မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြ

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြ

04 June 2009 VOA

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြကြတဲ့ လူစုတစုကို အာဏာပိုင်တွေက
ဖမ်းဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။

အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၃ ယောက်ထက်မနည်းဟာ အမျိုးသမီး
တယောက်ရဲ့ ခင်ပွန်းသည် အထိန်းသိမ်းခံထားရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆို
ထားတဲ့ စာတမ်းကိုကိုင်ပြီး သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသမီးတယောက်ရဲ့
ခင်ပွန်းဖြစ်သူကို မြန်မာစစ်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ ဘယ်သူ
ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘဲ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်တယ်ဆိုတာ
ကိုပဲ စုံစမ်းလို့ရပါသေးတယ်။

ဆန္ဒပြတာကို အမေရိကန်သံရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြား
ပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စအတွက် ဆန္ဒပြကြတာဖြစ်ပြီး နိုင်ငံရေးလှုံ့ဆော်တာမျိုး
မပါဘူးလို့ သံရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတဲ့နောက်
သူတို့တွေ ပြန်ထွက်သွားကြတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် သူတို့ကို
ဘယ်နေရာမှာ ဖမ်းဆီးလိုက်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး
ပါဘူး။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List