မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အလင်းရောင်သို့ အမှတ်တရ






အချစ်တရား(သို့ ) အလင်းရောင်


အလင်းရောင်ရေ
သန့် စင်ရေ
မောင်သန့် စင်ရေ

သားရေ
တဖွဖွတနေကြ။

အရင်တိုင်းပါပဲ
လမ်းမတွေပေါ်မှာ ကားတွေပြေးနေကြ
လူတွေလျှောက်နေကြ
ဆင်(မ်)ဆင် ကလည်းလာနေကြ

ကမ္ဘာကြီးကလည်း
သူ့ ဝင်ရိုးပေါ်လည်ပတ်လို့ 
သားရေ သားကို ချစ်သူတွေမှာတော့
ကြိမ်မီးအုံးထားသလို
ငိုကြွေး
ပူဆွေးကြလို့ ပါ သားရေ။
အလင်းရောင် ဘဘအောင်ချမ့် ပေးတဲ့အမည်လေ
အမှောင်ထုမှာ အလင်းတွေဖြာစေဖို့ ။

သန့် စင်
လှလိုက်တဲ့ အမည်လေး
ဖေဖေပေးခဲ့ပါတယ်၊
ရိုးသားခြင်း စင်ကြယ်ခြင်း
မြင့်မြတ်ခြင်းတွေရဲ့ သင်္ကေတ

ပညာတော်တဲ့
အဖေ့သူငယ်ချင်းရဲ့ အမည်လေ
သားရေ ..........

သားကလည်းတော်လိုက်တာ

အဖေတို့ ဂုဏ်ယူပီတိဖြစ်ပေါ့ ။
သားရေ တချက်ကလေး သတိမဲ့မှုမှာပ
`ဘယ်လောက်ချစ်သလဲ ဖေဖေကိုဆို´
စကြာဝဠာကြီးလောက် ချစ်တယ်ဆိုတဲ့ သား

သားနဲ့ ညီလေး
မေမေဖေဖေ

သားချစ်တဲ့သူတွေ

မိုးနဲ့ မြေလိုဝေးကြ
ကံကုန်တယ်လို့ ပဲ ယုံလိုက်ပေါ့ 
(ကံကိုမယုံချင်သူက)

သားရေ။

ရင်နဲ့ အမျှပါ
သားရေ ညီလေးကလည်းတိတ်ဆိတ်
မေမေကလည်း နှုတ်ဆိတ်
ဖေဖေကလည်းဟန်ဆောင်နေရ
(တကယ်ပြိုလဲသွားတော့မှာပါ)

ငါတို့ ရဲ့ တိုက်စစ်မှူးကြီး
ထွက်သွားမှုမှာ
ဖေဖေတို့  ကြေကွဲမဆုံးပါ
ဓါတ်ပုံထဲ သားအပြုံးများ
ဖေဖေတို့ အတွက်

ကြယ်စင်တစ်ခု
အလင်းရောင်။ ။

အောင်သူ(၁၅.၀၆.၀၉)
ဒီကဗျာလေးသည် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်သူ၏ သားကြီး အလင်းရောင်(ခ) မောင်သန့်စင် (၁၅နှစ်)ရဲ့ ကွယ်လွန်ခြင်းနောက်ဆုံး ဈာပန(၂၅.၀၆.၀၉)တွင် ဖခင်တစ်ယောက်ရဲ့  ၀မ်းနည်းပူဆွေးခြင်း၊ဆုံးရှုံးကြေကွဲခြင်း၊နှမြောတသ သတိတရအောက်မေ့ခြင်း စသည့် အလုံးစုံသော ခံစားမှုပေါင်းများစွာ ရောပွမ်း၍ သား၏ နောက် ဆုံးခရီးတွင် ကိုယ်တိုင်ရေးစပ် ရွတ်ဖတ်ခဲ့ပါသည်။
အလင်းရောင်(ခ)မောင်သန့် စင် ကဗျာလေးထဲကအတိုင်း ရောက်ရှိလေရာ ဘုံဘ၀မှာ အမှောင်ထုတိုင်းကို ထိုးခွင်းနိုင်တဲ့ အလင်းရောင်မြှားတစ်စင်း အဖြစ် ဂုဏ်သတင်းထွန်းလင်း နိုင်ပါစေ လို့ ဆန္ဒပြုရင်း..............။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List