မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ကုလသမဂ္ဂ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံ၊ မြန်မာစစ်ဝန်ကြီး သိန်းစိန် နဲ့ ရွှေဝါရောင်နှစ်လည် နယူးယောက်မြန်မာတို့ ဆန္ဒပြကြမည်

ကုလသမဂ္ဂ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံ၊ မြန်မာစစ်ဝန်ကြီး သိန်းစိန် နဲ့ ရွှေဝါရောင်နှစ်လည် နယူးယောက်မြန်မာတို့ ဆန္ဒပြကြမည်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၁၆၊ ၂၀၀၉

လာမည့် စက်တင်ဘာ ၂၃ နေ့တွင် အမေရိကန်ပြည်၊ နယူးယောက်မြို့၊ ကုလရုံးချုပ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ၆၄ ကြိမ်မြောက် ကျင်းပမည် ဖြစ်ရာ မြန်မာအရေးလှုပ်ရှားသူ ရဟန်းရှင်လူတို့က ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှစ်လည်အဖြစ် တိုက်ဆိုင်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဆန္ဒပြပွဲများ ကျင်းပရန် စီစဉ်ထားသည်ဟု ကြားသိရသည်။

၎င်းညီလာခံသို့ မြန်မာစစ်အုပ်စု၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် လာရောက်ပြီး မြန်မာအရေးကိစ္စများကို ရှင်းလင်းတင်ပြမည်ဟု သတင်းကြားသိရသဖြင့် စစ်အာဏာရှင်ဆန့်ကျင်သူ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ၎င်းစစ်ဝန်ကြီးခရီးစဉ်နှင့် အစီအစဉ်များကိုပါ အထူးတိုးမြှင့်ပြီး ကန့်ကွက်ဆန္ဒပြကြရန် ပြင်ဆင်လျက် ရှိသည်ဟု ဆိုသည်။

၂၀၀၇ စက်တင်ဘာလတွင် မြန်မာသံဃာတော်များက မြန်မာစစ်အုပ်စု၏ ပြည်သူလူထုအပေါ် မတရားကျင့်ကြံနေမှုများကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်ကံဆောင်ခဲ့ရာ စစ်တပ်က သံဃာတော်များကို အကြမ်းဖက်တိုက်ခိုက်နှိမ်နင်းခဲ့သည်။ ထိုစဉ်က နိုင်ငံတကာအသိုင်းအ၀ိုင်းက တခဲနက် စစ်အုပ်စုကို ကန့်ကွက်ရှုပ်ချခဲ့ကြပြီး ကုလသမဂ္ဂက အကြီအကျယ် စိတ်ထိခိုက်ရကြောင်း စာထုတ်ပြန်ခဲ့သော်လည်း အရေးယူမည့် ဆုံးဖြတ်ချက်ကို မချမှတ်ခဲ့ပေ။ ထိုစဉ်က အာဆီယံအဖွဲ့က ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း စစ်အုပ်စုက ရဟန်းသံဃာများနှင့် သပိတ်မှောက်မှုကို ထောက်ခံသော ပြည်သူများ၊ ၈၈ မျိုးဆက်ကျောင်းသားများကို လိုက်လံဖမ်းဆီး ထောင်ချခြင်းများကို ပြုလုပ်ခဲ့သည်။

ထိုစဉ်က နယူးယောက်ကုလညီလာခံသို့ ရောက်ရှိနေသူ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဉာဏ်ဝင်းကို နယူးယောက်မြန်မာတို့က ၎င်းတည်းခိုရာ ဟိုတယ်အထိ စုံစမ်းဖော်ထုတ်ပြီး ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ်ပြုလုပ်ခဲ့သဖြင့် အဆိုပါ ဉာဏ်ဝင်းနှင့် အဖွဲ့မှာ နိုင်ငံတကာတွင် အရှက်ကွဲမျက်နှာပျက်ခဲ့ရသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List