မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

Buddhist monks march in Rangoon, 24 Sep 2007

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်ဆဲ

01 May 2009 VOA

မြန်မာ၊ မြောက်ကိုရီးယား နဲ့ ဆူဒန်နိုင်ငံအပါအ၀င် နိုင်ငံ ၁၃ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ကမ်းကုန်အောင် ချိုးဖောက်နေကြတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဘာသာရေးနဲ့ဆက်နွယ်ပြီး လူမသိသူမသိ ပျောက်ဆုံးနေတာတွေ၊ နှစ်ရှည် ထိန်းသိမ်းထောင်ချခံနေရတာတွေ၊ ဘာသာရေး လွတ်လပ်ခွင့်ကို လွန်လွန်ကဲကဲ ချိုးဖောက်နေကြတဲ့ အဲဒီ ၁၃ နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ Country of Particular Concern အထူး စိုးရိမ်ရတဲ့နိုင်ငံများအဖြစ် သတ်မှတ်ဖို့အတွက် အမေရိကန် ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က ထောက်ခံ အကြံပြုထားပါတယ်။

အဲဒီ ၁၃ နိုင်ငံကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆူဒန်၊ တရုတ်၊ အရေထရီးယား၊ အီရန်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂမန်နစ္စတန်၊ အုစဘေကစ္စတန် နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်နေရတဲ့ နိုင်ငံ ၁၁ နိုင်ငံကတော့ အာဖဂန် နစ္စတန်၊ ဘဲလာရုဇ်၊ ကျူးဘား၊ အီဂျစ်၊ အင်ဒိုနီးရှား၊ လာအို၊ ရုရှား၊ ဆိုမားလီးယား၊ တာဂျေကစ္စတန်၊ တူရကီ နဲ့ ဗင်နီဇွဲလား နိုင်ငံတို့ ဖြစ်ကြပါတယ်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List