မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

သစ္စာ မဏ္ဍိုင်



(သရုပ်ဖေါ် ပန်းချီထိန်လင်း -www.kaungkin.com မှ ရယူထားပါသည်။)

ဒီနေ့ ဒီအချိန်မှာ…..
တော်လှန်ရေးငှက်တွေ… အိပ်ပျော်နေကြသလား……?
ဒါဟာ…. ဇာမဏီ မစစ်လို့ပဲ….။
တကယ်ဆို….. သံသရာရထားဟာ….
အမှန်တရားဆီရောက်ဖို့… ခုတ်မောင်းနေတယ်ဆိုတာ..
သတိရှိပါ…..။

အချိန်ကြာကောင်းကြာမယ်….၊
ရောက်ရမဲ့တစ်နေ့…သမိုင်းမှတ်တိုင်တိုင်းမှာ…..
သက္ကရာဇ်ကို ရိုက်ချိုးပြီး….. အမှန်တရားရဲ့ ခြေတော်ရင်းမှာ….
သစ္စာရှင်အစစ် ရှိ… မရှိ ဆိုတာ…
စစ်ကြောနေခြင်းသာဖြစ်တယ်…..။

တစ်ပြည်လုံးနဲ့ တစ်ယောက် အချိုးကြသလား…..
တစ်ယောက်သောသူ……. သူသာအမှန်တရားရဲ့…
သခင်အစစ်ဖြစ်ကြောင်း… အာဇာနည်ဖြစ်ကြောင်း
လူတိုင်းကို ရင်ဖွင့် ပြထားတယ်…။

တစ်ယောက်တည်း… ကမ္ဘာမကြေကို…. ကြိတ်ဆိုနေတာမဟုတ်ဘူး….
ဒီတိုင်းပြည်အနာဂါတ် အတွက်…. တစ်လောကလုံးသိအောင်
သက်သေပြနေခြင်းပါ…..။

မွေးကတည်းက… သေသည်အထိ…..
မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်…
အာဏာကို အမွေရမလာဘူး…..။
အာဇာနည်သွေးသာ… အမွေရကြောင်း….။
အာဇာနည် မျိုးဆက် ပီသကြောင်းကို….
သူမ…. အောင်ဆန်း ဂုဏ်ကို ဖော်ရင်း….
မပြီးဆုံးခဲ့တဲ့… လွတ်လပ်ရေးကြေငြာစာတမ်းကို
ထပ်ရေးနေခြင်းဖြစ်တယ်….။

ရိုင်းတယ်ထင်ရင်တော့… ရိုင်းရိုင်းပဲဟေ့…။
ဒီနေ့ ခေတ် ဗမာ့တပ်မတော်ကြီး တစ်ခုလုံးဟာ…..
“ထမိန်” တစ်တည် ကို ကြောက်လန့်နေရတယ်…..။

သစ္စာတရားရဲ့ ”မာန်”ကို ဘယ်သူမှ
ချိုးနှိမ်လို့ မရဘူးဟေ့…..။

လက်ပိုက်ခေါင်းညိမ့် နေသူတွေ……
အ၀ီစိကို သွားဖို့ …. တူးနေတဲ့ ဂူတွေ….
အိပ်ပျော်နေတဲ့ ဇာမဏီတွေ…..
သမိုင်းဆိုတာ….. လှိုင်းလုံးပါဘဲ…..။

မင်းသစ်တည် (11.8.09) ကိုထိုက် blog မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List