ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် မြန်မာပြည်ကြီး အပါအဝင် ကမ္ဘာကြိးတခုလုံးကို ငြိမ်းချမ်းစေချင်ပါတယ်။ ဒိအတွက်ကြောင့် မြန်မာပြည် ငြိမ်းချမ်းစေဖို့ မငြိမ်းချမ်းအောင်လုပ်နေတဲ့ သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင် တစု ပြုတ်ကျပြီး မြန်မာပြည်လူထု ယုံကြည် လေးစားအားကိုးရတဲ့ လူထုခေါင်းဆောင် တဦးဦးကို အမြန်ဆုံးရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ကျနော်တို့ နိုင်တဲ့ဘက်က ဝါရင့်နိုင်ငံရေးခေါင်းဆောင်များ၊အဖွဲ့အစည်းအသီးသီးနှင့် ထိစပ် ဆောင်ရွက်လှုပ်ရှားနေခြင်းဖြစ်ပါတယ်။ အဲဒိလိုပဲ မြန်မာပြည် ငြိမ်းချမ်းစေဖို့ အတွက် ကြိုးစားနေကြသည်။ မိမိတို့ မိသားစု တစုလေး ငြိမ်းချမ်းစေဖို့ အတွက်
ကြိုးစားတာတောင် တော်တော် ခက်ခဲတာကို သိပါတယ်။ ဒီလိုပဲ ငြိမ်းချမ်းဖို့ ဘာလိုလဲ စည်းလုံးရမယ်။ ဟုတ်ပြီ
ခု အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု့ကြီး အကောင်အထည်ဖေါ်နေပြီ။ တိုင်းရင်းသား အဖွဲ့အစည်းအပေါင်း(၁၀၀) ကျော်နဲ့ ဖွဲ့စည်းလှုပ်ရှားနေကြပြီ ။ ဒါဆိုရင် ဒါ စည်းလုံးတာပေါ့။ နောက်တဆင့်တက်ပြီး စည်းလုံးကြပြီ။ လှုပ်ရှားကြပြီ ဒါကြောင့် ငြိမ်းချမ်းဖို့ အတွက် အားလုံး စည်းလုံးစွာဖြင့် လှုပ်ရှားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
ဒီလိုပဲ ခု ကျနော်တို့ လုပ်ဆောင် လှုပ်ရှားနေတဲ့ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်လေးဟာ အစာကျွေးစရာ မလိုပါဘူး။ ရေတိုက်စရာ မလိုပါဘူး ။ ဒါပေမဲ့ သူ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဒါဏ်ရာတွေနဲ့ သွားလာလှုပ်ရှားနေပါတယ်။ ခံစားပေးကြပါ။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လေးစားစွာဖြင့်
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment