယ်လိုရည်ရွယ်ချက်တွေနဲ့
ငါ့ရင်ခွင်အောက်မှာ
မင်းတို့အတူလျှောက်ခဲ့ကြတာလဲ
ရဲရဲသာအဖြေပေး
ငါ့ရှေ့ရေးကို
ငါ…….
အရမ်းရင်လေးလွန်းလို့

မင်းရဲ့ပန်းတိုင်
ငါ့ရဲ့ပန်းတိုင်
အားလုံးရဲ့ ပန်းတိုင်
ယိမ်းယိုင်တဲ့ခြေလှမ်း
မညီမညာလှမ်းနေသမျှ
ဖြတ်ကျော်ရမယ့်ခရီးလမ်း
မုန်တိုင်းကကြမ်းထန်
ရေဆန်မှာတက်ကိုစမ်း
လှိုင်းကြမ်းမှာလှေကိုစီး
ရွှေခရီးမဟုတ်သလို
ညီညာဖြောင့်တန်း
ပန်းခင်းလမ်းလည်း မဟုတ်ဘူး…..

တယောက်ကိုတမျိုး
အချင်းချင်းလက်ညှိုးထိုးပြီး
ငါ့လှေငါထိုး
ပဂိုး(ပဲခူး)ပဲရောက်ရောက်
စည်းဖေါက်တဲ့အင်အား
တစ်ဖက်ကဆွဲစားသွားပေါ့
လျှော့တော့မတွက်နဲ့ဟေ့
ကောက်ကျစ်တဲ့အတွေး
မြေခွေးက `အဖေ´ ခေါ်လောက်အောင်
မျှော်တော်ရောင်ပတ်ပျိုးနဲ့
အမျိုးမျိုးကလိန်ကျ
မင်းတို့….
မယုံမိကြစေနဲ့။

ဟိုကိုမျှော်
ဒီကိုမျှော်
ဟိုလိုအော်၊ ဒီလိုအော်နဲ့
မင်းတို့တတွေ
ဘာတွေကိုမျှော်မှန်း
ဘယ်သူ့ကိုတမ်းတနေကြသလဲ…..

ငါဘာလဲ
ငါဘယ်လဲ
မင်းတို့ပဲရဲရဲဆုံးဖြတ်
အားလုံးရဲ့အနာဂတ်ကို
လှလှပပ
ရေးတတ်ကြဖို့တော့လိုတယ်……

ဟိုတကွဲ
ဒီတစု
စုစည်းမှုမရှိဘဲနဲ့
ဘယ်သမိုင်း
ဘယ်ရာဇဝင်မှာ
အာဏာရှင်အတွင်းသရုပ်
အမြစ်ဖြုတ်နိုင်ခဲ့သလဲ
လေထဲမှာတိုက်ဆောက်
ရေပေါ်မှာအရုပ်ရေး
လွယ်လွယ်လေးရမယ်ဆိုရင်
သွေးတွေ ..
အသက်တွေ စတေး..
နံရံလေးဖက်ကြားက
ပေးဆပ်မှုတွေအများကြီး
အချီးအနှီးဖြစ်တော့မပေါ့။

ထူထား
ရပ်ထား
မတ်ထား
လဲတော့ကျမသွားနဲ့
တွေဝေတဲ့စိတ်ဓာတ်အမြစ်ဖြတ်
ခိုင်မာတဲ့ဇွဲသတ္တိ
မြဲမြဲမြံမြံရှိ
အဲ့ဒါဟာ
သမိုင်းကပေးတဲ့ သတိပဲ….

တလှေတည်းစီး
တခရီးတည်းသွား
သူမှားမှား
မင်းမှန်မှန်
ညီညွတ်မှုကိုအခြေခံပြီး
အနာဂတ်ရဲ့
ရှေ့ဆက်ရမယ့် ခရီး
မင်းတို့
သွေးနီးမှဖြစ်မယ်…..
ဆရာဇော်ဂျီရဲ့
ဗေဒါလမ်းကဗျာမှာ
`လတာ´ ပင်ခြေရင်းက
ဗေဒါပန်းရိုင်း….
လှိုင်းပုတ်ပုတ်
အုန်းလက်ကြွေကြွေ
ဒီရေတွေပဲဖုံးဖုံး
ပြုံးပြုံးလေးနဲ့
မျှောခဲ့တလီ
ပေါ်ချီတလှည့်
မြုတ်ချီတခါ
တရာ၊ နှစ်ရာဘဲအုပ်ကြားမှာ
ယက်လိုယက်
ကန်လိုကန်
ဗေဒါပျံကတော့အံကိုခဲ
ပန်းပန်လျှက်ပဲ တဲ့….

ကဲ
အသက်နှစ်ဆယ်တစ်
ငါ့အသက်ပြည့်မြောက်တဲ့နှစ်မှာ
မင်းတို့ရေးခြစ်မယ့် အနာဂတ်
စိတ်ဓာတ်စွမ်းအားမြင့်မားပါစေ
တွဲလက်ညီဆဲခိုင်မြဲပါစေ
ဘယ်သူတွေရိုက်ချိုးရိုက်ချိုး
ဆင်ချည်တဲ့ကြိုးပေါ့
ဒါပေမယ့်
ခွေးတိုးလို့တော့
မပြတ်စေနဲ့ဟေ့…..။

နောင်ရိုး(ရွှေတည်)နေ့ သစ်မှ

(၂၇.၉.၂၀၀၉ နေ့ ၂၁ နှစ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ပတ်လည်အထိမ်း အမှတ်အခမ်းအနား ကဗျာပြိုင်ပွဲ၌ ပထမဆုရကဗျာ)

ရှမ်းပြည် လူငယ်ဒီမိုကရက်တစ်အင်အားစုများမှ ကြေညာချက်။

SSYDF Statement

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား


ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

NEJ / ၃ အောက်တိုဘာ ၂၀၀၉

line

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သိမ်တသိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော်တပါးကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။

“အခုသပိတ်က တတိယအကြိမ် သပိတ်ဖြစ်ပါတယ်။ တကယ်သပိတ်ရဲ့ အောင်မြင်ခြင်းကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေကတည်းက ဒါတကယ့်ကို အောင်မြင်ပြီးသားပါ။ အဲဒီသပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေးပါဘူး။ ပထမနဲ့ ဒုတိယအကြိမ်တွေမှာ မှောက်ထားတဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွားစေဖို့၊ အားလုံးကလည်း ဒီသပိတ်မလှန်ရသေးဘူးဆိုတာ သိသွားစေဖို့၊ ဆက်ပြီးအောင်အောင်မြင်မြင် ပြုလုပ်နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။

ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။

ဗကသ(ယာယီ)ပြည်သူသို့ပန်ကြားချက်

bakatha 5


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List