“မုန်တိုင်းသီချင်း(၂)”
စိုးနေလင်း
နေ့ သစ်
ကဲ..ဒီတပွဲတော့တွေ့ကြပြီ
နီရဲစွေးစွေး နှလုံးသွေးကိုပြ
(စစ်အာဏာရှင်တို့ရဲ့)
ရွေးကောက်ပွဲကိုဆန့်ကျင်ကြ။
တောင်ပို့မှန်းလည်းသိ
ဓားပြမှန်းလည်းသိ
သိသိကြီးနဲ့အညံ့ခံရင်
စစ်အာဏာရှင်ကျွန်ဘ၀နဲ့
လူလုံးမလှဖြစ်ကြရပေလိမ့်မယ်။
ကစ္စပနဒီ ဧရာဝတီ
စစ်တောင်း သံလွင်
ရာဇ၀င်မညှိုးး
နယ်ချဲ့စံနစ်ဆိုး
ဖက်ဆစ်စနစ်ဆိုး
ပိုင်းပိုင်းရိုက်ချိုးချေဖျက်
(ပြည်သူတွေ)
လက်နဲ့ရေးခဲ့ လွတ်လပ်ရေး
(စစ်အာဏာရှင်တို့)
ခြေနဲ့ဆေးဖျက်မခံနိုင်။
သံဓိဌာန် ရဲခိုင်ပြတ်သား
ဘီလူးစည်း လူ့စည်းခြား
၂၀၁၀ ရွေးကောက်ပွဲအားတိုက်ဖျက်
ထောင်းထောင်းညက်ချေ ကြေပေစေ။ ။
စိုးနေလင်း
0 comments:
Post a Comment