မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
japanrefel2
တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms.  Shikida နှင့် ရှေ့နေ Mr.  Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။

ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။

ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။
japanrefel1
“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။

NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။

“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။

“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ  ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေအနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။
japanrefel
၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။

မွှေးသည့်ပန်းများထဲမှ ဦးငြိမ်း

 


ဒီနေ့ ဒီအချိန်အထိ ဦးငြိမ်းအမည်ကို ကြားဖူးသူ နည်းပါလိမ့် မယ်။ နာမည်တူကတော့ များလှတယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ ကျောင်းသားတပ်မတော် ရဲ့ ရဲရင့်တဲ့ တပ်သားကောင်းကြီးတယောက်ပါ။ မုတ္တမ ပုလဲ ရတနာ ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတပါးလည်း ဖြစ်ခဲ့ပါ တယ်။

မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းလို့ ကျောင်းသား ကျောင်းသူ တွေရဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်အောက်က ဘ၀ တွေလွတ် မြောက်ရေးအတွက် ဘုန်းတော်ကြီးဘ၀ကို စွန့်၊ မုတ္တမအထွေထွေသပိတ်စခန်းကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သပိတ်စခန်းက ညွှန်ကြားတဲ့ အလုပ်တွေကို အရွယ်နဲ့မလိုက် အောင် တက်တက်ကြွကြွ ဆက်သွယ်ဆောင်ရွက်ပေးနိုင်သူတဦးလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ရက်ပိုင်းလောက်မှာပဲ ပြည်တွင်းအခြေအနေတွေရဲ့ တောင်းဆိုမှုအရ လက်နက်ကိုင်တော်လှန်ရေးလုပ် ဖို့ ကရင့်လွတ်မြောက်ရေးနယ်မြေ တပ်မဟာ (၆) ရှိ အဇင်းရွာကို အင်အား ၅၀ နီးပါးနဲ့ အကူအညီရယူဖို့ တက်လာခဲ့ကြပါတယ်။ အဇင်းရွာမှာခေတ္တကြာပြီးတော့၊ “ဝေါလေ”..၊ အဲဒီကတဆင့် သံလွင်မြစ်နဘေးရှိ KNU၊ KNLA တပ်ရင်း (၂၀) ကို ရောက်ခဲ့ကြပါတယ်။ တပ်မမှူး ရွှေဆိုင်းရဲ့ အထူးညွန်ကြားချက်နဲ့ တပ်ရင်း (၂၀) မှာ စစ်သင်တန်း အထူးကွန်မင်ဒို တိုက်ခိုက်ရေးသင်တန်း တလတက်ရပါ သေးတယ်။ ဦးငြိမ်းက သင်းတန်းတက်ရင်း စားဖိုမှူးတာဝန်ကိုယူခဲ့ပါသေးတယ်။ သင်တန်းပြီးတော့ မာနယ်ပလော ကရင့်တောလှန် ရေး ဗဟိုဌာနချုပ်ဆီ ရောက်သွားပြီး ရှေ့တန်းဆင်းဖို့ လက်နက်များအကူအညီတောင်းကြပါတယ်။

ဗိုလ်ချုပ်မြကြီးကိုယ်တိုင် လက်နက်ကြီးငယ် ၅၀ ကိုပေး သစ္စာရေသောက်ကြပြီး မိမိတို့အဖွဲ့က KNU တပ်ဖွဲ့နှင့်ပေါင်းကာ ကျုံထော်၊ ကွီးလေးနယ်မြေဘက်သို့ ထွက်လာခဲ့ကြပါတယ်။ အဲဒီတုန်းက DAB စစ်ကြောင်းလဲ မဖွဲ့ရသေးပါဘူး..။ ကျောင်းသား၊ KNU မဟာမိတ် ပူးပေါင်းတဲ့.စစ်ကြောင်းတခုပဲ ရှိနေပါသေးတယ်။

ဒီစစ်ကြောင်းကြီးဟာ ကွီးလေးရွာနားရောက်ခဲ့ပါတယ်။ ကွီးလေးရွာထဲကို နံနက် ၉ နာရီရောက်ပါတယ်။ နံနက်စာစားဖို့ အမိန့်ရလာ တာကြောင့် ထမင်းချက်ကြ၊ ခေတ္တနားကြပါတယ်၊ ဦးငြိမ်းက ရွာထဲက မရမ်းသီးအစိမ်းတွေတောင်းပြီးတော့ ကျနော်တို့ကိုဝေပေးပါ တယ်။ မရမ်းထောင်းနဲ့ ပဲဟင်းက ပိုပြီးလိုက်တယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။

ရန်သူ နဝတ စစ်ကြောင်းဟာ မိမိတို့ရှိနေတဲ့ ကွီးလေးရွာ ထဲဝင်လာတော့မယ်လို့ ရွာသားကသတင်းပို့တော့ ခပ်မြန်မြန်ပဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါတယ်။ ရွာအပြင်မျက်ကွယ်ကောင်းတဲ့နေရာ ရန်သူစစ်ကြောင်းကို အလစ်အငိုက်ရမဲ့နေရာကို တပ်မှူးတွေက နေရာယူဖို့ အမိန့်ပေးတော့ အဆင်သင့်နေရာယူပြီး စောင့်နေကြပါတယ်။

ရဲဘော်တို့ ကျည်ထိုးထား လုံခြုံရေးခလုတ်ပြန်ပိတ် ခပ်တိုးတိုးအမိန့်က ရဲဘော်တိုင်းဆီရောက်လာခဲ့တယ်။

ကျနော့်အနေနဲ့ ပထမဆုံးကြိမ်မို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ လုံခြုံရေးခလုတ်ကိုမပိတ်မိ။ ရန်သူကို မိမိကလက်ဦးမှုအရင်ယူချင်သည်။ မိမိအရင်ဆုံးပစ်မှတ်ကို ယူချင်နေသည်။ လူငယ်၊ စိတ်လှုပ်ရှားလွန်းလို့သေနတ်ကို အောက်သို့ပြန်ချလိုက်ပြီး အသင့်ပြင်ထားသည်။ ရန်သူလည်းတက်လာသည်။ ခြေသံများပင်ကြားနေရသည်။ သေနတ်ပြန်အချတွင် တစုံတခုနဲ့ ညိပြီး ရုတ်တရက် ကျနော့်သေနတ် AR မှ ကျည်များ ပေါက်ထွက်သွားသည်။

ရန်သူများက သေနတ်သံကြားတော့ နောက်ဆုတ်နေရာယူကာ ကာပစ်ပစ်ပြီး ဆုတ်သွားကြသည်။ ကျနော့်အတွက်နဲ့ အပိုင်တပွဲ လွတ်သွားသည်။

KNLA က ရဲဘော်တွေက မကျေနပ်ကြ။ ဒေါသထွက်ပြီး ဒါ ရန်သူလူဖြစ်ရမယ် သူအချက်ပေးလို့ ရန်သူတွေနောက်ဆုတ်သွားပြီ ဒီလိုလုပ်တဲ့ကောင်ကို သတ်ပစ်ရမယ်လို့ ကြိမ်းမောင်းပြီး ကျနော့်ဆီကိုလာဖို့ လုပ်နေကြတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ရဲ့ ဒုရင်းမှူး ဦးရဲထွန်းနဲ့ တပ်ခွဲမှူးမောင်အေးက တားလိုက်ပြီး ဘယ်အချက်နဲ့သက်သေပြမလဲ ဒါကဖြစ်တတ်တာပဲ ပထမ ဆုံးပွဲပဲ။ မင်းတို့ခေါ်သွား ပြီး အပြစ်ပေးစရာမလိုဘူး…။ ငါတို့ ရဲဘော် ငါတို့အပြစ်ပေးမယ်ဆိုပြီး..။ ကျနော့်ကို မှောက်ခိုင်းပြီး ခါးကို ၀ါးကိုင်းနဲ့ ခပ်ပြင်းပြင်း ၂ ချက် ရိုက်လိုက်တယ်။ ပြီးတော့ ဒို့ဆက်လုပ်မယ်ပြောပြီး ခွဲမှူးနဲ့အတူ နောက်ဆုတ်သွားတဲ့ ရန်သူတွေနောက်ကို ခပ်ပြင်းပြင်းလေး လိုက်ကြတယ်…။

ရန်သူနောက်မြီးပိုင်းကို မီသွားတယ် ရန်သူက သတိထားပြီး စနစ်တကျဆုတ်နေတော့..။ အတော်လေးသတိထားပြီး လိုက်ကြရတယ်။ နယ်မြေကျွမ်း ဖြတ်လမ်းသိတဲ့ KNLA က ရဲဘော်တွေနဲ့ နောက်ကပိုင်းတယ်။ အတင့်ရဲလွန်းတဲ့ အန္တရာယ်များလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်ပေမဲ့ ကျောင်းသားရဲဘော်တွေက လွတ်သွားတဲ့ ရန်သူကို အမိအရ ပြန်ချေမှုန်းနိုင်ဖို့ စိတ်စောနေကြတယ်။ ရန်သူ့စစ်ကြောင်းကို အမြီးပိုင်းက ဖြတ်တောက်ချေမှုန်းဖို့ စဉ်းစားနေကြတယ်။ ဖြတ်တိုက်ပြီး အလျင်ဆုတ်ဖို့လည်း အမိန့်ပေးထားတယ်။ နဝတ မကြာခင်ပဲ လွတ်သွားတဲ့စစ်ကြောင်းကို မီလာတယ်။

လျှိုတခုရဲ့အဆင်း သတ်ကွင်းအနေအထားကောင်းတခုမှာ အပိုင်စောင့်ကြတယ်။ ရန်သူက စနစ်တကျဆုတ်နေတာမို့ သတ်ကွင်းက နဲနဲကျဉ်းလေးသွားတယ်။ ရန်သူ့ နောက်ဆုံးတပ်စိတ် တစိတ်လောက်အကျန်ခန့်မှန်းပြီး KNLA ရဲဘော်တွေက ဖြတ်တိုက်ပြီး ဆုတ် သွားကြတယ်။ အဲဒီအချိန်မှာ ဦးငြိမ်းက လက်ကျန် ဖရိုဖရဲဖြစ်တဲ့ ရန်သူ ၄ ယောက်လောက်ကို တက်ရှင်းနေတယ်။ ရန်သူ ၂ ယောက် လောက်ကျသွားတယ်။ ပါးစပ်ကလည်း …
“ကျောင်းသားတပ်ကွ” …ဟု
ဆက်တိုက်အော်ပြီး လိုက်ပစ်နေတယ်။
“ဦးငြိမ်း…ဦးငြိမ်း…ဆုတ်..ဆုတ်တော့”.. ဟု
ပြောနေသော တပ်ခွဲမှူးအမိန့်ကို မကြားတော့ပဲ အတင်းတက်ပစ်တော့တယ်။ သိပ်မကြာလိုက်ပါ ဦးငြိမ်းတယောက် နောက်လန်ကျ သွားတာကို တွေ့လိုက်ကြရတယ်။

တပ်ခွဲမှူးက ဦးငြိမ်းကို ပြန်ထမ်းလာခဲ့ပြီး ဦးငြိမ်းကျသွားပြီလို့ ပြောပါတယ်။ သေနတ်သံများလည်း တဖြည်းဖြည်းနဲ့ ဝေးသွားပါတယ်။ ဦးငြိမ်းရဲ့အလောင်းကို ကွီးလေးချောင်းဘေးနားက တောင်ကုန်းမို့မို့လေးမှာပဲ မြှုပ်နှံခဲ့ပါတယ်။

ကျနော် … တိတ်ဆိပ်စွာနဲ့ပဲ တယောက်တည်း မျက်ရည်ကျခဲ့ရတယ်။
ကျနော်တို့ ဦးငြိမ်းကို ဦးညွှတ်အလေးပြုခဲ့ကြတယ်။
နောက်ထပ် တိုက်ပွဲတွေရှိရာကို စစ်ကြောင်းဆက်ထွက်ခဲကြတယ်။

ခွင့်လွှတ်ပါ ဦးငြိမ်း…
ကျနော့် ဒီတသက်မေ့မရနိုင်တဲ့ ပထမဆုံးတိုက်ပွဲရဲ့အတွေ့အကြုံပါ…။

ကျနော် ကဗျာမရေးတတ်ပါ။ ၃ တန်းအောင်ပြီး ၄ တန်းနှစ်မှာ တောထဲရောက်ခဲ့ပါသည်။ တောထဲမှာပဲ တိုက်ရင်းခိုက်ရင်းနဲ့ အကိုကြီး တွေဆီက စာကို အချိန်ရသမျှ သင်ယူပါတယ်။ သူတို့ရေးသော ဖတ်သောကဗျာလေးများက နားထောင်ကောင်းပါတယ် ကျနော် လည်း ရေးချင်တယ်။ ရေးပါလို့အားပေးတဲ့ နောင်တော်ကြီးတွေဆီက ကဗျာရေးပို့တော့ သူတို့က တည်းဖြတ်ပေးကြပါတယ်။

ခုလည်း ကျနော်ခံစားနားလည်းသလို စပ်ဆိုပြီး ဦးငြိမ်းကို ဂုဏ်ပြုလိုက်ပါတယ်။

အတိတ်က ပုံရိပ်

ပုံရိပ်အထင်ရှားလျှက်
အကြင်နာတရားတွေက သူ့နှလုံးသားထဲ
စုပြုံ .. ။

ဒါပေမဲ့ သူဟာ သူမျက်လွှာကို မှိတ်ပစ်ခဲ့တယ်။
သူ့မျက်ဝန်းထဲက ပုံရိပ်တွေက
ပျိုမြစ်စိမ်းလန်းခြင်း။

သူ့အသိ အာရုံထဲမှာ အလွန်ရဲရင့်တဲ့
နီလွင်ရင့်ရင့်အရောင်တွေ…။

သူ့ရဲ့အကြားအရုံထဲမှာလည်း
ငရဲပွက်ထ
အသံတွေ ဆူဆူညံညံနဲ့။

ဒါကြောင့် သင်္ဃန်း ဝတ်ရုံဖယ်ရှား
စိတ်ပုတီးကို ဘုရားစင်ပေါ်မှာ ထားခဲ့ပြီ…။

နံရံက ဓား
အဓမ္မကိုရင်ဆိုင်ဖို့ ကိုင်ဆွဲ…။

မတရားမှုတွေ
သွေးတွေ..
မျက်ရည်စက်တွေ.. အတွက်
မောင်းပြန်ကိုကိုင် ဒေါင်းအလံအောက်မှာ
တော်လှန် အသက်ပေးလှူခဲ့တယ်။

ကောင်းကင်ထက်က ကြယ်တပွင့်ပါ ဦးငြိမ်း။

ရဲဘော် ကမ်ပူးခြား
(ABSDF)
2010


Photo by: http://burmeserebel.blogspot.com/














ရဲဘော် ကမ်ပူးခြား
Sunday, June 27, 2010 နေ့ သစ်

ဒေါ်စုရဲ့ရွေးကောက်ပွဲ ပြောဆိုချက်အပေါ် စစ်အစိုးရသတိပေး

“ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အထဲမှာ ရှေ့နေနဲ့ အမှုသည်နဲ့ တွေ့ဆုံစကားပြောတဲ့နေရာမှာ ဘယ်စကားကို မပြောရဘူးဆိုတာမျိုး ဘယ်ဥပဒေမှာမှ မရှိဘူးတဲ့။ ဒါတွေကို သေသေချာချာလေ့လာပြီး စာတမ်းပြုစုဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။”
ဓာတ်ပုံ AFP
ဒေါ်အောင်ဆန်းစုကြည်
မဲမပေးဘဲနေနိုင်တာဟာလည်း နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတရပ်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောပြချက်ကို
သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက အပြင်မှာ ပြန်ပြောပြခဲ့တာနဲ့ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေက ဦးဉာဏ်ဝင်းကို
ဒီကနေ့မှာ ခေါ်ယူပြီး သတိပေးခဲ့ပါတယ်။ ဒီလို သတိပေးတာဟာ တရားနည်းလမ်းမကျဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောလိုက်ပါတယ်။

နေအိမ်မှာ အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခွင့်ရတဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က
ဆက်သွယ်မေးမြန်းတော့ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။

“ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ဥပဒေတွေအရ မဲဆန္ဒရှင်က
မဲပေးခွင့်ကို ဒါ သူရဲ့ ရိုက်စ် (အခွင့်အရေး)ပဲ။ အလားတူပဲ မဲမပေးတာလည်း သူ့ရဲ့ ရိုက် (အခွင့်အရေး) ပဲလို့ ပြောခဲ့တယ်။
ကျနော်လည်း ဒီအတိုင်းပဲ ပြန်ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီနေ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူက ကျနော့်ကို ခေါ်ယူသတိပေးပါတယ်။
သူတို့ခွင့်ပြုတာက ကျနော်တို့အမှုကိစ္စ၊ ဒါတွေ မပါဘူးပေါ့။ ဒီလိုပြောတာတွေကိုလည်း သတိပေးတယ်လို့ ကျနော့်ကိုပြောတယ်။
ကျနော်လည်း ဒီနေ့ရောက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒါကို ပြောပြတယ်။ ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က
ဟာ-ဒီဥစ္စာက တရားနည်းလမ်းမကျဘူး၊ ဒီဥစ္စာဟာ ဥပဒေပညာပေးတဲ့အလုပ်၊ ဥပဒေပညာမှာ ဘယ်လိုရှိတယ်ဆိုတာကို ကျမ ပြောတာပဲ တဲ့။
ဒီအလုပ်ဟာ အစိုးရမှာတောင် ပိုပြီးတော့ တာဝန်ရှိတယ် တဲ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာတွေကို တရားဥပဒေအရ ဥပဒေအချက်အလက်ရှာပြီးတော့
ပြန်ပြီးတော့ စာနဲ့ ရေးသားတင်ပြနိုင်ဖို့ စာတမ်းပြုစုပါ ဆိုပြီးတော့ ကျနော့်ကို ခိုင်းလိုက်ပါတယ်။”

“အာဏာပိုင်က ဆရာ့ကို သတိပေးတယ်ဆိုတာက ရွေးကောက်ပွဲမှာ မဲမပေးခွင့် ဆိုတာဟာလည်း ကိုယ့်ရဲ့အခွင့်အရေးပဲဆိုတဲ့ ကိစ္စကို ပြောလို့ သတိပေးတာလား။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စမဟုတ်တာတွေပြောလို့ သတိပေးတာလား။ ဘာကို သတိပေးတာလည်း ခင်ဗျ။”

“နှစ်ချက်စလုံးပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အထဲမှာ ဘာပါလည်းဆိုတော့ ရှေ့နေနဲ့ အမှုသည်နဲ့ တွေ့ဆုံစကားပြောတဲ့နေရာမှာ
ဘယ်စကားကို မပြောရဘူးဆိုတာမျိုး ဘယ်ဥပဒေမှာမှ မရှိဘူးတဲ့။ ဒါတွေကို သေသေချာချာလေ့လာပြီး စာတမ်းပြုစုဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။”

“ဆရာ့ကို သတိပေးလိုက်တယ်ဆိုတာ တားမြစ်ချက်ထုတ်တာလား၊ ဘယ်လိုသဘောပါလည်း ခင်ဗျ။”

“တားမြစ်ချက် ထုတ်တယ်လို့ ပြောရင်လည်း ရတယ်။ တားမြစ်တယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။
ယူဆရင်တော့ ရပါတယ်။”

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်းတို့ သွားတွေ့တာက ဘာကိစ္စပါလည်း ခင်ဗျ။”

“ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိရော သူတို့အတွက်
အထူးအယူခံဝင်ခွင့် ကျနော်တို့ လျှောက်ထားခဲ့တယ်လေ။ အဲဒီလျှောက်ထားတဲ့ဟာ ရက်တွေရလာတော့ မကြာခင်
ပေါ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့် အဲဒီအမှုအတွက် လျှောက်လဲချက် မူကြမ်းကို အတည်ပြုဖို့ ကျနော်တို့ သွားကြတာပါ။
အခု အတည်လည်း ပြုခဲ့ပြီးပါပြီ”

“ဒီအမှုကိစ္စအတွက်လည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရှိမလာဘူး။ အဆင့်တခုတခု သွားရဖို့အတွက် အချိန်တော်တော်ယူရတယ်။
ဒါဟာ ပုံမှန်ပဲလား၊ ပုံမှန်ထက်ပိုပြီးတော့ ကြာနေတာလားခင်ဗျ။”

“ကျနော့်အတွေ့အကြုံအရ ဒီလို အချိန်ကြာနေတာဟာ ပုံမှန်မဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။
ဒိပြင်အမှုတွေဆိုရင် ဒီလောက်ဆိုရင် အမှုရက်ချိန်းပေါ်လောက်ပြီ။ အခုတော့ ကြန့်ကြာနေတယ်လို့ ကျနော်တော့
အဲသလိုမြင်ပါတယ်။”

“ဟုတ်ကဲ့။ အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှုအတွက် အထူးအယူခံတင်ဖို့ကို အတည်ပြုချက်ပေးလိုက်ပြီ။
ဆိုတော့ နောက်တဆင့်က ဘာပါလဲခင်ဗျ”

“အထူးအယူခံဆိုတာ နောက်ဆုံးအဆင့်ပေါ့ဗျာ။ တရားဥပဒေလမ်းကြောင်းကတော့၊ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့
လက်ခံရေး လက်မခံရေး၊ လက်မခံဘူးဆိုရင် ကျနော်တို့ ရှုံးတယ်ပေါ့ဗျာ၊ လက်ခံခဲ့လို့ရှိရင် ful bench စုံညီခုံရုံး ကျနော်တို့
ရှိပါတယ်။  စုံညီခုံရုံးက နေပြည်တော်မှာပဲ ထိုင်ပါတယ်။ လက်ခံလိုက်ရင် ကျနော်တို့ စုံညီခုံရုံးအထိ သွားပြီး
လျှောက်လဲချက်ပေးရမှာပါ။”

“ဆိုတော့ အဲဒီခုံရုံးမှာ သွားပြီး လျှောက်လဲချက်ပေးတယ် ဆိုတာက ဆုံးဖြတ်ချက်ချဖို့အတွက်လားခင်ဗျ။”

“ဟုတ်ပါတယ်။”

“အဲဒီဆုံးဖြတ်ချက်က ဆက်ဖမ်းထားမယ်၊ လွှတ်ပေးမယ် အဲလို အဖြေလားခင်ဗျ။”

“များသောအားဖြင့် အဲဒီအဖြေပဲ။ ဒါပေမဲ့ အကြမ်းဖျဉ်း ဒီလို သိပ်ပြောလို့တော့ မရဘူး။ အမျိုးမျိုးဖြစ်နိုင်တယ်။
သို့သော် များသောအားဖြင့် ၉၉ ရာခိုင်နှုန်းကတော့ ရက်စ် အော် နိုး ပါပဲ။”

“ဟုတ်ကဲ့ ခင်ဗျ၊ ဒါဆိုရင်တော့ နောက်ဆုံးအဆင့်နဲ့ နီးလာပြီဆိုတဲ့သဘောပေါ့။”

“ဒီလို ပြောရင် ရပါတယ်။”

ကျန်စစ်သား … ငါ့ကို ခိုးပြီ


ရဲရင့်သက်ဇွဲ  ရိုးမ၃

၁။
နေ့တွေ ညတွေ
နေတွေ လတွေ
တရွေ့ရွေ့တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့လဲ ။


၂။
ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ချောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား။
ဇာတ်တူသားစားတဲ့ လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။

မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်းလွယ်တဲ့
ဦးဆွေးဆံမြေ့ အမှုထမ်းလိုသူများရဲ့
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ်။

၃။
ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ်။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရားစောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့
ကျန်စစ်သား ... ငါ့ကို ခိုးပြီ ဆိုစကား
မင်းတို့နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ထိုက်နဲ့  မင်းတို့ကံ
ခွေးသေဝက်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြုခံကြပေတော့။

၎။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလိုတွေး
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်းပေး
ဖျက်သိမ်းပေး ဖျက်သိမ်းပေး အရာများစွာ
ရွှေဂုံတိုင် ကြေညာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့ အသက်ဖြစ်တယ်။ ။

ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄

ကုလသမဂ္ဂနှင့် အမေရိကန်က ဒေါ်စုအား လွှတ်ပေးရန် ထပ်မံတောင်းဆို

NEJ / ၁၉ ဇွန် ၂၀၁၀

ယနေ့ ဇွန် (၁၉) ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန်သမ္မတ အိုဘားမားတို့က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရခေါင်းဆောင်များအား ထပ်လောင်းတောင်းဆိုလိုက်သည်။

မစ္စတာဘန်ကီမွန်းက သောကြာနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ဆုမွန်တောင်းရင်း သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်သည့်အတွက် “အလွန်စိုးရိမ်ပူပန်” ဖြစ်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေရန် အမြန်ဆုံးလွှတ်ပေးသင့်ကြောင်း ပြောကြားလိုက်သည်။

မစ္စတာဘန်ကီမွန်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားဆဲဖြစ်လို့ ကျနော် သိပ်ကို စိုးရိမ်မကင်းဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော် တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။ ဒီလိုလွှတ်ပေးမှသာ သူတို့အနေနဲ့ ဒီနှစ်အတွင်း မြန်မာအစိုးရလုပ်မယ့် ရွေးကောက်ပွဲက နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

ထို့အပြင် “ဒီရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်သင့်ပါတယ်။ နိုင်ငံရေးပါတီတွေအားလုံးနဲ့ ပြည်သူလူထုတရပ်လုံး ပါဝင်နိုင်မှသာ အများလက်ခံယုံကြည်ပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲအဖြစ် အများက အသိအမှတ်ပြု လက်ခံနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမေရိကန်သမ္မတ မစ္စတာအိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည့်၏ (၆၅) နှစ်မြောက် မွေးနေ့တွင် ဆုမွန်ကောင်း တောင်းဆိုလိုက်သည့်အကြောင်း သောကြာနေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်ခိုင်မာပြတ်သားမှု၊ သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို သမ္မတ အိုဘားမားက ထုတ်ဖော်ချီးကျူးထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုလိုက်သည်။

မစ္စတာအိုဘားမားက “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျနော့်အနေနဲ့ မြန်မာအစိုးရကို နောက်တကြိမ် ထပ်မံတောင်းဆိုပါတယ်။ သူတို့အားလုံးကို မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားတဲ့၊ ကြီးပွားတိုးတက်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံထူထောင်ရေးမှာ ပါဝင်ခွင့်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကျော်အတွင်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခံနေရသည်မှာ (၁၅) နှစ်နီးပါး ရှိပြီဖြစ်သည်။

ဂျာမဏီမှာကျင်းပတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက် မွေးနေ့ ချီတက်ဆန္ဒပြပွဲနှင့် မွေးနေ့  ဖယောင်းတိုင်ထွန်းပွဲ

Copy from ko saw blog

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက် မွေးနေ့

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျရောက်သော ဇွန်၁၉ ရက်နေ့တွင်(၃၁) နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ် သ၀ဏ်လွှာ။


ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်မည့် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ မွေးနေ့  အတွက် -

အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ထောင်တွင်း၌ အကျဉ်းကျခံနေရသော အရှင်ဘုရားအား အရှင်ဘုရား၏ မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊ ဘုရားတပည့်တော်တို့အဖွဲ့မှလည်း အရှင်ဘုရား၏ မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌ အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဦးနေမိန္ဒ

ဦးထာဝရ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဘန်ကောက်တွင် ကျင်းပ

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် မွေးနေ့ပွဲ ဆိုင်ရာ အခမ်းအနားကို ပြည်ပ အခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယနေ့ ကျင်းပကြောင်း သိရှိရသည်။

အခမ်းအနားကို ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (Foreign Correspondents Club of Thailand-FCCT) တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး တပ်ပေါင်း စု ၁၀ စုမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ထိုင်း လွှတ်တော် အမတ်ဖြစ်သူ မစ္စတာ ခရိုင်ဆတ်၊ ထိုင်းနိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ် မစ္စတာ ရွန် ဟော့ဖ်မန်၊ အမေရိကန်နှင့် ချက် ရီပတ်ဘလစ် သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ ခွန်မားကိုဘန်း၊ ဦးဝင်းလှိုင်နှင့် အခမ်းအနားသို့ တက်ရောက် လာသူ ထိုင်းလွှတ်တော် အမတ် မစ္စတာ ခရိုင်ဆတ်တို့မှ အမှာ စကားများ ပြောကြား ခဲ့သည်။

အမေရိကန်၊ ကနေဒါ နှင့် ချက် ရီပတ်ဘလစ် သံအမတ်တို့မှ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ သဝဏ်လွှာများကို ပေးပို့ခဲ့ကြကြောင်း တပ်ပေါင်းစု ၁၀ စုမှ နိုင်ငံခြားရေးကော်မတီများကို စုဖွဲ့ထားသည့် နိုင်ငံခြားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (FACT) မှ တာဝန်ခံ ကိုသွင်လင်းအောင်က ဧရာဝတီသို့ ပြောသည်။

“သူတို့တွေရဲ့ သဝဏ်လွှာတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ ဆိုပြီး ပါပါတယ်”ဟု ကိုသွင်လင်းအောင်က ပြောပြသည်။

မစ္စတာ ခရိုင်ဆတ်က အမှာစကားပြောကြားရာတွင်“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့မယ် ဆိုရင် ထိုင်းနိုင်ငံကို အလည်လာစေချင်ပါတယ်၊ လာခဲ့ရင်လည်း ပထမဦးဆုံးလက်ဆွဲနှုတ်ဆက်သူအဖြစ် ကျနော်ဖြစ်ချင်ပါတယ်”ဟုပြောသည်။

မစ္စတာ ခရိုင်ဆတ်ကပင် ဆက်လက်၍“လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များနှင့် အခြား သယံ ဇာတများကို ဝယ်ယူနေခြင်းသည် စစ်အစိုးရကို ထောက်ပံ့နေသကဲ့သို့ ဖြစ်နေသော်လည်း နောင်တချိန်တွင် စစ်အစိုးရ ကို ဖိအားပေးသည့် နိုင်ငံတနိုင်ငံ ဖြစ်လာစေလိုကြောင်း”ပြောဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ် မစ္စတာ ရွန် ဟော့ဖ်မန်ကလည်း“မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ဒေါ်အောင်ဆန်း စုကြည် ကို ဆက်လက် ထောက်ခံသွားမည်”ဟု အခမ်းအနားတွင် ပြောကြားသည်။

ဘန်ကောက်မြို့ FCCT တွင် ကျင်းပခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနား အပြင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် ကမ္ဘာအနှံ့ရှိ နိုင်ငံ ပေါင်း ၂၄ နိုင်ငံတို့မှ စစ်အာဏာရှင် ရွေးကောက်ပွဲနှင့် စစ်မှန် သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်သည့် အစီအစဉ် ပိတ်ပွဲနှင့် ရရှိထားသော မဲအရေအတွက်ကို ကြေညာခြင်း စသည့် လှုပ်ရှားမှုများလည်း ယနေ့ အခမ်းအနားတွင် ပါဝင်သည်။

ဧရာဝတီ သတင်းထောက် ဘစောတင်နှင့် စိုင်းဇွမ်ဆိုင်း ပူးပေါင်း ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ်

မြတ်ခိုင်ဦး   /   ၁၇ ဇွန် ၂၀၁၀NEJ

ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းပြည်၏ အမျိုးသားရေး၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် ယနေ့ကာလ၏ တဦးတည်းသော အမျိုးသားခေါင်းဆောင်ဖြစ်ကြောင်း ဖယ်ခုံမြို့နယ် အမတ် ခွန်မားကိုဘန်းက ယနေ့ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အကြိုအခမ်းအနားတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကယားပြည်နယ်ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ကယားအမျိုးသား ခွန်မားကိုဘန်းက “မြန်မာပြည်မှာ အဓိကလူမျိုးကြီးတိုင်းရင်းသား (၈) မျိုးရှိတယ်။ ဒီလူတွေ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးခေါင်းဆောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးခေါင်းဆောင်ဖြစ်တယ်။ သူတို့ရဲ့ပွင့်လင်းရိုးသားမှုကြောင့် အမျိုးသားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတာဖြစ်တယ်” ဟု ပြောဆိုသည်။

