မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရှစ်လေးလုံး … နှစ်ဆယ့်နှစ်


ရှစ်လေးလုံး … နှစ်ဆယ့်နှစ်
ကမာပုလဲ

မနက်ဖြန်ဟာ
ရှစ်လေးလုံးကို ခေါ်ဆောင်လာလိမ့်မယ်
ဝင်းမော်ဦးလည်း ပါတယ်ပေါ့ …။

တယောက်တမျိုး ပြောကြတယ်
တဦးချင်း အကျိုးစီးပွားတွေကလည်း ဒုနဲ့ဒေး
နီရဲအောင် ခတ်ခဲ့တဲ့ လက်မောင်းတွေကလည်း
ခုဆို အပြာရောင်သမ်းလို့ …။

အကျိုးစီးပွားဆိုတာက
ဆွေမျိုးအပေါ် အခြေမခံဘူး
အတန်းအစားပေါ်မှာ အခြေခံတယ် …
စာမတတ်တဲ့ လယ်သမားအဖိုးအိုကြီး ပြောမှ
ငါ့ဘ၀အသိ သူငယ်နှပ်စားနိုင်ခဲ့ပုံ …။

နှစ်ဆယ့်နှစ်နှစ်တဲ့
တကယ်ရင်းနှီးမြုပ်နှံလုပ်ခဲ့သူတွေ …
နှစ်ဆယ့်နှစ်နှစ်တဲ့
ဘီလူးစည်း၊ လူ့စည်း ကွဲခဲ့ပုံတွေ ...
နှစ်ဆယ့်နှစ်နှစ်တဲ့
ရှင်ခြင်းနဲ့ သေခြင်းကို
တိုက်ပွဲဝင် မြင့်မြတ်ခဲ့သူတွေ …။

ရိုးရှင်းနုပျိုနေတဲ့ မျက်နှာလေးတွေက
ရှစ်လေးလုံး သမိုင်းအဖြစ်အပျက်ကို မေးတဲ့အခါ
မေမေရယ် ...
ကျနော်ပြန်ဖြေတဲ့ စကားလုံးတွေမှာ
မျက်ရည်တွေအတိ
ဂုဏ်ယူကြည်နူးမှုတွေအတိ ။ ။

ကမာပုလဲ
(၀၇၊ ၀၈၊ ၂၀၁၀)

လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ



လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ
မားဆိုး

ခြံအမှတ် (၅၄) မှာ
ထူးတွေ
အထပ်ထပ်နဲ့
မှတ်တိုင်တွေ
(၆၅) တိုင် ရေးထိုးခဲ့ပြီ
သေတဲ့အထိ
မျက်နှာမငယ်စေရဘူး အမေ။

အမေရေ ...
တောခွေးအတွေ ဝိုင်းဟောင်ကြတယ်
ဒါပေမယ့်
“ဝုတ် ... ဝုတ်” လို့ မမြည်ဖူး
“ရွေးကောက်ပွဲ ... ရွေးကောက်ပွဲ” လို့ မြည်တယ်။

၂၀၁၀ ထန်းလျက်ခဲ ချကျွေးတော့
မြိန်ရည်ရှက်ရည်ရှိလိုက်ကြပုံများ
မော်ဒန်ဆရာလေးတချို့တောင်
သက်တော်ရှည်အမတ်ဖြစ်မယ့်ခေတ်
ကိုယ့်ကိုကိုယ်
အရန်ခုံမှာ ထိုင်နေရမှန်း မသိကြရှာဘူး။

ဖွတ်စိမ်းတွေက
တောင်ရှည်ဝတ်
ခေါင်းပေါင်းစကို
ညာ ချလို့ ...
လမ်းတွေဖောက်ကြသတဲ့
အရေခြုံ ကလိန်တွေစုံတော့
ဖွတ် မိချောင်းဖြစ်၊ မြစ် မချမ်းသာသပေါ့ အမေရယ်။

တကယ်တော့
သူတို့က ခံစစ်တံတိုင်းကြီးတွေပေါ့
စည်းရိုးအထပ်ထပ်နဲ့
ဂိုးသွင်းမခံရအောင် ပိတ်ဆို့မယ်။

ဒီကြားထဲ
သန်းသန်း ချိုချို နေရည် ဆိုတဲ့
သုံးဦးစပ်
ငါးပိရည်ကြို ညွန့်ပေါင်းအသင်းက
နေမညိုသေးဘဲ
လေတွေ ပြိုပြနေကြပြန်ရဲ့
သူတို့က
ဘယ်တောင်ပံတိုက်စစ်ကို တာဝန်ယူမယ်တဲ့။

ဒီမိုကရေစီ
တွင်တွင်ပြောပြီး
ရွှေဝါဆပ်ပြာနဲ့ ဧည့်မထဆန်
မှန်မှန်ထုတ်တတ်တဲ့
ကြောင်သူတော် ဘောသူခိုးတွေက ရှိသေး
သူတို့က
ညာဝင်းမှာ ဆော့မယ်။

အမေရေ ...
ကျနော် သိပြီဗျ
ဒေါင်းယောင်ဆောင်ခဲ့တဲ့
အန်ဒီအက်ဖ်တောကျီးကန်းတွေ
တသက်လုံး
ဂိုးမသွင်းနိုင်ခဲ့တဲ့ ရလဒ်ဟောင်းတွေနဲ့
လူကျွံဘောအဖမ်းခံကြဦးမယ်။

ရှမ်းအိုးစည်တီးပြီး
မနောကွင်းမှာ
ဒုံးယိမ်းကကြမယ့်
ဒီမိုကရေစီဘက်တော်သား
အဖြည့်ခံ ဘောသမားလေးတွေပေါ့
သူတို့က
၂၀၁၀ ဘောလုံးလေး ဘေးထွက်သွားရင်
ပါမစ်အမျိုးမျိုးနဲ့
ဝိုင်းကောက်ပေးကြမယ်။

၈၈ ကျောင်းတော်သား မျက်နှာဖုံးများက
လက်သီးလက်မောင်းတန်းလို့
ကွင်းလယ်ဗိုလ်ချုပ်လုပ်ဖို့
မှန်းကြပြန်ရော။

အဆုံးသတ် တိုက်စစ်မှုးကတော့
လီယွန်နယ်လ်သိန်းစိန် ... တဲ့
ဘယ်သူတွေ
ဘယ်လိုတားတား
နောက်ဆုံးတော့
အကောင်းဆုံး
ကလိမ်ခြုံ ပလေယာဆု
အကောင်းဆုံး
ရှေ့တန်းလူသတ်သမားဆု
အကောင်းဆုံး
ဒီမိုကလိမ်စီ ဖန်တီးရှင်ဆု
ရှိသမျှ
သိမ်းကျုံးယူဦးမှာ မြင်ယောင်သေး။

အမေရေ ...
အာဂျင်တီးနားနဲ့ ကမ္ဘောဒီးယားပွဲကို
အိပ်ရေးပျက်ခံ
ထကြည့်တဲ့အထိတော့
သားတို့ မရူးနှမ်းသေးပါဘူး။

သားတို့ ရင်ဘတ်ထဲမှာ
အမေသာ ချန်ပီယံ
သားတို့ ကစားကွင်းနဲ့ စစ်တလင်းထဲမှာ
အမေသာ ချန်ပီယံ
မတန်တဲ့ပွဲ
ဝင်မကန်တဲ့ အမေ့အတွက်
သားတို့
ဂုဏ်ယူတယ်။ ။

မားဆိုး
(၁၉.၆.၂၀၁၀)

စာပေကင်ပေတိုင်ကြောင့် ဥပဒေများကို မရေးရဲ

နအဖ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား ဆန့် ကျင်တိုက်ဖျက်ကြ

Burma's 63rd Martyr Day

Burma's 63rd Martyr Day

ဇူလိုင် ၇ ရက်ကျောင်းသားအရေးတော်ပုံကြီး

7th_July_1962[1]                                                            

ဗိုလ်ချုပ်အောင်ဆန်း၏ "တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမရှောင်ခဲ့ပါ" မိန့်ခွန်း


ဗိုလ်ချုပ်အောင်ဆန်း၏
"တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမရှောင်ခဲ့ပါ"
မိန့်ခွန်း


ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။
ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံး သင့်သည့် အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန် ခဲ့သည်။
ကျနော့်အတွက်မှာဆိုလျင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာ မျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။
လူထုလွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့် အခါမှာ ကျနော်၏ အသက်ကို စွန့်ရမှာ ကြောက်ပြီး လူထုကို လမ်းလွဲမပြခဲ့သလို လူထုလွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါ မှာလည်း ပါးစပ် တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှုးထိုးသမားများ၏ ကဲ့ရဲ့ ရှုတ်ချခြင်းကို ကြောက်လန့်တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။
လက်ရုံးရည်ကိုသော်၎င်း၊ နှလုံးရည်ကိုသော်၎င်း လူထုလွတ်လပ်ရေးအတွက် အတိအကျသုံးရန် သင့်သည့် အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ်ရိုက်မနေဘဲ တော်ဖြောင့်မှန်ကန်စွာ အသုံးပြု သွားမည်ကို စိတ်ချ ယုံကြည်ကြပါ။
(၁၉၄၇ မတ်လ ၇ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း မှ ကောက်နုတ်ချက်)


စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်
၃.ဇူလှိုင်လ. ၂၀၁၀
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။

ဇူလိုင်သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများ (သထုံဆောင်)

7July Photos (Thaton Hall)                                                            

ဆဲဗင်းဇူလိုင် (သို့) ကျောင်းသားသမဂ္ဂအစဉ်အလာကို ဖျောက်ဖျက်ခြင်း

Mg Mon Aung                                                            


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List