မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထူးဂုဏ်ပြု


၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထူးဂုဏ်ပြု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ။ အသက်ရာကျော်ရှည်ပါစေ။

အကယ်၍

အကယ်၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ် လူညစ်တွေက

လှည့်စား ပြောင်းလဲပြီး

မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာ

တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်…..

ဒါမှမဟုတ်

မင်းဘဝ တခုလုံးပေးပြီး

အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို

ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ

အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ 

ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်……

အကယ်၍

မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ

ကြွေတလှည့် ကြက်တခုန်ပမာ

တစ်လှည့်တစ်ခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင်……

ပြီးတော့

အစကနေ ပြန်စနိုင်မယ်ဆိုရင်……

ပြီးတော့တစ်ခါ

ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 

ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်

အကယ်၍

သူများတကာ လုပ်ပြီးသွားကြလို့  အချိန်အတော်ကြာမှ

မင်းအလှည့် ရောက်လာတဲ့အခါ

မင်းတစ်ယောက်တည်းနဲ့ ပဲ

အားနဲ့ မာန်နဲ့  ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်…….

အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့ 

ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီ စိတ်ဓာတ်အင်အားကို

ခိုင်မာစွာနဲ့ ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်……

အကယ်၍

မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး

ဒါတွေဟာ မင်းကြောင့်လို့  ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ

မင်းဟာ ခေါင်းအေးအေးနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်…..

အကယ်၍

အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ ကို နားလည်စွာခွင့်လွတ်ရင်းနဲ့ 

မင်းကိုယ်မင်း ယုံကြည်မှု့  အပြည့်အဝရှိမယ်ဆိုရင်


အကယ်၍

စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး

အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်……

ဒါမှမဟုတ်

မင်းရဲ့အကြောင်း

မဟုတ်တရား မုသားစကား ကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့ 

မတုန့် ပြန်ဘူးဆိုရင်……

ဒါမှမဟုတ်

မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့အခါ

မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…..

ပြီးတော့

မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့  မမြင်ဘဲ

ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်

အကယ်၍

စိတ်ကူးယဉ် အိပ်မက်တွေဟာ

မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…..

အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်……

အကယ်၍

အောင်မြင်မှု့ သုခနဲ့  ဆုံးရှုံးမှု့ ဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ

တူညီသော လောကဓံတရားတွေပါလား ရယ်လို့ 

ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍

လူတွေနဲ့  ထိတွေ့ ပြောဆို ဆက်ဆံရတဲ့အခါ

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…….

ဒါမှမဟုတ်

မင်းဧကရာဇ်တွေနဲ့  အတူ လမ်းလျှောက်နေရပေမဲ့

မာန်မာန သွေးကမကြွဘူးဆိုရင်

အကယ်၍

ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ

မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်……

အကယ်၍

လူတိုင်းကို တန်ဖိုးထား လေးစားရပေမဲ့

စွဲလန်းမှု့  သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…..

အကယ်၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ

အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်

အသုံးချနိုင်မယ်ဆိုရင်……

ငါ့သားရေ……

မင်းဟာ

အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့

ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ 

အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…..

အဲဒီတော့ မင်းဟာလည်း

ယောက်ျားကောင်း တစ်ယောက်ပဲပေါ့……

Rudyard Kipling

ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည်












မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ
ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်


In The Quiet Land

In the Quiet Land, no one can tell

if there’s someone who’s listening

for secrets they can sell.

The informers are paid in the blood of the land

and no one dares speak what the tyrants won’t stand.

In the quiet land of Burma,

no one laughs and no one thinks out loud.

In the quiet land of Burma,

you can hear it in the silence of the crowd

In the Quiet Land, no one can say

when the soldiers are coming

to carry them away.

The Chinese want a road; the French want the oil;

the Thais take the timber; and SLORC takes the spoils…..

In the Quiet Land….

In the Quiet Land, no one can hear

what is silenced by murder

and covered up with fear.

But, despite what is forced, freedom’s a sound

that liars can’t fake and no shouting can drown.

Aung San Su Kyi


Free bird towards a free Burma

My home…..

where I was born and raised

used to be warm and lovely

now filled with darkness and horror.

My family….

whom I had grown with

used to be cheerful and lively

now living with fear and terror.

My friends….

whom I shared my life with

used to be pure and merry

now living with wounded heart.

A free bird….

which is just freed

used to be caged

now flying with an olive branch

for the place it loves.

A free bird towards a Free Burma

Aung San Su Kyi


Why do I have to fight???

They killed my father a year ago,

And they burnt my hut after that

I asked the city men “why me?” they ignored

“I don’t know, mind your business,” the men said.

One day from elementary school I came home,

Saw my sister was lifeless, lying in blood.

I looked around to ask what happened, if somebody’d known,

Found no one but living room as a flood.

Running away by myself on the village road,

Not knowing where to go but heading for my teacher

Realizing she’s the only one who could help to clear my throat,

But this time she gave up, telling me strange things in fear.

Why, teacher, why.. why.. why?

I have no dad nor a sister left.

To teach me and to care for me you said, was that a lie?

This time with tearful eyes she, again, said…

Be a grown one, young man,

Can’t you see we all are dying?

And stop this with your might as soon as you can,

For we all are suffering.”

Aung San Su Kyi

Mail ပို့ ပေးသော မလင်း အား အထူးကျေးဇူးတင်ရှိပါသည်။













0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List