ဇွန် (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း ခန်းမ၌ကျင်းပရာ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ရွန်ဟက် (ဖ်) မန်း အပါအဝင်၊ အမေရိကန်နှင့် ချက်(ဗ်) သံရုံးတို့မှ သံအရာရှိများ၊ ဒီမိုကရေစီနှင့်အမျိုးသားရေး တပ်ပေါင်းစု (၁၀) ဖွဲ့မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်နှင့် မြန်မာ့ရေးရာ အရှေ့တောင်အာရှ လွှတ်တော်အမတ်များ ဥက္ကဋ္ဌ ခရိုင်ဆတ်ချွန်ဟာဗန်တို့ တက်ရောက်ကြသည်။

အခမ်းအနားတက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း “သူမဟာ အိမ်အကျယ်ချုပ်ကျနေပေမယ့် လူတွေကတော့ သူမမွေးနေ့ကို ကျင်းပနေကြတယ်။ သူမရဲ့သဘောထား အမြင်အားလုံးဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတာပဲဖြစ်တယ်။ ကျမတို့အားလုံး လိုလားတာကတော့ မြန်မာပြည်သူတွေဟာ သူတို့နှစ်သက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲပဲ လိုလားပါတယ်” ဟု မွေးနေ့ဆုတောင်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ကနေဒါသံအမတ်ကြီးနှင့် အမေရိကန်၊ ချက်(ဗ်) သံရုံးတို့မှ ဆုတောင်းစကားများ ပြောကြားပြီးနောက် ခရိုင်ဆတ်ချွန်ဟာဗန်က အရှေ့တောင်အာရှ အမတ်များ၏ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသဝဏ်လွှာများကို စုစည်းတင်ပြသည်။

၎င်းက “ကျနော်တို့ဟာ ဒီလိုမွေးနေ့ပေါင်းများစွာကို သူမ မပါဘဲ၊ သူမကို လက်ဆွဲနှုတ်ဆက်ခွင့်မရဘဲ ကြိမ်ဖန်များစွာ ကျင်းပခဲ့ရပါတယ်။ ဒါဟာ အလွန့်အလွန်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်သားတွေ အများကြီးရှိပါတယ်။ သူတို့ဟာ ဒီလိုနေခွင့်ရရုံမက အလုပ်လုပ်ကိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ ပညာသင်ကြားခွင့်တွေလည်း ပိုမိုရရှိသင့်ပါတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် အခမ်းအနားတွင် မေလ (၂၇) ရက်နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်ခဲ့သည့် “လူထုရွေးကောက်ပွဲနှင့် စစ်တပ်မှရွေးချယ်ပွဲ” ဟုဆိုသော ရွေးကောက်ပွဲအပေါ် သဘောထားရလဒ်အား တပ်ပေါင်းစုကိုယ်စားလှယ်နှစ်ဦးက ရှင်းလင်းတင်ပြရာ နိုင်ငံပေါင်း (၁၃) နိုင်ငံ၌ လူပေါင်း (၃၉,၀၀၀) ကျော်က ပါဝင်ဆန္ဒပြု ထုတ်ဖော်ကြောင်း သိရသည်။

ညနေပိုင်းတွင် “မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” ဆိုသည့် မြန်မာအမျိုးသမီးများ၏ ရင်တွင်းခံစားချက်များကို တင်ပြထားသည့် စာညွှန်းနှင့် ဝတ္ထုတိုပေါင်း (၁၁၁) ပုဒ်ပါဝင်သည့် စာအုပ်ကို မွေးနေ့အထိမ်းအမှတ်အဖြစ် အာဆီယံစင်ပြိုင် (Altsean) အဖွဲ့ကြီးက ထုတ်ဝေလိုက်သည်။

အဆိုပါစာအုပ်သည် ရေခြားမြေခြားအပါအဝင် ယနေ့မြန်မာအမျိုးသမီးထု တရပ်လုံးခံစားနေရသည့် အရေးအရာများကို ထင်ဟပ်ဖော်ပြထားပြီး “သမီးရဲ့မိဘနှစ်ပါးက သမီးကို ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြပါတယ်။ သမီးမှာ အစ်ကိုနှစ်ယောက်လည်းရှိပါတယ်။ သူတို့ကိုလည်း ထိုင်းနိုင်ငံမှာပဲ မွေးဖွားခဲ့ကြတာပါ။ ဒါပေမယ့် သမီးတို့က ထိုင်းလူမျိုးတော့ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်” စသော သန့်ရှင်းပွင့်လင်းမှုများဖြင့် ရေးဖွဲ့ထားသော အမျိုးသမီးများ၏အသံကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးဖို့ ကင်တားနား တောင်းဆို

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက် တစောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရဲ့ တောင်းဆိုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့်ကို ဆက်တိုက် ရုပ်သိမ်းထားတာဟာ နိုင့်ထက်စီးနင်း အပြုအမူ ဖြစ်ပြီးတော့ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ စံတွေနဲ့အညီ လိုက်နာဖို့ကိုလည်း တိုက်တွန်းကြောင်း၊ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးပြီး လူတိုင်းပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးဖို့အတွက် မစ္စတာ ကင်တားနားက သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လွမ်းတော်မူလို့ စာကိုစီတယ်

လွမ်းတော်မူလို့ စာကိုစီတယ်
ရန်ဝင်း (တောင်တံခါး)
ဇွန် ၁၃၊ ၂၀၁၀ မိုးမခ

“လွမ်းတော်မူလို့ စာကိုစီတယ်၊ တိမ်နီ တိမ်ဝါ တိမ်ပြာတွေ သန်းပြန်တော့၊
ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းပါရမယ်၊ ညွှန်းကာဆကွယ်၊ ကြာပင်အိုင်ကြီးရယ်။”
နန်းတော်ရှေ့ဆရာတင်

လွမ်းရပါသော်ကောလေ။ တရံရောအခါတုန်းက ကြာမျိုးစုံတို့နဲ့ဝေဆာလို့ ရေညိုရစ်ခါသန်းခဲ့တဲ့၊ မန္တလေးမြို့ အရှေ့အရပ်ဆီက အောင်ပင်လယ်ကန်ကြီး နဲ့ အောင်ပင်လယ်နယ်မြေကြီးကို မှန်းဆလို့လွမ်းရပါတယ်။ မန္တလေးမြို့အထွက်၊ ပြင်ဦးလွင်မြို့သွားတဲ့ လမ်းအကွေ့ အောင်ပင်လယ်ကန်ပေါင်ရိုးကနေပြီး အရပ်လေးမျက်နှာကို မျှော်ကြည့်လိုက်ရင်ဖြင့်၊ အရှေ့ဖက်ဆီမှာ ကျွဲနဖါးတောင်ကြီးနဲ့ အဝေးက ရှမ်းရိုးမ တောင်တန်းကြီး မှိုင်းမှိုင်းညို့ညို့၊ မြောက်ဖက်ဆီမှာ ရန်ကင်းတောင်၊ ငါးရံ့မင်းတောင်၊ မန္တလေးတောင်တွေက ပြာပြာမှိုင်းမှိုင်း၊ အနောက်ဖက်ဆီမှာတော့ စစ်ကိုင်းတောင်ရိုးတန်းကို မြူခိုးဝေဝေထဲမှာ မှုန်မှုန်ဝါးဝါးနဲ့ ဆွတ်ပျံ့ဖွယ်ရာ မြင်ရပေလိမ့်မယ်။ တချိန်တုန်းကတော့ တောင်ဖက်တခိုမှာ မိုးတွင်းအချိန်ဆိုရင် တိမ်ရောင်စုံ တောက်နေတဲ့ ကောင်းကင်အောက်က မြစိမ်းရောင်လဲ့လဲ့ လယ်ကွင်းပြင်တွေ၊ စပါးမှည့်ချိန်ဆိုရင် ရွှေအိုရောင် လယ်ကွင်းကြီးတွေ တမျှော်တခေါ်ကြီး ဝင်းအိနေခဲ့ပေလိမ့်မယ်။

အောင်ပင်လယ်ကန်ကြီး ကို ဆည်တဲ့သူက၊ သက်တော်ရှည် အလောင်းစည်သူမင်းကြီး (ပထမ စည်သူ၊ နန်းစံနှစ်၊ ခရစ် ၁၁၁၃-၁၁၆ဝ) ရဲ့ သားတော်ကြီး မင်းရှင်စော ဖြစ်ပါတယ်။ တနင်္ဂနွေသား မင်းရှင်စော က မာနလည်းကြီး၊ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်ရှိပြီး အင်မတန်မှထက်မြက်တဲ့သူပါ။ ဖခင် အလောင်းစည်သူမင်းကြီးအပ်ါမှာ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်သူလည်းဖြစ်တယ်။ တချိန်မှာတော့ အလောင်းစည်သူမင်းကြီး နဲ့ မင်းရှင်စောတို့ အကြားမှာ မကျေမလည်ဖြစ်ကြပြီး၊ မင်းကြီး အမျက်တော်ရှလို့ မင်းရှင်စော နယ်နှင်ခံရလေတယ်။

“သတိုးတင့်မော၊ မင်းရှင်စောကို၊ မျက်ဒေါသထား၊ ဝေးစေခြား၍၊ ညာဖျားမြောက်ချောင်၊ ကျွဲနက်တောင်နှင့်၊ ကန်အောင်ပင်လယ်၊ မြစ်ငယ်ချောင်းမ၊ ရွှေလောင်းစသား၊ ထာဝရမှု၊ ဖန်ဆင်းပြု၏။”
ဣသျှံဂူမော်ကွန်း

နယ်နှင်ခံရတော့ မင်းရှင်စောက နောက်လိုက်နောက်ပါတွေနဲ့အတူတူ မြို့သာ၊ မြို့သစ်၊ တပျက်သာ (မြစ်ငယ်) ဒီနောက် ထွန်တုံး၊ ပူတက် အရပ်တွေကို ပြောင်းရွှေ့သွားခဲ့တယ်။ ပိုတက်/ဗိုလ်တက် လို့ ခေါ်တဲ့ ပူတက် အရပ်မှာ မြို့ရိုးဟောင်းတွေ နဲ့ ပုဂံခေတ်လက်ရာ ဘုရားတွေ တွေ့နိုင်ပါသေးတယ်။ အောင်ပင်လယ်ကန်ဆည်ရွာ ကုန်း ၉ ကုန်း၊ ကျောက်သံပတ်ရွာတဝိုက်၊ အုန်းကျော နဲ့ နားတောင်းကျ အရပ်တွေမှာလည်း မင်းရှင်စော က လှည့်လည် နေထိုင်ခဲ့တယ်။ တချို့အရပ်တွေကတော့ ဒီနေ့မှာ ရွာဆိုးကုန်းတွေ အဖြစ်ကျန်နေရစ်ခဲ့တယ်။

