
ခြေလှမ်းများ
ငါ့ ငြိမ်ဆိတ်ခြင်းရဲ့  သားငယ်များ၊ မင့် ခြေလှမ်းများဟာ
မွန်မြတ်စွာ၊ ဖြည်းညှင်းစွာ လှမ်းလို့ မို့ ၊
ငါ့ရဲ့  သတိ ဝီရိယ အိပ်ရာဆီ
အသံမဲ့စွာ၊ အေးစိမ့်စွာ လာနေကြရဲ့ ။
သန့် စင်သူငဲ့၊ နတ်ဒေဝါ အရိပ်ငဲ့၊
မင့် ခြေလှမ်းများ ရုတ်လိုက်ပုံက လှပါဖိ။
နတ်မင်းတို့ ….. ငါ မှန်းဆခဲ့တဲ့ လက်ဆောင်များ
ဒီ ဗလာ ခြေတွေနဲ့  ငါ့ဆီ လာနေပါပေါ့ ။
ပေးနှင်းလာတဲ့ မင့် နှုတ်ခမ်းများနဲ့ ၊
ငါ့အတွေးများထဲမှာ နေထိုင်သူကို
ငြိမ်ကျသွားစေဖို့ ၊ အနမ်းတခုရဲ့ 
အာဟာရဓါတ်ကို မင်း ပြင်ဆင်ခဲ့ရင်
အဲဒီ့ နူးညံ့တဲ့ အမှုကို မသော့ပါလေနဲ့ ၊
ဖြစ်ဖို့ နဲ့  မဖြစ်ဖို့  ချိုမြိန်ခြင်းကိုလေ၊
မင့်ကို စောင့်ဖို့ ပဲ ငါ အသက်ရှင်နေခဲ့ပါတယ်၊
ငါ့  နှလုံးသားဟာ မင့် ခြေလှမ်းများပါပဲ။
ဆရာသာနိုး ဘာသာပြန် စီတေဖနယ် မာလာမေ (၁၈၄၂ - ၉၈)
0 comments:
Post a Comment