မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ငါ

ငါ

ငါ့မှာလည်းငါ၊ သူ့မှာ ငါနဲ့
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါ ဒုက္ခပေး၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကိုရှာ၊ ငါ ဆိုးခွါသော်
ကွာလေသည် သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမွေ မခြား၊ နှဲသံကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို-ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားအန် စမ်းအံ့
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့်
ငါမူ ငါ့ကို အောင်မည်လော
ငါ့ကို ငါက အောင်မည်လော။
(ဆရာမင်းသုဝဏ်)

ဒီသီချင်းကို အလွမ်းနဲ့ ရေးတယ်

ဒီသီချင်းကို အလွမ်းနဲ့ ရေးတယ်
ကမာပုလဲ

တနေ့မှာ
ပြန်ဆုံဖို့ အခွင့်ရှိခဲ့ရင် ...။

ခြေရာ၊ ခြေလှမ်းနဲ့ ခြေသံအချို့
အစားထိုး နေရာယူလာတဲ့
ပင့်သက်နဲ့ မျက်ရည်စတို့
စာသင်ကျောင်းကလေးတွေကလည်း
သိပ်တော် အပြစ်ကင်းစင်တဲ့ မျက်နှာကလေးတွေ
လူမသိ သူမသိ တစစ ပျောက်ကင်းသွားခဲ့ပုံ …။

၂၁ နှစ်တဲ့
ခုဆို ဒင်းကလေးဟာ
လူအိုရင့်မကြီးစစ်စစ် ဖြစ်နေတော့မှာပေါ့
သားတွေ သမီးတွေနဲ့
တောထဲ တောင်ထဲ …
တရားမ၀င်တဲ့ မြို့ကြီးပြကြီးထဲ
မျက်စိလည် လမ်းမှားနေမှဖြင့် …
ကြားကြားနေရတဲ့
လေထုတွေက
ရှုပ်ရှုပ်ပွေပွေ …။

ရေဒီယိုကလေးတွေကလည်း
သူတို့အကြောင်း
တိတိပပ ပြောပြဖို့ကို
ခုတော့ …
ဈေးကိုင် မေ့လျော့နေသလိုပဲ။

သံလွင်ကရော
ကမ္ဘာမကြေဘူးလို့
အားကောင်းမောင်းသန် သီဆိုနေဆဲလား
သောင်ရင်းမြစ်နဒီကလည်း
အရင်လို ….
တော်လှန်တေးတွေ ဟစ်ကြွေးရင်း
ပြောင်းပြန် စီးစင်းနေဆဲလား။

သားတို့သမီးတို့ရဲ့ ညတွေမှာ
ခက်ခက်ခဲခဲ ရည်တွက်မကုန်အောင်
ကြယ်တွေ အစင်းစင်းကြွေခဲ့မယ် …။

ခေတ်အဆက်ဆက် စောင့်ချင်စောင့်ရပစေ
အလျော့ပေးဆုံးရှုံးမှု ဦးခေါင်းတွေနဲ့တော့
အိမ်ကို ပြန်မလာနဲ့
ဘယ်ကိုမှလည်း
ကိုယ်လွတ်ရုန်း ထွက်မပြေးရဘူးနော်
ရေရှည်မြှုပ်နှံ …
ပြီးတော့
အဆုံးသတ်တိုက်ပွဲအတွက်
အခွင့်အခါကောင်းကိုစောင့် …
မျှော်လင့်တမ်းတရလွန်းလို့
လူညွှန့်တုံးမသွားနိုင်ပါဘူး
ဒီသီချင်းကို …။ ။

ကမာပုလဲ

တော်လှန်ရေးသမိုင်းဝင် မြို့ မကျောင်း ဆရာကန်တော့ပွဲသို့

မျိုးချစ်မြန်မာ မှ

Dear friends,


B.E.H.S Dagon 2, Sayar ka-daw-pwe is going to be held on November 22, 2009. The organizers of the event hope to donate 60,000 Ks in cash per teacher this year. There will be total 194 teachers coming to this event this year. Pls extend your kind help this year also to make this event as successful as it can be for the sake of our old teachers.


Please contact me by phone or reply by email so we can arrange to collect your donations. Kindly pass this information to your friends as well.

Thanks everyone! and best regards,


Su Nyein Aye
Tel: 09-508 7177

School History
Myoma National School (1929)
• Myoma National School (1929)

Myoma National School (1929)

No.2 Basic Education High School was formerly known as Myoma National Boy's High School. In the 1920s national schools were opened across Myanmar with the purpose of implementing the national education objectives.

Myoma national schools were born out of the national freedom struggle together with national education and national spirit.

Of them all, this school was the first-born Myoma National School.

U Ba Lwin BA (Honours) MA 1929-1953
U Ba Lwin
BA (Honours) MA
1929 - 1953

The foundation of this school began in 1920. The school was under construction from 25.11.1929 ( the 10th waning day of Tasaungmone,1291 Myanmar Era ) until 4.12.1931 (the 10th waning day of Tasaungmone,1293 Myanmar Era ).

Only with the strong effort of U Ba Lwin, the first headmaster of the Myoma National School and the parents' donation, could the school be successfully completed.

Formerly, it was not a government school. It was nationalized on the 1st of April, 1965 and became a State High School and later became known as, at present, No.2 Basic Education High School, Dagon.

Our school gained recognition in the course of Myanmar history and Myanmar education sector.


U Tin Maung TunToday's Principal

U Tin Maung Tun

BSc. Dip .Ed.

1.8.2002 - up today



Principals of Myoma (Dagon 2)


A succession of Headmasters are as follows :

U Aye Thwe (BA) (1953-1957)
U Aye Thwe (BA)
(1953 - 1957)
U Ba Tin (BA)
(1957 - 1968)
U Ba Saw (BA. BEd)
(1968 - 1970)



U Hla Thein (BA. BEd.)
(1970 - 1972)
U Nyein Maung (BA. BEd)
(1972 - 1982)
U Win Soe (BA. BEd)
(1982 - 1984)



U Tin Win (BA. BEd)
(1985 - 1988)
U Khin Maung Nyunt (BA. Ed. BEd)
(1988 - 1990)
U Han Thein (BA. BEd)
(1990 - 1997)




U Thar Win (BEd)
(1998 - 1999)
U Tin Hlaing (BEd)
(1999 - 2002)

မျိုးချစ် ကရင်များဧ။် မျက်ရည်

Karen Tear

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု့






မူရင်း ဓါတ်ပုံ ပို့စကဒ်များ














မြန်မာပြည် စစ်အာဏာရှင် ကျဆုံးစေဖို့ အတွက် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု့ကြီး အကောင်အထည် ဖေါ်ဆောင်ရေး လုပ်ငန်းစဉ်တခု အနေနှင့် လူထုတွင်း စည်းရုံးခြင်းနှင့် အာဏာရှင် ကျဆုံးစေဖို့ လူထုတရပ်လုံး ၊ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းပါဝင်လာရေး အတွက် အောက်ပါ လှုပ်ရှားမှု့များ ပြုလုပ်ခဲ့ကြပါသည်။
ကိုအေးမင်းနှင့် GAB ရဲဘော်များခင်ဗျား-
၈-၁၁-၀၉ ရက်နေ့ ည ၁၂ နာရိခန့်တွင် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့နှင့် မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ရေဥက္ကံ ကျေးရွာ ရှိ ရဲကင်း ၊ ကျန်စစ်သား အိမ်ရာ ဆိုင်းဗုဒ်၊ဗစ်တိုးရိးယား စတိုး ဆိုင်းဗုဒ် များနှင့် ပန်းလှိုင် ဂေါက်ကွင်း ခြံစည်းရိုး အုပ်ရိုးတို့တွင် ပို့စကဒ်များကပ်ခြင်း၊ကြေငြာချက်များ ကပ်ခြင်းနှင့်GAB=TBM=FBF စာသားများ ရေးသား ခြင်းလှုပ်ရှားမှု့များ ပြုလုပ်ခဲ့ကြပါသည်။ တခါ (၉) ရက်နေ့ညတွင်လည်း ၂၄ နာရီ ဖွင့်သော သီရိမင်္ဂလာဈေး ရှိ ဈေးဆိုင်များ နံရံများ ဈေးဆိုင် ဆိုင်းဗုဒ်များတွင်လည်း ပို့စကဒ်များ ကပ်ခဲ့ကြပါသည်။

ယခု လှုပ်ရှားမှု့နှင့်ပတ်သတ်ပြိး အကောင်းဆုံး မြေသြဇာ အဖွဲ့မှ အပြည့်အဝ တာဝန်ယူပါသည်။

သီရိမင်္ဂလာဈေး တွင်းရှိ ဈေးတာဝန်ရှိ လုံခြုံရေးများ၊ ရဲများ ၊ စည်ပင်များ ယနေ့မနက်တွင် ဂယက်ရိုက်နေမှု့များအား ဝမ်းသာ ပီတိ ဖြစ်ကုန်ကြပါစေ။ သူတို့လို နအဖ ဒေါက်တိုင်များမှတဆင့် သန်းရွှေကဲ့သို့ စစ်ဗိုလ်ချုပ်တစု သည် မိမိတို့အား မလိုလားကြောင်းပြသသည့် ပြည်သူလူထု ရှိနေပြီဆိုတာကို သိရှိပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေး၊တွေ့ဆုံ ဆွေးနွေးအဖြေရှာပေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲ ကို အပြတ်သားဆုံး ပယ်ဖျက်ပြီး ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးရေး၊၂၀၀၈ အခြေခံ ဥပဒေကို ပယ်ဖျက်ပစ်ရေးတို့ကို အမြန်ဆုံးဆောင်ရွက်သွားကြရန် တိုက်တွန်းသည်။
အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု့အောင်ရမည်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

ကရင်နှစ်သစ်ကူးပွဲတော်ဖိတ်ကြားလွှာ

ကရင်နှစ်သစ်ကူးပွဲတော်ဖိတ်ကြားလွှာ

မှတ်ချက်။ ကျင်းပမည့်ရက်. ၂၀.၁၂.၂၀၀၉(တနင်္ဂနွေနေ့ ) ကျင်းပမည့်နေရာ. Subas Chander, Pfortenter 55, 60386 Frankfurt am Main ကျင်းပမည့် အချိန်. ၁၀နာရီ ၃၀မိနစ် မှ ညနေ ၅နာရီ အထိ စီးရမည့်ရထား(Strassebahn 11,ကို Fechenheim သွားသည့်ဘက်အခြမ်းမှစီးပါ။ Fechenheimer Leinpfad မှတ်တိုင်တွင်ဆင်းပြီးညာဘက်သို့ လျှောက်ပါ။ ဆက်သွယ်ရန်။ (ကိုစောနေ၀ါး - ၀၁၅၂၀၇၃၇၀၉၄၇)။ ၀၁၇၂၆၉၅၉၄၈၆။၀၁၇၄၂၁၀၈၀၀၇။ ၀၁၅၂၀၇၄၁၀၄၃၄။
ကရင်နှစ်သစ်ကူးပွဲတော်သို့  ပျော်ပျော်ပါးပါးလာရောက်အားပေးကြပါရန်ဖိတ်ခေါ်အပ်ပါသည်။

ထောင်အကြောက်တရား မဟောရန် ဦးဝင်းတင် ပြော

ထောင်အကြောက်တရား မဟောရန် ဦးဝင်းတင် ပြော Print E-mail
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 27 ရက် 2009 ခုနှစ် 18 နာရီ 33 မိနစ်


နယူးဒေလီ(မဇ္ဈိမ)။ ။ ထောင်အကြောက်တရား မဟောကြားရန် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယနေ့ ပြောကြား လိုက်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် လူဦးရေ ၂၀၀ ကျော်က သတင်းစာဆရာ ဦးဝင်းတင်ကို ကြည်ညိုလေးစားသောအားဖြင့် မြန်မာ့ရိုးရာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တွင် ကျင်းပစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တချို့လူတွေက ထောင်ကြောက်ရမယ်ဆိုတဲ့ တရားတွေ ဟောနေကြတယ်။ နားမယောင်ပါနဲ့၊ နားမထောင်ပါနဲ့။ အဲဒီလို ပြောခြင်းက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကအစ အကုန်လုံးကို စော်ကားသလို ဖြစ်နေတယ်။ အဲဒီလို စကားတွေ လက်မခံပါနဲ့။ ထောင်ကို ရှောင်ရင် ရှောင်ပါ၊ ထောင်ကြောက်တဲ့ တရားကို ကိုယ်လည်း မဟောနဲ့၊ ကိုယ့်ကို ပြောရင်လည်း လက်မခံပါနဲ့” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောပြသည်။

လက်ရှိတွင် မြန်မာပြည်ရှိ ပညာသင်ရေး၊ သက်မွေးဝမ်းကြောင်း၊ လုပ်ငန်းကိုင်ငန်း၊ လယ်ထွန်စိုက်ပျိုးရေး အပါအဝင် နယ်ပယ်စုံတွင် ထောင်နံရံများကဲ့သို့ ပိုင်းခြားခံထားရသဖြင့် တပြည်လုံး အကျဉ်းကျနေကြောင်း အန်အယ်ဒီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်က ပြောသည်။

သက်ကြီးပူဇော်ပွဲသို့ အကျဉ်းကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ဗကသ ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းနှင့် အန်အယ်ဒီ ပါတီဝင်များ၏ မိသားစုဝင်များအပြင် လက်ရှိ တက္ကသိုလ် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့သည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကျော် အကျဉ်းကျခံရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။ သို့သော် ထောင်ပြင်ပတွင်လည်း လွတ်မြောက်ခြင်း မရှိသည့် အထိမ်းအမှတ်အဖြစ် ထောင်အင်္ကျီအရောင်ဖြစ်သည့် အပြာရောင်အင်္ကျီကိုပင် တစိုက်မတ်မတ် ဝတ်ဆင်လာခဲ့သည်။

ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဦးဝင်းတင်က ''အခုလို အချင်းချင်းပေါင်းစည်းပြီး စည်းရုံးညီညွတ်မှု၊ သွေးစည်းညီညွတ်မှု ပိုမိုကောင်းမွန်လာတဲ့အပြင်၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ ကန်တော့ပွဲဖြစ်သလို၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ဂါရဝပြုတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၇၀ ခန့် ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP (B) အရ သိရသည်။

ယနေ့ ကျင်းပသည့် ဂါရဝပြု ပူဇော်ပွဲတွင် ဆရာကြီးက လွတ်လပ်သော အာရှအသံ RFA တွင် ထုတ်လွှင့်သည့် စာရေးဆရာမ နှင်းပန်းအိမ်၏ 'အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်' ဆောင်းပါးကို ရည်ညွှန်းကာ မြန်မာပြည်သည် သူရဲကောင်းတို့ တိုင်းပြည်ဖြစ်ကြောင်း ပြောသွားသည်။

ထို့အပြင် ဗကသ ခေါင်းဆောင်ဟောင်းနှင့် အကျဉ်းသားဟောင်း ကိုအောင်ဒင် ရေးခဲ့သလို 'သူရဲကောင်းတို့ရဲ့ ခြေအစုံကနေ မြူတမှုန် ကျန်ရစ်ရင်တောင် အောင်မြေဖြစ်တယ်' ဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အကျဉ်းကျခံ ဘဝကို စိတ်ဓာတ်မကျဘဲ ရပ်တည်ချက် အခိုင်အမာဖြင့် ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းသွားသည်။

မြန်မာ နဲ့ အီရန် က လူထုလှုပ်ရှားမှု

မြန်မာ နဲ့ အီရန် က လူထုလှုပ်ရှားမှု

21 October 2009 VOA

အီရန်နိုင်ငံမှာ ဒီနှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း လူထုလှုပ်ရှားမှုဟာ မြန်မာပြည်မှာ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွါးခဲ့တဲ့ သံဃာ့လှုပ်ရှားမှုကို အမှတ်ရစေပါတယ်။ အကြောင်းကတော့ ဆန္ဒပြသူတွေထဲက သတင်းမီဒီယာ စိတ်ဝင်စားသူတွေဟာ သူတို့ရဲ့  အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဓါတ်ပုံတွေ ဗွီဒီယိုတွေနဲ့ ကမ္ဘာသိအောင် ကြိုးစားခဲ့ကြပါတယ်။ ဘယ်လို တူညီတဲ့ချက်တွေ ရှိတဲ့အကြောင်း ကိုရန်နိုင်က ရှင်းလင်းတင်ပြပေးထားပါတယ်။

Burmese Version



English Version





နိုင်ငံတကာ သျှမ်း ရိုးရာယဉ်ကျေးမှုပြပွဲ နဲ့ နှီးနှောဖလှယ်ပွဲ

နိုင်ငံတကာ သျှမ်း ရိုးရာယဉ်ကျေးမှုပြပွဲ နဲ့ နှီးနှောဖလှယ်ပွဲ
19 October 2009 VOA

သျှမ်းတိုင်းရင်းသားတွေရဲ့  ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို သျှမ်းတိုင်းရင်းသားအချင်းချင်းကြားမှာ နဲ့ အများပြည်သူသိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ သျှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြပွဲ နဲ့ နှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ချူလာလောင်ကွန် တက္ကသိုလ် (Chulalongkorn University) ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ ယဉ်ကျေးမှုပြပွဲဟာ ပြည်ပမှာရောက်ရှိနေတဲ့ သျှမ်းတိုင်းရင်းသားအများအပြား တစုတဝေး တွေ့ဆုံနိုင်တဲ့ နှီးနှောဖလှယ်ပွဲကြီးလို့ စီစဉ်သူများက ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဘန်ကောက်မြို့ ရောက်နေ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦး, က တင်ပြထားပါတယ်။







ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List