မင်းရှင်စောက တောကြီး မျက်မည်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်သစ်တွေ တီတယ်။ ချောင်းမြောင်း အင်းအိုင်နဲ့ သဘာဝမြေသြဇာ ဓါတ်ခံကလည်း ကောင်းမွန်တော့၊ အဲဒီဒေသကြီးတခုလုံး မင်းရှင်စောရဲ့ အစီအမံအောက်မှာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ပညာရှိပုဂ္ဂိုလ်တွေကို မြှောက်စားတယ်။ ရဟန်းသံဃာအပေါင်းနဲ့ သာသနာကလည်း ထွန်းတောက်လို့၊ အင်မတန်မှပဲ သာယာစည်ပင်ဝပြောခဲ့လေတယ်။

သက္ကရာဇ် ၁၁၅၂ ခုနှစ်မှာ တမုတ်ဆိုး၊ တပျက်သာ၊ ဇောင်းကလော၊ နဲ့ ကန်တိလိ ခေါ် အောင်ပင်လယ်ကန်ကြီး တွေကို မင်းရှင်စောက ဆည်ဖို့ခဲ့တယ်။

“မင်းရှင်စော မျောသည့်ဖေါင်ဝယ်၊ လေးကန်စလုံးကို သိမ်းကျုံး ဆည်တော်မူတယ်၊”
အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

“စိမ်းလဲ့မောင်း နန္ဒာကြည်ရှင်း၊ ကန်မင်း အောင်ပင်လယ်မှာ၊ ကြာမျိုးငါးသွယ် လှိုင်ကြွယ်မွှေး ပျံ့လှောင်းပါလို့လေး။”
မန္တလေးဘွဲ့ တျာချင်း

ထီးမွေနန်းမွေ ဆက်ခံထိုက်သူဖြစ်ပေမယ့်လည်း ပုဂံထီးနန်းနဲ့ လွဲခဲ့ရတဲ့အပြင်၊ အလောင်းစည်သူမင်းကြီး နတ်ရွာစံပြီးချိန်မှာ ညီတော် ကုလားကျမင်း ခေါ် အိမ်တော်ရှင် နရသူ (နန်းစံနှစ်၊ ၁၁၆ဝ-၁၁၆၅) က မလိမ့်တပတ်နဲ့ အကောက်ကြံပြီး ပုဂံနေပြည်ကို ခေါ်ယူလုပ်ကြံလို့ အရွယ်ကောင်းဖြစ်တဲ့ အသက် ၄၇နှစ် မှာ မင်းရှင်စော ကွယ်လွန်ခဲ့ရတယ်။ အဲဒီအချိန်က အောင်ပင်လယ်နယ်ထဲမှာ အရှေ့မြို့တော် (မြို့တော) ကို မင်းရှင်စော တည်နေဆဲပါ။ မန္တလေး၊ ပြင်ဦးလွင် လမ်းမကြီးဖြတ်သန်းသွားတဲ့ အခု ကျောက်မီး လို့ ခေါ်တဲ့ နယ်ထဲမှာ မြို့တောမြို့ဟောင်းနေရာ ကျန်ရစ်ပါတယ်။

၁၇ နှစ်ရာစု အင်းဝခေတ်မှာတော့ သမိုင်းမှာနာမည်မပြောင်ခဲ့တဲ့ အရည်အချင်းနည်းပါးသူ အင်းဝဘုရင် ဆင်ဖြူရှင် တရဖျား က အောင်ပင်လယ်တောထဲမှာ တောလည်ရင်း စိတ္တဇရောဂါ စပြီးစွဲကပ်လာခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။

ရတနာပုံခေတ်မန္တလေးမြို့ကြီး နယ်ချဲ့ကျူးကျော်အုပ်စိုးသူတွေရဲ့ လက်ထဲကို ကျရောက်ပြီးချိန်မှာတော့ အောင်ပင်လယ်နယ်ကြီးက တော်လှန်တဲ့ နယ်မြေအဖြစ်နဲ့ သမိုင်းတခေတ်ထွန်းတောက်ခဲ့ပြန်တယ်။

အထင်ကရဖြစ်ခဲ့တဲ့ နယ်ချဲ့တော်လှန်ရေးမှာ၊ ရွှေဘိုနယ် နဲ့ ရွှေဘိုမြောက်ဖက်နယ်တွေက ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ မင်းသား ထိပ်တင်မှတ်၊ မင်းသား ထိပ်တင်သန့်၊ မင်းသား စောရန်နိုင်၊ မင်းသား စောရန်ပိုင် တို့နဲ့ တချိန်ထည်း၊ အောင်ပင်လယ်နယ်မြေကိုအခြေခံလို့ မြင်စိုင်းမင်းသား က နယ်ချဲ့ကို တော်လှန်ခဲ့တယ်။ မြင်စိုင်းမင်းသား က မင်းတုန်းမင်းကြီးနဲ့ လက်ပံစဉ်မိဖုရားတို့ရဲ့သားတော်ပါ။ သီပေါမင်းနန်းတက်ခါစအချိန်မှာ မင်းညီမင်းသားတွေကို အစုလိုက် အပြုံလိုက် သုတ်သင်တဲ့အထဲက လွတ်မြောက်သွားတဲ့ မြင်စိုင်း၊ ကျပင်း၊ ကောလင်း၊ ပျဉ်းမနား၊ လေခ၊ မင်းသားငါးဦးထဲက မြင်စိုင်းမင်းသားဖြစ်ပါတယ်။

အောင်ပင်လယ်နယ်ကြီးကိုခြေကုပ်ယူပြီး၊ မြင်စိုင်းမင်းသား နဲ့ အပေါင်းအပါတွေက နယ်ချဲ့အုပ်စိုးသူကို ပြင်းပြင်းထန်ထန် ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ မြင်စိုင်းမင်းသားရဲ့ စီမံခန့်ခွဲမှု နဲ့ စည်းရုံးရေး ကောင်းမွန်တာကြောင့် တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် အနယ်နယ်ရပ်ရပ်က တော်လှန်ရေးသမားတွေ လာရောက်ပေါင်းစည်းကြလို့ အင်အားကြီးမားပြီး တိုက်ရေးခိုက်ရေးမှာလည်း နည်းစံနစ်ကောင်းကောင်းနဲ့ ပရိယာယ်ကြွယ်ဝတဲ့ အဓိကရ အင်အားစုကြီး ဖြစ်ခဲ့တယ်။

မြင်စိုင်းမင်းသားရဲ့တပ်တွေက နယ်ချဲ့အုပ်စိုးသူတွေ တပ်စွဲထားတဲ့ စခန်းတွေနဲ့ မြို့တွေ ရွာတွေထဲအထိ ဝင်တိုက်ကြတယ်။ နယ်ချဲ့အုပ်စိုးသူကလည်း မြင်စိုင်းမင်းသားကို သူတို့ရဲ့ခြေမှုန်းဖို့ ရန်သူစာရင်းမှာ ထိပ်ဆုံးအဆင့် တင်ထားပြီး သည်းသည်းမည်းမည်း လိုက်လံတိုက်ခိုက်ခဲ့တယ်။

၁၈၈၆ ခုနှစ် သြဂုတ်လမှာ ငှက်ဖျားရောဂါနဲ့ မြင်စိုင်းမင်းသား ကွယ်လွန်ပြီးတဲ့နောက်ပိုင်းကျတော့မှ တော်လှန်ရေး အင်အားစုကြီးလည်း တဖြည်းဖြည်းနဲ့ ပြိုကွဲခဲ့ရလေတယ်။

အောင်ပင်လယ်ကန်ကြီးကလည်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တယ်။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၉ ခုနှစ် နဲ့ မင်းတုန်းမင်းကြီးလက်ထက် ၁၈၅၆ ခုနှစ်တွေမှာလည်း ထပ်မံဆည်ဖို့ ပြုပြင်ခဲ့သေးတယ်။ အောင်ပင်လယ်ကန်ကြီးကိုမှီပြီး တနှစ်မှာ သုံးသီးစားရတဲ့ ကန်ရေသောက် လယ်တွေ ပယ်ပေါင်း ၃ သောင်းကျော်ရှိခဲ့ဖူးတယ်။ ကြာပန်းရောင်စုံတွေနဲ့ တင့်တင့်တယ်တယ်ရှိခဲ့လေတယ်။

“ကြာစိမ်း ကြာပြာ ပွင့်နီများ၊ လှုပ်ရှားကာရယ် များစွာကွယ်။ လေယူရာ ကြိုင်လှိုင်မွှေးလို့ အေးကြည်တယ်။”
အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

အပြုအပြင်နဲ့ မွှမ်းမံတာလည်းမရှိ၊ ရေအဝင်၊ ရေအနေတွေကလည်း နည်းလာတာကြောင့် ကိုလိုနီခေတ်ဦးက စပြီး အောင်ပင်လယ်ကန်ကြီး တဖြည်းဖြည်း ကောသွားလိုက်တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီလေ။ နောက်ဆုံးမှာတော့ အောင်ပင်လယ်ကန်ကြီး ကိုယ်တိုင်လည်း တချိန်က ကန်ရေသောက်ခဲ့တဲ့ လယ်ကွင်းတွေနဲ့ ဘဝတူ လယ်ကွင်းကျယ်ကြီးအဖြစ်ကို ရောက်ခဲ့လေတယ်။

မင်းရှင်စော ဖေါင်မျောခဲ့တဲ့ ကြာပန်းရောင်စုံတွေ ဝေဝေဆာဆာနဲ့ အောင်ပင်လယ်ကန်ကြီးက အခုအချိန်ု ဘယ်လိုများနေမှာပါလိမ့်လို့ မေးလာကြရင်၊ နန်းတော်ရှေ့ ဆရာတင် ရဲ့ သီချင်းကိုဆိုညွှန်းလို့၊ လွမ်းလွမ်းနဲ့ပဲ အဖြေပေးရပါတော့မယ်။

“အောင်ပင်လယ်၊ တကယ် တော အစစ်ကဲ့သို့၊ လယ်ကော ဖြစ်လို့မို့၊
ကောင်းဘို့ ရွယ်သော ခေတ်ကို၊ အထူးသဖြင့် မျှော်မိတယ်”
အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) အနှစ် ၁ဝဝ ပြည့် မန္တလေး (ရွှေကိုင်းသား)၊ ဧပြီလ ၂ဝဝ၇
(၂) တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့၊ မြသန်းတင့်၊ မတ်လ၊ ၂ဝဝ၆
(၃) မန္တလေး အနှစ် ၁၅ဝ ပြည့် မဂ္ဂဇင်း၊ မေ ၁၄၊ ၂ဝဝ၉
(၄) တနေ့တစ်လံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာ သန်းထွန်း)၊ သြဂုတ်လ ၂ဝဝ၆
(၅) မြို့တော်သမိုင်း မန္တလေး (တင်နိုင်တိုး)၊ မေလ ၂ဝဝ၉
(၆) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄

