မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဘ၀မှာ… နယ်ခြားမျဉ်းမရှိဘူး

ဘ၀မှာ… နယ်ခြားမျဉ်းမရှိဘူး

နေ့ သစ်မှ




အမေက ကျနော့်ကို မွေးတဲ့အခါ
ငှက်ပျောရွက်ပေါ်မှာ မွေးမွေး
ဖျာစုတ်တချပ်ပေါ်မှာ မွေးမွေး
ဒန်းလော့မွေ့ယာပေါ်မှာ မွေးမွေး
တတ်နိုင်လို့ ရွှေလင်ပန်းနဲ့ အချင်းဆေးချင်ဆေးပစေ …
ဘ၀မှာမှာ နယ်ခြားမျဉ်းဆိုတာ မရှိဘူး။

ရေထဲမျောသွားတဲ့ ပန်းပွင့်ကလေးတွေ ဖြစ်ဖြစ်
သစ်ရွက်ကြွေကလေးတွေ ဖြစ်စေ
သူတို့ဆိုက်မယ့် ကမ်းဟာ
အလွမ်းနဲ့ ရင်ခုန်
ဘဝကို လုံခြုံချင်တဲ့နေရာ …
ဖြစ်ချင်ကြမှာပဲ …။

လျှာပေါ်မှာ အရသာမတင်နိုင်တာ ပြဿနာ မရှိဘူး
ငုံ့ထားရတဲ့ ဇက်ဟာ ဘဝအတွက် လေးလွန်းတယ်။

လူတတ်ကြီးတွေလုပ်ပြီး
တတိယလိုင်း …
တတိယအုပ်စု …
တတိယ အမြင် …
တတိယ ရပ်တည်ချက် … တဲ့။

နယ်ခြားမျဉ်းမရှိဘူး
ဘဝမှာ နယ်ခြားမျဉ်းဆိုတာ မရှိနိုင်ဘူး
အသက်ရှင်သန်နေတဲ့ မည်သူမဆို
ဘဝမှာ နယ်ခြားမျဉ်းဆိုတာ မရှိနိုင်ဘူး
ဒါကို ….
အရူးတယောက်ကတောင် သိတယ် ….။ ။



ကမာပုလဲ
၃၀၊ ၀၁၊ ၂၀၁၀။

ဝန်ခံချက် http://www.youtube.com/watch?v=iFIM7ZwnSFY&feature=related ကို ခံစားရေးဖွဲ့ပါတယ်။

ဝန်ခံချက် http://www.youtube.com/watch?v=iFIM7ZwnSFY&feature=related ကို ခံစားရေးဖွဲ့ပါတယ်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List