မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး

စိုးမိုး/ ၁၂ မတ် ၂ဝ၁ဝ NEJ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်တို့က ယနေ့ ကျရောက်သည့် ၎င်းတို့မွေးနေ့တွင် လူထုသို့ အသီးသီး အမှာစကားပါးလိုက်သည်။

ယနေ့ကျရောက်သည့် ဦးတင်ဦး၏ (၈၃) နှစ်မြောက် မွေးနေ့နှင့် ဦးဝင်းတင်၏ (၈၀) နှစ်ပြည့် မွေးနေ့တွင် အန်အယ်လ်ဒီရုံးချုပ်၌ လူငယ်များစုပေါင်းပြီး ဂါရ၀ပြုကန်တော့ပွဲတရပ် ပြုလုပ်ခဲ့ကြပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ဦးဝင်းတင် မွေးနေ့အထိမ်းအမှတ်အဖြစ် စာအုပ်ထုတ်ဝေခဲ့သည်။

ဦးတင်ဦးက မွေးနေ့ပွဲတွင် လူငယ်များကို နိုင်ငံအရေး၊ လူမှုရေးများတွင် ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ လုပ်ကိုင်ကြရန် ဆုံးမစကားပြောကြားခဲ့ကြောင်း သိရသည်။

“သူက ဟိုးအရင် တော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူနဲ့ တွေ့ဆုံခဲ့တာတွေ။ စကားပြောခဲ့တာတွေ။ နောက် ၈၈ အရေးတော်ပုံ ပေါ်လာတယ်။ ပေါ်လာတဲ့အခါရောက်တော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာ အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေကြောင့်မို့ သူက အခုလို ဒုတိယဥက္ကဋ္ဌနေရာကို ရောက်လာတာပါ။ သူ့အစွမ်းအစနဲ့ဆို သူမရပါဘူးတဲ့။ သူက စစ်သားရိုးရိုး၊ ရိုးရိုးစစ်သားပါပဲလို့ ပြောသွားတယ်” ဟု ဦးတင်ဦး၏ပြောကြားချက်ကို အန်အယ်လ်ဒီ လူငယ်တဦးက ပြန်လည်ပြောပြသည်။

ဦးဝင်းတင်မှာ ကျန်းမာရေးကြောင့် မွေးနေ့ကန်တော့ပွဲသို့ မတက်ရောက်နိုင်ဘဲ မွေးနေ့အမှာစာကို စာဖြင့် ရေးသားပေးပို့ကြောင်း သိရသည်။

“ဘဘဦးဝင်းတင်က မလာဘူးခင်ဗျ။ အဘ ဦးဝင်းတင်က အပေါ်ထပ်တက်ပြီးရင် အောက်ပြန်ဆင်းဖို့ မလွယ်ဘူးခင်ဗျ။ အောက်ဆင်း အပေါ်တက် မလုပ်နိုင်ဘူး၊ သူ တက်လိုက် ဆင်းလိုက် မလုပ်နိုင်ပါဘူး။ သူက မောနေတာ” ဟု ကန်တော့ပွဲ တက်ရောက်ခဲ့သည့် အန်အယ်လ်ဒီလူငယ်က ပြောသည်။

ဦးဝင်းတင်က သူ့မွေးနေ့ အမှာစာတွင် ယခုကာလမှာ စစ်အာဏာရှင်က လူထုကို လှည့်ဖြားပြီး အာဏာအသက်ဆက်နိုင်ရေး ကြိုးပမ်းနေရာ ဒီမိုကရေစီ အင်အားစုများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သဖြင့် သူသေ ကိုယ်ရှင် တိုက်ပွဲ ၀င်ရမည်ဟု ပြောကြားကြောင်း သိရသည်။

“ဒီလိုကာလမျိုး ဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက်သုံးမျိုးသာ ကျနော်တို့မှာ ရှိပါတော့တယ်။ မကြောက်တရား လက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီတက်ရေး လက်နက်။ ရှစ်ဆယ် နှစ်ပြည့်မွေးနေ့မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” ဟု သ၀ဏ်လွှာပေးပို့လိုက်သည်။

ယနေ့ မွေးနေ့ ကန်တော့ပွဲ အခမ်းအနားကို အန်အယ်လ်ဒီ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့က ဦးစီးဆောင်ရွက်ခဲ့ပြီး လူငယ် (၂၀၀) ခန့်တက်ရောက် ကန်တော့ခဲ့ကြောင်း၊ ထိန်းသိမ်းခံထားရသော ဒေါ်နော်အုန်းလှ ဦးစီးသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အင်္ဂါဝတ်ပြုဆုတောင်းရေးအဖွဲ့မှလည်း မွေးနေ့အတွက် သ၀ဏ်လွှာ တစောင်ပေးပို့ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List