ဝေဝေကြွေကြွေ လှတဲ့ တို့တိုင်းပြည်ကလေး


"ငါ့တိုင်းပြည်လေးကို
လွမ်းတိုင်း ပန်းတစ်ပွင့်ပွင့် မယ်ဆိုရင်တောင်
ငါ့အတွက် ကမ္ဘာမြေပုံဟာ
ပန်းတစ်ခင်း ဖြစ်သွားမှာ သေချာတယ်။

အလွမ်းမိုး သည်းတာကြုံခဲ့ရပြီ။
အလွမ်းနွေ ထွေးတာကြုံခဲ့ရပြီ။
အလွမ်းဆောင်း အေးတာကြုံခဲ့ရပြီ။

အလွမ်းတွေကို မညာချင်တော့ဘူး။
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ကံ
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ စိတ်
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ဥတု
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ အဟာရ

ငါ့တိုင်းပြည်လေးကြောင့် ငါဟာ သောမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။
ငါ့တိုင်းပြည်လေးကြောင့် ငါဟာ ဒေါမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။

အဲဒီမှာ မဂ္ဂင်လမ်းစဉ်တွေ ရှိတယ်။
အဲဒီမှာ အပါယ်လမ်းစဉ်တွေ ရှိတယ်။

မွေးကတည်းကပါလာတဲ့ ဒိဋ္ဌိပိုးတွေရှိတယ်။
အရွယ်ရောက်ရင် ကူးတတ်တဲ့ ဝါဒ ပိုးတွေရှိတယ်။

ရိုးသားကြိုးစားပြီး တိုင်းပြည်ထောင်ခဲ့သူ တစ်ဦးရှိခဲ့တယ်။
မိုက်ရိုင်းထွားကြိုင်းပြီး တိုင်းပြည်ဖျက်ခဲ့သူ တစ်ဦးရှိခဲ့တယ်။

လူတွေ ချစ်လွန်းလို့ အိမ်အပြင် ထွက်ခွင့် မရတဲ့သူတစ်ဦး လည်းရှိနေတယ်။
လူတွေ ရွံ့မုန်းလွန်းလို့ အိမ်အပြင် မထွက် ရဲတဲ့သူတစ်ဦး လည်းရှိနေတယ်။

ဒီမိုကရေစီ ဆိုတဲ့ စနစ်ကောင်းတခု ကာလတိုကလေး ရှိခဲ့တယ်။
စစ်အာဏာရှင် ဆိုတဲ့ စနစ်ဆိုးတခု ကာလရှည်စွာ ရှိနေတယ်။

တရားဖက်လို့ သစ္စာမြဲသူတွေရှိတယ်။
တရားမဖက်လို့ သစ္စာဖောက်သူတွေရှိတယ်။

အသံကျယ်တဲ့ ကုန်ဈေးနှုန်းတွေရှိတယ်။
အသံမမြည်တဲ့ အမှန်တရားတွေရှိတယ်။

ထိုင်နေရင်း ငွေသီးတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။
ဖောင်ဆီးရင်း ရေငတ်နေတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။

အချိန်မတန် ခူးခြွေခံလိုက်တဲ့ ပန်းကလေးတွေလည်းရှိတယ်။
အနှစ်သာရပြည့်ဝပေမယ့် လူကြိုက်နည်းတဲ့ သစ်သီးလေးတွေလည်းရှိတယ်။

စစ်ဘိနပ်သံတွေ ညံနေပေမယ့် ငါ့တို့ရဲ့ ဂီတသံကိုဘဲ ကြားနေချင်တယ်။
ယမ်းငွေ့တွေဝေနေပေမယ့် ငါတို့ရဲ့မြေသင်းနံ့လေးကိုဘဲ ရှုရှိုက်ချင်တယ်။

ငါ့စိတ်ဝိညာဉ်ဟာ ငါတို့တိုင်းပြည်လေးရဲ့
လေ ထဲမှာလည်းရှိတယ်။
ရေ ထဲမှာလည်းရှိတယ်။
မြေ ထဲမှာလည်းရှိတယ်။

အသည်းခိုက်အောင် နာကျင်စရာရှိတာတောင်
ငါ့တိုင်းပြည်လေးကို
အရိုးသားဆုံး နဲ့ အပြုံးလက်ဆောင်ပေးမယ်။ို

အဆုံးစွန်ဆုံး ပြောရရင်
ခမ်းနားတဲ့ အတ္တနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့.....နန်းတော်တမျှ စိတ်ဓါတ်တွေ
အခုတော့.......
ငါ့တို့ရဲ့ တိုင်းပြည်လေး ဆိုတဲ့
အသိစိတ်ကလေးကြောင့်
ပြိုပျက်ရတော့မလိုပါလား။။။။။။။။
္လ္လ
ဝဿန်မိုး
(၁၂.ဇွန်လ.၂၀၁၀)

အရှင်ဂမ္ဘီရကို ရွေးကောက်ပွဲ သဘောထား မေးမြန်း

စစ်ကိုင်းတိုင်း ကလေးမြို့ ထောင်တွင် အကျဉ်းကျနေသော အရှင် ဂမ္ဘီရကို ရဲ အထူးသတင်း တပ်ဖွဲ့က ရွေးကောက်ပွဲ အပေါ်ထားရှိသည့် သဘောထားများ မေးမြန်း ခဲ့သည်ဟု သိရသည်။
“ပြီးခဲ့တဲ့လ ၆ ရက်နေ့တုန်းက တခါ၊ ၂၆ ရက်တုန်းက တခါ လာမေးတယ်တဲ့။ ဦးဇင်းကတော့ ရွေးကောက်ပွဲလုပ်တာ လုပ်သင့်တယ်။ ကောင်းတယ်။ ဒါပေမယ့် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေပါဖို့လိုတယ်လို့ ပြန်ပြောလိုက်တယ်လို့ ပြောတယ်”ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့သည့် မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။

ထို့အပြင် ထောင်မှထွက်သည့်အချိန်တွင် ဘာအလုပ်ပြန်လုပ်မည်နည်းဟုလည်း မေးမြန်းသည်ဟု ဆိုသည်။

“ထောင်ကထွက်ရင်တော့ ဦးပဉ္ဇင်းက ဘုန်းကြီးပြန်ဝတ်ရုံပေါ့လို့ ပြောလိုက်တယ်တဲ့။ သူတို့က အဲ့ဒီလိုမေးတော့ လွှတ်ပေးဖို့များ စိတ်ကူးရှိလား မသိဘူး။ ဦးပဉ္ဇင်းကတော့ မသိဘူးလို့ ပြောတယ်”ဟု သူက ပြောသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အရှင် ဂမ္ဘီရ၏ ၃၁ နှစ်ပြည့် မွေးနေ့ကို ကလေးထောင်တွင်းတွင်ပင် အလှူပေး ကျင်းပရမည်ဖြစ်ကြောင်း မိခင်ဖြစ်သူကဆိုသည်။

အရှင်ဂမ္ဘီရ ဖမ်းဆီးခံရချိန်မှ စ၍ ယနေ့အချိန်ထိ မိဘများနေထိုင်သည့် မိထ္ထီလာ စက်မှုဇုန်ရှိ နေအိမ်သို့ အာဏာပိုင်များက မကြာခဏ လာရောက်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ဆဲဖြစ်သည်ဟု ဆိုသည်။

အရှင်ဂမ္ဘီရ၏ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် ယောက်ဖဖြစ်သူ ကိုမိုးထက်လျှမ်း တို့ မှာလည်း ၂၀၀၇ သံဃာ အရေးအခင်းတွင် ပါဝင်ပတ်သက်မှုများကြောင့် ဖမ်းဆီးခံကြရပြီး ရှမ်းပြည် တောင်ကြီးထောင်၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင် စသည့် နယ်ဝေးထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေကြရသည်။

နာဂစ်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မလွင်လွင်မြင့် တိမ်းရှောင်နေမှုကိုလည်း လာရောက် မေးမြန်းနေသည်ဟု ဆိုသည်။

ဒေါ်ရေးက “နာဂစ်တုန်းက အလှူလုပ်တဲ့သူတွေဖမ်းတော့ သမီးက ဒုက္ခသည်စခန်းမှာရောက်နေတာပါ။ သားအမိချင်း က တော့ အဆက်အသွယ်လုပ်မှာပဲ။ စကားပြောမှာပဲ။ ဒါတော့ အပြစ်မရှိပါဘူးနော်လို့ ပြောတော့ ကျနော်တို့ မေ့သွားလို့ မေးမိတာပါ ဘာညာနဲ့ တောင်းပန်သွားတယ်။ အဖေကြီးကတော့ ညကျတော့ သွေးတွေတိုးရော”ဟု ပြောသည်။

အရှင်ဂမ္ဘီရသည် ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၇ နိုဝင်ဘာလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။ အမှုပေါင်း ၁၇ မှုနှင့် ထောင်ဒဏ် ၆၈ နှစ် ကျခံခဲ့ရသည်။

၂၀၀၈ ဇွန်လအတွင်းက အယူခံဝင်ခဲ့ရာ ထောင်ဒဏ် ၅ နှစ် လျှော့ချပေးခဲ့၍ ထောင်ဒဏ် ၆၃ နှစ်ဖြင့် ကလေးထောင်တွင် အကျဉ်းကျနေရခြင်းဖြစ်သည်။

ကလေးအကျဉ်းထောင်တွင် အရှင် ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးစိုင်းညွန့်လွင်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်၊ တောင်ကုတ် NLD စည်းရုံးရေးမှူး ကိုမင်းအောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါးရှိကြောင်း သိရ သည်။

မီးလျှံထဲက ကြာ

မီးလျှံထဲက ကြာ
ဟံသာဝတီ ဦးဝင်းတင်
ဇွန် ၁၃၊ ၂၀၁၀ မိုးမခ

ရဲ - ဇွဲ - ဉာဏ် - စည်း - တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ

(ဟံသာဝတီ ဦးဝင်းတင်)

၁၉၉၉ နှစ်ကုန်ပိုင်းက အင်းစိန်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးရေးတဲ့ ကဗျာ။ ရဲ ဆိုတာ ရဲရင့်ခြင်း၊

ဇွဲ ဆိုတာ ဇွဲမြဲခြင်း၊

ဉာဏ် ဆိုတာ ဉာဏ်မြော်မြင်ကြီးခြင်း၊

စည်း ဆိုတာ စည်းကမ်းကြီးခြင်း
စည်းကမ်းသိခြင်း
စည်းကမ်းထိန်းခြင်း

တာ ဆိုတာ တာဝန်သိခြင်း
တာဝန်ယူခြင်း
တာဝန်ခံခြင်း

ပန်းချီ-မင်းကျော်ခိုင်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက် မွေးနေ့ ချီတက်ဆန္ဒပြပွဲနှင့် မွေးနေ့  ဖယောင်းတိုင်ထွန်းပွဲ

