မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

နိုင်ငံရေးလှည့်ကွက်တွေအတွက် ဘာသာရေးနဲ့အမျိုးသားရေးကို အသုံးချနေတာ သတိပြုဖို့ ပညာရှင်များ သတိပေး


လားရှိုးဖြစ်စဉ် မီးရှို့သူ ကျိုင်းတုံ၊ တောင်ကြီးနှင့် မန္တလေးမှာ ဆူပူရန် ဖန်တီးခဲ့သော်လည်း မအောင်မြင်ခဲ့ဟုဆို၊ လားရှိုးပဋိပက္ခမှ ဒုက္ခသည်များ မန်ဆူ ရှမ်းဘုန်းကြီးကျောင်းတွင် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထား


တခန်းမရပ်နိုင်သေးတဲ့ “ခေါင်းစဉ်မဲ့ကဗျာ” (ကိုမျိုး- မြန်မာစာ)


 
ကိုမျိုး(မြန်မာစာ)ရဲ့ “ခေါင်းစဉ်မဲ့ကဗျာ”လေးတပုဒ်ပါ..

တခန်းမရပ်နိုင်သေးတဲ့ “ခေါင်းစဉ်မဲ့ကဗျာ” အတွက် မိမိအတွေးနဲ့ ခေါင်းစဉ် တပ်လိုက်ကြပါစို့..

လားရှိုးမှမဟုတ်ပါဘူး
နိုင်ငံတစ်ဝှမ်းကတိုင်းရင်းသားသွေးချင်းတွေဟာ
ကျွန်တော်တို့ ဆွေရင်းမျိုးနွယ်တွေပါ။

“လားရှိုးမြို့မှာနေတဲ့
ကျွန်တော့်ဖွားလေး
အရင်းခေါက်ခေါက်ကြီး
သူ့အိမ်နားမှာမီးလောင်တာနဲ့ ကြောက်ပြီး
ဘုန်းကြီးကျောင်းမှာခိုလှုံနေရတာ.....”တဲ့ ၊

အရင်းခေါက်ခေါက်ကြီးတွေနဲ့ 
နိုင်ငံသားဝမ်းကွဲပြဿနာမှာ
ရှို့ မီးကြောင့် အမှောင်ကမ္ဘာ ထပ်ရောက်ကြရမှာလား။

ဒီမိုကရေစီ နုစဉ်မို့ 
ရှို့မီးတလျှံလျှံညီးညီး နေတာအဆန်း မဟုတ်လှပေမဲ့ 
ဒေသခံမဟုတ်ဆိုတဲ့ အကြမ်းဖက်တို့ 
မျက်နှာစိမ်းတွေ မီးရှို့ တာတို့ နဲ့ 
တစ်ချပ်မှောက် ပဟေဋ္ဌိနောက်မှာ
တရားခံပျောက်ပျောက် နေရတာသာ ဆန်းကြယ်သဗျာ။

ခေတ်ပြောင်းတယ် စံနစ်ပြောင်းတယ်ဆိုလည်း
“သံသယပျောက်ပါစေ အမှန်ဘ၀ရောက်ပါစေလေ..”
ဒီ တေးသွားဟောင်းပါပဲ အပ်ကြောင်းထပ်ဆဲ
ဒီဇာတ်ဝင်တေးနဲ့ မှ မွဲပြာပုဆိုးဇာတ်က
လိုက်ဖက်မယ် ထင်ပုံရကြတာလည်း အံ့လောက်စရာပဲ။

ဗျာ..
မဟောင်းသေးတဲ့ဇာတ်
တစ်ခန်းရပ်ဖို့ ဇာတ်သိမ်းသီချင်းတေးသွား
ကျွန်တော်များဆန္ဒပြုပေးကြရမယ်လား...။
ဟုတ်ကဲ့..
တေးရေးမရှိရှာတော့တဲ့
သမိုင်းတစ်ခေတ်ဆန်းသစ်လာပြီ တေးသွားအလိုက်ထဲ
စာသားပြောင်းလဲ မထည့်ရင်ပဲကျေနပ်ပါပြီ.။

ကိုမျိုး(မြန်မာစာ)

Stories of Thilawa


ဥက္ကံမြို့တွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားမှုမရှိဘဲ အခြေအနေ တည်ငြိမ်လျက်ရှိ


ကမ္ဘာငြိမ်းချမ်းရေး ခေါင်းဆောင် ဒေါ်စုနှင့် ဂျပန်ရောက်မြန်မာမိသားစုများ တွေ့ ဆုံပွဲ မှတ်တမ်း


DVB 29.03.2013 - Pegu Conflict Follow-up


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA တွေ့ဆုံမေးမြန်း


လက်ပံတောင်းတောင်ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် ရှင်းပြချက်




ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List