ဂျာမဏီရောက် မြည်မာပြည်ဖွားတိုင်းရင်းသားညီအကိုများခင်ဗျား....... ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်၏ ကိုယ်ကျိုးကြည့် စစ်အာဏာရှင်အစိုးရ လက်အောက်မှ လွတ်မြောက် ရေး၊ အမိမြန်မာနိုင်ငံတော်ကြီးတွင်ဒီမိုကရေစီ လူ့ အခွင့်အရေးစနစ် ပီပီပြင်ပြင် ထွန်းကားရေး အတွက် မြန်မာ ပြည်အနှံ့ အပြား စစ်အကျဉ်းထောင်အသီးသီးတွင် ညှင်းပန်း နှိပ်စက်မှူမျိုးစုံအောက်မှ ယနေ့ အချိန်အထိ အမိ မြန်မာပြည် အပေါ် သစ္စာရှိရှိ တိုက်ပွဲဝင် လျက်ရှိနေကြသော မျိုးချစ်သူရဲကောင်းများနှင့် နှစ် ပေါင်းများစွာ နေ အိမ် အကျယ် ချုပ်ဖြင့် အမိမြန်မာပြည်အရေး ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှူဖြင့် အဖြေရှာရေးကို တောင်းဆိုနေ သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ ကိုဂုဏ်ပြုလျက် မြန်မာ ရေး ရာဌာန (ဂျာမဏီ) နှင့် တိုင်းရင်းသားညီအကိုမောင်နှမများမှ အောက်ပါအစီအစဉ် အတိုင်း ချီတက်ဂုဏ်ပြု ပြီးဆန္ဒပြကြမည်ဖြစ်ပါ၍ မြန်မာ့အရေးအတွက် အလေးအနက်စိတ်ဝင်စားသူ မည်သူမ ဆို ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ် အပ်ပါသည်။


  • အချိန်။ ။၁၉.၀၆.၁၀(စနေနေ့ )
၁၃း၀၀ မှ ၁၆း၃၀ အထိ
  • နေရာနှင့် အစီအစဉ်။ ။Frankfurt Hauptbahnhof ရှေ့ 
Basaler Platz မှချီတက်၍ Goethe Platz တွင် မွေးနေ့  ဖယောင်းတိုင် ထွန်းညှိကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးထားသောကဗျာနှင့်ဓာတ်ပုံပို့ စကဒ်များ ဖြန့်  ဝေပါမည်။
  • ဆက်သွယ်ရန်။ ။ကိုအောင်သူ(02212053974)၊ကိုသန်းစိုး (01733418195)၊
ကိုစောစိုးနေ၀ါး (015207370974)၊ ကိုလှမြင့်စိုး(01748509485) ကိုမင်းမင်း(01742998635)                                                        
                                                                                                                           



စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး

မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ဆလိုဗက်ကီးယားနိုင်ငံက ထောက်ခံတဲ့အကြောင်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဒီကြေညာချက်ကို ထောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့တဲ့ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက မြန်မာစစ်အစိုးရကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့အတွက် မတ်လထဲမှာ ဂျနီဗာရုံးချုပ် လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။
ဒီအဆိုပြုချက်ကို သြစတြေးလျနိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက ထောက်ခံခဲ့ကြပြီး အခု ၁၄ ကြိမ်မြောက် အစည်းအဝေးမှာတော့ ဆလိုဗက်ကီးယား နိုင်ငံကပါ ထောက်ခံတယ်လို့ ဆလိုဗက်ကီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဖီဒေါ ရိုစိုချာ (Mr. Fedor Rosocha) က ပြောပါတယ်။
“မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ အကြီးအကျယ် ချိုးဖောက်ခဲ့တာတွေ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ဆလိုဗက်ကီးယား နိုင်ငံက ထောက်ခံပါတယ်။”
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး လေးစားမှု ရှိရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည်မှုတွေ ဖြစ်ရမယ့်အစား မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်ရင် သိပ်ကို နိမ့်ကျနေတာ တွေ့ရပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ နိုင်ငံရေး အမြင်အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ တွေ့နေရတယ်လို့လည်း မစ္စတာ ရိုဆိုချာက ပြောပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် ရီဘက်ကာ စေဂါ (Ms. Rebecca Sagar) ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံသားတွေ အခုထိ ဆက်ပြီး စိတ်မချမ်းမြေ့စရာ ကောင်းလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့် ချိုးဖောက်ခံနေရတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်အစိုးရက စနစ်တကျ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးတဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မတ်လတုန်းက ကောင်စီကို တင်ပြခဲ့ပါတယ်။
“မြန်မာစစ်အစိုးရ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို ကြည့်ရင်လည်း လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်မလာနိုင်ပါဘူး။”
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ရေရှည်ပြဿနာမို့ ဒါကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ လိုအပ်နေပြီး ပထမဆုံး တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်း လွှတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စိုးရိမ်ကြောင်း တင်ပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ အစည်းအဝေး တက်ရောက်လာတဲ့ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ အာကီယို အိစို့မတ်တ (Mr. Akio Isomata) က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ ဂျပန်အစိုးရက မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် အခု ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့နဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကျင်းပပေးဖို့ ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ အခုထိ ဆိုးဝါးနေတာမို့ နိုင်ငံတကာက တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြဖို့ လိုအပ်နေပြီလို့ အမေရိကန်နိုင်ငံက ယုံကြည်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် အီလိန်း ချိန်ဘာလိန် ဒိုနာဟရူး (Ms. Eileen Chamberlain Donahoe) က ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာပြီး နိုင်ငံသားတွေ လူ့အခွင့်အရေး သေသေချာချာ ခံစားရစေဖို့အတွက် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံ ပံ့ပိုးပေးဖို့ အမေရိကန်နိုင်ငံက စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။
“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား ထောက်ခံ အကြံပြုထားသလိုပဲ မြန်မာစစ်အစိုးရက နိုင်ငံတကာ လူလူချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုကို ထောက်ခံဖို့ အမေရိကန် ပြည်ထောင်စုက စဉ်းစားနေပါတယ်။”
တကယ်လို့ အမေရိကန်နိုင်ငံသာ ပါဝင် ထောက်ခံရင် မြန်မာစစ်အစိုးရ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးပေးဖို့ ထောက်ခံတဲ့နိုင်ငံဟာ ၅ နိုင်ငံ ရှိလာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အထူးစိုးရိမ်ကြောင်း နယူးဇီလန်၊ ဆွီဒင်နဲ့ အိုင်ယာလန်နိုင်ငံတွေသာ မက ကနေဒါနိုင်ငံကလည်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မေမေနဲ့ ကျနော့်ပင်လယ်

မေမေနဲ့ ကျနော့်ပင်လယ်
ဇေမှိုင်း
ဇွန် ၇၊ ၂၀၁၀ မိုးမခ
ဟိုးမှာ …
နွေဦးလေက  စိမ်းလို့
ငှက်ကလေးတွေက၀ရံတာမှာ
အသံပေးလို့။
သူတို့ အစာလာကောက်ကြတယ် ထင်ပ …
ဟိုး အဝေးကို
မျှော်ငေးတော့
မေမေရယ်
ဒီ တောင်တန်းကလေးကို
သားတို့ သွားကြည့်ရအောင် …
အဲဒီမှာ ကြယ်ပြာစိမ်းစိမ်းလေးတွေ ရှိတယ် ဆိုပဲ
ထင်ရှူးပင်တွေ
ရေပြာပြာတွေ
ကျောက်ခက်ကလေးတွေ ရှိတယ်
တခါတရံ
ဂုံးကလေးတွေတောင် ရတတ်သေးတယ်
မေမေ  အဲဒီပင်လယ်ပေါ်မှာ
သားပျော်ချင်ပါတယ်မေမေ
ပြသနာက …
ရေရှိတိုင်း မကူးရတဲ့ အမှုပါ မေမေ
ဒီည အိပ်မက်ထဲမှာ
မေမေနဲ့ သား စကားပြောကြရအောင် မေမေ။

လူမျိုးရေး မခွဲခြားရန် ဒုက္ခသည်ရုံးကို ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မလေးရှားရောက် ရခိုင်လူမျိုး ဦးရေ ၅ဝ ကျော်သည် လူမျိုးရေး ခွဲခြားဆက်ဆံခြင်း မပြုဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန်အတွက် မြို့တော်ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ဆန္ဒပြခဲ့သည်။

မလေးရှားရောက် ရခိုင်ဒုက္ခသည်များအား UNHCR က အသိအမှတ်ပြု ကူညီစောင့်ရှောက်ရန်၊ မလေးရှား အကျဉ်းထောင်နှင့် ထိန်းသိမ်းရေး စခန်းများရှိ အထိန်းသိမ်းခံ ရခိုင်များအား UNHCR က ကူညီဖြေရှင်းပေးရန်နှင့် UNHCR ရုံးတွင် ရခိုင်ဘာသာပြန် ထားရှိရန်ဟူသည့် အချက် ၃ ချက်ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

“ကျန်တဲ့ တိုင်းရင်းသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတယ်။ UN က ခွဲခြားဆက်ဆံလို့  ဆန္ဒသွားပြကြတာ။ ပြီးတော့ ထောင်တွေနဲ့ camp တွေမှာဆိုလည်း UN က မကြည့်ပေးဘူးဗျ။ လာကြည့်ရင် ရခိုင်ဆိုရင် ချန်ထားခဲ့တယ်။ ကျန်တဲ့ လူမျိုးဆိုရင် pass  ပေးလိုက်တယ်။ နောက်တချက်က ကျနော်တို့ ရခိုင်လူမျိုး ဘာသာပြန် လျှောက်တော့လည်း မခန့်ဘူးဗျာ။ အဲဒီအတွက် ကျနော်တို့ ကိုယ့်စကားနဲ့ ဘာသာမပြန်ရတဲ့အတွက် လိုရင်းမရောက်တာတွေ ရှိတယ်” ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုမင်းမင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်းဆိုချက် ၃ ချက် ရေးသားထားသည့် ပေးစာကို UNHCR ရုံး တာဝန်ရှိသူတဦးက လက်ခံရယူကာ ၎င်းတို့ရုံးအနေဖြင့် စဉ်းစားပေးမည်ဟု ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် ဇူလိုင်လအတွင်း UNHCR က ရခိုင်များကိုပါ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ရာမှ  ထိုနောက်ပိုင်းတွင် ဒုက္ခသည်လျှောက်ထားခွင့်ပင် မရတော့ကြောင်းနှင့် မလေးရှားတွင် UNHCR ၏ စောင့်ရှောက်မှုကို ခံယူလိုသူ ရခိုင်လူမျိုး ၁ သောင်းကျော်ရှိကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

မလေးရှားတွင် ရခိုင် ဦးရေ ၁၅ဝဝဝ ခန့်ရှိရာ ၁၇ဝဝ ခန့်သာ UNHCR အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး၊ ၅ဝဝ ခန့်မှာ ယာယီလက်မှတ် ကိုင်ဆောင်ထားကြောင်းနှင့် ၂၅ဝ ခန့်မှာ  တတိယနိုင်ငံသို့ အခြေချခဲ့ပြီဖြစ်ကြောင်း ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။ ထို့အပြင် တနိုင်ငံလုံးရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် အထိန်းသိမ်းခံနေရသူ ရခိုင်လူမျိုး ဦးရေ ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (မလေးရှား) ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းဝင်းညွန့်က “ကျနော်တို့ ဗမာရယ်၊ ရခိုင်တွေရယ်ကို UN က ခွဲခြားဆက်ဆံတယ်။ မြန်မာပြည်ကလာတဲ့ ကျန်တဲ့ တိုင်းရင်းသားတွေကိုတော့ အသိအမှတ်ပြုတယ်။ ကျနော်တို့ကျတော့ လျှောက်လွှာတောင် တင်ခွင့်မရဘူး။ ဘာဖြစ်လို့ ကျနော်တို့ကို အသိအမှတ်မပြုတာလဲလို့ UN ကို မေးတော့ မင်းတို့က ဗမာလူမျိုးဖြစ်လို့ passport (နိုင်ငံကူးလက်မှတ်) ရှိတယ်၊ ပြန်လို့ရတယ် ဆိုတာလောက်ပဲ ယေဘုယျဆန်ဆန် ဖြေတယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ချင်းဒုက္ခသည်များ ကော်မတီ (မလေးရှား) မှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း “မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို အသိအမှတ်ပြုကဒ် ထုတ်ပေးတဲ့နေရာမှာ ဗမာနဲ့ ရခိုင်တွေ မပါတော့တာ သတိထားမိတယ်။ အဲဒါ ဘာကြောင့်လဲတော့ ကျနော် မသိဘူး” ဟု ပြောသည်။

မလေးရှား UNHCR ရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Yante Ismail က ၎င်းအနေဖြင့် အသေးစိတ် အခြေအနေကို မသိရှိသဖြင့် ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ယခုနှစ် ဧပြီလကုန်အထိ မလေးရှား UNHCR သို့ ဒုက္ခသည်အဖြစ် လျှောက်ထားသူနှင့် အသိအမှတ်ပြုခံရပြီးသူ စုစုပေါင်း ၈၇၇ဝဝ ဦးရေ ရှိသည့်အနက် မြန်မာနိုင်ငံသားမှာ ၈၁၂ဝဝ ရှိသည့်အထဲတွင် ချင်း (၃၉၁ဝဝ)၊ ရိုဟင်ဂျာ (၁၈၈ဝဝ)၊ မြန်မာမူဆလင် (၅၉ဝဝ)၊ မွန် (၃၈ဝဝ)၊ ကချင် (၃၆ဝဝ) နှင့် အခြားလူနည်းစုများဖြစ်ကြောင်း UNHCR (မလေးရှား) ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကျန်အရေအတွက်များမှာ သီရိလင်္ကာ၊ ဆိုမားလီး၊ အီရတ်နှင့် အာဖဂန်နစ္စတန်မှ ဖြစ်သည်။ ဒုက္ခသည်နှင့် လျှောက်ထားဆဲ အားလုံး၏ ၇ဝ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။ အသက် ၁၈ နှစ် အရေအတွက်မှာ ၁၉ဝဝဝ ပင် ရှိသည်။

မလေးရှားသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော နိုင်ငံဖြစ်သည်။

ထို့ကြောင့် UNHCR ဒုက္ခသည်လက်မှတ် ရရှိထားသူများ၊ ခိုလှုံခွင့် လျှောက်ထားသူများနှင့် နိုင်ငံမဲ့များအား တရားမဝင် ကူးပြောင်းလာသူများအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ တရားမဝင် အလုပ်သမားများကိုလည်း ငွေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်လေ့ရှိသည်။

ကွာလာလမ်ပူတွင် တရားမဝင် အလုပ်သမားအဖြစ် နေထိုင်သူ မြန်မာနိုင်ငံသားတဦးက “ကျနော်တို့က ရဲဖမ်းမခံရအောင် သူများ passport ကို ကပ်ခွာလုပ်ပြီး နေတယ်လေ။ UN ကလည်း အသိအမှတ်မပြု၊ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ကဒ်နဲ့လည်း မရဘူး။ ဖမ်းတာပဲ” ဟု ပြောသည်။

လယ်ယာမြေသိမ်းပိုက်ခြင်း၊ လုပ်အားပေးခိုင်းစေခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသား သိန်းပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံများသာမက မလေးရှားသို့ပါ သွားရောက်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားခြင်းနှင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မယ်လဒုက္ခသည်စခန်းတွင် ၀မ်းရောဂါဖြစ်ပွားမှု စိုးရိမ်စရာရှိ


ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ရက်သတ္တ နှစ်ပတ်ခန့်အတွင်း ကာလ၀မ်းရောဂါဖြစ်ပွားသူ (၅၃) ဦး ရှိပြီဖြစ်သဖြင့် စိုးရိမ်စရာဖြစ်သည်ဟု စခန်းဆေးရုံတာဝန်ခံ ဆရာစောနေဆဲက ပြောကြားသည်။

၎င်းက “အရင်လ (၂၇) ရက်ကစပြီး ဒီနေ့အထိ ကာလ၀မ်းရောဂါဖြစ်သူ (၅၃) ဦးရှိသွားပြီ။ ရေကြောင့် အဓိကဖြစ်တာပဲ၊ စခန်းမှာသုံးတဲ့ ရေကမသန့်ဘူး၊ လျှော်ဖွတ်တာလည်း ဒီရေပဲ၊ သောက်သုံးတာလည်း ဒီရေပဲ။ နောက်တချက်က အစားအစာပဲ။ အမှဲ့လွန်တဲ့ သစ်သီးတွေနဲ့ မသန့်တဲ့ ဟင်းသီးဟင်းရွက်တွေကြောင့် ဒီကူးစက်ရောဂါဖြစ်ရတာပါ။ အခုဖြစ်နှုန်းအရဆိုရင် စိုးရိမ်စရာအဆင့်မှာ ရှိနေပါတယ်” ဟု ပြောသည်။

ရောဂါဖြစ်ပွားနေသူများကို စခန်းအတွင်းရှိ ကာလ၀မ်းရောဂါ ကုသရေးဌာနတွင် ကြပ်မတ်ကုသပေးလျက်ရှိပြီး စိုးရိမ်ဖွယ်ရာလူနာ (၅) ဦးမှလွဲ၍ သေဆုံးသူများ မရှိသေးကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ လုပ်ဆောင်နေကြောင်း စောနေဆဲက ပြောသည်။

ရောဂါထိန်းချုပ်မှုအတွက် သင့်တော်သလိုသာ လုပ်ဆောင်နေရပြီး စခန်းတခုလုံး မပြန့်ပွားရေးအတွက် အထူးကြပ်မတ် လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

“အခုရောဂါဖြစ် ပွားနေတဲ့လူတွေက ရပ်ကွက် (၃) ခုက လူတွေပဲ ရှိသေးတယ်၊ အခြားရပ်ကွက်တွေ မပါသေးဘူး။ အခြားရပ်ကွက်တွေပါ ဖြစ်မယ်ဆိုရင် ကျနော်တို့ဆေးရုံမှာ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး၊ မယ်လစခန်းမှာ အဓိကပြဿနာက ရေပဲ။ ရေမလုံလောက်တော့ လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေတွင်းတွေကို ဖြစ်သလိုတူးပြီး သုံးစွဲကြတော့ တကယ်အန္တရာယ်များပါတယ်။ အဲဒီရေတွင်းတွေကို စစ်ဆေးကြည့်တော့ ကာလ၀မ်းရောဂါပိုးတွေ တွေ့ရတယ်” ဟု စောနေဆဲက ရှင်းပြသည်။

မယ်လဒုက္ခသည်စခန်းတွင် ရပ်ကွက် (၂၂) ခုရှိသည့်အနက် ရပ်ကွက် (၃) ခုတွင် ၀မ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်ရပ်ကွက်များသို့ ကူးစက်မှုမဖြစ်ရန် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု စခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။

၎င်းက “ကူးစက်မှုအများဆုံးဖြစ်တဲ့ စီဝမ်းဘီ၊ စီသရီးအေနဲ့ စီသရီးဘီ ရပ်ကွက် (၃) ခုမှာရှိတဲ့ လက်လုပ်ရေတွင်းတွေကို ပိုးသတ်ဆေးတွေဖြန်းပြီးပိတ်ထားတယ်။ စခန်းတခုလုံးမှာလည်း ပညာပေးမှုနဲ့ စည်းကမ်းချက်တွေ ထုတ်ထားတယ်၊ ရောဂါကူးစက်မယ့် အစားအစာ ရောင်းချခွင့်တွေကိုလည်း ပိတ်ထားတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတည်ရှိရာ ထာ့ဆောင်ရန်းမြို့နယ်၏ ထိုင်းကျန်းမာရေးအရာရှိတဦးက စခန်းအတွင်း ကူးစက်ရောဂါများ အလျင်အမြန်ဖြစ်ပွားရခြင်းမှာ ရေနှင့်မိလ္လာစနစ်မရှိဘဲ လူဦးရေထူထပ်စွာ နေထိုင်ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်တဦးဖြစ်သူ စောကညောက “ဒီလို ကူးစက်ဝမ်းရောဂါဖြစ်တာ စခန်းထဲမှာ ရေမလုံလောက်တော့ ကိုယ့်အိမ်နားမှာပဲ ရေတွင်းတူးကြတယ်။ အိမ်သာနဲ့ရေတွင်းက နီးနီးကပ်ကပ်ဆိုတော့ အန္တရာယ်ရှိတယ်။ နောက်ပြီး ထိုင်းဈေးကွက်မှာ ရောင်းလို့မကုန်တဲ့ သစ်သီးဝလံမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးပေါပေါနဲ့ ကားအစီးလိုက် စခန်းထဲကဈေးမှာ လာရောင်းတာကို စခန်းတာဝန်ရှိသူတွေက ရောင်းခွင့်ပေးတယ်။ ဒီပြဿနာတွေကို တာဝန်ရှိသူတွေ အသေအချာ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းဆေးရုံကို ပြင်သစ်အခြေစိုက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့စည်းတခုဖြစ်သည့် Aide Medical International (AMI) အဖွဲ့နှင့် ပူးတွဲဖွင့်လှစ် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုစခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် (၆၅) ကီလိုမီတာအကွာတွင် တည်ရှိပြီး ဒုက္ခသည်(၅) သောင်းခန့် နေထိုင်လျက်ရှိသည်။

ဘယ်သူ့တာဝန်လဲ

'Who is Responsible?' by Khin Ma Ma Myo                                                                   

၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၇၊ ဇွန်လ - ၂၀၁၀ ခုနှစ်)

8888 People Power - Vol 5 No 7 - Jun 2010                                                            


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List